129 Comments

ဟင်းချက်နည်းမျိုးစုံ/An assortment of various recepies

မြန်မာမုန့်များ / Burmese Desserts(51)

တရုတ်အစားအစာ / Chinese

သတ်သတ်လွတ်ဟင်းများ / Vegetable(4)

အရည်သောက်များ /

နိုင်ငံရပ်ခြား အနောက်တိုင်း၊ ဥရောပအစားအစာ

အရံဟင်းလျာများ/ Side dishes (3)

115

ကိုယ်တိုင်လုပ်စားဖွယ် (8)

mont

029

အိန္ဒိယဟင်းလျာ

About these ads

129 comments on “ဟင်းချက်နည်းမျိုးစုံ/An assortment of various recepies


  1.ိသက်ရေ သမီးဖေ့ ဘွတ်ထဲကဟင်းချက်နည်းတွေရလို့ အန်တီအထူးဘဲကျေးဇူးတင်တယ် အန်တီပဲကမုံရွာသူပါ မိုမိုသီဟန်တို့ ရဲ့ မိတ်ဆွေအမျိုးတောင်တော်ပါသေးတယ်အစားအသောက်ဆို
    ရင်စိတ်ဝင်စားတယ် ကို တိုင်လဲလုပ်စားတယ်အပေါင်းသင်းတွေကိုလဲမျှေ
    ဝတယ်

    • ဟုတ်ကဲ့ အန်တီပဲ ။သင်စရာလေးတွေ တွေ့ရင်လဲသင်ပေးပါနော်။ ကျေးဇူးပါနော်။ မမို နဲ့လဲ ခင်တယ်။သူ့သားလေးတွေက လဲချစ်စရာလေးတွေရယ်။.

  2. very nice blog.

  3. လာလယ်သွားပါသီ :D :D:D

  4. အရမ်းကို ကောင်းတဲ့ စေတနာရှင် ဘလော့လေးပါ… ဟင်းချက်နည်းလေးတွေကလဲ အားလုံး စိတ်ဝင်စားစရာတွေပါ…. အသစ်အသစ်တွေ တင်နိုင်ပါစေလို့ လဲ ဆုတောင်းပါတယ်…ကျေးဇူးလဲ တင်ပါတယ်…

    • ကျေးဇူးအထူးတင်ပါတယ် အဲ့ဒီလိုcomments လေးတွေကအားရှိအောင်ပံ့ပိုးပေးတာပါ..

  5. တနေ့တည်းနဲ့ဟင်းချက်နည်းတွေကုန်အောင်ကြည့်သွားတယ်
    ချက်ချင်တဲ့နေ့မှ..ပြန်လာယူတော့မယ်နော်

  6. မမက ဓနုဖြူ ထမင်းဆိုင်နဲ့ အမှတ်တရအအေးဆိုင်ကပိုင်ရှင်မိသားစုကိုး ..ခင်ခွင့်ရတာဝမ်းသာပါတယ်မ.. အမှတ်တရအအေးဆိုင်ကညီမ ဒီမလာခင် အင်္ဂလိပ်စာသင်တန်း ဆရာကြီးဦးမြကြိုင်ဆီမှာတက်တုန်းက ၁ပတ်ကို ၄ခေါက်လောက် ထိုင်ဖြစ်ကြတယ် .. ဓနုဖြူထမင်းဆိုင် ကိုလဲ အမြဲသွားစားဖြစ်ကြတယ် ..မှတ်မှတ်ရရ ညီမမြန်မာပြည်နောက်ဆုံးပြန်တုန်းက အဲ့ဆိုင်မှာ ၇ခေါက်ထက်မနည်း သွားစားခဲ့တယ် ..ဟင်းချက်အရမ်းကောင်းလို့ ..အဲ့ကဟင်းတွေကြိုက်လို့ ..ညီမတို့အိမ်က လှည်းတန်းကုန်းတံတားဟိုဘက်အဆင်းမှာ ..လှည်းတန်းတခွင်သမိုင်းတခွင်ဆိုတာ မရောက်တဲ့နေ့ဆိုတာခပ်ရှားရှားရယ် သင်တန်းမရှိရင်တောင် ညနေစောင်းမုန့်သွားသွားစားနေကြ ..မမဟင်းချက်နည်းလေးတွေက ပုံလေးတွေနဲ့ တဆင့်ချင်းပြထားတော့ လိုက်လုပ်ရတာအရမ်းအဆင်ပြေတယ်မမ ..ညီမတချို့ဟာတွေကို ကူးပြီး ဖိုင် တခုထဲမှာသပ်သပ်သိမ်းထားတယ် ..လုပ်ချင်တဲ့အခါ ပြန်ရှာရခက်မှာစိုးလို့ မမခွင့်ပြုတယ်မဟုတ်လား ..ကျေးဇူးအရမ်းတင်ပါတယ် ..ဒီမှာ တခုခုမသိလို့မေးရင်မပြောပြကြဘူး အခုလို ကျွမ်းကျင်တဲ့လူတွေနဲ့ ခင်မင်ရတော့ အတိုင်းမသိဝမ်းသာမိတယ် .. ဘယ်သူ့မှမေးစရာမလိုတော့ဘူး မမတို့ကိုပဲမေးတော့မယ်

    • ညီမလေးရေSorry နော် မ စာပြန်တာနောက်ကျသွားတယ်။ ခွင့်ပြုပါတယ် ညီမလေးရေ။ မ လဲကိုယ်ချင်းစာပါတယ်။ နိုင်ငံရပ်ခြားမှာ စားချင်ရာ မစားနိုင်တဲ့ မစားရတဲ့ ဒုက္ခကို မကိုယ်တိုင်ခံစားဖူးပါတယ်။ အဲဒါ ကြောင့် ဒီ blog ကိုစလုပ်တာပါ။ အသိမပေးလဲရတာကို တလေးတစား ခွင့်တောင်းတဲ့ ညီမလေးရဲ့ စိတ်ဓာတ်ကို အရမ်းလေးစား ကျေးဇူးတင်ပါတယ်နော်။ နောက်လဲ မေးချင်တာရှိရင်အချိန်မရွေးမေးပါနော်.. :)

    • By the way, My husband is one of the students of Sayargyi U Mya Kyaing.

  7. သူငယ်ချင်းေ၇..အမြဲအားပေးနေတယ်နော်.
့ဟင်းချက်နည်းတွေကို အသေးစိတ်ဖော်ပြပေးတဲ့ အတွက် တော်တော် အဆင်ပြေပါတယ် ဒို့တခါမှမချက်ဖူးသေးတဲ့ဟင်းတွေ များကြီး၇ှိတယ် :)
    စိတ်ကူးအသစ် အစမ်းလေးတွေနဲ့ ဟင်းတွေအများကြီးချက်နိုင်ပါစေ
    ကျေးဇူးအများ အများကြီးပါ :) :)

  8. ဒီနေရာလေးမှာသင်တမ်:လာတက်မယ်နော် ကျေ:ဇူ:ပါနော်

  9. ညီမအိသက်ရေ

    မင်္ဂလာပါ… ညီမဟင်းချက်နည်းလေးတွေကို အစ်မသုံးတဲ့ ဖိုရမ်ထဲမှာ ညီမရဲ့ blogလိပ်စာလေးကို credit ပေးပြီးတော့ ပြန်လည်မျှဝေပေးချင်ပါတယ်။ ခွင့်ပြုပေးစေချင်ပါတယ်။ အစ်မညီမလေးက ညီမတင်ထားတဲ့ ပန်းသေးခေါက်ဆွဲကြော်နည်း နဲ့ကြော်ထား အရမ်းစားကောင်းတယ်။ မကြီး နင်လည်း လုပ်စားကြည့်ပါလားလို့ ပြောရင်းနဲ့ ညီမဆီ အလည်ရောက်လာခဲ့ပါတယ်။

    •္မ္မမရေ .အသိမပေးလဲရတာကို တလေးတစား ခွင့်တောင်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။ အိသက် Blog ကို ကြောငြာသလိုလဲ ဖြစ်တာမို့ ကျေးဇူးပါနော်။ ရပါတယ်မရေ ယူပါ။ မ ဖိုရမ်လေးလဲlink ပေးပါဦးနော်။ လေ့လာချင်ပါတယ်။

  10. မအိရေ ရှမ်းခေါက်ဆွဲလုပ်နည်းလေးရှိရင်တင်ပေးပါနော်။ကျေးဇူးအထူးတင်ပါတယ်နော်။

  11. a ma yayy .. kyae zuu a htoo par naw .. a myae win kyi chin ag sawe sg mhuu a pyae shi tae :) lite pee cook mal naw .. . yangon mhar tone ka tot ဓနုဖြူ ထမင်းဆိုင် mhar nga yant Oo hin a myae sar nay kya par .. a ma ko ta khu lout a kuu a nyi tg chin par tal .. shan mont nyin chin lote nee lay thi chin par tal ..bae lo mont nyin ywat nae lote ya mal so tar ka a sa ma thi lo par :(
    a ma thi yin lann nyoun pay say chin par tal .. kyae zuu a htoo par naw ,, :)

  12. အိသက်ရေ
    လာလည်သွားပါသည်
    ဟင်းချက်နည်းအသစ်တွေဖတ်ပြီး …. ပျော်ပြီးပြန်သွား၏
    အဖွားနှင်.မိသားစု၏ အစဉ်အလာကို ထိန်းသိမ်းနိုင်သူဖြစ်လို.ဂုဏ်ယူ၏
    ပိတ်ရက်ကျရင် အိသက်ရဲ. ချက်ပြုတ်နည်းများနဲ. အမျိုးသားကိုလက်စွမ်းပြလိုက်အုံးမယ် …
    ပျော်ရွင်ပါစေသူငယ်ချင်းရေ ….

    • စိတ်ချမ်းသာအောင်ပြောတတ်တဲ့ စုရေ။ အမျိုးသားက တော်တော်ချစ်မှာပဲနော်။ ခဏ ခဏblog ကိုလာလည်ပါ။ သူငယ်ချင်းတွေလဲ ကြော်ငြာပေးပါနော် :)

  13. အမရေ.. အမအရမ်းကိုတော်ပါတယ်.. တကယ်ကိုမချီးကျူးပဲမနေနိုင်ဘူး..အချက်အပြုတ်ဒီလောက်တော်တာအရမ်းလဲအားကျပါတယ်.. ညီမက ဓနုဖြူဒေါ်စောရီငပိထောင်းကို ၇တန်းနှစ်လောက်ကတည်းကအရမ်းကြိုက်ပါတယ်. ရန်ကုန်နဲ့အဝေးမှာဆိုတော့သွားဝယ်စားလို့လဲမရဘူးအမရယ်..ညီင်္မကိုလုပ်ပုံလေးပြောပြပေးပါနော်..ညီမလုပ်စားချင်လို့ပါ..ကျေးဇူးတင်ပါတယ်နော်.. facebook မှာလဲအမကို invite လုပ်ထားတာ accept လုပ်ပေးပါနော်..အမနဲ့အမမိသားစုလေးစိတ်ချမ်းသာကိုယ်ကျမ်းမာချင်းနဲ့ပြည့်စုံပါစေ

  14. အမရေ..ညီမက Singaporeကပါ :)

  15. ဘီစီမှာ သင်တန်းတခု အတူတူတက်ဖစ်တယ်။ classmate ပါ။ ခုလိုပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ဘယ်အတန်းလည်းတော့ မေ့သွားပီ ဒေးဗစ်အတန်းလား အလက်စတာ အတန်းလား မသိဘူး။

  16. Nice blog Ei Thet. Thank you for all the recipes. Really appreciate it.

  17. မမ အိသက်ရေ ..ချောက အရင် က ၈ မိုင်မှာနေသူမို့ ဓနုဖြူဒေါ်စောရီ (လှည်းတန်း) ဆိုင်မှာ အမြဲစားနေကျပါ.. အကြိုက်ဆုံး အသည်းစွဲ အမြဲစားတာကတော့ ပုဇွန်ချဉ်သုပ် နဲ့ အထောင်းပါ ..ဓနုဖြူဒေါ်စောရီရဲ့ ငရုတ်သီးစိမ်း ငပိထောင်းကတော့ ဘယ်သူနဲ့မှမတူ ကောင်းလွန်းလှလို့ အခု မလေးရှားရောက်နေတာတောင် လူကြုံရှိရင် ၀ယ်ပို့ခိုင်းရပါတယ် ..
    မမ ရဲ့ဟင်းချက်နည်းတွေ အတွက် အရမ်းပဲကျေးဇူးတင်ပါတယ်နော်..
    ဖြစ်နိုင်ရင် အထောင်းလုပ်နည်းလေးပါတင်ပေးပါနော် ..
    ကျေးဇူးတင်ပါတယ် ..ကျန်းမာရွှင်လန်းပါစေ ..

  18. love your blog Ei Thet!!
    just recently found out from your facebook.
    going to try the thargu pyin recipe :)
    thanks alot!

  19. မအိသက်ရေးတာ ပြောတာလေးတွေလဲ ကောင်းတယ်
    ချက်တဲ့နည်းလေးတွေလဲ ကောင်းတယ်..
    ကျေးဇူးတင်တယ်နော်..အစ်မ

  20. Sis yay… very nice site… hinn chat knee dwe a myar gyi thi bi.. thanks a lot sis, and keep posting naw… xxx

  21. Hello…Ma Ei Thet…
    I saw you on FB…I am Nay Zin’s friend and live in Canberra(Australia)…I and my husband like Burmese food so much and I cook Burmese food…When I was in Myanmar before marriage, I never cooked but I had a lot of experience from watching my mum and my aunt…My mum is good at cooking especially curry types and my aunt is good at making Burmese snacks…and my husband likes Burmese snacks so much…So, I tried my best to make some burmese snacks but don’t know much how to. I have learned a lot from your website which is extremely useful and invaluable to us who are abroad. What a wonderful cook you are! A million thanks for everything.

  22. မမရေ ကျေးဇူးတင်ပါတယ် ညီမလေးတို့ လို ဟင်းသိပ်မချက်တတ်တဲ့ သူတွေက ဟင်း မျိုး လေးငါးခြောက်မျိုနဲ့ ပတ်လည်ရိုက်နေရတယ် မမရဲ့  မမကျေးဇူးနဲ့ ဟင်းနည်းသစ်တွေရသွားပြီ ကြိုးစားချက်ကြည့် အုံးမယ် မမရေ

  23. မအိသက်ရေ…တစ်နေ့တစ်ခေါက်ဝင်ကြည့်ဖြစ်တယ်…လိုက်လုပ်စားရင်းနဲ့ ၀လာပြီ..

  24. မမအိသက်
    ညီမက ရန်ကုန်ကပါ။ ၀ါသနာက အစားအသောက်ပါ။ Blog တွေလျှောက်လည်ရင်လည်း အစားအစာနဲ့ပတ်သက်တာကိုကြည့်ဖြစ်တယ်။ ဟို Blog ဒီ Blog ကြည့်ရင်းမဆီရောက်လာတာပါ။
    ရန်ကုန်ကမမတို့ဆိုင်ကအကြိုက်ဆုံးဆိုရင်တော့ ပုစွန်ထုပ်ဆီပြန်နဲ့ ငါးပိထောင်းပါ။ ဆိုင်ကပေးတာနဲ့ဆိုအမြဲမလောက်ပါဘူး။ ကြိုက်လို့ :-) အခုလိုပြည့်ပြည့်စုံစုံတင်ပေးထားတာကို ကျေးဇူးအရမ်းတင်ပါတယ်။

  25. Thanks a lot for your all recipe.

  26. ဟင်းချက်ဝါသနာပါလို့ ပါ။ကြိုက်တာရှိရင်ရှယ်ပါရစေ။တောင်ကြီးမှာနေတုံးကရန်ကုန်ရောက်ရင်27လမ်းကဆိုင်မှာအမြဲစားဖြစ်တယ်။အခုရန်ကုန်ပြောင်းလာတော့ အစဉ်ပြေသွားတာပေါ့ ။

  27. Hi Ei Thet.
    what burmese font do i use to read the recipe?
    I have ZawGyi font, but that doesn’t seem to work :(

    Thanks
    AyeMyintMin

  28. အမအိသက် အမဆီက ဟင်းချက်နည်းလေးတွေနဲ့ ညီမတော့ တော်တော်ချက်ရပြုတ်ရအဆင်ပြေလို့ ကျေးဇူးတင်ပါတယ်။ ကက္ကတစ် ငါးအသားတုံးတွေလေးတွေ ရထားလို့ အမ။ အသားချည်းချည်း ကလေးလက်သီးဆုပ်လောက်တုံးလေးတွေ ရေခဲရိုက်ထားတာ။ ဘယ်လိုချက်စားရကောင်းမလဲ မသိလို့ အမရေ ကူညီပါအုံးနော်

    ကျေးဇူးတင်လျက် rosemary

  29. U ARE VERY PERFECT VERY EXCELLENT…,THANK U SO MUCH YOUR DISHES ARE VERY DELICIOUS

  30. thank you.စမ်းချက်စားမယ်
    အခက်အခဲရှိရင်မေးခွင့်ပြုပါ

  31. အိသက်ရေ.. မချောစုကလည်း လသာ၂ က ပဲ.. အိသက်ကိုမြင်ဖူးတယ် ဒါပေမယ့် ဓနုဖြူဒေါ်စောရီ မြေးမှန်းတော့မသိဘူးပေါ့နော်.. facebook မှာလဲ add ပြီးပြီ London မှာ ရှိတဲ့ အိသက်သိတဲ့သူတွေ လသာ၂ က သူတွေကို အမလည်းသိ တယ်.. အမ သိနေ မြင်ဖူးနေတာရယ်.. blog လေးရေးပေးနေလို့ သိရတာ ဝမ်းသာတယ်.. အမလည်း ရန်ကုန်မှာတုန်းက ဓနုဖြူဒေါ်စောရီ ဆိုင်တွေမှာ စားတယ်.. အရမ်းကြိုက်.. ဒီblog ကိုလည်းလာလာလည်မယ်နော်..

  32. ကျေးဇူးတင်ပါတယ်.dim sum လုပ်နည်းပေးပါဗျာ။

  33. မအိသက် ဟင်းချက်နည်:တွေမျှဝေပေးတဲအတွက် ကျေ:ဇူ:အထူးတင်ပါတယ်နော် တခါတလေဘာချက်စားရမှန်:မသိရင်
    ဒီမှာလာကြည့်ပီ:ချက်စားတယ် Thanks again ပါနော် :)

  34. မရေ လူအများသိပြီမှသိရတော့ စိတ်မကောင်းလိုက်တာ။ညီမက ကလောသူပါ။ မ နားကနည်းတွေ
    ကိုယူပြီလုပ်ကြည့် တာခနခနပဲ။ဟဲဟဲ

    • ဘယ်တော့မှ အသိဆိုတာနောက်မကျပါဘူး ညီမလေးရေ သိကျွမ်းရတာဝမ်းသာပါတယ် ကလောသူလေးရေ :)

  35. အစ်မရေ…ပဲသွေးလုပ်နည်းလေးသိရင်တင်ပေးပါနော်….

  36. ဟင်းကောင်းကောင်းတွေလည်း ချက်တတ်ပြီး စမတ်ကျကျလည်း နေတတ်တဲ့ မအိရေ အမြဲအားပေးနေတယ်နော် ….ဒီဆိုက်ထဲကို အမြဲလည်း လာလည်ဖြစ်ပါတယ် … အိသက်ဟင်းနည်းလေးတွေကြည့်ပြီးလည်း ပညာယူဖြစ်ပါတယ် ….. အိသက်တို့ မိသားစုလေး အမြဲတမ်း စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်နော် :)

  37. အိသက်ရေ
    လာလည်သွားပြီနော်
    မြန်မာမုန့်များထဲက
    လုပ်စားဖြစ်တဲ့ခါ လှမ်းပြောလိုက်ပါမယ်

  38. အိသက်ေ၇တောင်ကြီးကဧည့် သည်လာလို့ 29လမ်းမှာသွားကျွေးတယ်။စားလို့ ကောင်းလို့ တဲ့ ။ငပိထောင်းတအားကောင်းတယ်။

  39. Oh! what a bunch of lists….can’t believe that you had done it a lot…because we never satisfied whenever you post new and new follow….we are almost everyday clicking on your blog link and waiting with watery mouths and dropping jaws…CHEERS!

  40. ဟင်းချက်နည်းတွေဖတ်ရတာ အရမ်းဝမ်းသာပါတယ်.. နောင်လဖတ်ဦးမှာပါဘဲ..
    အိမ်ရှင်မဆိုတော့ ချက်နည်းအသစ်ဟင်းအသစ်တွေကအမြဲလိုနေတာလေ.. ဒီလိုလေးဖတ်ရတာ သိပ်ကောင်းပါတယ်..တင်ပြပေးတဲ့မအိသက်ကိုလဲကျေးဇူးတင်ပါတယ်.နောက်လဲဟင်းအသစ်တွေ ရှိရင်လဲတင်ပြပေးပါဦးလို့ပြောချင်ပါတယ်.။ကျေးဇူးတင်ပါတယ်နော်…

  41. အိသက်ရေ တင်ထားတဲ့ ဟင်းခေါင်းစဉ်တွေ နဲ့တင် အရမ်းကျေနပ်နေတယ် အကုန်တောင် ဝင်မကြည့်ဖြစ်သေးဖူး လာမယ်လာမယ် ဒီကို quite often ကိုလာမယ် တော်လိုက်တာ

  42. အိသက်ရေ
    ကျေးဇူးနော် အမ အီးမေးကို invite ပို့ပေးလို့

  43. Very happy to know you ei thet when i was attend at eco my tution is front of u r shop (two story building)(haltan) ,1988. We always go to ei thet granma shop one week 3 ime. Nice to meet u nyi ma lay n happy to know about u r receipes espicially for myanmar snacks. I m very interesting on making of myanmar snack. I would like to try to make (tharkupyin) when i free. Thanks a lot ei the

  44. happy to meet you nyi ma lay ei thet i will try to make (tharkupyin) i m one of Daw saw yee regular customer when i was attend at eco. My tution is opposite of u r shop(haltan).aa yan say ta nar kaung tat nyi ma lay ko lay sar par tal. a ma ko lal fb accept par. thanks a lot nyi ma lay.

  45. Blk 420., 36-205., clementi ave 1., 120420

ီု

  46. Why do you always use “Chicken powder” … it is made from Chemical …
    MSG … it is not good for health !

  47. ညီမသက်သက်ရေဟင်းချက်နည်းတွေကိုပညာမချန်ဘဲပြောပြပေးတဲ့အပြင်အလွယ်တကူကူးယူခွင့်ပြုတဲ့ညီမကိုကျေးဇူးအများတင်ပါတယ်

    • ကိုယ်တိုင်လဲပျော်ပျော်နေချင်သလို သူများပျော်တယ် အဆင်ပြေတယ်ဆိုလို့ဝမ်းသာပါတယ်။ :)

  48. အိသက်ရေ ညီမရဲ့နည်းလေးတွေနဲ့

    သာကူပြင် ပလောပီနံဆနွင်းမကင်း ဌက်ပျောသီးဆနွင်းမကင်း

    ဆွမ်းမွှေးကြက်သားကြော် တွေလုပ်ကြည့်ပြီးပါပြီ အရမ်းကောင်းပါတယ်

    ပူတင်းကတော့မမဂျုံထဲ့တာများသွားပြီးမာသွားပါတယ်

    မုန့်ဦးနှောက်ကတော့ရေထဲ့တာနဲသွားတဲ့အတွက်မာသွားပါတယ်

    မမကနှစ်တိုင်းရန်ကုန်ပြန်ပြီးသင်္ကြံင်္ံန်တရားစခန်းအတွက်ဝေယျာဝစ္စလုပ်ပါတယ်

    ဒီနှစ်မှာညီမဆီကရတဲ့မုန်လုပ်နည်းလေးတွေနဲ့တရားစခန်းအတွက်

    အရမ်းကိုအဆင်ပြေပါပြီ အိသက်လဲအရမ်းဝမ်းသာမယ်လို့ထင်ပါတယ်

    ရဟန်း သံဃာ ယောဂီ သီလရှင် ၁၅၀ ကျော်ကို အိသက်ရဲ့ နည်းလေးတွေ

    နဲ့အာရုံဆွမ်း နေ့ ဆွမ်းတွေမှာ ကပ်လို့ရပါပြီ အဆင်ပြေပါပြီ

ီ သာဓုခေါ်ပါညီမလေး ညီမရဲ့နည်းလေးတွေကိုလဲအသုံးပြုဘို့ခွင့်ပေးပါနော်

    မမကတောို့အရင်နှစ်တွေကမလုပ်ခဲ့ဘူးတဲ့မုန့်လေးတွေ

    ကပ်ရမှာကို အခုကတဲကတွေးပြီးဝမ်းသာနေတယ်

    အရမ်းကျေးဇူးတင်ပါတယ်


    • သာဓု သာဓု သာဓုပါ မရေ အဲဒီလိုပြန်ပြောပြတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်နော် တကယ်ပါ

  49. မမ အိသက် မမ ဟင်းချက်နည်းတွေကို သမီးအမြဲကြည့်ပြီး ကျောင်းပိတ်ရက်တိုင်းမေမေနဲ့လုပ်စားဖြစ်
    ပါတယ်။မမ ကိုကျေးဇူးအများကြီးတင်ပါတယ်။သမီးတို့သိချင်တဲ့ recipeတွေကို မမကြောင့်သိရတာပါ။
    မမ site ကိုအမြဲအားပေးနေမယ်နော်။ မမ ကျန်းမာရွှင်လန်းပါစေ…………….

    • ကျေးဇူးအထူးတင်ပါတယ် သမီးရေ။ ဟင်းချက်ဝါသနာပါပြီး မေမေ့ကိုကူတယ်ဆိုတော့ လိမ္မာတာပေါ့ :)

  50. ပဲသွေးလုပ်နည်းလေးရှိရင်တင်ပေးပါအုန်။

  51.ူပေါင်မုန်.ပူတင်း လုပ်နည်းလေးရှိရင်တင်ပေးပါ။

  52. ခေါက်မုန့်ပွပွလေးလုပ်စားချင်လို့ မုန့်စပ်နည်းလေးတင်ပေးပါနော်။

  53. အမအိသက်ရေ ~~~
    food magazine ဖတ်ပြီး အမရေးတာတွေ သဘောကျလို့ site ထဲဝင်ကြည့်တာ … ပိုသဘောကျသွားပြီဗျို့ ~~~ အမကိုယ်တိုင်ရေးထားတဲ့ စာအုပ်ထုတ်ဝေထားတာ ရှိမရှိ သိချင်ပါတယ်ဗျာ ~~~ အခုလို တကူးတကတင်ပေးလို့လည်း ကျေးဇူး X 100000 ပါဗျ … ;) :)

  54. Sis,
    Do u know how to make ‘ ei kyar kway ‘? I would like to eat that but I could not find in Bristol. Thanks

  55. အရမ်း ကို ၀မ်းသာစရာ ကြည်နူးဖို့ ကောင်းပါတယ် အမရဲ့ စိတ်ဓာတ်လေးကို အရမ်းပဲ ချီးကျုးမိပါတယ် ဒီဆိုက်ထဲဝင်ရတာ ပျော်ရွှင်အေးချမ်းမှုကိုခံစားရတယ် အင်း စားချင်တာရှိရင် ဆိုက်ထဲဝင်ကြည့် ရမယ်

    • ကျေးဇူးတင်ပါတယ်ညီမလေးရေ အမဆီကိုလာလို့ပျော်တယ်ဆိုရင်ဝမ်းသာပါတယ်နော် ခဏခဏလာလည်ပါ။ :)

  56. မမကိုfood magazine မှာကတည်းကအရမ်းလေးစားခဲ့တာပါ…..

  57. ပဲပင်ပေါက်ချဉ်ဖတ် ဘယ်လို လုပ်ရလဲ သိချင်ပါတယ် အမ

  58. ခေါပုတ်လုပ်နည်းလေးသိချင်ပါတယ် အမရေ။

  59. Hi sis
    What kind of Myanmar font you are using ?

    Thanks
    Aung

  60. လာလည်သွားတယ်နော်…

  61. hi ma ei i cannot get chix powder here so wht should i use instead of chix powder?

    • ညီမ အမက အချိုမှုန့်အစား အဲဒါသုံးတာ။ ဟင်းချိုအောင်လို့ပါ။ အချိုမှုန့်လဲမရနိုင်ရင်တော့ သကြားအနဲငယ် အစားထိုးသုံးပေးပါ :)

  62. အစားအစာ အသစ်တွေ မချက်ဘူးတာတွေ ချက်ကြည့်မယ်

  63. thk u for reply ma ei but i cannot read wht ur typing if possible can u type for me english.
    thks a lot.

  64. အ၇မ်းကောင်းပါတယ်

  65. hello!
    I love your blog! It reminds me of home and whenever I want to cook, I usually browse through pages! I love it!
    please post more recipes when you have time!

    x
    Rosie

  66. I would like to know how to cook Thai chicken curry. Please tell me your cooking procedure.

  67. ma, you r my online teacher. when i was i myanmar, my cooking skill is zero. now i can cook burmese food coz of you. love you so much, ma.
    thanks for sharing recipie.
    danuphyu daw saw yee is my favourite burmese restaurant and i usually took thirty days door to door service manu from there.

  68. မုန့်စိမ်းပေါင်း(ခ)မုန့်ပေါင်းလုပ်နည်းလေးသိရင်ပြောပြပါလား

  69. မအိသက် မုန့်ပစ်စလစ် လုပ်နည်းပြန်ရှာတာမတွေ့တော့လို့ ပြန်တင်ပေးလို့ရလားဟင်
    ခုလိုဟင်းချက်နည်းလေးတွေတင်ပေးတာအရမ်းကျေးဇူးတင်ပါတယ်အမ

  70. အလည်လာသွားပါတယ်

  71. ခုလိုမျိုး စေတနာထား အချိန်အကုန်ခံပြီး တင်ပေးထားတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဗဟုသုတလည်းအရမ်းရပါတယ်။ Facebook မှာ Myanmar Fruits and Vegetables ဆိုပြီး အသားငါး အသီးအနှံ တွေကို မြန်မာလိုရော အင်္ဂလိပ်လိုပါ ပုံနဲ့အတူပြတဲ့ Page လေးရှိပါတယ်။ အစ်မအဆင်ပြေလို့ကြုံတယ်ဆိုရင် မပါသေးတာလေးတွေကို Share ပေးပါ အစ်မ။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

%d bloggers like this: