မုန့်လက်ဆောင်း


montမုန့်လက်ဆောင်းဖတ်လုပ်နည်းကိုသမီးလေးမွေးပြီကာစ အိသက် facebook ပေါ်မှာတင်ဖူးပါတယ်နော်။  အခု ဒီနည်းလေးက နိုင်ငံခြားမှာ ဆန်ကြမ်းကြိတ်မရနိုင်ရင်လုပ်လို့လွယ်တဲ့ နည်းပေါ့နော်။ကလေးတွေ ၂၀၁၁ မွေးနေ့ပွဲမှာ ရွှေရင်အေးပါ ပါတယ်။ အဲဒီတုန်းက မုန့်လက်ဆောင်းက ဒီနည်းနဲ့လုပ်တာပါ။အရမ်းအဆင်ပြေပြီး လုပ်ရလွယ်တဲ့နည်းလေးမို့ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ
၁။မတ်ပဲအမှုန့် ( mung bean flour- ၇၅ ဂရမ်)
၂။ဆန်မှုန့် ( rice flour -၆၀ဂရမ်)
၃။သာကူအမှုန့်( tapioca flour -၃၀ ဂရမ်)
၎။ရေ ( ၁လီတာ )
၅။ဆွမ်းမွှေး ကြိတ်မှန်ရည် pandan paste (အရောင်အနုအရင့်ကြိုက်သလောက်သုံးပါရှင်)
မတ်ပဲအမှုန့်၊ ဆန်မှုန့် ၊ သာကူအမှုန့် တို့ကို ရေ ၆၀၀ မီလီ လီတာဖြင့် ဖျော်ပြီး မကပ်သောအိုးထဲကို ထဲ့ကာ မီးအေးအေးဖြင့်တည်ပေးပါ။ တဖက်တည်းကို မွှေပေးနေပါ။
အနဲငယ်ပျစ်လာရင် လက်ကျန်ရေကို နဲနဲစီထဲ့လိုက် မွှေလိုက်ဖြင့်နောက်ဆုံးမှာ လုံးဝပျစ်ခဲကာ အရောင်ပြောင်လာပါမယ်။

 

ဆွမ်းမွှေးရည် အရောင်နု၊ ရင့် ကြိုက်သလိုထဲ့ မွှေပြီး  တော်တော်ပျစ်လာပြီ အရောင်လဲပြောင်လာပြီဆိုမှ အောက်ကရေခဲထဲ့ထားသော ရေခဲရည်ထဲသို့ ဇကာပေါက်ပါသောခွက်ထဲကို မုန့်ရည်ကိုထဲ့ပြီး ဖြေးဖြေးချင်းကိုဖိချပါ။

potatoes masher , pasta press လို့ ခေါ်တယ်။ ဘေးက အပေါက်တွေပါတဲ့ ဟာတွေက အဖတ်သိပ်မလှဘူး။ အောက်ဖက်ပဲ အပေါက်လေးတွေပါမှ ကောင်:တာ

IMG_0113 IMG_0116 IMG_0117

ရေခဲရေကိုခဏခဏလဲပေးရပါမယ်နော် ဘာလို့ဆိုတော့အပေါ်ကကျလာတဲ့အပူမုန့်ရည်က အောက်က ရေခဲရည်ကြောင့်

အခဲသဏ္ဍာန်ပြောင်းသွားတာပါနော်။  ရေအေးမှ မုန့်အပူက အခဲသဏ္ဍာန်ဖြစ်ပါမယ်။

Advertisements