နို့ပေါင်မုန့်လုံး(Scone)


ဒီပေါင်မုန့်လုံးလေးတွေက ဥရောပအစားအစာ တခုပါ။ အင်္ဂလန်နိုင်ငံရဲ့ afternoon tea လို့ခေါ်တဲ့လဘက်ရည်သောက်ချိန် များမှာ များသောအားဖြင့်ပါလေ့ရှိပါတယ်။ သူတို့ရဲ့ ရိုးရာအစားအစာလို့ခေါ်ကြပါစို့။ ယိုအမျိုးမျိုး၊ ထောပတ်စတာတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။ ကျမက ဒီပေါင်မုန့်လေးကိုစိတ်ဝင်စားသွားတာက သားကြီး ကျောင်းကအပြန် သူတို့ကျောင်းမှာ သူကိုယ်တိုင်လုပ်လာတာဆိုပြီး ဒီ Scones လေးပါလာပါတယ်။ သူတို့ကျောင်းမှာ တပတ်တခါ မုန့်လုပ်နည်းတွေသင်ပါတယ်။စိတ်ဝင်စားတဲ့ကလေးက ကြီးရင်အဲဒါကို Subject တခုအနေနဲ့ယူနိုင်ပါတယ်။ ကျမက ပေါင်မုန့်ကိုအိမ်မှာ ကလေးတွေစားဖို့လောက်သာ ဝယ်လေ့ရှိသူပါ။ ထမင်းအလွန်ကြိုက်သူ ကျမ အတွက်ဒီလိုပေါင်မုန့်တွေ ကိုသိပ်စိတ်မဝင်စားတာ အမှန်ပါ။ သားကြီးက စားကြည့်ပါဆိုတော့ကျမက မြည်းရပါတယ်။ သူက ကျမကို ယိုလေးသုတ်ပြီးစားစေပါတယ်။ စိမ့်စိမ့်လေးမို့ ယိုနဲ့တွဲစားတဲ့အခါ စားလို့ကောင်းပါတယ်။ သူကပဲ မေမေ အဲဒါအရမ်းလွယ်တယ် လုပ်ကြည့်ပါလို့ အကြံပေးပြန်ပါတယ်။ ကျမက စပျစ်သီးခြောက်လေးတွေ ထဲ့ပါတယ်။ကြိုက်တဲ့ အသီးခြောက်လေးများ ထဲ့နိုင်ပါတယ် နော်။

031
ပါဝင်ပစ္စည်းများ
– self raising flour ၂၂၅ ဂရမ်
-ထောပတ် ၅၅ ဂရမ် (အခန်းအပူချိန်တိုင်းထားထားသော)
-caster sugar ၂၅ဂရမ်
-နွားနို့ ၁၅၀ဂရမ်
-ဆား အချိုစားဇွန်းဖျားခန့်
-ကြက်ဥ ၁လုံး မွှေခေါက်ပြီးသားထဲကို နွားနို့ စားပွဲတင်ဇွန်း ၂ဇွန်း ရောထားပါ။

IMG_0053
self raising flour ထဲကို ထောပတ်၊ ဆားတို့ကိုထဲပြီး ခပ်ဖွဖွ ရောနယ်ပေးပါ။ တအား ဖျစ်ညစ်နယ်ရင် လက်အပူနဲ့ ထောပတ်ပျော်ပြီး စီးကပ်နေပါမယ်။ အဲလိုမဖြစ်အောင် ဖွဖွနယ်ပါ။ အဲဒီအရောထဲကို သကြား၊ နွားနို့တို့ ရောနယ်ပါ။ စပျစ်သီး လေးများ ရောနယ်ပါ။ dough ဂျုံးလုံးရလာပါမယ်။

IMG_0045 058

ရလာတဲ့ ဂျုံး dough ကို flour အမှုန့်အနဲငယ်ဖြူးထားသော မျက်နာပြင်မှာ တင်ပါ။  လက်ကို လဲ flour အမှုန့်ဖြင့်ပွတ်ထားပါမှ မကပ်မှာဖြစ်ပါတယ်။ ဒလိမ့်တုံးဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ ၂ စင်တီမီတာ အပြားဖြစ်အောင် ပြူလုပ်ပါ။

IMG_0048

Cookie Cutter အဝိုင်းလေးများဖြင့် လိုက်ဖြတ်ထုတ်ပြီး မုန့်ဖုတ်ဗန်းပေါ်ဖယ်ထားပါ။

IMG_0049

ဗန်းကိုဆီသုတ်၍၎င်း baking paper ခင်း၍၎င်းသုံးပါ။ ဖြတ်ထုတ်ပြီးလို့အသားများပိုတယ် ဆိုရင် ပြန်နယ် dough အပြားလုပ်ပြီး အဝိုင်းပြန်ဖြတ်ပါ။ အပိုမရှိတော့ဘူးပေါ့

ဗန်းပေါ်တင်ပြီးသား Scones မျက်နာပြင်များကို ကြက်ဥအရောများ သုတ်လိမ်းပေးပါ။

IMG_0054
ပြီးမှ ၂၂၀ဖြင့် ၁၅မိနစ်ခန့်ကြိုအပူပေးပြီးသား  oven ထဲတွင် ၁၂- ၁၅ မိနစ်ခန့်ဖုတ်ရင်း ကြွလာပြီး ရွှေရောင်ပြောင်းလာ ရင် အအေးခံသော wire rack သံစင်ပေါ်တင်ကာ အအေးခံထားပါ။

066 071

IMG_0063
ကြိုက်နှစ်သက်ရာ ယို၊ ထောပတ်၊လဘက်ရည် ကော်ဖီမျိုးစုံဖြင့် အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

013

Advertisements

ဂျမေကန်ကြက်ကင်နဲ့ ပဲကတ္တီပါထမင်း


ဂျမေကန်ကြက်ကင်နဲ့ ပဲကတ္တီပါထမင်း

ကျမသားကြီးရဲ့သူငယ်ချင်းမလေး မိဘများက အမေ ကအင်္ဂလိပ် အဖေက ဂျမေကန် နိုင်ငံသား ပါ။ သမီး၃ယောက်ရှိပြီး အကြီးက သားနဲ့ရွယ်တူ သမီးအငယ်က ကျမသမီး နဲ့ရွယ်တူမို့ ပိုပေါင်းမိကြပါတယ်။ သူတို့မိသားစုက ဗမာအစားအစာ ကြိုက်ပါတယ်။ ကျမလဲ ကို့အစားအစာကိုသူတို့ ခုံခုံမင်မင်စားတယ်ဆိုအလွန်သဘောကျမိပါတယ်။ ကျမသားနဲ့ သူ့အဖေတို့ကတော့ဧည့်သည်ဖိတ်တာ ဝါသနာပါကြတဲ့သူတွေ ဖြစ်တဲ့အလျောက် ဒီမိသားစုလေးကို ခဏခဏ အိမ်လည်လာဖို့ဖိတ်ပါတယ်။ ဂျမေကန် လူမျိုးတွေက ပွင့်လင်းပြီးခင်မင်စရာအလွန်ကောင်းပါတယ်။ သူတို့နိုင်ငံက Jerk chicken လို့ ခေါ်တဲ့ ဂျာမေကန် ကြက်ကင်က နံမည်ကြီးပြီး စားလို့အလွန်ကောင်းပါတယ်။ သူက ဒါကိုလုပ်စားဖို့အကြံဥာဏ်ပေးပါတယ်။ အဲဒါကို သူတို့က ပဲကတ္တီပါ ထမင်းနဲ့စားကြပါတယ်။ ချက်နည်းလေး ကြည့်ကြရအောင်

020

ကြက်သားကင်ရန်ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-ကြက်သား ရင်ပုံ၂ခု
-ကြက်သွန်နီ ၁ခြမ်း
-ဂျမေကန်ငရုတ်သီး(သို့) ကုလားအော်သီး ၂တောင့် (ရိုးရိုးငရုတ်သီးသုံးလဲရပါတယ်)
-ငရုတ်ကောင်း၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်မြိတ် ၁ချောင်း
-သံပုရာရည် ၃ဇွန်းခခန့် (စားပွဲတင်)
-သစ်ကြပိုးခေါက် အမှုန့်၁ဇွန်း(အချိုဇွန်း)
-ဗီနီကာ ၂ဇွန်း(စားပွဲတင်)
-သံလွင်ဆီ၁ဇွန်း(စားပွဲတင်)
-စမုန်ဖြူ၂ပင်
-သကြား၁ဇွန်း(စားပွဲတင်)
-ဆား ၁ဇွန်း(အချိုဇွန်း)
-ဘယ်ရီသီးအခြောက် (မမှည့်ပဲခြောက်သွားသော ဘယ်ရီသီးလေးများ) ၃စေ့ခန့်

အဲဒီအစား all spice ဆိုပြီး ready made အမှုန့်လေးတွေ ရနိုင်ပါတယ်နော် အဲဒါရရင်တော့ အချိုဇွန်းရဲ့ ဇွန်းဖျားခန့်ထဲ့ပေးပါ။

071
ပထမဆုံး ကြက်သွန်နီကိုအတုံးလေးများတုံးထားပါ။ ငရုတ်သီးကိုအစေ့ထုတ်ပြီး လှီးထားပါ။ ကြက်သွန်မြိတ်ကိုပါးပါးလှီးထားပါ။

059 062

ငရုတ်စုံထဲတွင် ကြက်သွန်နီ၊ ငရုတ်သီး၊ကြက်သွန်မြိတ် တို့ထဲ့ ဘယ်ရီသီးခြောက်၊ စမုန်ဖြူပင် တို့ထဲ့ပြီး မညက်တညက် ထောင်းပါ။

065
ကြက်သားကို မွှမ်းထားပေးပါ။ ဇလုံတခုထဲတွင် ကြက်သား၊ ထောင်းပြီးသားများ နှင့် ကျန်ပါဝင်ပစ္စည်းများကို ရောမွှေလိုက်ပါ။ မကင်ခင်အနဲဆုံး ၃နာရီလောက် နှပ်ထားသင့်ပါတယ်။ ကျမက တော့ ရေခဲသေတ္တာထဲတညသိပ်ထားပါတယ်။

066 068 073
ပြီးရင် အပူချိန် ၁၈၀ ဒီဂရီဖြင့် မိနစ် ၄၀ခန့် အပေါ်အအောက် လှန်ပြီးကင်ပေးပါ။

077 081
Oven မရှိလဲ BBQ ကင်သလို ကင်နိုင်ပါတယ်နော်

ပဲကတ္တီပါ ထမင်း
-သံလွင်ဆီ ၂ဇွန်း(စားပွဲတင်)
-ဆန် ၁ခွက်ခွဲ
-အုန်းနို့တဗူး
-ပဲကတ္တီပါတဗူး
-ငရုတ်သီး၁တောင့်
-ကြက်သွန်တလုံး( အသေး )
-စမုန်ဖြူ၁ပင်
-ဆား ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်မြိတ်၁ချောင်း(ပါးပါးလှီး)
ကြက်သွန်နီကို အတုံးလေးများလှီးပါ။  သံလွင်ဆီကို အိုးထဲအပူပေးပြီး ကြက်သွန်၊ စမုံဖြူ၊ ကြက်သွန်မြိတ်တို့ ဖြင့် ၂မိနစ်ခန့်ဆီသတ်ပါ။

006

ပြီးရင် ဆေးပြီးသားဆန်ကိုထဲ့၊ အုန်းနို့ထဲ့မွှေပါ။

007 009

ရေကို ၃၀၀ မီလိလီတာ၊ (၁ပိုင့်နီးပါး) ထဲ့ပါတယ်။ပဲထဲ့ပြီး မွှေပါ။ ငရုတ်သီးထဲ့ပါ။ ထမင်းရေခန်းလို့ နပ်ပြီဆိုရင် ရပါပြီ။

011 012

Scallops နဲ့ ပဲကြာဇံ


Scallops နဲ့ပဲကြာဇံ
Scallops က ပြင်သစ်နိုင်ငံရဲ့အစားအစာ တမျိုးလို့ဆိုကြပါစို့ ။ Scallops ဆိုတာ ပြင်သစ်လို Escalope လို့ခေါ်တဲ့  Shell  (အခွံ) ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကမာ အမျိုးအစားတမျိုးပဲဖြစ်ပါတယ်။ အရသာက ချိုပြီးစိမ့်ပါတယ်။ပင်လယ်စာ တမျိုးမို့အကြီးအသေး အပေါ်မူတည်ပြီး ဈေးနှုန်းကလဲ ကြီးပါတယ်။ ကျမအမျိုးသားရော ကျမရောအဲဒါကိုအလွန် နှစ်သက်ပါတယ်။ အဲဒါလေးကို ရိုးရိုးရှင်းရှင်းလေးဘယ်လိုလုပ်စားရမလဲ ဆိုတာလေး ရေးပေးပါရစေ။ ဒီ မှာသုံးတဲ့ ပဲကြာဇံဟာ ပဲနောက် mung beans
နဲ့လုပ်ထားတာဖြစ်ပါတယ်။  hot pot မှာထဲ့စားကြတာပါ။ ကျမကတော့ဒီကြာဇံအရသာ ကိုခပ်ထုတ်ထုတ်လေးမို့အလွန်ကြိုက်ပါတယ်။ဒီ post မှာတော့ဒါလေးကိုသုံး ထားပါတယ်။

086

ပါဝင်ပစ္စည်းများ
– Scallops ၂၀၀ ဂရမ်
-ပဲကြာဇံ ၁ပွဲစာ (ရေစိမ်ထားပါ)
-သံလွင်ဆီ၁ဇွန်း( စားပွဲတင်)
-ထောပတ်၁ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည်အကြည်အချို ၂ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-ငရုတ်ချိုနီတတောင့်(ပါးပါးလှီး)

ဒယ်ပြားပေါ်တွင် သံလွင်ဆီနဲ့ ထောပတ်ကိုအပူပေးပြီး ကိုလှိမ့်ပေးပါ။ ဟိုဘတ်ဒီဘတ် ညိုလာသည်အထိ အပူပေး ပေးပါ။

060 061

ပြီးရင်ငရုတ်ကောင်းအနဲငယ်ခတ်ပြီး scallops ကိုဖယ်လိုက်ပါ။

067

ဒယ်ပူထဲကို ရေစိမ်ထားသော ကြာဇံထဲ့ ပြီး ပဲငံပြာရည် ရောပါ။ရေ အနဲငယ်ထဲ့ပေးပါ။ ကြက်သားမှုန့်ရောမွှေရင်း ကြာဇံနူးလာရင် ငရုတ်ကောင်း၊ ငရုတ်သီးပါးပါးလှီး လေးများ ထဲ့မွှေလိုက်ပါ။ အဲဒီ ကြာဇံပေါ်ကို လေးများတင်ပြီး အလှဆင်ကာ ခင်းကျင်းကျွေးမွေးနိုင်ပါပြီ။

063

064 066

092

Lemon Mousse


075

ဒါလေးကို နွေရာသီ အမောပြေအနေနဲ့စားကြည့်ကြရအောင်။ ဒီဘက်ဥရောပနိုင်ငံတွေမှာတော့နေရာ အနှံ့တွေအပြားတွေ့ရပါတယ်။ သူတို့ရဲ့ အချိုပွဲလေးပေါ့နော်။ လီမွန်သီးနဲ့ပြုလုပ်ပြီး ချိုချဉ်အရသာလေးရှိပါတယ်။ အနံ့လေးသင်းပြီးစားလို့ကောင်ပါတယ်နော်။ အရမ်းလွယ်ပါတယ်။ အကယ်၍အိမ်ကို ဧည့်သည်ရှောင်တခင်လာမယ်ဆိုရင် ၁၀မိနစ်အတွင်းပြီးနိုင်တဲ့အချိုပွဲမျိုးပေါ့။ ရှောင်တခင်ဆိုလို့ ကျမအမျိုးသားနဲ့သား တွေသမီးတွေ အိမ်ကို ရှောင်တခင် အလည်ဖိတ်တာ အလွန်ဝါသနာ ပါပါတယ်။ ဒီတော့ဒါမျိုးလေးတွေ ကျမ အတွက်တော့အလွန့်အလွန်ကိုအသုံးဝင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ( ၂လက်မအရှည်ခွက်ငယ်၎ခွက်စာ)
– နို့အပျစ် ၂၀၀ ဂရမ်
-နို့ဆီ ၁၅၀ ဂရမ်
-လီမွန်ရည် ၁လုံးစာ
-သကြား ၁ဇွန်း(စားပွဲတင်)

061
ပထဆုံး ခွက်ထဲကို ထဲ့ပြီးလက်ကိုင် blender  နဲ့ ၅မိနစ်ခန့်အမြှုပ်ထသည်အထိ မွှေပေးပါ။

060

အမြှုပ်ရပြီဆိုရင် နို့ဆီထဲ့ သကြား၊ လီမွန်ရည်ထဲ့မွှေပါ။

062

အာလုံး ခပ်ပျစ်ပျစ်လေးဖြစ်ရင် လီမွန်အခွံလေးများခြစ်ချပြီးမွှေလိုက်ပါ။

064 066

ပြီးရင် ခွက်များထဲ သို့ထဲ့ပြီး ရေခဲသေတ္တာထဲ ၁နာရီခန့်ထားပြီး အေးအေး လေးစားလို့ရပါပြီ။

072

ချောကလက်အနှစ်(chocolate mousse)


ချောကလက်အနှစ်    

ဒီနည်းလေးက ချောကလက်ကြိုက်တဲ့ ကျမ တို့မိသားစုရဲ့ အကြိုက်ပါ။ ကျမ ကျောင်းသားဘဝက အချိန်ပိုင်းလုပ်ခဲ့ဖူးတဲ့ Itsu ဆိုတဲ့ ဆိုင်လေးမှာရောင်းတဲ့နည်းလေးပါ။ ဆို တဲ့စကားက ပြင်သစ်လိုအမြှုပ် လို့ဆိုပါတယ်တဲ့။  ကိုများ ကြက်ဥအကာ (သို့) ခရင်(မ်) စသည်တို့ဖြင့်ပြုလုပ်ကြပါတယ်။ ဒီနည်းလေးမှာတော့ကျမက ခရင်(မ်)ရော ကြက်ဥအကာရော အသုံးပြုပါမယ်။ ဂျင်းရေ ကိုအနဲငယ် ထဲ့ထားလို့အနံ့အရသာက ပိုကောင်းပါတယ်။ ကျမရော ကလေးတွေရော ချောကလက်ဆိုအခါးစားသူဆိုတော့ အချို နဲနဲပေါ့ထားပါတယ်။ အချို ကြိုက်တတ်သူများ ကျမထဲ့ထားတဲ့အချိုးထက်နဲနဲ ပိုထဲ့နိုင်ပါ တယ်နော်။

026

ပါဝင်ပစ္စည်းများ( ၄ခွက်စာ အလျား၃လက်မ အချင်း ၁လက်မ)
-ချောကလက် ၇၀%အခါး  ၈၀ ဂရမ်
-wipping cream ခရင်(မ်) ၁၀၀ ဂရမ်
-ကြက်ဥအကာအဖြူ ၂လုံးစာ
-သကြား၁ဇွန်း (အချိုဇွန်း)
-ဂျင်းကိုညှစ်ထားတဲ့အရည် ၁ဇွန်း(စားပွဲတင်)

ပထမ ချောကလက်လေးများ ကို အပိုင်းလေးများချိုးပြီး စတီးဇလုံးထဲထဲ့ပါ။

003

ပုံပါအတိုင်းအောက်ကရေဆူနေတဲ့အိုးပေါ်ကိုတင်ပြီး အပူပေးခြင်းဖြင့် ချောကလက်အရည်ပျော်လာပါမယ်။

006
ကြက်ဥအကာနဲ့ခရင်(မ်)ကို လက်ကိုင်မွှေစက်ဖြင့် မွှေပေးရင်း အမြှုပ်ထလာပါစေ။
ကျမက ခွက်ရဲ့ အောက်ခြေကို ပိုခါးတဲ့ ချောကလက်တလွှာထဲ့မှာမို့  ပထမဆုံး အရည်ပျော်နေတဲ့ ချောကလက် ထဲကို အမြှုပ် ၂ဇွန်း( စားပွဲတင်) ရောမွှေလိုက်ပါ။ ပြီးရင် အဲဒီအရောကိုတဇွန်းဆီ ခွက်တခွက် ထဲစီကိုထဲ့လိုက်ပါတယ်။

008 007
ဇလုံထဲကျန်တဲ့အရောနဲ့ ချန်ထားတဲ့ အမြှုပ်ကိုရောပြီး သကြား၊ ဂျင်းရည်တို့ထဲ့ပြီး စက်နဲ့ လုံးဝ ပျစ်သွားသည်အထိ ၅-၈ မိနစ်ခန့်မွှေပေးပြီးရင် ခုနက ချောကလက်တဇွန်းဆီ ထဲ့ထားတဲ့ခွက်ထဲကို နဲ့ဖြစ်စေ ဇွန်းဖြင့်ဖြေးဖြေးခြင်းထဲ့ဖြည့်ပေးပါ။ အပေါ်က ဖြူးခြင်းဖြင့်အလှဆင်နိုင်ပါတယ်နော်။

010 011
ရေခဲသေတ္တာထဲ ၃နာရီ ခန့်အအေးခံပြီးရင်စားရန် အဆင်သင့်ပါပြီ။

023

Valentine’s Beef Pie


042

လွန်ခဲ့သော ၈ နှစ်ဒီလ ရဲ့ ချစ်သူများနေ့မှာ လန်ဒန်မြို့ကိုမနက်အစောကြီး ရောက်လာပါတယ်။ ကိုယ်ချစ်သောမိသားစုရော အသစ်စက်စက်ရည်းစား (ခုကျမအမျိုးသား) ကလဲ မြန်မာပြည်မှာကျန်ခဲ့လေတော့ တော်တော်ကိုခံစားခဲ့ရပါတယ်။ ကျောင်းကလဲဖွင့်ကာနီး လေယာဉ်လတ်မှတ်လဲ အဲဒီရက်ပဲရလို့ မဖြစ်မနေ ထွက်ခဲ့ရပါတယ်။ ဒီဖက်လန်ဒန်ရောက်ပြန်တော့ ကျမ ရဲ့တဦးတည်းသောမောင်လုပ်သူ ကလာကြိုတာနောက်ကျလို့ မနက်၆နာရီကနေ ၁၀နာရီထိ လေဆိပ်မှာ တော်တော်ကိုခြောက်ခြားစွာနဲ့ တယောက်တည်းထိုင်စောင့်ခဲ့ရပါတယ်။ သူရဲ့ဆင်ခြေက ကျမလာမှာမို့ စိတ်လှုပ်ရှားပြီး တညလုံးအိပ်မရပဲ မိုးလင်းကာနီးမှအိပ်ပျော်သွားလို့ပါတဲ့။ ၁၀နာရီလောက် ကိုယ့်ရှေ့ကိုလူကောင်အကြီးကြီးလာရပ်ပါတယ်။ဆံပင်အရှည် ထူထူအုပ်အုပ်ကြီးနဲ့ မြန်မာပြည်ထဲ ၂၀ဝ၅တုံးကမြင်ရ ခဲတဲ့ အကောင်ကြီးဆိုတော့လန့်သွားပါတယ်။ နောက်မှ ဪဒါငါတို့ အိမ်က ငါ့ရဲ့ တမိတည်းမွေးတဲ အကောင်ကြီးပဲဆိုပြီးထပြီးထုရိုက်ငိုယိုလုပ်နိုင်ပါတယ်။ ဒါက ကျမရဲ့ 2005 Valentine’s Day  အတွက် အမှတ်တရပေါ့။ ခုနောက်ပိုင်း ဆိုရင် အမျိုးသားအတွက် valentine အမှတ်တရတခုခု ချက်စားဖြစ်ပါတယ်။ မနှစ်က ပျားရည်ဆမ်းကြက်ကင်, သီးစုံ ထောပတ်ထမင်းကြော်လုပ်စားဖြစ်ပြီး ဒီနှစ်တော့ ဒါလေးကို လုပ်စားဖြစ်ပါတယ်နော်။ ကြည့်ကြရအောင်နော်

အစာသွတ်အသားချက်ရန်ပါဝင်ပစ္စည်းများ
-အမဲသား ၂၀ဝ ဂရမ် အတုံးအသေးများ(၁၃ကျပ်သားခန့်)
-မုန်လာဥနီ ၁လုံး
– ရှယ်ရီဝိုင် (သို့) ဘီယာ လီတာဝက်
-သံလွင်ဆီ၁ဇွန်း
-ကြက်သွန်(အသေး) တာ့လုံး
– soy sauce ၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-double cream ၁ဇွန်း(စားပွဲတင်)
-rosemary, thyme, sage ရောထားသော အရောအမှုန့်  ၁ဇွန်း (စားပွဲတင်)
အကယ်၍ rosemary, thyme, sage  မလွယ်ရင်တရုတ်မဆလာ ကို၁ဇွန်းထဲ့နိုင်ပါတယ်      

ပထမဆုံး ကြက်သွန်ကို အတုံးအသေးလေးများ လှီးပြီး အိုးထဲသံလွင်ဆီထဲ့ကာအပူပေးပြီး ထဲ့ကြော်ပါ။ ကြက်သွန်ကျက်ရင် အမဲသားထဲ့ ကာလုံးပါ။ soy sauce ထဲ့ပါ။ အမဲသားအရောင်ပြောင်းရင် ရှယ်ရီဝိုင်ထဲ့ပါ။ အမွှေးအကြိုင်များထဲ့ပြီး အသားနူးသည်အထိ ရေအနဲငယ်ထဲ့ပြီး အဖုံးအုပ်ထားပါ။ အသားနူးရင် double cream ၊မုန်လာဥနီများထဲ့ပြီး အရည်ပျစ်ပျစ်ဖြစ်လာရင်မီးပိတ်ထားပါ။
အပေါ်ကဖုံးရန် short curst pastry လုပ်နည်း
–  All purpose flour၂၀၀ဂရမ်
– ထောပတ်အခဲ ၁၀၀ ဂရမ်
-ရေအေး ၃ဇွန်း (စားပွဲတင်)
-ဆားဇွန်းဝက်(အချိုဇွန်း)

ဆား, All Purpose Flour နဲ့ ထောပတ်ကို ခွက်တခွက်ထဲထဲ့ ပြီး လက်ကိုင်မွှေစက်ဖြင့် ဖြစ်စေ Blender ထဲ ထဲ့၍ဖြစ်စေ ရောမွှေပေးပါ။ မွှေနေစဉ်ရေအေးကို ဖြေးဖြေးရောပေးပါ။ ၃မိနစ်ခန့်မွှေပြီးရင်  အရောများကို ယူပြီး စားပွဲပေါ် ဖြူးကာ ၁၀မိနစ်ခန့် နိပ်နယ်ပေးပြီး နောက် ချောမွတ်သော dough  ကိုရပါမယ်။ Doughကို Cling Film အုပ်ပြီး ၁၅မိနစ်ခန့် ရေခဲသေတ္တာ ထဲ ထဲ့ပြီး သုံးရန်အဆင်သင့်ပါပြီ။ dough တဝက်ကိုပဲသုံးပါတယ်။ ကျန်တာကို ရေခဲသေတ္တာ ထဲ ၃ပတ်ခန့်သိမ်းထားနိုင်ပါတယ်။

001 003 006

dough ကို ဒလိမ့်တုံးဖြင့် ပြားစေပြီး အသုံးပြူမဲ့ ခွက်ကို dough  ပြားပေါ်မောက်ခါ ဘေးပတ်ပတ်လည် ခွက် အတိုင်း ၅ စင်တီ ခန့်အပိုထားဖြတ်လှီးပေးပါ။ ခွက် သဏ္ဍာန် ပြားလေးများရပါမယ်နော်။

009 011 012

ပန်းကန် ခွက်ထဲကို  ချက်ပြီးသား အမဲသားများထဲ့ပြီး အပေါ်က ကို အုပ်ပြီး ပန်းကန်ပတ်ပတ်လည်ကပ်လိုက်ပါ။ အပေါ်က ကြက်ဥအနှစ်များသုတ်လိမ်းပြီး  ပူပြီးသား oven ထဲတွင် အပေါ်မီး ၁၅၀ ဒီဂရီ  ဖြင့်၈မိနစ်ခန့်ထားပြီးရင် Vlentine Beef Pie လေးစားရန်အဆင်သင့်ဖြစ်ပါပြီ။

018 028 029

046 044

Leeks and Potatoes Creamy Soup (ကြက်သွန်မြိတ်၊အာလူး ဟင်းရည်)


ှ032ကြက်သွန်မြိတ်၊အာလူး ဟင်းရည်  ကျမသမီးငယ်ကို မွေးတုံးကဆေးရုံပေါ်မှာ မွေးခါနီး လျက်ဆားအလွန်အကျွံစားမှုနဲ့ သွေးထဲအငံဓာတ်များတယ် ဆိုပြီး ၅ရက်လောက် ပေးမဆင်းပဲထားလို့ မျက်ရည်နဲ့ မျက်ခွက်နေရပါတယ်။ ဆေးရုံ ဆိုအလွန်ကြောက်တဲ့ အပြင်ကိုယ်သိပ်မှအိပ်သော သားကြီးကလဲ၃နှစ်သာရှိသေးလို့ကျမ တော်တော်လွမ်းရပါတယ်။ နောက်ဆုံးတော့ ကိုယ်ဖြစ်ကိုယ်ခံပါ့မယ်ဆိုပြီး လက်မှတ်ထိုးဆင်းခဲ့ပါတယ်။ သူတို့က သိပ်မကျေနပ်ပါ။ အဲဒါက အမှတ်တရ။ ဒီဟင်းချိုလေးကို အမျိုးသားကဆေးရုံ  ကိုကျမအတွက်ကိုယ်တိုင်လုပ်လာပေးတာပါ။ အိမ်ထောင်သက် ၈ နှစ်အတွင်းသူချက်ကျွေးတာ ၂ခါမြောက် ဟင်းချိုလေးပေါ့။ ကျမ အလွန်နှစ်သက်ပြီး လွယ်လဲလွယ်ပါတယ်။ လွယ်လို့လဲသူလုပ်ပေးတာပေါ့။ ကြည့်ရအောင်

ပါဝင်ပစ္စည်းများ

-ကြက်သွန်မြိတ်အကြီးစား(leeks ) ၄၀၀ ဂရမ်
-အာလူး ၃၀၀ ဂရမ် -ထောပတ် ၅၀ ဂရမ်
-ကြက်သွန်နီအသေးတလုံး

-ကြက်ပြုတ်ရေ ၁လီတာခွဲ ( chicken stockဆိုပြီးဝယ်လို့ရပါတယ်)
– double cream၁၅၀ မီလီလီတာ
-ငရုတ်ကောင်းနဲနဲ -ဆား ၁ဇွန်း (အချိုဇွန်း)
-ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)

leeksကို အဖြူပိုင်းပဲသုံးပါတယ်။ အာလူးကို အတုံးလေးများလှီးထားပါ။

အိုးထဲမှာ ထောပတ်ကို အပူပေးပြီး အရည်ပျော်စေကာ ကြက်သွန်နီ ကိုထဲ့ကြော်ပါ။

036

၂မိနစ်အကြာ အာလူး၊ leeksကိုထဲ့လှိမ့်ပါ။ ၅မိနစ်အကြာတွင် ရေလီတာဝက်ခန့်ထဲ့ပြီးအဖုံးအုပ်ထားပါ။

038039

အာလူးနူးပြီဆိုရင်တော့ blender လေးနဲ့ အကုန်ကြေအောင် မွှေလိုက်ပါ။ ဆား၊ ကြက်သားမှုန့် ထဲ့ပါ။  Double Cream ကိုပါရောမွှေပါ.

042 043
၅မိနစ်ခန့်ဆိုရင် ငရုတ်ကောင်းဖြူးပြီး ပေါင်မုန့်ခြောက်လေးနဲ့တွဲ ပူပူလေးသုံးဆောင်ခြင်းဖြင့် ရာသီအေးအေးကို ကာကွယ်နိုင်ကြပါစေရှင်

032

ခရစ်စမတ်Turkey


077

ခရစ်စမတ် မှာလုပ်စားဖြစ်တဲ့ Turkey လေးအကြောင်းရေးချင်ပါတယ်။ တကယ်တန်းတော့ Turkey ကိုအိသက်စားလေ့မရှိပါဘူး။ သူကမလုပ်တတ်ရင် ဖွယ်ပါတယ်။ အသားကလဲ ခြောက်သွားတတ်ပါတယ်။ တော်တော်ရင်းနှီးတဲ့ သူငယ်ချင်းတယောက်ကစားချင်တယ်ဆိုလို့ လုပ်ဖြစ်သွားပါတယ်။ အားလုံးပဲကြိုက်ကြလို့ ကိုယ့်ကိုကိုယ်တော်တော်ကျေနပ်သွားပါတယ်။ မဖြစ်အောင်ဘယ်လိုလုပ်မလဲကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-၅ကီလို တကောင်( ၈ယောက်လောက်စားလို့ရပါတယ်)
-ထောပတ် ၂၀၀ ဂရမ်
– rosemary, thyme, sage ၁ပင်စီ
-ဆား ၃ဇွန်း( စားပွဲတင်)
-သံလွင်ဆီ ၅ဇွန်း(စားပွဲတင်)
-ဘေကွန် ဝက်ပေါင်ခြောက်ချောင်း ၃၀၀ ဂရမ်
– Parsnip ၁၀ချောင်း ၊ မုန်လာဥနီ ၁၀ချောင်း
022

ပထမဆုံး Turkey ကိုသန့်စင်ထားပါ။ အရေပြားနဲ့အသားကြားလက်ထဲ့ပြီး အရေပြားမပေါက်အောင်ခွါထားပါ။

Herbs များကို နုတ်နုတ်စင်းလိုက်ပါ။ ထောပတ် ထဲ ထဲ့နယ်ပါ။ ဆားထဲ့ပါ။ ရော ထားသောအရောများကို အရေပြားနဲ့ အသားများကြား ထဲ့ပြီး သိတ်ထားပါ။ Turkey ရဲ့အတွင်းပိုင်းတွင် လှီးဖြတ်ထားသော အသီးအနှံများထဲ့ပြီး ပိတ်လိုက်ပါ။

023 025

027 028034

ကျန်အသီးအနှံများကို ဗန်းထဲ ထဲ့လိုက်ပါ။ Turkey ကို ဗန်းထဲ ထဲ့ပြီး အသီးအနှံများပေါ်ကို သံလွင်ဆီဖြူးလိုက်ပါ။ Oven ကို ၂၅၀ ဒီဂရီထားပြီး မိနစ်၄၀ခန့်အပေါ်မီးအောက်မီးထားပါ။

 

044

ပြီးရင်ပြန်ထုတ်ပြီး ဘေကွန်လေးများကပ်လိုက်ပါ။ အဲဒီအချိန်ကစပြီး Kitchen Foil အုပ်ထားပြီး ၂နာရီခန့် Oven ထဲဆက်ပြီး ထား ထားပါ။ Foil အုပ်မှ ဘေကွန်များကျွမ်းမသွားတဲ့အပြင် အသားလဲ နူးညံ့နေပါတယ်။

045 052

040 053

တခါပြန်ထုတ်ပြီး ဗန်းထဲတွင်ရှိနေသောအသီးအနှံများကထွက်သောအရည်များကို ဇွန်းဖြင့်ခပ်ကာ ဘေကွန်ပေါ်လောင်းပေးပြီး ၂၀မိနစ်ဖြင့် တွင်ဆက်ထားပါ။ ဒီအချိန်မှာ sausage အသေးလေးများကို ဘေကွန်ပတ်ထား တာလေးများဘေးပတ်ပတ်လည်ကတင်လိုက်ပါတယ်။ ဘေကွန်ကျွတ်လာပြီး နူးညံ့ပြီး စားလို့ကောင်းသော ခရစ်စမတ် ရပါပြီ။ ဗန်းထဲကရသောအရည်များကို မသွန်ပဲ Gravy လုပ်နိုင်ပါတယ်။ Cranberry sauce ဖြင့်တွဲစားရင်လဲအလွန်ကောင်းပါတယ်။

078

 

 

နံပြားလုပ်နည်း


နံပြားလုပ်နည်း

036

ဒီရက်ပိုင်းတင်ရမဲ့ post တွေအကုန်လုံးပျက်သွားတဲ့ computer လေးထဲကိုပါကုန်ပါတယ်။ အဲဒါတွေအကုန်ပြန်ရဖို့ကိုတော်တော်ကိုကြာအောင်စောင့်လိုက်ရပါတယ်။ ပြီးတော့စိတ်လဲတော်တော်ညစ်သွားပါတယ်။ ဒီနံပြားလုပ်နည်းလေးဆို တင်မယ် တင်မယ်နဲ့ လနဲ့ချည်ပြီးကြာနေပါပြီ။ ကြက်အသဲချဉ်စပ်(ပေါ်တူဂီ) , လဘနွန်ခရမ်းသီးအနှစ်(Baba Ghanoush) များနဲ့အတူစားနိုင်ဖို့ အဲဒီတည်းကလုပ်ထားတာကို ဘယ်လိုပဲရေးမယ် ကြံလိုက်တိုင်း ဘယ်လို အလုပ်ရှုပ်ပြီးမေ့မေ့ သွားမှန်းမသိပါ။ ခုတော့ အိမ်စာအကြွေးတွေအကုန်ရှင်းပါမယ်နော်။ နံပြားကို အာရှနိုင်ငံ များမှာ တင်မကပဲ ဥရောပအနောက်နိုင်ငံများမှာ တွင်တွင် ကျယ်ကျယ်စားသုံးကြပါတယ်။ အိသက်ကတော့ နံပြားထောပတ်သုတ်၊ မလိုင်နဲ့နံပြား စတာတွေ ကို အလွန်ကြိုက်ပါတယ်။တဆက်တည်း အကယ်၍များမလိုင် ရှားပါးတဲ့နေရာဒေသက သူများအတွက်အလွယ်နည်းလေးပေးချင်ပါတယ်။ နို့စိမ်းတဘူး ကိုကျိုလိုက်ပျစ်လာရင် မီးပိတ်၊ အပေါ်မလိုင်ဖတ်လေးများတတ်လာပါမယ်။ ခပ်ထားပြန်ကျို အဲလိုနည်းနဲ့နို့စိမ်းတဗူးကို မလိုင်တခွက်စာ ရပါမယ်နော်။ ခုအိသက်လုပ်မဲ့နံပြားက ဒီမှာဟင်းအနှစ်တွေနဲ့တွဲစားဖို့ဆိုတော့ plain မဟုတ်ဘူးပေါ့။ အကယ်၍ plain နံပြားဝိုင်းဝိုင်းလေးလိုချင်ရင်တော့ အောက်ပါနည်းအတိုင်း နံနံပင်မထဲ့ပဲ အဝိုင်းသဏ္ဍာန်မီးဖုတ်နိုင်ပါတယ်နော်။

 

ပါဝင်ပစ္စည်းများ( ၆ခုစာ)

-နွားနို့နွေးနွေး၁၅၀မီလီ
-သကြား၂ဇွန်း(အချိုဇွန်း)
-တဆေး(dried Yeast)၂ဇွန်း(အချိုဇွန်း)
-All Purpose Flour ၅၀၀ ဂရမ်
-ဆားဇွန်းဝက်(အချိုဇွန်း)
-ထောပတ်ဆီ၂ဇွန်း(အချိုဇွန်း)
(သတ်သတ်လွတ်မဟုတ်ရင် ကြက်ဥတလုံးခေါက်ထဲ့နိုင်ပါတယ် ပိုနူးညံ့ပါတယ်)
ပထမဆုံးခွက်တခွက်ထဲတွင် နွားနို့နွေးကိုသကြား၊ ဆား၊ yeast ထဲ့ပြီး ရောနယ်ပါ။ yeast  ပျော်ဝင်သွားအောင်ခနထားထားပါ။ ပြီးမှ flour ခွက်ထဲကိုရောထဲ့ ထောပတ်ဆီရောကာ ၁၀မိနစ်ခန့်နယ်ပြီး နူးညံ့သော dough ကိုရပါမယ်။ oven ကိုကြိုပြီး ၁၈၀ ဒီဂရီဖြင့်ဖွင့်ထားပါ။ dough အလုံးကို ရေစိုအဝတ်ပါးပါးအုပ်ကာ ၁၅ မိနစ်ခန့် ထားပါ။

006 002

017
ဒီနေရာမှာ အိသက်က နံနံပင် ပါးပါးလှီးလေးများထဲ့ရောပါတယ်။ ရိုးရိုးစားချင်သူများ ဒီတိုင်းထားပါနော်။  ပြီးရင် dough ကို၆လုံးရအောင်အညီခွဲပါ။

003 006

ကြိုက်တဲ့ နံပြားပုံ ကို ဒလိမ့်တုံးဖြင့်လှိမ့်ပါ။ ပါးပါးကြိုက်ရင် ပါးပါးလှိမ့်ပြီးပြားပါ။ ဒါကတော့ ဟင်းအနှစ်နဲ့စားမဲ့နံပြားမို့ ထူပါတယ်။ အကယ်၍ နံပြားဝိုင်းဝိုင်းလေးလိုချင်ရင်တော့ ဒီနည်းအတိုင်း နံနံပင်မထဲ့ပဲ အဝိုင်းသဏ္ဍာန် ခပ်ပါးပါ်းမီးဖုတ်နိုင်ပါတယ်နော်။

007
oven tray ပေါ် ကို ပြောင်းပြန်လုပ်ပြီး တင်လိုက်ပါတယ်။ oven ကပူပြီးသားမို့မီးနဲ့အနီးဆုံးအပေါ်အဆင့်မှာထားပါမယ်။ ၃မိနစ်ခန့်ထားပါမယ်။ ပြီးရင် တဖတ်လှန်ပြီး ၁မိနစ် ထားပြီးရင်ရပါပြီ။

008 013

036

 

အားလုံးပဲအဆင်ပြေပြေ နဲ့ပြုလုပ်နိုင်ကြပါစေ ။

snow man cake pop


ဒါလေးက နောက်တမျိုးပါ။ အင်္ဂလန်မှာ ဒီဇင်ဘာလဟာ နှစ်တနှစ်ရဲ့ အအေးဆုံးလဖြစ်သလို နှင်းကျတတ်လို့ အလွန်လဲလှပါတယ်။ ဒီလိုနှင်းကျပြီဆိုရင်ဖြင့် ကလေးလူကြီး မရွေးလမ်းလမ်းတွေပေါ်က နှင်းတွေကို ပုံလေးများ လုပ်ပြီးကစားကြ နှင်းခဲတွေနဲ့ တယောက်ကို တယောက်ပေါက် တိုင်းဆော့ကြနဲ့ အလွန်ပျော်ဖို့ကောင်းပါတယ်။  နှင်းတွေကို စနိုးမန်းပုံလုပ်ပြီး မာဖလာပတ်ပေး မုန်လာဥ နှာခေါင်းတပ်ပေးနဲ့ ပြုလုပ်ကြပါတယ်။ အမှတ်တရအနေနဲ့ဒီလမှာစနိုးမန်းကိတ်ပေါ့ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကိတ်ပေါ့အတွင်း ဖက်ကိတ်သား အသုံးပြုလုပ်နည်း ကိုတော့ -ကိတ်မုန့်လုပ်ပြီးသား( ဒီpost မှာ ready chocolate Brownie သုံးထားပါတယ်)  အကယ်၍ လုပ်နည်းသိချင်ရင်တော့ မအိရဲ့Evy Food Lover blog မှာကြည့်ပါနော်.့ မုန့်ပုံသဏ္ဍာန်လုပ်နည်းလေးသာဖော်ပြပါမယ်နော်။

မုန့်အပေါ်ယံမွမ်းမံရန်

–  white chocolate ၁၅၀ ဂရမ်

– food colour pen အနက်ရောင်

– ချောကလက်အတုံးလေးများ

– ချောကလက်ဒဂါင်္းပြား

-jelly ဂျယ်လီဖတ်လေး

white chocolate ကို microwave တွင် ၃မိနစ်အပူပေးပြီးပျော်ပါစေ၊

နယ်ပြီးသား chocalate brownie များကို အလုံးအကြီး၂လုံး ၊အသေး၂လုံး စီလုံးပေးထားပါ။ ပုံပါအတိုင်း အရည်ပျော်နေသော ချောကလက်တွင် တုတ်ချောင်းထိပ်ကိုအနဲငယ်နှစ်ပြီး ကိက်လုံးအကြီးထဲကို ထိုးနှစ်ထားကာ ချောကလက်ခြောက်သည်အထိ ထား ထားပါ။ 

၁၅မိနစ်အကြာ ကိက်အခြေခိုင်ပြီဆိုရင် ချောကလက်အဖြူရည်ထဲကိုနှစ်လိုက်ပြီး ဖော့တွင်ထိုးပြီးအခြောက်ခံပါ၊တချိန်တည်းမှာပဲ အသေးလုံးလေးများကို သွားကြားထိုးတန်လေးနဲ့ထိုးပြီး အဖြူရည်ထဲနှစ်ပြီး အခြောက်ခံပါ။ နှစ်ကြိမ်ခန့်ပြန် အရည်နှစ်ပေးပြီးအခြောက်ခံပါ။

ခြောက်ပြီဆိုရင် အသေးလုံးက သွားကြားထိုးတံလေးကို ဖြုတ်ပြီး ချောကလက်အရည် သုတ်ကာ အကြီးလုံးလေးပေါ်တင်ပါ။ ဂျယ်လီဖတ်လေးကို နှစ်ခြမ်းခွဲပြီး ကိက်အလုံးလေးများကြားမာဖလာလေးအနေနဲ့ ပတ်လိုက်ပါတယ်။ မာဖလာလေးနှစ်ခု ဆုံတဲ့ကြားမှာ ချောကလက်လေးသုတ်ပြီးကပ်လိုက်ပါ။အခု ဦးထုပ်လေးအနေနဲ့ ချောကလက် လေးများကို ခေါင်းပေါ်မှာ အခုလို ချောကလက်အရည်နဲ့ ကပ်ပြီးတင်လိုက်ပါတယ်။ စနိုးမန်းနှာခေါင်းလေးကို သကြားခဲ လိမ္မော်ရောင်လေးကို လှီးဖြတ်ပြီး တပ်လိုက်ပါတယ်။

 

အားလုံးပြီးရင် အစားအသောက်အရောင်ချယ်တဲ့ ဘောပင်လေးနဲ့ မျက်လုံး၊ နှာခေါင်းလေးများဆွဲပြီးရင် စနိုးမန်းကိက်ပေါ့လေးရပါပြီ။