ကဇွန်းဥနဲ့သာကူကျို


028

ကဇွန်းဥနဲ့သာကူကျို

ကျမက အချိုဆိုသိပ်မကြိုက်တတ်ပါ သို့သော် ချွန်းချက်အနေနဲ့ စိမ့်တဲ့အရာတွေနဲ့ တွဲစားရမယ်ဆိုရင် ပိုစားဖြစ်ပါတယ်။ ဒီနေ့ကျမ ဗမာကဇွန်းဥလေး တွေ ဘုန်းဘုန်းဦးတော ဆီက လက်ဆောင်ရလာပါတယ်။ အဲဒီတော့ကျမက ဘာလုပ်စားရမလဲ စဉ်းစားပါတယ်၊ ကဇွန်းဥစိမ့်စိမ့်စီးစီးလေးကို ပြုတ်ပြီးဆီနဲ့စားနဲ့တို့စားရကောင်းမလား၊  အမျိုးသားက သာကူသောက်ချင်ကြောင်းပြောထားတာ သတိရသွားတော့ လွယ်လွယ်ကူကူ ဒါလေးကို လုပ်စားဖြစ်တာပါနော်။

ပါဝင်ပစ္စည်းများ

-ကဇွန်းဥလတ်လတ် ၂ဥ

-သာကူစေ့ ၁ခွက်ခွဲ( ဆန်ချိန်ခွက်)

-ထန်းလျက်ရည်ကြွက်မြီးတန်း ပျစ်ပျစ် ၂၅၀ ဂရမ်

-အုန်းသီးဖတ် -ဆား ၁ဇွန်း( အချိုဇွန်း)

006

ကဇွန်းဥလေးများကို နူးအောင်ပြုတ်ပြီး အခွံခွါကာအတုံးလေးများလှီးစိတ်ပေးထားပါ။

007

သာကူကို ရေဆေးပြီး အိုးတအိုးထဲတွင်ကျိုပါ။ သာကူမျက်စိပျောက်တဲ့အထိ မွှေကျိုပေးပါ။ အောက်မကပ်အောင် မွှေပေးရပါမယ်။ မျက်စိပျောက်ရင်ထန်းလျက်ရည်ကျိုပြီးသားကို စကာစစ်ထဲ့ပါ။ (ကျမက pulm syrup ကိုသုံးလို့စစ်စရာမလိုပါ) ဆားထဲ့မွှေပါ။

010 015

ပျစ်လာပြီဆိုရင် ကဇွန်းဥ ပြုတ်လှီးစိတ်ပြီးသားလေးများရောပေးပါ။အဆင်သင့်ဖြစ်ကာ အနံ့မွှေးလာပါမယ်။ အုန်းဆံဖတ်လေးများဖြူးပြီးကဇွန်းဥသာကူကျိုကို နေ့လည်နေ့ခင်းအစာပြေစားသုံးနိုင်ပါပြီရှင်။

 

Advertisements

Burmese Crispy Pancake (ခေါက်မုန့်လုပ်နည်း)


061

ကျမဒီခေါက်မုန့်ကျွတ်ကျွတ်ချိုချိုလေးစားချင်နေတာအတော်ကြာပြီ၊ ငယ်ငယ်ကကျမတို့ အမတဝမ်းကွဲ နေ့လည်နေ့ခင်း လှည်းတန်းဈေးထဲသွားရင် သူဝယ်ဝယ်လာတတ်တယ်။ လမ်းသရဲမုန့်(( ရေမုန့်))၊ ခေါက်မုန့် စတဲ့အစုံအလင်တပုံတပင် ဝယ်ပြီးပြန်လာတတ်ပါတယ်။ ကြိုက်တာယူစားကြပါတယ်။ ကျမက ရေမုန့်ကိုအရမ်းကြိုက်သလို ခေါက်မုန့်ကိုလဲအလွန်ကြိုက်ပါတယ်။ တကယ်တန်းက ဆန်တခုတည်းနဲ့ မြန်မာပြည်မှာလုပ်ပေမဲ့ ကျမက နိုင်ငံရပ်ခြားနေရသူတွေ လုပ်ရလွယ်ကူအောင် စဉ်းစားပြီး တခြားဟာလေးတွေပါ စဉ်းစားပြီး ထဲ့ကြည့်လုပ်ယူရပါတယ်။ ဥပမာ- မုန့်လက်ဆောင်းဖတ်လုပ်နည်း ဆိုရင် ဆန်တခုတည်းနဲ့လုပ်ရတာ ဖြစ်ပေမဲ့ လိုက်လုပ်စားကြမဲ့သူတွေအဆင်ပြေအောင် ကျမ ဟိုဟာလျှောက်ထဲ့ ဒီဟာလျှောက်ထဲ့ ထဲ့ရင်းနဲ့ အကြာကြီးမကျိုရတဲ့နည်းကိုတွေ့ခဲ့တာပါ။ ခုဒီ ခေါက်မုန့်လေးကတော့ အလွန်ကောင်းအလွန်လွယ်ပါတယ်။ အကယ်၍များ ဒီထက်ပိုကျွတ်ပြီး ထန်းညက်မကြိုက်ရင် သကြားကိုပိုထဲ့ဖျော်ပေးပြီး ထန်းညက်တို့ အုန်းသီးဖတ်တို့ကို အထဲမှာမထဲ့ပဲ ကျွတ်လာသည်အထိထားပေးပါ။

အောက်ဖက်မှာလုပ်နည်း နောက်တမျိုး တင်ပေးထားပါတယ်( ဒါက Facebook ကညီမငယ် ငယ်ကြည်ကြည်ဝင်းရဲ့ နည်းပါ အစဉ်ပြေတဲ့နည်းနဲ့လုပ်နိုင်ပါတယ်နော်)
မုန့်နှစ်ရည်ပါဝင်ပစ္စည်းများ(၈လက်မ အချင်းမုန့်ချပ်၁၀ ချပ်စာ)
-ဆန်မှုန့်- ၅၀ ဂရမ်

-plain flour-100 g
– Caster sugar(or) sugar -၁၀၀ ဂရမ်
-အုန်းနို့ ၅၀ ဂရမ်
-ဆိုဒါ ၁ဇွန်း (အချိုဇွန်း)
-တဆေး ၁/၂ အချိုစားဇွန်း
-ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
-ဆား အနဲငယ်
-ရေ ၂၅၀ မီလီလီတာ

001

အထက်ပါများကိုအကုန်ရောပြီး နှံ့အောင်မွှေပေးပါ။  ရလာတဲ့မုန့်နှစ်ရည်ကို ရေစိုအဝတ်ပါးနဲ့ အုပ်ပြီးအနဲဆုံး ၁နာရီ ထားပါ။ ၁ညသိပ်ထားနိုင်ရင် ပိုကောင်းပါတယ်။

016
မုန့်နှစ်ရပြီဆိုရင် ဒါလေးတွေ ထပ်လိုပါမယ်။

-ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
-အုန်းသီးဖတ်အမျှင်လေးများ
-ထန်းညက်ရည်

040
ဒယ်အပြန့်ကိုအပူပေး ၊ ထောပတ်အနဲငယ်သုတ်ပါ။ မုန့်သားကို ဒယ်ပေါ်ဖြန့်ခင်းပေးပါ။ တတ်နိုင်သလောက် အဝိုင်းပုံ ခပ်ပါးပါး လုပ်ပေးပါ။ ရွှေညိုရောင်သန်းသည်အထိအပူပေးထားပါ။

041

ပြီးရင် ထန်းညက်ကို ဇွန်းလေးဖြင့် လိုက်ဖြန့်ပေးပြီး အုန်းသီးဖတ်တင်ပေးပါ။ စက္ကန့် ၃၀ ခန့်အကြာ အနားသားတဖတ်ကိုယူပြီး ရပ်တောင်ပုံခေါက်ပေးလိုက်ပါ။

042  044

ဒယ်ပေါ်ကဖယ်လိုက်ပါ။ ခဏအကြာ မှာ ခေါက်မုန့်ကျွတ်ကျွတ်လေးဖြစ်ပြီး စားလို့အလွန်ကောင်းနေပါလိမ့်မယ်နော်။ ဒီhttp://www.youtube.com/watch?v=Py1spEHwXrBurmese Crispy Pancake (ခေါက်မုန့်လုပ်နည်း)g ကိုနှိပ်ပြီး Video recipe ကြည့်နိုင်ပါတယ်။

051

ခေါက်မုန့် လုပ်နည်း နောက်တမျိုး ( ဒါကFacebook ကညီမငယ် ငယ်ကြည်ကြည်ဝင်းရဲ့ နည်းပါ အစဉ်ပြေတဲ့နည်းနဲ့လုပ်နိုင်ပါတယ်နော်)

ဆန်ကြမ်း(Long grain rice) 1 1/2 cup
ရွှေကြည်မှုန့် (sooji) 1/2cup
မတ်ပဲ(skinless black gram) 1/4cup
ထန်းညက်(Plam Sugar) 8 oz(1/2lb)
ဆား အနည်းငယ်
ထမင်းကြမ်း လက်တစ်ဆုပ်ခန့်

ဆန်ကြမ်းရယ် မတ်မဲရယ်ကို ၇နာရီလောက် ရေစိမ်ပါ။ ပြီလျှင် ကြိတ်စက်နဲ့ ဆန်ရယ် မတ်ပဲရယ် ထမင်းကြမ်းရယ်ကို ရောပြီး ခပ်ပြစ်ပြစ် ကြိတ်ပါ။ ရလာတဲ့ မုန့်နှစ်ရည်ကို ရွှေကြည်မှုန့်
Baking Soda 1/2tsp လောက်ထည့်ပြီး မုန့်နှစ်ရည်ပွအောင် ၃နာရီလောက် ကြာကြာလေး ပွအောင်ထားပါ။ မုန့်နှစ်ရပါပြီ။ ထန်းညက်ကို ညောင်စေး မကျတကျ ဆားအနည်းငယ် ထည့်ကျိုပါ။
Red Beanကို ပြုတ်၊ အုန်းသီးကို ခြစ်ထားပါ။ ဒါဆို ခေါက်မုန့် စလုပ်လို့ ရပါပြီ။
ခေါက်မုန့်လုပ် မည့်အိုးကို မီးMediun ထားပြီး မုန့်နှစ်ရည် ထည့်ဝိုင်းပါ။ ထနးညက်ရည်ထည့် ပဲထည့် အုန်းသီးထည့် ခဏ စလောင်းဖုံးနဲ့ အုပ်ထားပါ။ ပြီလျှင်တော့ ကြွပ်ကြွပ်ရွရွ ခေါက်မုန့် ပူပူလေး ရပါပြီ။ နောက်တစ်ခု လုပ်မယ် ဆိုလျှင်တော့ အိုးကို ခေါက်မုန့် မကပ်အောင် အင်တွဲမှုန့်နဲ့ ပွတ်ပြီးမှ နောက်တစ်ခု ကိုလုပ်တာပါ။
စာကျန်ခဲ့လို့ မုန့်နှစ်ရည်ကို မပြစ်မကြဲ ဖျော်ရပါမယ်။

င်္ီမုန့်လုံးရေပေါ်(သင်္ကြန်စာ)


010

မုန့်လုံးရေပေါ် ကိုများသောအားဖြင့် သင်္ကြန်စာအဖြစ်စားကြသော်လည်းကျမတို့ လိုနိုင်ငံရပ်ခြားနေရသူများအဖို့ ဘယ်အချိန်စားစား စားကောင်းနေပါတယ်။ ဒီလကတော့ သင်္ကြန်လဖြစ်တဲ့အတွက် နေရာအနှံ့စတုဒီသာ ကျွေးနေကြမှာမြင်ယောင်မိပါတယ်။ ငရုတ်သီးစိမ်းထဲ့လုံးပြီး စကြတာလဲ ချစ်စရာဓလေ့ လေးဖြစ်လို့နေပါတယ်။ မုန့်လုံးရေပေါ်ကို ယတြာခြေတဲ့အနေနဲ့မြုပ်နေတာတွေပေါ်လာစေကြောင်း ဘုရားကပ်ကဆုတောင်းတတ် ကြပါတယ်။ဒီလဟာကျမရဲ့မွေးလလဲဖြစ် သင်္ကြန်လလဲဖြစ်တဲ့အတွက်ဒီလိုအချိန်ဆိုရင် ကျမရဲ့ အိမ်ပြန်ချင်တဲ့ရောဂါက ပြန်ထလာပါတယ်။ အဲဒီရောဂါကလဲ တလတခါနီးပါးဖြစ်ပါတယ်။ ဘယ်လောက်ပဲ အင်္ဂလန်မှာနေတာကြာပေမဲ့ ကျမက ကိုယ့်မွေးရပ်မြေလဲဖြစ် မိဘများရှိရာရန်ကုန်အိမ်ကိုသာ နွေးထွေးသောအိမ်လို့မသိစိတ်ကထင်မိပါတယ်။ ဒီနှစ်လဲမပြန်ဖြစ်ပေမဲ့ အလွမ်းပြေသင်္ကြန်စာများလုပ်စားဖြစ်ပါတယ်။ မုန်လုံးရေပေါ်လုပ်နည်းလေး လုပ်စားဖြစ်လို့အမှတ်တရ တင်ဖြစ်ပါတယ်။

ပါဝင်သောပစ္စည်း(၃ပွဲစာခန့်)
ကောက်ညှင်းမှုန့် – ၁ခွက်(ထမင်းပေါင်းအိုးခွက်)
ဆန်မှုန့် – ၂ဇွန်း(စားပွဲတင်)
ထန်းညက် –၆-၇လုံး ခန့်
အုန်းသီးဖတ် နှစ်သက်သလိုထဲ့နိုင်ပါတယ်

013  015

ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရေနွေးနွေး ပေါင်းအိုးခွက်တဝက်ခန့် ကို နည်းနည်းဆီ ထည့်ပေးပြီးသမအောင် နုယ်ပေးပါ။ ဆားကိုဇွန်းဖျားခန့်ထဲ့ပေးပါ။ မပျော့မမာအနေထိနယ်ပြီးရင် အဆင်သင့်ပါပြီ။ ပြီးလျှင် ထန်းညက်များကို အတုံးသေးများတုံးပြီး မုန့်သားကိုလက်ပေါ် ပြားကာ ထန်းညက်များ ဌာပနာပြီး လုံးပါ။ မုန့်လုံးတဲ့အခါ သတိထားရမှာက မုန့်သား မထူမပါးဖို့ပါ။ ထူလွန်းရင် စားမကောင်းသလို ပါးလွန်းရင် ထန်းညတ်ပေါက်ထွက်လာပါမယ်နော်။

024 026

ရေဆူအိုးတည်ပေးထားပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် မုန့်လေးများလုံးပြီးလို့အဆင်သင့်ဖြစ်ပြီဆိုရင် ( အရင်မလုံးထားပဲ လုံးနေရင်း ရေဆူအိုးထဲ ထဲ့နိုင်ပါတယ်)။ မုန့်သားကျက်ရင် မုန့်လေးများပေါ်လောပေါ်လာပါမယ်နော်။ ဆယ်ပေးပြီး ရေအေးထည့်ထားသောခွက်ထဲထည့်လိုက်ပါ။ ပြန်ဆယ်ပြီး ဆီသုတ်ထားသော ငှက်ပျော်ဖတ်ရွက် (သို့) ပန်းကန်ထဲကို ထဲ့ပြီးအုန်းသီးဖြူးကာစားနိုင်ပါပြီ။ အုန်းသီးကို အိသက်က ဒီအထုတ်လေးကိုသုံးပါတယ်။

012

အုန်းသီးဖတ်အခြောက်လေးများကိုရေနွေးနွေး၁မိနစ်ခန့်စိမ်လိုက်ရင် အုန်းသီးလိုဖြစ်သွားပါတယ်။

နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်

010

မုန့်ပျားသလက်( မုန့်ပစ်စလက်)


မုန့်ပျားသလက်( မုန့်ပစ်စလက်)
ကျမအဖေက အထက်မြန်မာပြည်ပုခုက္ကူ ရှင်မကန်ရွာကပါ။ အဖေက အညာသားစစ်စစ်ပေါ့။ ကျမအဖေငယ်ငယ်က ရန်ကုန်မတတ်လာခင် အညာမှာ အမေလုပ်သူ (ကျမအဖွား ) နဲ့ဈေးရောင်းကူရပါတယ်တဲ့၊ ကျမအဖွားက ဟိုးတုံးက အညာဘက်မှာ မုန့်ပျားသလက်၊ ပန်းရွက်ပေါင်း၊ ကြက်သွန်ပေါင်း စတာတွေကို လုပ်ရောင်းတာပါ။ ဟိုတနေ့က ကျမ အဖေ အညာမှာ အလှူပြန်လုပ်တဲ့ ဓာတ်ပုံလေးတွေပြန် ကြည့်မိတော့ အဖေတို့ မုန့်ပျားသလက် စတဲ့အညာ မုန့်တွေ စားနေကြတဲ့ပုံလေး တွေ့ပါတယ်။ ကျမ ကလဲ ဒီဘက်က အလွန်ကို စားချင်လာတာနဲ့ ဆန်မှုန့်ကို ရေရောထားပါတယ်။ အညာမှာ တော့ မုန့်ပျားသလက်က ပဲလွန်းနဲ့ လုပ်ကြပါတယ်နော်။ ခုမြို့ကြီးတွေ မှာတော့ ပဲပြုတ်တို့ ကြက်သွန်မြိတ်တို့ ထဲ့ကြပါတယ်နော်။

019
ပါဝင်ပစ္စည်းများ( ၁၀ ခုစာ)
-ဆန်မှုန့်၃ခွက် (ဆန်ချိန်ခွက်)
-တဆေး yeast ၁ဇွန်း(အချိုဇွန်း)
-ဆား၁ဇွန်း (အချိုဇွန်း)
-ရေ၁လီတာခွဲ
-ပဲလွန်း လက်တဆုပ်(ပြုတ်ထား)
-ပဲပြုတ်
-ကြက်သွန်မြိတ်၁ပင်( ပါးပါးလှီး)
အထက်ပါများ-ဆန်မှုန့်၃ခွက် (ဆန်ချိန်ခွက်), တဆေး yeast၁ဇွန်း(အချိုဇွန်း), ဆား၁ဇွန်း (အချိုဇွန်း), ရေ၁လီတာခွဲကိုရောပြီး ၁ည သိပ်ပါ၊ ဒါမှ မုန့်သားပေါက်ပါမယ်။

mont

004ပဲလွန်းကိုပြုတ်နေပုံ
မြေးအိုးလေးတွေ ဒီမှာမလွယ်တော့ ဒယ်အိုးလေးနဲ့ပဲလုပ်ပါမယ်နော်။ ဒယ်ကိုဆီသုတ်ပြီး မီးကိုအနေတော်ထားပြီး မုန့်ရည်ကို ယောက်ချိုဇွန်းနဲ့ ခတ်ထဲ့ပါ။ မုန့်ပေါ်ကိုပဲလွန်း (သို့) ပဲပြုတ်၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

002 006 003
မုန့်သားကအပေါက်လေးတွေဖြစ်လာပါမယ်။ အဖုံးကို တမိနစ်ခန့်အုပ်ပေးပြီးရင် မုန့်ပျားသလက်လေးအဆင်သင့်ဖြစ်ပါပြီ။

022

ရွှေရင်အေး


ရွှေရင်အေး

024

ကျမကဒီလFood Magazine မှာ မုန့်လက်ဆောင်းဖတ်လုပ်နည်း ကိုတင်ထားမိတာရယ်၊ နောက်လသင်္ကြန်လဖြစ်နေတာရယ်ကြောင့်ရွှေရင်အေးလုပ်စားနိုင်ဖို့ အမှတ်တရအနေနဲ့မြန်မာ့ရိုးရာနှစ်သစ်ကူး အဖြစ် ရွှေရင်အေးစေကြရန်ဆုမွန်တောင်းရင်း ရေးပေးချင်ပါတယ်။ ကျမတို့အိမ်မှာက ကိုယ်တိုင်လုပ်မုန့်လက်ဆောင်းဖတ်ကအမြဲလိုလိုရှိနေတတ်ပါတယ်။ အော်ဒါလုပ်ရင်း အိမ်အတွက်ပါပို လုပ်ရပါတယ်။ ကျမသားအကြီးရော ကျမရော ဖာလူဒါအလွန်ကြိုက်ပါတယ်။ ကျမအမျိုးသားကရွှေရင်အေးကိုပိုကြိုက်ပါတယ်။ ရန်ကုန်ကျမတို့နေတဲ့ ၂၉လမ်းထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး(စကော့ဈေး)ရှိပါတယ်။ ကျမအမေဆိုင်ကပြန်လာရင် ညီအမတွေနေ့လည်စာမှာတဲ့အခါ ရွှေရင်အေးကို ဈေးထဲကိုကားပတ်ပြီးဝယ်ခဲ့ဖို့မှာတတ်ကြပါတယ်။ စကော့ဈေးက ဝက်သားတုတ်ထိုး၊ ရွှေရင်အေး နံမည်ကြီးတယ်လေနော်။ ဒီမှာတော့ဝယ်စားမရလို့ ကိုယ်တိုင်လုပ်စားရပါတယ်။ ကြည့်ရအောင်-

ပါဝင်ပစ္စည်းများ

သကြားရည်၊ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ ရေခဲ

006

ကျောက်ကျော

kyautkyaw

အုန်းနို့ကျောက်ကျေလုပ်နည်းဒီမှာကြည့်ပါာ

သာကူ

သာကူကိုလဲ မျက်စိပျောက်တဲအထိအရောင်ထဲ့ ပြီးကျိုပါ။ ပြီးရင်ဇကာထဲ သွန်ပြီးရေအေးနဲ့ဆေးပေးပါ။ သာကူများကပ်မနေစေရန်ဖြစ်ပါတယ်။ ကြိုက်ရင်အရောင်ထဲ့ပါ။

ကောက်ညင်းပေါင်း

ကောက်ညင်းဆန် ခွက်တခွက်နဲ့ ကောက်ညင်းထမင်းတည်ပါ။

သကြားရည်

သကြား တခွက်ကို ရေနဲနဲနဲ့ပျစ်အောင်ကျိုထားပါ။ အုန်းနို့ရည် အုန်းနို့၂ဗူးခန့်ကို သကြား ၁ဇွန်း(စားပွဲတင်) နဲ့ ၅မိနစ်ခန့်တည်ပြီးအအေးခံထားပါ။

ပေါင်မုန့်လေးများကိုလေးထောင့်လေးများညှပ်ထားပါ။ ရေခဲတုံးလေးများလဲအဆင်သင့်ရှိပါစေ။

009  037

အားလုံးစုံပြီဆိုရင်ပန်းကန်တစ်ခုထဲ သကြားရည်၊ သာကူ၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်းပေါင်း၊ ပေါင်မုန့်၊ ရေခဲတို့ကို တပွဲစာပြင်ဆင်ပြီး နောက်ဆုံးအုန်းနို့ရည်ဖြင့်မွမ်းမံကာ နွေပူပူမှာ ရွှေရင်မပူအောင် ရွှေရင်အေး အေးအေးလေး သုံးဆောင်နိုင်ပါပြီ။

လက်သုတ်စုံ(အစုံသုတ်)


အသုတ်စုံ(အစုံသုတ်)

067
ကျမအမျိုးသားက အသုတ်စုံအလွန်ကြိုက်ပါတယ်။ သူကြိုက်တဲ့အစားအစာဆိုရင်ပြောစရာမလိုပါဘူးနော် ကျမတို့အိမ်မှာခဏခဏလုပ်စားဖြစ်ပါတယ်။ ကျမလား သူကြိုက်ပြီဆိုမှတော့ ကိုယ်ကလဲအလိုအလျောက်ကြိုက်သွားရတာပေါ့ရှင်။လက်သုတ်စုံ က ရှိသမျှအကုန်ထဲ့သုတ်တဲ့သဘောမို့ အစုံသုတ်လို့ခေါ်ပုံရပါတယ် ရန်ကုန်အိမ်မှာဆိုရင် ကျမ မမကြီးက အသုတ်ဆိုအလွန်ကြိုက်ပါတယ်။ နေလည်စာများအိမ်မှာစားကြပြီဆို မမကြီး အမြဲလိုလို အသုတ်မှာလေ့ရှိပါတယ်။ အသုတ်စုံစား ရင်းမိသားစုကိုလဲလွမ်းရင်းပေါ့နော်။
ချဉ်ငံစပ်လေးမို့ တော်တော်စားလို့ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ(၇ပွဲစာ)
-ဂျုံခေါက်ဆွဲ ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-မုန့်ဖတ် ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-ပဲကြာဇံ ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-အာလူး ၄လုံးခန့်
-ပဲပင်ပေါက် ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ဂေါ်ဖီထုပ် ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)်
-ကျောက်ပွင့် ၁ပွင့်
-ပဲပင်ပေါက်၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ပဲပြား (နှစ်သက်သလို)
-သင်္ဘောသီးစိမ်း ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-သခွါးသီး ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ထမင်း လက်တဆုပ်စာ ၇-၈ လုံးခန့်
-နံနံပင် လတ်တဆုပ်စာ
                                                             
အသုတ်အတွက်လိုအပ်သည်များ
-ငရုတ်ဆီ(ငရုတ်သီးဆီသတ်)
-ပဲမှုန့်အကျက်
-ကြက်သွန်ဖြူဆီချက်
-ကြက်သွန်အနီဆီချက်
-ပုဇွန်ခြောက်မှုန့်
-ငံပြာရည်
-ငရုတ်သီးလှော်မှုန့်
-မကျည်းမှဲ့ရည်

040 039

ငရုတ်ဆီကိုထမင်းမှာလူးနယ်ပြီး လက်တဆုပ်စာအလုံးလေးများလုံးထားပါ။ အသုတ်တပွဲကို တလုံးထဲ့သုတ်ရန်အဆင်သင့်အောင်ပါ။ အာလူး၊ ပဲပင်ပေါက် တို့ကိုပြုတ်ထားပါ။ ပဲကြာဇံ၊ ခေါက်ဆွဲ၊ မုန့်ဖတ်တို့ကိုပြုတ်ထားပါ။ သင်္ဘောသီး၊ သခွါးသီး၊ ဂေါ်ဖီတို့ကို ပါးပါးလှီးထားပါ။ ကျောက်ပွင့်ကိုရေစိမ်ပြီး လှီးဖြတ်ထားပါ။ ပဲပြားကို ကြော်ပြီးပါးပါးလှီးထားပါ။ ပါဝင်ပစ္စည်းများကို ဗန်းတခုထဲတွင် စီရီပြင်ဆင်ထားပါ.

047

အရည်သောက်အတွက် ဂေါ်ဖီဟင်းခါးပူပူကိုငရုတ်ကောင်းခတ်ချက်ထားပါ။
အသုတ်အတွက်လိုအပ်သည်များ ဖြစ်သောငရုတ်ဆီ(ငရုတ်သီးဆီသတ်)၊ ပဲမှုန့်အကျက် ၊ ကြက်သွန်ဖြူဆီချက် ၊ ကြက်သွန်အနီဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးလှော်မှုန့်၊ မကျည်းမှဲ့ရည် တို့လဲအဆင်သင့်ဖြစ်နေပါစေ။

053
အသုတ် သုတ်မဲ့ဇလုံးထဲသို့ ပါဝင်ပစ္စည်းများကို အနဲငယ်စီစုံအောင် ထဲ့ပြီး ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ ငရုတ်သီးလှော်၊ မကျည်းမှဲ့ တို့ကိုလိုသလိုချဉ်ငံစပ်မွမ်းမံကာ နှံ့စပ်အောင်နယ်ပြီး ပန်းကန်တခုတွင်တည်ခင်းပြီး ဟင်းခါးပူပူနှင့် တွဲဖတ်စားသုံးနိုင်ပါပြီ။ (ချဉ်ငံစပ်အကြိုက်က တယောက်နဲ့တယောက်မတူနိုင်မှာမို့ ဘယ်လောက်စီထဲ့ဖို့မရေးပေးတာပါ)

070

ထမင်းပေါင်း


069

ထမင်းပေါင်း ကို မကြာခဏ လုပ်စားဖြစ်ပါတယ်။ လွယ်လဲလွယ်ပါတယ်။ စားလို့လဲအလွန်ကောင်းပြီး လုပ်ရလွယ်လွန်လို့ အိမ်မှာကခဏ  ခဏ လုပ်စားဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေအများကြီးပါလို့ ကျန်းမာရေးအတွက်လဲ အလွန်သင့်တော်ပါတယ်။ ကြည့်ရအောင်

ပါဝင်ပစ္စည်းများ( ၅ပွဲစာ)

-ကြက်သား ၂၀၀ ဂရမ် (၁၃ကျပ်သားခန့်)
-ပုဇွန်ကျား၁၅ကောင်
-ကြက်အသဲ ၁၀၀ ဂရမ် (၆ကျပ်သား)
-ငါးဖယ်လုံး ၅၀ ဂရမ် (၃ကျပ်သားခန့်)
-ပဲပြား ၅၀ ဂရမ် (၃ကျပ်သားခန့်)

 

ဟင်းသီးဟင်းရွက်များ(ကြိုက်နှစ်သက်ရာ)
-မုန်လာဥနီ – ၁၀ကျပ်သား
-ပြောင်းဖူး အသေး – ၁၀ကျပ်သား
-ဘိုစားပဲ – ၁၀ကျပ်သား
– မှို- ၅ကျပ်သား
-ပန်းဂေါ်ဖီ- ၁၀ကျပ်သား
-ဘရိုကိုလီ- ၁၀ကျပ်သား
-ငုံးဥ – ၁၂လုံး ( ပြုတ်ထား)
-မျှစ် – ၁၀ကျပ်သား(ပါးပါးလှီး)
-ခရမ်းချဉ်သီး – ၂လုံး (အစိတ်လေးများစိတ်ထား)
-ကြက်သွန်ဖြူ – ၂မွှာ(ဒါးပြားရိုက်)
– ကြက်သွန်နီ – ၁လုံး(ပါးပါး)

021
အရည်ပြုလုပ်ရန်

– ဆား –  ၂ ဇွန်း(အချိုဇွန်း)
– ကြက်သားမှုန့် – ၃ဇွန်း(စားပွဲတင်)
-ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း(စာပွဲတင်)
-ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
-ဟင်းချက်ဝိုင် ၂ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ ၁ဇွန်း(အချိုဇွန်း)
-သကြား – ၂ဇွန်း(စားပွဲတင်)
-ကော်မှုန့်-၃ဇွန်း(စားပွဲတင်)

စစချင်း ကြက်သား၊ ကြက်သဲတို့ကိုဆားအနဲငယ် ဖြင့်နယ်ပြီး ရေစပ်စပ်ထဲ့ပြီး(ရေနဲနဲ) ပြုတ်ကာ ကျက်ရင် ဆီပူထိုးပေးပါ။ ကျွတ်သွားအောင်မကြော်ပဲအပေါ်ရံ ရဲရုံသာ ၁မိနစ်ခန့်ဆီပူထိုးတာကိုဆိုလိုပါတယ်။ ပုဇွန်ကိုလဲ အဲလိုပဲ ရဲရုံလေးကြော်ထားပါတယ်။ ငါးဖယ်လုံးများကတော့ reday made မို့ပါးပါးလှီးပေးထားပါ.

025

အရည်ပြုလုပ်ရန်အတွက်ပါဝင်ပစ္စည်းများကို ရေနွေးနွေး ၁လီတာဖြင့်ဖျော်ထားလိုက်ပါတယ်။
ဆီကို ဒယ်ထဲတွင် ပါလေကာ ထဲ့ကာ ကြက်သွန်နီ၊ ဖြူ တို့ထဲ့ ကြော်ကာ ရွှေဝါရောင်သန်းလာရင် မီးပြင်းပြင်းဖြင့် အသီးအရွက်များထဲ့ကြော်ပါ။

023

အသားများ၊ ငုံးဥများရောပါ။ ဖျော်ထားသော အရည်များကိုထဲ့ရောပြီး ဟင်းသီးဟင်းရွက်လေးများနူးကာ အရည်ပျစ်လာရင် တရုတ်မဆလာဖြူးလိုက်ပါ။

026

052
ထမင်းပူပူပေါ်တွင် အရည်များများဆမ်းကာ အသီးအရွက်ကြော်များ အသားများဖြူးကာ ကာပူပူလေးစားသုံးနိုင်ပါပြီ။

ပုဇွန်ခွက်ကြော်


ပုဇွန်ခွက်ကြော်
ကတ်ကြေးကိုက်လုပ်စားတဲ့နေ့က ကျန်တဲ့ ပဲပင်ပေါက်လေးတွေ ကို ဒီနေ့မှာ ပုဇွန်ခွက်ကြော်လုပ်စားဖို့ စိတ်ကူးပေါက်တာနဲ့  ကြော်စားဖြစ်တာလေးကိုတင်လိုက်တာပါ။ လွယ်ကူပြီး စားလို့ကောင်းပါတယ်နော်။ ကြည့်ရအောင်

IMG_0030
ပါဝင်ပစ္စည်းများ
-ပုဇွန်စပ်ထုပ် ၆-၇ကောင်
-ပဲပင်ပေါက် ၁၅၀ ဂရမ်
-ကြက်သွန်နီ  ၁လုံး
-အကြော်မှုန့် ၂ဇွန်း(အချိုဇွန်း)
-ပဲမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဖျားစာ
-ရေနွေးနွေး ၅ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း (အချိုဇွန်း)
ပုဇွန်ကို ခေါင်းချွတ် ကျောက ချီးချောင်းများထုတ်ကာ သန့်စင်လိုက်ပါ။ အကြော်မှုန့်နဲ့ပဲမှုန့်ကို ရေနွေးနွေးနဲ့ ရောပြီးဖျော်လိုက်ပါ။ ဆနွမ်းထဲ့မွှေပြီး ပဲပင်ပေါက်၊
ကြက်သွန်လှီးပြီးသားပါးပါးတို့ကို ရောလိုက်ပါ။

IMG_0001
ဆီကို မီးအနေတော်ဖြင့်ထားပြီး ပန်းကန်တချပ်ထဲတွင် ပဲပင်ပေါက်အရောအနဲငယ် ပုဇွန်၁ကောင်(သို့) ၂ကောင်ရောပြီး မီးထဲဖြေးဖြေး လျှောချပြီး တဖတ်
စီ ရွှေဝါရောင်သန်းပြီး ကျွတ်လာသည်အထိထားပြီး ကြော်ပေးပါ။

IMG_0005

IMG_0006

မကျည်းသီးချဉ်ဖြင့်တွဲစားလို့အလွန်ကောင်းပါတယ်။

IMG_0020

ကတ်ကြေးကိုက်


ကတ်ကြေးကိုက်
ကျမ ၆တန်းလောက်က လမ်းမတော်၁၀လမ်း က သူငယ်ချင်း တယောက်အိမ်မှာ ကျူရှင် နေ့တိုင်းနီးပါသွားတတ်ရပါတယ်။ သူတို့အိမ်ရှေ့က ကတ်ကြေးကိုက်ဆိုင်မှာ ကျူရှင်ပြီးရင် သူငယ်ချင်းတွေ အမြဲ ကတ်ကြေးကိုက် ဝယ်စားနေကြ၊ ကျမက ကြက်ဥများများ ပဲပြုတ်များများ လို့မှာလေ့ရှိပါတယ်။  ပဲပြုတ်လုပ်နည်းက ဒီမှာကြည့်ပါ အကြိုက်ဆုံးအစားအစာ မဟုတ်သည့်တိုင် အစားအစာ တိုင်းကိုကြိုက်လို့ ဒီကတ်ကြေးကိုက်ကိုလဲ ကျမရော မိသားစု တစုလုံးရော ကြိုက်ပါတယ်။ ဟိုတနေ့က ရန်ကုန်က မိသားစုတွေ ကတ်ကြေးကိုက်စားတာFacebook မှာ မြင်လို့စားချင်လာပြန်တာကြောင့် ဒါလေးလုပ်စားရင်း post တင်ဖြစ်ပါတယ်။ ဒီpost မှာပါတဲ့ ပအုန်းရည်ဆိုတာ ရှာလကာရည် လိုမျိုးကိုခေါ်တာပါ။ သူကို palm vineger ဆိုပြီး ဖိလစ်ပိုင်ဆိုင်တွေ မှာတွေ့ရတတ်ပါတယ်။ ပအုန်းရည်က ကတ်ကြေးကိုက်ကို အရသာရော အနံ့ရော ရှာလကာရည်ထက်ပိုကောင်းစေပါတယ်။လုပ်နည်းလေး ကြည့်ရအောင်နော်။

073
ပါဝင်ပစ္စည်းများ(၇ယောက်စာ)
– ကတ်ကြေးကိုက် မုန့်ဖတ် ညပ်ခေါက်ဆွဲ– ၂ထုတ်(ရေစိမ်ထားပါ)
– သန့်စင်ပြီးပုဇွန်စပ်ထုပ် – ၇၀၀ဂရမ(်၄၀ကျပ်သားခန့်)
– ပြည်ကြီးငါး – ၅၀၀ဂရမ(်၃၅ကျပ်သားခန့်)
သန့်စင်ပြီး ပုံဖော်ကာလှီးဖြတ်ထားပါ။ ဆနွမ်းမကင်းလှီးသလို ဖြတ်လှီးပါ။ ပုံထွက်လှပါတယ်
-ဝက်အူချောင်း ၄လက်မအရွယ် ၃ချောင်း(ပါးပါးလှီး)
-ဝက်သားအသား- ၃၀၀ ဂရမ်(၂၅ကျပ်သား)(ပါးပါးလှီး)
-ကြက်အသဲ – ၂၀၀ ဂရမ် ( ၁၃ကျပ်သားခန့်)
-ပဲပင်ပေါက် – ၂၅၀ဂရမ် ( ၁၅ကျပ်သားခန့်)
– ကြက်သွန်ဖြူ – ၆မွှာ
– ကြက်ဥ – ၈လုံး
– ပဲပြုတ် – ၄၀၀ ဂရမ် (၃၀ကျပ်သားခန့်)  ပဲပြုတ်လုပ်နည်းက ဒီမှာကြည့်ပါ
-ပအုန်းရည် ၊ ဓနိရည,် palm vineger– စားပွဲတင်ဇွန်း ၆ဇွန်း (ပအုန်းရည်အစား ရှာလကာရည်ထည့်လို့ ရပါတယ်)
-ပဲငံပြာရည် (အကြည်) –  ၃ဇွန်း(စားပွဲတင်ဇွန်း)
-ပဲငံပြာရည် (အနောက်) – ၁ဇွန်း(အချိုဇွန်း)
-ငရုတ်သီးမှုန့်- ၂ဇွန်း(အချိုဇွန်း)
-ဆား – ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့် – ၂ဇွန်း(စားပွဲတင်)

058

056
ဝက်သားတုံးလေးများကိုဂျင်းနဲနဲ၊ဆားနဲနဲဖြင့်နယ်ပြီဲး ရေအနဲငယ်ဖြင့် ပြုတ်ထားလိုက်ပါတယ်။

ကြက်အသဲလေးများကို ကျက်အောင် ကြော်လိုက်ပါ။ ဝက်အူချောင်းလေးများကို ကြော်ထားပါ။

ကြက်ဥများကိုအဖတ်လေးများရအောင်မွှေကြော်ထားလိုက်ပါ။
စစချင်း ကြက်သွန်ဖြူကိုဆီပူတွင် ထဲ့ကြော်ပြီး ပြည်ကြီးငါး ကြော်လိုက်ပါ။

059

၅မိနစ်အကြာ  မှ ပုဇွန်ထဲ့ပြီးအကျက်မလွန်ခင် ကျက်ပြီးသား  ဝက်သား၊ အသဲ၊ တို့ကို ငရုတ်သီးမှုန့်ထဲရောမွှေပါ။ ဆား၊
ကြက်သားမှုန့်ထဲ့ပါ။

ရေစိမ်ထားသော ခေါက်ဆွဲကို ထဲ့ရောပါ။ ပြီးရင် ပအုန်းရည်၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ထဲ့ပြီး ရောမွှေပါ။ အနံ့မွှေးလာတာတွေ့ရပါမယ်. ၃ မိနစ်ခန့်မွှေပြီးရင် ပဲပင်ပေါက်၊ ပဲပြုတ်၊ ဝက်အူချောင်းကြော် တို့နောက်ဆုံးထဲ့ ၂မိနစ်ခန့်ဆက်ကြော်ကာ နှံ့ပြီဆိုရင် ကြက်သွန်မြိတ်ဖြူးကာ ပူပူလေး ကြက်သွန်ချဉ်နဲ့တွဲစားရင်ဖြင့် အလွန်အရသာရှိသော ကတ်ကြေးကိုက်လေး ဖြစ်နေပါမယ်နော်။

062 065

069

ထမနဲ


တပို့တွဲလရဲ့ မြန်မာ့ရိုးရာအစားအစာတမျိုးဖြစ်တဲ့ ထမနဲ ဟာ ထင်ရှားတဲ့ ရာသီစာတခုပါ။ အလွန်ကိုချမ်းအေးလှတဲ့ဒီရာသီမှာအားကောင်းမောင်းသန် ယောင်္ကျားကြီးများ ချွေးတဖြိုက်ဖြိုက်ဖြင့် ထမနဲထိုးပွဲကျင်းပကြတာ အားလုံးလိုလို တွေ့ဖူးကြမယ်ထင်ပါတယ်နော်။ စုပေါင်းပြီး တတ်ညီလက်ညီဖြင့် နောက်ဆုံးအောင်ပွဲခံနိုင်အောင် ကြိုးစားပမ်းစား ထိုးကြတာ အလွန်ကို ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ အစားအစာလေးတခုပါ။ ဒီလိုတပို့တွဲလအတွက် blog မှာ ထမနဲထိုးနည်းလေးရေးပေးချင်ပါတယ်။ ဒီနည်းလေးကို အိသက်ယောက္ခမအဖေ ဦးအောင်မြင်ဦး ကပေးတာပါ။ ၁၉၈၅လောက်က အဖေက ကျွန်းချောင်းဓာတ်မြေဩဇာစက်ရုံက အရာရှိတဦးပါ။ ဌာနဆိုင်ရာ ထမနဲပြိုင်ပွဲ ပထမဆုံးနှစ်မှာအဖေ ဦးဆောင်ရတဲ့အဖွဲ့ကနောက်ဆုံးကရေရင် ပထမဆိုတော့အဖေကတော်တော်ရှက်သွားပါတယ်တဲ့၊ အဒီ နှစ်ရဲ့နောက်နှစ်ကစပြီး သူအဖွဲ့ကနှစ်စဉ် ပထမရအောင် လေ့ကျင့်ပြီးထိုးခဲ့တာပါတဲ့။ အဲဒီလိုမခံချင်စိတ်နဲ့ကြိုးစားတာလေး ကိုယ့်သားသမီးတွေမျိုးရိုးလိုက်ပါစေလို့ ဆုတောင်းပါတယ်။ အဖေ့ရဲ့ ထမနဲ က စားလို့လဲအလွန်ကောင်းပါတယ်။ ထမနဲနံ့တွေ သင်းတပျံ့ပျံ့ဖြစ်နေမဲ့မြန်မာ့မြေကို လွမ်းဆွတ်ရင်း အိသက် ကတော့  လန်ဒန်မြို့ရဲ့ မီးဖိုချောင်းလေးထဲ တယောက်တည်း ဆွမ်းတော်တင်ရန်နဲ့ အိမ်စားအဖြစ် နဲနဲပဲထိုးပါမယ်နော်။

069

ပါဝင်ပစ္စည်းများ (၂ပွဲစာ)
-ကောက်ညှင်းဆန်၂လုံး( ဆန်ချိန်ခွက်)
-အုန်းဆံဖတ် လက်တဆုပ်စာ
-နှမ်းဖြူ၁ဇွန်း၊ နက်၂ဇွန်း( စားပွဲတင်)
-မြေပဲ လက်တဆုပ်စာ
-ဂျင်းတတတ် (၃လက်မခန့်)
-ဆီ၁ခွက်ခွဲ( ဆန်ချိန်ခွက်)
-ဆား ၂ဇွန်း(အချိုဇွန်း)
-ရေ ၁လီတာ

047
ကောက်ညှင်းဆန်ကို တညရေစိမ်ထားပါတယ်။ ထမနဲမထိုးခင်၂နာရီခန့်ရေစစ်ထားပါ။ မြေပဲကို လှော်ပြီး တဝက်ကိုညက်အောင်ထောင်းပြီး ထဝက်ကိုလေစိတ်ကွဲထောင်းထားပါ။ နှမ်းကို လှော်ထားပါ။ ဂျင်းကိုရှည်ရှည်အချောင်းလေးများပါးပါး လှီးထားပါ၊

အားလုံးအဆင်သင့်ပြီဆိုရင် ဆီပူတည်ပါ ။ အုန်းဆံဖတ်ကို ညိုအောင်ကြော်ပြီး ဆယ်ထားပါ။055

ပြီးရင် ဂျင်းကိုကျွတ်လာအောင်ထဲ့ကြော်ပါ။ ကျွတ်လာရင် မွှေးလာရင် ရေစစ်ထားသော ဆန်ကိုထဲ့ကာ ၅မိနစ်ခန့်မွှေပေးနေပါ။ ဆားထည့်ပါ။ ကောက်ညင်းဆန်က ဆီနဲ့လုံးသွားပြီး နည်းနည်းကော့လာပါမယ် ရေကို လီတာဝက် ခန့်ထည့်ပြီး အဖုံးဖုံးထားပါ။

 048053

054

မီးမျင်းမျင်းထားပါ။ ၅-၆မိနစ်လောက် ဆိုရင် ဆန်ပျော့လာပါမယ်။ သစ်သားယောင်းမလေးနဲ့ မွှေပေးပါ။ မွှေတဲ့အခါ ကျန်တဲ့ရေလီတာဝက်ကို ဖြေးဖြေးချင်းမွှေလိုက်ထဲ့လိုက် လုပ်သွားပါ။ အဲဒီအချိန်မှာ ညက်အောင်ထောင်းထားတဲ့ မြေပဲကိုထဲ့ ထိုးပါ အရသာအလွန်ရှိပါတယ်။ မြေပဲအချိုဓာတ်လေးသမအောင် ရောလိုက်တဲ့သဘောပေါ့။
ကောက်ညင်းက နူးအိလာပြီဆိုရင် ကြော်ထားတဲ့အုန်းသီးထည့်၊ နှမ်းထည့် မြေပဲဆန်အခြမ်းကွဲလေးများထည့်ပါ။

062အဲဒီအချိန်ကစပြီး နောက်ယောင်းမလေးတချောင်းနဲ့ ၂ချောင်းကို လက်၂ဖက်စုံကိုင်ပြီး သမအောင်မွှေရပါတယ်။ ဩ ယောင်းမဆိုတာ တော်တော်မွှေတာပါလား လို့ (ဘာရယ်မဟုတ် ကျမယောင်းမလေး ဖတ်နေရင် စချင်လို့ပါ) အဲဒီနောက် ၁၀မိနစ်ခန့်တော်တော်လေး ချွေးစို့အောင်ထိုးပြီး ကောက်ညှင်း လုံးပြီးဆီပြန်လာရင် မွှေးလာရင် ပင်ပန်းရကျိုးနပ်မဲ့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ထမနဲလေး ဆွမ်းဦးတင်ရန် အိမ်သားစားရန်အဆင်သင့်ဖြစ်ပါပြီ။

071