Image

ငရုတ်သီးစိမ်း အလှဖော်ရအောင်


IMG_0082
ဘာမှခက်ခက်ခဲခဲ မလိုပဲ ဟင်းပွဲမပြင်ခင် ၁နာရီ အလိုမှာကြိုလုပ်ထားရုံပါပဲနော်။
ငရုတ်သီးစိမ်းက ဒီလို အတောင့်ရှည်ရှည် အနီသီးဆိုရင်ပိုလှပါတယ်။ လက်လဲမပူသလို အချိုသီးပဲဆိုကြပါစို့။
ကတ်ကြေးလေး တလက်နဲ့ ငရုတ်သီးစိမ်းလေးကို ထိပ်အချွန်လေးကနေ အရင်းမရောက်ခင်အထိ ပုံပါအတိုင်း ညှပ်ပေးပါ။ အစေ့လေးတွေကို တတ်နိုင်သမျှခြစ်ထုတ်လိုက်ပါရှင်။

IMG_0003

 

ပြီးရင် ရေအေးတခွက်ထဲ စိမ်ထားလိုက်ပါ။ နာရီဝက် တနာရီအကြာမှာ ပုံမှာပြထားသလို အပြင်ဖက်ကို ပန်းပွင့်သဏ္ဍာန် ကွေးလန်နေပြီဖြစ်သော ငရုတ်သီးစိမ်လေးရပါပြီ။ ရေအေး ကြာကြာစိမ်လေ ပို လန်လေ ဖြစ်တာမို့ ကိုယ်လိုချင်တဲ့အနေရောက်ရင် ရေထဲက အပြင်ကို ထုတ်ထားလိုက်ပါ။

IMG_0005

IMG_0067

 

၂ရက်ခန့် ခံပါတယ်။ အစပ်ပါသောဟင်းလျာတွေမှာ အလှဆင်ပေးရင် လိုက်ဖက်ပါမယ်။ တခြား အစိမ်းရောင်ရှိတဲ့ အရွက်လေးများနဲ့အလှဆင်ပါ၊ ဒါမှ အနီရောင်လေးက ပိုပြီးကြွားကြွားဝါဝါလှနေပါမယ်ရှင်

IMG_0082

Advertisements
Image

မုန်လာဥနီပန်းအဖူးပုံ


မုန်လာဥနီပန်းအဖူးပုံ

IMG_0033
ဒါက နောက်ထပ်လွယ်ကူတဲ့ပုံဖော်နည်း တမျိုးပါ။ အသီးအနှံများကို အလှဆင်ရာမှာ မုန်လာဥနီက ပုံဖော်ရ အလွယ်ဆုံးနဲ့ အရောင်က လဲ အတော်လှပါတယ်။
ဒီလုပ်နည်းလေးအတွက် တူလေး၂ချောင်း ရယ် ဓားထက်ထက်လေးတချောင်းရယ် ဆားရယ် လိုပါမယ်။
ပုံမှာပြထားတဲ့ အတိုင်း မုန်လာဥလေးကို ၁လက်မခွဲအရွယ် ဖြတ်လိုက်ပါ။

IMG_0006

ပြီးရင် ထိပ်ကို ခပ်ချွန်းချွန်း အဖူးလေးပုံလိုက်ပြီး ဓားဖြင့် ပုံဖော်ပေးပါ။

IMG_0008

 

အလွယ်ဆုံးကတော့ တူ၂ ချောင်းဖြင့် ညှပ်ပြီး ပုံအတိုင်း ဓားဖြင့် လေးထောင့်အကွက်ပုံလေး လိုက်ဖြတ်ပါ။ ( တူခံရတာက အောက်ထိကို မပြတ်သွားစေချင်လို့ပါရှင်) နောက်တမျိုးက ရိုးရိုးလေး ဟိုဘက်ဒီဘက် ကြက်ခြေခတ်များလိုလိုက်ဖြတ်လိုက်ပါ။

IMG_0009 IMG_0017

ပြီးရင် အဲဒီဖြတ်ထားတဲ့ဓားရာတွေထဲကို ဆားထဲ့ပေးခြင်းဖြင့် ရေဓာတ်ထွက်သွားပြီး ၁မိနစ်နေရင် မုန်လာဥမာမာလေးက အနဲငယ် ပျော့ပြီး ပွင့်ဖတ်လေးများလို လက်ဖြင့် လိုက်လှန်လို့ရသွားပါပြီ။ ဖူးပွင့်ကာစ ပန်းလေးများလိုလှနေပါပြီ။ ဒီနည်းက တခြား အသီးအနှံတွေကိုလဲ လုပ်လို့ရပါတယ်နော်။

IMG_0033

Image

ခရမ်းချဉ်သီးပန်းပွင့်


ခရမ်းချဉ်သီးပန်းပွင့်

IMG_0116
ဒါလေးက နောက်တမျိုးပါ။ သူကတော့ ဓားပါးပါး ထက်ထက်လေးတချောင်းလိုပါမယ်။ ဒီနည်းလေးက နှစ်မျိုးသုံးလို့ရပါတယ်နော်။
စစချင်းမှာပုံမှာပြထားသလို ခရမ်းချဉ်သီးလေးကို အရာလေးတွေလိုက်ပေးလိုက်ပါ။

IMG_0101

 

အရာပေးထားတဲ့အလယ်ဆုံရာနေရာကနေ လက်လေးနဲ့ အခွံလေးတွေကိုဆွဲခွါလိုက်ပါ။IMG_0102

တလွှာချင်းခွါပြီးရင် ပုံပါအတိုင်း ပွင့်ဖတ်လေးတွေ ပွင့်အာနေသလိုဖြစ်နေပါပြီ။ ဒီနေရာမှာ ရပ်လိုက်ပြီး အသုံးပြုလို့လဲရပါတယ်။

IMG_0110
အဲဒါကိုမှ ထပ်ပြီး ပုံဖော်ချင်ရင် ခရမ်းချဉ်သီးအသားလေးတွေကိုပါ ဓားရာပေးပြီး ဓားထိပ်ချွန်လေးနဲ့တွန်းထုတ်လိုက်ပါ။

IMG_0111 IMG_0112

 

ကဲ အထဲက ခရမ်းချဉ်သီးအစေ့လေးတွေက ဝတ်ဆံလေးတွေပေါ့ ဟုတ်ဘူးလား။ အပွင့်ကလဲ နှစ်ထပ်ရပြီး ပိုလှသွားပါပြီ။ ဟင်းပွဲပေါ်မှာ လှလှပပခင်းကျင်းလိုက်ရအောင်။

IMG_0116

Image

မုန်လာဥနီ ပန်းပွင့်ဖော်နည်း


မုန်လာဥနီ ပန်းပွင့်ဖော်နည်း

ကျမ ပထမဆုံး လုပ်ပြချင်တာက ဒီ မုန်လာဥ ပန်းပွင့်ပုံလေးကိုပါ။ ဒါလေးက လွယ် လဲ လွယ်ပြီး လှလဲ လှပါတယ်။ မုန်လာဥနီလေးတွေရဲ့ ပင်ကိုယ်အရောင်အဆင်းကိုက လှပပြီးသားမို့ မွမ်းမံလိုက်ရုံဖြင့် အရသာကောင်းမွန်ပြီး ဟင်းလေးများကို ပိုမိုလှပတင့်တယ်တဲ့ ဟင်းလေးတခွက်ဖြစ်လာစေပါတယ်။ ပုံဖော်ပြီး မုန်လာဥလေးတွေကို ရေအေးစိမ်ပြီး လဲပေးနေရင် ၃ရက်အထိ ခန့်တာမို့ ကြိုပုံဖော်ထားလို့ရပါတယ်ရှင်။

IMG_0050

ပုံမှာပြထားတဲ့ ဓားအချွန်လေးရယ် ( ဘယ်ဓားချွန်အသေးမျိုးမဆိုရပါတယ်)၊ အသီးအနှံအခွံခွါတဲ့ အခြစ်လေးရယ် လိုပါတယ်။

IMG_0002
မုန်လာဥနီရဲ့ အဖျားဖက်ကို ချွန်နေအောင် အဖက်ဖက်က လိုက်ပြီး ခဲတံ ချွန်သလို ပုံမှာပြထားတဲ့အတိုင်းဓားဖြင့်ချွန်ထားပါ။

IMG_0032

ချွန်ထားတဲ့နေရာ ပတ်ပတ်လည်ကို ချစ်ကြောင်းလေးတွေဖြစ်အောင် ခြစ်လိုက်ပါ။( ခက်ရင်းကိုသုံးလို့လဲရပါတယ်ရှင်)

IMG_0005

ပြီးရင် ခပ်ပါးပါး လွှာပြီး အစွန်းထိ လှီးသွားကာ အဆုံးရောက် ခါနီးရင် အတွင်းကို နှိုက်ကာဓားရာ ပေးလိုက်ပါ။

IMG_0016 IMG_0023

 

ပတ်ပတ်လည် အဲလိုလိုက်လှီးပြီး နောက်ဆုံးအလွှာမှာ ဓားချွန်လေးနဲ့ အပြင်ကို ခပ်ဖြေးဖြေး တွန်းထုတ်လိုက်ပါ။ မုန်လာဥနီ ပန်းပွင့်လေးရပါပြီ။

IMG_0018 IMG_0028

ရေအေးအေး ထဲစိမ်ထားရင် ပန်းလေးက ပွင့်ဖတ်လေးတွေပိုပေါ်လာပါမယ်။ ဒါက တော့ လွယ်ကူတဲ့ မုန်လာဥနီပန်းပွင့်ဖော်နည်းလေးပါ။

ခုနက ခြစ်ချလိုက်လို့ရတဲ့ အမျှင်လေးတွေကို အောက်က ခံပြီး အပေါ်က မုန်လာဥပန်းလေးတွေ တင်ပြီး အလှဆင်လို့လဲရပါတယ်။ ဟင်းပွဲလေးတွေအပေါ်စွဲဆောင်စရာလေးတခုအဖြစ်အသုံးချလိုက်ပါ။

IMG_0073