ဂဏန်းပျော့ကြော်


ဂဏန်းပျော့ကြော်

ဂဏန်းပျော့ကတော့ရန်ကုန်မှာတော့ အရမ်းဈေးသက်သာပါတယ်၊ ဒီမှာတော့ ဈေးကြီးပါတယ်။ အရမ်းကြိုက်ပါတယ်ဆိုတော့ ယောက်ျားခမြာမနေသာ ဝယ်ကာပေးရရှာပေါ့လေ၊ သူက ဂဏန်းပျော့ကို အကြော်ပဲစားပါတယ်။ အိသက်က အကျွတ်ကြော်ရော ဟင်းရောစားတော့အစပ်လေးချက် စားဖြစ်ပါတယ်

ပါဝင်ပစ္စည်းများ
-ဂဏန်းပျော့၅ကောင်
-ဂျင်း ၁ဇွန်း( စားပွဲတင်)
-ကြက်ဥ၁လုံး
-နွားနို့ ဟင်းချက်ဇွန်း ၁ဇွန်း
-အကြော်မှုန့်၂ဇွန်း( ဟင်းချက်ဇွန်း )
-ကြက်သားမှုန့်၃ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်း၁ဇွန်း(အချိုဇွန်း)
– oregano powder၁ဇွန်း(အချိုဇွန်း)
-garlic powder ၁ဇွန်း(အချိုဇွန်း)


ဂဏန်းများကို ကြက်သားမှုန့်၁ဇွန်း၊ ဂျင်းတို့ဖြင့်ရောထားပါ။


ကြက်ဥကိုခလောက်ကာနွားနို့ရောလိုက်ပြီး ငရုတ်ကောင်းထဲ့မွှေပါ။

အကြော်မှုန့်ထဲကို ကြက်သားမှုန့်၂ဇွန်း, oregano powder၊ garlic powder  တို့ထဲ့မွှေထားပါ။

ပြီးမှ ဂဏန်းလေးများကို ကြက်ဥနွားနို့ရည်ထဲနှစ်ကာ အကြော်မှုန့်ကိုလူးပြီး ဆီပူတွင် ရွှေဝါရောင်သန်း ကာကျွတ်သည်အထိကြော်ပါ။

  

 

ရနံ့မွှေးမွှေးဂဏန်းပျော့ကြော်ကျွတ်ကျွတ်လေးရပြီ ဆိုရင် ဖြင့်တွဲကာစားသုံးနိုင်ပါပြီ။

Advertisements

ထိုင်းနာနတ်သီးထမင်းကြော်


ထိုင်းနာနတ်သီးထမင်းကြော်
ဒီနာနတ်သီး ထမင်းကြော်ကို ထိုင်းမှာစားခဲ့ပြီးကတည်းကအသဲစွဲနေတာပါ။ ချိုချဉ်အရသာလေးနဲ့ အရသာတော်တော်ရှိပါတယ်။ ခုဒီထမင်းကြော်လေးကို လုပ်စားဖြစ်ပါတယ်


ပါဝင်ပစ္စည်းများ(2ပွဲစာ)
-အသီးစုံ၂ဇွန်း(ဟင်းချက်ဇွန်း)
-နာနတ်သီး၁ခြမ်းစာအတုံးလေးများ
-ဝက်သားအသားဒါးနုတ်ပေါက် ၁၅၀ ဂရမ်
-ကြက်ဥ၂လုံး
-ကြက်သားမှုန့်၂ဇွန်း( စားပွဲတင်)
-ပဲငံပြာရည်အကြည်၁ဇွန်း( စားပွဲတင်)
-ခရူဆီ၁ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်းနဲနဲ
-ဂျင်း၁ဇွန်း( စားပွဲတင်)
-ကြက်သွန်နီ၁လုံး၊ ဖြူ၃မွှာ(အတုံးလေးများ)
-ထောပတ်၎ဇွန်း(စားပွဲတင်)
-ငရုတ်ချိုသီး ၁တောင့်
-ကြက်သွန်မြိတ်၁ချောင်း

 
နာနတ်သီးကို အသားများထုတ်ပါ။ အခွံကိုအလှဆင်ရန်ထား ထားပါ။

  

ဝက်သားများကို ဂျင်း၊ ကြက်သားမှုန့်၁ဇွန်းဖြင့်နယ်ထားပါ။
ထောပတ်ကိုအပူပေးအရေပျော်စေကာ ကြက်သွန်များထဲ့ကာဆီသတ်ပါ။ ဝက်သားထဲ့လှိမ့်ပါ။

ဝက်သားများကျက်ပြီးရွှေညိုရောင်သန်းပြီဆိုရင် ဒယ်ဘေးနားများကို ဝက်သားများဖယ်ကာ ကြက်ဥများမွှေကြော်လိုက်ပါ။

 

ပြီးရင် အသီးစုံ ထဲ့ကြော်ကာ နာနတ်သီး၊ ထမင်း၂ပွဲစာထဲ့ကာ ပဲငံပြာရည်အကြည်၁ဇွန်း၊ ခရူဆီ၁ဇွန်း၊ ငရုတ်ကောင်းနဲနဲ၊ ကြက်သားမှုန့်၁ဇွန်းထဲ့ မွှေကြော်ပါ။

  

နှံ့သွားပြီဆိုရင် ပါးပါးလှီးထားသောငရုတ်ချိုသီး ၊ ကြက်သွန်မြိတ် တို့ဖြူးပြီးစားရန်အဆင်သင့်ပါပြီ။ အသားလှီးထုတ်ထားသောနာနတ်သီးထဲ သို့အလှဆင်ထဲ့နိုင်ပါပြီ။

ထိုင်းကြက်သားအာလူးဟင်း


ထိုင်းကြက်သားအာလူးဟင်း
ဒီဟင်းက အိသက် အမျိုးသား စာအုပ်ဖတ်ပြီးချက်ပြတဲ့နည်းပါ။ အိသက်မောင်လေး ဒီမှာရှိတုံးက တယောက်တလှဲ့စီဟင်းချက်ကြရတယ်။ အမျိုးသားက ဟင်းမချက် တတ်တော့ဆေးကျောင်းသား လုပ်ရတယ်။ အဲဒီနေ့က စိတ်လိုလက်ရ သူချက်မယ်ဆိုပြီးစာအုပ်ဝယ်လာပြီးချက်ပါတယ်။ အဲဒါပဲချက်ကျွေးဖူးတယ်၊ နောက်တခါဆိုဒါကို မတွေ့ရတော့ဘူး။ စားလို့အရမ်းကောင်းပါတယ်။ ဒါလေးကောင်းလွန်းလို့ ပြန်ချက်စားဖြစ်ပါတယ်။ ထိုင်းဟင်းလေးပါနော်။

 

ပါဝင်ပစ္စည်းများ(၆ယောက်စာ)

-ကြက်သား အသား  ၅၀၀ ဂရမ်

-အာလူးအသေးလေးများ ၂၀လုံး
-အုန်းနို့၁ဘူး
-ရှောက်ရွက်၅ရွက်
-ပူစီနံ လက်တဆုပ်စာ
-ငံပြာရေ ၁ဇွန်း(စားပွဲတင်)
– thai red curry paste ၁ဇွန်းခွဲ(စားပွဲတင်)
-သံပရာရေ ၂ဇွန်း(စားပွဲတင်)
-ငရုတ်ချိုတောင့်၂တောင့်
-ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ ၂လုံး၊ ဖြူ ၃မွှာ

ကြက်သားလေးများအတုံးသေးသေးတုံးထားကာ ဆား၊ ကြက်သားမှုန့်နယ်ထားပါ။ ငရုတ်ချိုတောင့် ၊ ရှောက်ရွက်၅ရွက်၊  ပူစီနံတို့ကို ပါးပါးလှီးထားပါ။

 

ကြက်သွန်နီ၊ ဖြူ အတုံးလေးများကိုဆီသတ်ပါ။

ရွှေဝါရောင်သန်းလာရင် အုန်းနို့လောင်းထဲ့ပါ။ ပွက်လာရင် red curry paste ကိုထဲ့ပါ၊ ငံပြာရေ နဲ့ ကြက်သားမှုန့်ထဲ့ပါ။

အာလူးလေးများထဲ့ကာ ၁၅မိနစ်ခန့်နူးအောင် အဖုံးအုပ်ထားပါ။

ပြီးရင် ကြက်သားအတုံးလေးများထဲ့ပြီး ရေအနဲငယ်ထဲ့ကာ မီးအေးအေးဖြင့် ၁၅မိနစ်ခန့်ထပ်အုပ်ထားပါ။

ကြက်သားရော အာလူးလေးများနူးလာရင် သံပရာရေထဲ့၊ ပူစီနံပါးပါးလှီး ထားတာများထဲ့ပါ။

 

ရှောက်ရွက်ပါးပါးလှီးများထဲ့ပြီး ငရုတ်ချိုတောင့်ထဲ့ပြီး အနံ့အရသာ ပြည့်စုံသော ထိုင်းကြက်သားအာလူးလေးစားရန်အဆင်သင့်ရပါပြီ။

 

ဂဏန်းလက်မချဉ်စပ်


ဂဏန်းလက်မချဉ်စပ်
ဂဏန်း တို့ ပုဇွန် တို့ မတဲ့ဘူး ဆိုတာတွေအကုန် ကြိုက်တယ်။ အဲဒီနေ့က တရုတ်ဆိုင်သွားဖြစ်တော့ ဂဏန်းလက်မလေးတွေ တွေ့တာနဲ့ မစားရမနေနိုင်ဝယ်ဖြစ်သွားရာက ပျော်ပွဲစားထွက်မဲ့ ခရီးစဉ် အတွက်ချက်ဖြစ်သွားတာပါ။

ပါဝင်ပစ္စည်းများ

-ဂဏန်းလက်မ ၅၀၀ ဂရမ်
-အကြော်မှုန့်
-ဂျင်း ၁ဇွန်း (လ္ဘက်ဇွန်း)
-ကြက်သွန်ဖြူ ၃မွှာ
-ကြက်သွန်နီ၁လုံး
– Red curry paste ၁ဇွန်း
-ငရုတ်သီးစိမ်း ၃တောင့်
-ခရမ်းချဉ်သီး၁လုံး
-ဆား၊ ကြက်သားမှုန့်
-သံပုရာ တခြမ်း

အကြော်မှုန့်ကိုခပ်ပျစ်ပျစ်ဖျော်ထားပါ။ ဂဏန်းလက်မကို မုန့်နှစ်ထဲနှစ်ကြော်ပြီး ဆယ်ထားပါ။

  

ဂျင်း၊ ကြက်သွန်နီ အတုံးလေးများနဲ့ ကြက်သွန်ဖြူထဲ့ကာဆီသတ်ပါ။

ကြက်သွန်ကျက်ရင် red curry paste ထဲ့ကာ ရေအနဲငယ်ထဲ့ပါ။ သံပုရာရည်၊ ဆား၊ ကြက်သားမှုန့်ထဲ့ပါ။

ငရုတ်သီးစိမ်းပါးပါးလှီးထားတာများနဲ့ခရမ်းချဉ်သီးလေးများထဲ့ပါ။

၁မိနစ်အကြာမှာ ကြော်ပြီးသား ဂဏန်းလက်မလေး များထဲ့ နံနံပင်လေးအုပ်ကာ ပူပူနွေးနွေးစားသုံးနိုင်ပါပြီ။

 

ထိုင်းသင်္ဘောသီးသုတ်


ထိုင်းသင်္ဘောသီးသုတ်
အိသက်တို့လင်မယားဒီနေ့ မင်္ဂလာနှစ်ပတ်လည် ၆ နှစ်ပြည့်ပါတယ်။ တပတ်လုံးဘာမှ မဲမဲရရ မိသားစုနဲ့ မလုပ်ဖြစ်ပါ။ ဒီရက်ပိုင်း စိတ်ပင်ပန်း လူပင်ပန်းမို့လုံးဝ ဘာမှချက်စားချင်စိတ်မရှိဖြစ်တာနဲ့ ဒီနေ့တနေ့လုံးလဲ ၃နာရီလောက်သာ အိပ်ရသေးတာကြောင့် ထိုင်းသင်္ဘောသီးသုတ် လေးပဲသုတ်စားဖြစ်တယ်၊


ပါဝင်ပစ္စည်းများ
-သင်္ဘောသီးအရွယ်ကောင်းတလုံးခြစ်ပြီးသား
-မုန်လာဥနီတလုံးခြစ်ပြီသား
-ငရုတ်သီးစိမ်း ၅တောင့် ပါးပါးလှီးထား
-ပဲသီး၂တောင့်
-ခရမ်ချဉ်သီး ၁လုံး
-သံပရာ တစိတ်
-ပုဇွန်ခြောက် ထောင်း ၂ဇွန်း( စားပွဲတင်)
-Papaya salad sauceတဇွန်း (မရှိရင် သကြား၁ဇွန်း(အချိုပွဲဇွန်း) ၊ဗနီဂါ ၁ဇွန်း(အချိုပွဲဇွန်း)၊ sweet chiliတဇွန်း(အချိုပွဲဇွန်း) ရောပါ)
-ငံပြာရည် ၂ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်နဲနဲ
-ကြက်သွန်ဆီသတ် တဇွန်း( စားပွဲတင်)
-မြေပဲစံထောင်းနဲနဲ
ပဲသီး၂တောင့်ကိုလက်တစစ် ခန့်အနေများဖြတ်ထားကာ ရေနွေးဖျောထားပါ။


သင်္ဘောသီးအရွယ်ကောင်းတလုံးကိုအချောင်းလေးများခြစ်ထားပါ။


မုန်လာဥနီတလုံးကိုလဲထိုနည်းတူ အချောင်းလေးများ ခြစ်ထားပါ၊


ငရုတ်စုံ ထဲကို သင်္ဘောသီးနဲနဲ ထဲ့ မုန်လာဥနဲနဲ ထဲ့ ကာ ငရုတ်သီးစိမ်းပါးပါးလှီးထားတာများထဲ့ ပါ။ ပုဇွန်ခြောက်၊ ကြက်သားမှုန် ၊ ငံပြာရည်ထဲ့ကာထောင်းပါ။ အရည်ထွက်ရုံဖြေးဖြေးထာင်းပါ။

တခါ နဲနဲစီ ထပ်ထဲ့ ပြီး အထက်ပါနည်းအတိုင်းသင်္ဘောသီးခြစ်လေးများတဝက်ကုန်ထိ ထောင်းပါ။


ဇလုံတခုထဲကို ထောင်းပြီးသားများထဲ့ကာ ချန်ထားသော သင်္ဘောသီးခြစ်လေးများ၊ ပဲသီးတောင့်လေးများ ၊ ခရမ်ချဉ်သီးများထဲ့ပါ။ ပုဇွန်ခြောက်၊ ကြက်သားမှုန် ၊ ငံပြာရည် လိုသလောက် နဲနဲစီထဲ့ပါ။ သံပရာသီး ညှစ်ပါ။ ကြက်သွန်ဆီသတ် တဇွန်း၊ Papaya salad sauceတဇွန်းထဲ့ကာ ဇွန်းဖြင့် နှံ့အောင်မွှေပါ။


ပြီးရင် ပန်းကန်ပေါ်ပြင်ကာ မြေပဲစံ ဖြူးပါ။ ရှူးရှဲ ထိုင်းသင်္ဘောသီးသုတ်လေးကို ထမင်းပူပူနဲ့အလွန်စားလို့ ကောင်းခဲ့ပါတယ်လို့ သတင်းကောင်းပါချင်ပါတယ်နော်။

ယိုးဒယား Pad Thai ခေါက်ဆွဲကြော်


ထိုင်းမှာသွားလည်တော့အိသက် မမလေးကအဲဒါ ခဏခဏ စားတယ်။ အဲဒီမှာနေရာတိုင်း ဒီခေါက်ဆွဲကြော် ရတယ်။ သူတို့ရဲ့ Signature dish  လို့ပြောရမယ် ထင်တယ်။ စားလို့လဲတော်တော်ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ

အရည်လုပ်ရန်
-ထန်ညက်(သို့) ကြံသကာ ၂ခဲ( အသေး)
-ကြက်သားမှုန့်၁ဇွန်း
-မကျည်းရည် ၅ဇွန်း
-ငံပြာရည်၂ဇွန်း
-ခရုဆီ ၂ဇွန်း

ခေါက်ဆွဲကြော်ရန် (လူ၅ယောက်စာ)
-ခေါက်ဆွဲပြား ၇၀၀ ဂရမ်( ရေစိမ်ထားပါ)
-ကြက်ဥ၃လုံး
-ဝက်သားစဉ်းကော ၂၀၀ ဂရမ်
-ပုဇွန် ၄၀၀ ဂရမ်
-ငဖယ်လုံးလေးများ(ပါးပါးလှီးထား)
-တိုဖူး (အတုံးလေးများ)
-ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း
-ပဲပင်ပေါက်
-ငရုတ်သီးစိမ်း
-သံပရာသီး
-မုန်လာဥနီ ၁လုံးပါးပါးခြစ်ထားပါ
-ငရုတ်ပွသီး၁လုံး ပါးပါးလှီးထားပါ
-ကြက်သွန်နီ ၁လုံးအတုံးသေးသေးလှီးထားပါ
-ကြက်သွန်ဖြူ ၃မွှာ ဓားပြားရိုက်ထားပါ
-ကြက်သွန်မြိတ်
-မြေပဲစံလှော်ထောင်း
Sauce အရင်လုပ်ရအောင်-ထန်ညက်(သို့) ကြံသကာ ၂ခဲ( အသေး)၊ ကြက်သားမှုန့်၁ဇွန်း၊ မကျည်းရည် ၅ဇွန်း၊ ငံပြာရည်၂ဇွန်း၊ ခရုဆီ ၂ဇွန်းတို့ကို ဒယ်တခုထဲမှာ  ရေနဲနဲဖြင့် ထဲ့ပြီးအပူပေးပါ။ ပျစ်လာရင် ရပါပြီ။

 
စစချင်း ကြက်သွန်နီ ဂျင်းနဲနဲ  ကြက်သွန်ဖြူကို ဆီများများနဲ့ကြော်ပါ။ ဝက်သားလေးများထဲ့ကြော်ပါ။

 

ဝက်သားကျက်မှ ငဖယ်၊ တိုဖူးလေးများရောပါ။ ကြက်ဥကျက်ရင် ပုဇွန်ထဲ့ကာ ရောမွှေပါ။

 ကြော်ထားတာများကို ဒယ်တဖက်သို့ကပ်ခါ ကြက်ဥများဖောက်ထဲ့ ပြီးမွှေကြော်ပါ။

 ကြက်ဥကျက်ရင် ပုဇွန်ထဲ့ကာ ရောမွှေပါ။

ပဲပင်ပေါက်၊ ငရုတ်ပွသီး၊ မုန်လာဥ တို့ကိုထဲ့ပါ။ မမွှေခင် ခေါက်ဆွဲထဲ့ပါ။

 

 

အရည် လောင်းထဲ့ကာနှံ့အောင် မွှေပါ။ ရေအနဲငယ်တောက်ပေးပါ။ ငံပြာရည်နဲနဲ၊ ကြက်သားမှုန့်၁ဇွန်းထဲ့ပါ။ ကြက်သွန်မြိတ် ရောပါ။ ခေါက်ဆွဲလေးများနူးရင်ရပါပြီ။
ပြင်ဆင်စားရန်
ခေါက်ဆွဲပူပူကို ပန်ကန်တချပ်ထဲ ထဲ့ပါ။ ပဲပင်ပေါက်ရေနွေးဖျောပြီးသားနဲနဲ၊ သံပရာတခြမ်း၊ ငရုတ်သီးစိမ်းလေးများ၊ ကြက်သွန်မြိတ်လေးများ ပုံပါ။ မြေပဲစံလှော်ထောင်းများဖြူးပါ။ စားတဲ့အခါ သံပရာသီးလေးညှစ်ပြီး ကျန်တာတွေနဲ့ရောမွှေကာစားပါ။ အလွန်ကောင်း သော ထိုင်းခေါက်ဆွဲကြော်လေးရပါပြီ။

 

Sizzling အမဲသားကြော်


အိသက် အမျိုးသားက Sizzling လုပ်တဲ့ Plate  လေးဝယ်လာပါတယ်။ သူ့ကို လုပ်ကျွေးပါဆိုတဲ့သဘောပါ။ အမဲသားကြိုက်တဲ့သူ့အတွက်အမဲသားသုံးပေမဲ့ မစားသူတွေက ဝက်သား၊ ပုဇွန် သုံးလို့ရပါတယ်နော်။

ပါဝင်ပစ္စည်းများ (တပွဲစာ)
-အမဲသား ၂၀၀ ဂရမ်
-ကြက်သွန်နီ တခြမ်း အတုံးလေးများလှီးထား
-ဂျင်း၁ဇွန်း( စားပွဲတင်)
-ဟင်းချက်ဝိုင်၁ဇွန်း( စားပွဲတင်)


-ကြက်သွန်ဖြူ ၃မွှာ ( ဓားပြားရိုက်ပြီး)
-ငရုတ်ပွသီး ၅၀ ဂရမ် ( လှီးထား)
-ကြက်သွန်မြိတ် ၁ချောင်း ( လက်တဆစ်ခန့်လှီးထား)
-ပဲငံပြာရည်အကြည် ၂ဇွန်း( စားပွဲတင်)
-ပဲငံပြာရည်အနောက် ၂ဇွန်း( စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့် ၁ဇွန်း( စားပွဲတင်)


အမဲသားလေးများကို လက်၂စစ်ခန့်အပြားလေးများတုံးထားပါ။ ဟင်းချက်ဝိုင်၁ဇွန်း၊ ဂျင်း၊ဆားနဲနဲ၊ ကြက်သားမှုန့်များနယ်ထားပါ။ ဒယ်အိုးထဲတွင် ဆီအနဲငယ်ထဲ့ကာ အသားများကို ပဲငံပြာရည်အကြည်၊ အနောက် ၁ဇွန်းစီထဲ့ပြီးနူးသည်အထိ ပြုတ်ကြော် ကြော်ပေးပါ။ အသားနူးရင် ခွက်တခွက်ထဲတွင် ဖယ်ထားပေးပါ။

 

Sizzling plate  ကိုစပြီး မီးဖိုပေါ်မှာအပူပေးထားပါ။


တချိန်ထဲမှာ အခြားဖိုပေါ်မှာ ဒယ်ပေါ်တွင် ဆီအနဲငယ်ဖြင့် ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါ။ ကြက်သွန်ကျက်ရင် ငရုတ်ပွသီး များကိုထဲ့ကြော်ပါ။ ပဲငံပြာရည်အကြည်၊ အနောက် ၁ဇွန်းစီ ဆားနဲနဲ၊ ကြက်သားမှုန့် နဲနဲထဲ့ ရေအနဲငယ်ဖြန်းကာ ကြော်ပါ။

ဖယ်ထားသော အသားများရောကာရေနဲနဲထဲ့ပြီး နောက်ဆုံးတွင် ကြက်သွန်မြိတ်များဖြူးပါ။ မီးအပြင်းထားပြီး၂မိနစ်ခန့်ဆက်ကြော်ပါ။

 
Sizzling plate ကို သစ်သားအောက်ခံပြားပေါ်ပြန်တင်လိုက်ပါ။

ကြော်ထားသောအဆာပလာ များကိုSizzling plate ပေါ်လောင်းထဲ့လိုက်ပါ။

တရှဲရှဲမြည်ကာ အငွေ့တထောင်းထောင်းထ နေသော Sizzling အမဲသားကြော် စားချင့်စဖွယ် ရပါပြီ။

ဆွမ်းမွှေးကြက်သားကြော်/Deep Fried chicken wrapped with pendan leave


ဒီဆွမ်းမွှေးကြက်သားကြော်ကို အသားသိပ်မစားသော သမီးလေးက နှစ်နှစ်ခြိုက်ခြိုက်စားပါတယ်။ ဒီကြက်သားကြော်ရဲ့ထူးခြားချက်က အသားလေးများတော်တော်နူးပြီး စားတဲ့အခါ အသားထဲ့က ရနံ့လေးက တော်တော်လေးမွှေးပါတယ်။ ဘယ်လိုကြော်မလဲကြည့်ရအောင်

My daughter, not much of a meat fun dearly loves this fried chicken. Nice, different, unusual fact about this fried chicken is that its’ inviting smell when you unwrap the pendan leave once it’s cooked. Let’s take a look how it is done.


ပါဝင်ပစ္စည်း(၁ပွဲစာ)
-ကြက်သားအသားချည်း ၅၀၀ ဂရမ်(အတုံးလေးများတုံးပြီး)
-အုန်းနို့အနှစ်၅ဇွန်း
-ကြက်သွန်မြိတ် လက်နှစ်စစ်ခန့်ထောင်းပြီးသား
-စပါလင် လက်နှစ်စစ်ခန့်ထောင်းပြီးသား
-ပဲငံပြာရည်ကြည်
-ကြက်သွန်ဖြူ၊နီ ထောင်းပြီးသား ၂ဇွန်းခန့်
-ဆား၊ ကြက်သားမှုန့်
အထက်ပါတို့ကိုရောမွှေလိုက်ပါ။

Contents(1 serving)

-Chicken breast 500g(chop into a medium size pieces)

-Coconut Cream 5 tbl spoons

-2 spring onions chopped and pounded

-2 lemon grass chopped and pounded

-light soy sauce

-2 tbl spoons of pounded garlic and onion

-salt and chicken powder

Mix them all the above ingredients

ကြက်သားထဲ အရသာများဝင်စေရန် မိနစ်၃၀ လောက်နှပ်ထားလိုက်ပါ။

Let it marinated by leaving it for about 30 minutes.


ပြီးတဲ့အခါမှ ဆွမ်းမွှေးရွက်လေးများ( pendan leave)  နဲ့ ကြက်သားအတုံးလေးများကိုထုပ်လိုက်ပါ။ သွားကြားထိုးတံလေးများနဲ့ မပြေလာအောင်ထိုးထားလိုက်ပါ။

Then wrap the chicken pieces with pendan leave. You can use the bamboo tooth pick to secure the wrap.

  
ဆီမြုတ်အောင်ထဲ့ပြီး မီးအနေတော်နဲ့ကြော်လိုက်ပါ။

Deep fry it in a medium heat.

  

အသားလေးများနူးလောက်ပြီးဆိုရင် ဆီစစ်ထားပါ။

Once the meat is softly cooked then dry up the oil by placing it on top of the kitchen tower.

 

စားတဲ့အခါမှ ဆွမ်းမွှေးရွက်လေးများဖြေပြီး Sweet Chilli အချဉ်လေးနဲ့ပူပူလေးစားသုံးပါ။

Unwrap the pendan leaves when eating with sweet chilli sauce or suki sauce.

ပင်လယ်စာပဲကြာဇံသုတ်/Seafood Glass Noodle Salad


ဒါလေးကိုတော့ အိသက်တို့လင်မယား၂ယောက်လုံးအရမ်းကြိုက်ပါတယ်။ ချဉ်ငံစပ်လေးပါနော်။ ထမင်းပူပူလေးနဲ့ စားလဲကောင်းသလို သူ့ချည်းအတိုင်းစားလို့လဲကောင်းပါတယ်။ အမြည်းလုပ်စားလို့လဲအလွန်ကောင်းပေါ့နော်။

We very much like this glass noodle salad. It has a balance of sour , salty and spicy.  It goes so well not just with warm rice but in itself can be enjoyed. It is also a great complement to liquors.

 

 

ပါဝင်ပစ္စည်းများ/Contents
-ပဲကြာဇံ – အထုပ်သေး၃စည်း(ရေအေးစိမ်ထားပါ) Glass noodle (or) bean noodle/-3 small bunches of Glass Noodle (soaked with cold water)
-ပုဇွန် ၁၀၀ ဂရမ်/-100g of prawns
-ပြည်ကြီးငါး ၁၀၀ ဂရမ်/-100g of squid
-ငါးအသား ၁၀၀ ဂရမ်/-100g of fish fillet
-ကမာ ၁၀၀ ဂရမ်/100g of oyster
–ဂျင်း နဲနဲထောင်းပြီး/-a bit of pounded Ginger
-မုန်လာဥနီ(အချောင်းလေးများခြစ်ထား)/-carrot ( shredded into thin slices)
-ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီးလှီးပေးပါ)/- 1 tomato (pitted tomato)
-ငရုတ်သီးစိမ်း – ၅တောင့် (ပါးပါးလှီးထား)/-5 pieces of sliced green chilli
-နံနံပင်(ပါးပါးလှီးထား)/- chopped coriander
– ကြက်သွန်ဖြူဆီချက် ၁ဇွန်း (စားပွဲတင်)/-1 tbl spoon of cooked garlic with oil
-ကြက်သားမှုန့်၂ဇွန်း (စားပွဲတင်)/-2 tbl spoons of chicken powder
-သံပရာသီး – ၁ခြမ်း (အကြီး)/-1 big half lime
-ပဲငံပြာရည် အကြည် – ၁ဇွန်း (စားပွဲတင်)/-1 tbl spoon of light soy sauce
– sweet chilli sauce ၃ဇွန်း (စားပွဲတင်)/-3 tbl spoons of sweet chilli sauce
-သကြား၁ဇွန်း (စားပွဲတင်)/1 tbl spoon of sugar
-ငံပြာရည် ၁ဇွန်း (စားပွဲတင်)/1 tbl spoon of fish sauce

  Sauce ရည်အရင်လုပ်ထားပါ။/-Get the sauce ready first.
Sweet chilli sauce ၃ဇွန်း(စတပ)၊ သကြား၁ဇွန်း၊ ငံပြာရည် ၁ဇွန်း၊ ပဲငံပြာရည် အကြည် ၁ဇွန်း, သံပရာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ကိုရောမွှေထားပါ။

Mix 3 tbl spoons of Sweet Chilli Sauce, 1 spoon of sugar, 1 of fish sauce, 1 of light soy sauce, lime juice and 1 of chicken powder.


ပုဇွန်၊ ငါး တို့ကို ၃မိနစ် လောက် ဂျင်းအနဲငယ်နဲ့ပြုတ်ပါ။ ပုဇွန်းအကွေးငါးအနွေးပေါ့နော်။ ပြည်ကြီးငါးလေးများကို အကွက်လေးများဖော်ပြီးလှီးထားပြီး ၅မိနစ် ဂျင်းထဲ့ပြီးပြုတ်ပါ။ ကမာကိုလဲ ထိုနည်းအတိုင်း၅ မိနစ် ပြုတ်ပါ။ ပြုတ်ပြီးသား ပုဇွန်၊ ငါး၊ ပြည်ကြီးငါး၊ ကမာ တို့ ပြုတ်ပြီး ပြီးချင်းရေအေးဆေးပြီ စစ်ထားပါ။

Separately boil the prawns and fish for 3 minutes with pounded ginger, 5 minutes for slice to square shape pattern squid with pounded ginger and same goes to oysters. All that boiled prawns, fish, squid and oyster are to be washed immediately with cold water and let the water drains.

 
ရေစိမ်ထားသော ကြာဇံလေးများကို ရေနွေးဖျောပြီး ရေအေးနဲ့ဆေးပြီးစစ်ထားပါ။ ရေအေးဆေးရတဲ့ ရည်ရွယ်ချက်က ကြာဇံလေးများ အပူရှိန်နဲ့ အနူးမလွန်အောင် ၊ စားတဲ့အခါ လတ်ဆတ်အောင်ပါ။

Pour the hot water into a soaked glass noodles and then soak it again with cold water. The reason behind that is to keep the noodles fresh when serving preventing from being too soft.
ကြာဇံလေးစသုတ်ရအောင်
ကြာဇံကို ဇလုံတခုထဲ ထဲ့ပြီး ပုဇွန်၊ ငါး၊ ပြည်ကြီးငါး၊ ကမာ တို့ ထဲ့၊ မုန်လာဥအချောင်းလေးများ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ကို ကြက်သွန်ဖြူဆီချက် ၁ဇွန်း၊ ကြက်သားမှုန့်၁ ဇွန်းထဲ့ပြီး ခပ်ဖွဖွ နယ်ပေးပါ။

We shall start making one, shan’t we?

Put all the ingredients into a big salad bowl, and mix them up gently.


ပြီးရင် ကြာဇံများကို ပြင်မဲ့ပန်းကန်ပေါ် ပြင်ဆင်ပြီးထဲ့ပါ။ အပေါ်က Sauce ကိုဖြူးပြီတင်လိုက်ပါ။ စားကာနီးရင် နံ့အောင်မွှေပြီး အရသာရှိရှိ သုံးဆောင်ဖို့အဆင်သင့်ဖြစ်ပါပြီ

Then, you can put the salad into the pre-decorated plate. Just before serving, splatter the sauce on top of it then do the final light mix and enjoy.

ပါဆယ်ထုတ်လေး


ပါဆယ်ထုတ်လေး


အိသက် အမျိုးသားအရမ်းကြိုက်တဲ့ ဟင်းလေးပါ။ စားချင်စဖွယ်ပြင်ဆင်ထားပြီးအရသာလဲအလွန်ရှိသော ဟင်းတမျိုးပါ။ ဧည့်သည်လာရင်တည်ခင်းဧည့်ခံရန် အကောင်းဆုံးနဲ့လွယ်ကူတဲ့ဟင်းတမျိုးပါနော်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ( တပွဲစာ )
-ဝက်သားဓနုတ်ပေါက်၂၀၀ ဂရမ်
– ကြက်ဥ ၄လုံး
– ကော်မှုန့်၁ဇွန်း(စားပွဲတင်) Corn flour
-ဆား၊ ကြက်သားမှုန့်၊ဂျင်း
-တရုတ်နံနံ အနဲငယ်
-ငရုတ်သီးအနီ ၁တောင့်
– Japanese soy sauce
ပထမဆုံး ဝက်သားကို ကြက်ဥ၁လုံး၊ ကော်မှုန့်၁ဇွန်း(စားပွဲတင်)၊ ဆား၊ ကြက်သားမှုန့်၊ ဂျင်း တို့နဲ့နယ်ထားပါ။


ပြီးရင်ဒီလိုအပြားလေးများလုပ်ပြီးကြော်ပါ။ ဆီစစ်ထားပါ။

 


ပြီးရင်ကြက်ဥကိုခလောက်ပြီး အပေါက်ပါတဲ့ပုလင်းလေးထဲ ထဲ့ပါ။

ဒယ်ကိုဆီသုတ်အပူပေးပြီး ကြက်ဥရည်များကို ပုံပါအတိုင်း လောင်းပေးပါ။

  

ကျွတ်လာရင် ဇွန်းပြားနဲ့ ယူပြီး ပန်းကန်တခုပေါ်တင်ပါ။ အလယ်တွင်တရုတ်နံနံ အရွက်လေးတင်ပါ ၊ အပေါ်မှ ကြော်ပြီးသား ဝက်သားကြော်လေးတင်ပြီး ကြက်ဥကြော်လေးနဲ့ပတ်လိုက်ပါ။ ထိုနည်းအတိုင်း နောက်ထပ်လုပ်ပြီး ပုံပါအတိုင်း ပန်းကန်ပေါ်ပြင်ပါ။ ငရုတ်သီးအနီ လှီးပြီးသားလေးများဖြူးပါ။

soy sauce  လေးနဲ့တွဲစားပါ။ အလွန်အရသာရှိပါသည်။