ထိုင်းဝက်အူချိုကြော်


007

ထိုင်းဝက်အူချိုကြော်
ကျမကဒီ ဝက်အူကြော်ကို စင်ကာပူကထိုင်းဆိုင်တခုမှာစားခဲ့ဖူးတာပါ။ကျမရဲ့ စင်ကာပူခရီးစဉ်က အပြေးအလွှားခရီးစဉ်ပါပဲ အဲဒီနေ့ကမနက်ပိုင်းမှာ မအိ နဲ့တွေ့ နေ့လည် သူငယ်ချင်းတွေနဲ့ တွေ့ ညနေကိုထက်အကို မိသားစုနဲ့တွေ့ဖို့စီစဉ်ထားပါတယ်။ ကျမသူငယ်ချင်းတွေက ထိုင်းစာလိုက်ကျွေးကျပါတယ်။ အဲဒီ မှာဒီထိုင်းဝက်အူချိုကိုစားဖူးတာပါ။ လိုက်ကျွေးတယ်ဆိုပေမဲ့ ကျွေးတဲ့သူတွေက လက်မလည်အောင်ကို စားကြပါတယ်။ကျမမှာ အချိန်ကလဲ မရှိကတဲ့အထဲဒီ ဟာကို ခဏသာစားပြီး နောက်တနေရာကိုအမြန်ပြေးရတဲ့အခါ ဒါလေးကိုတသသဖြစ်ကျန်ခဲ့ရပါတယ်။ ဒီတော့ စားချင်လာရင်မဖြစ်မနေရှာဖွေမေးမြန်းလုပ်စားရပါတယ်။ သားကြီးကျောင်းကသူငယ်ချင်းအမေက ထိုင်းမလေးကိုမေးပြီးလုပ်စားရပါတယ်။ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
-ဝက်အူချို ၅၀၀ ဂရမ်
-နာနတ်ပွင့် ၃ပွင့်
-သစ်ကြားပိုးခေါက် ၁ခေါက်
-နံနံစေ့ အနဲငယ်
-ဂျင်း ၁ဇွန်း (အချိုဇွန်း)
-သကြား ၂ဇွန်း (အချိုဇွန်း)
-ခရုဆီ၂ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည် အကြည် ၂ဇွန်း ( စားပွဲတင်)
-ပဲငံပြာရည် အချိုအပျစ် ၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်းအနဲငယ်
-ရေတဖန်ခွက်စာ
စစချင်း ဝက်အူချို ကို ဘေးကအရိအရွဲတွေကို ကပ်ကြီးနဲ့ညှပ်ထုတ်လိုက်ပါ။ ပြီးရင် အူအတွင်းပိုင်းများသန့်စင်စေရန် အူထိပ်ဝအပွင့်ဖက်မှ အူကိုလက်ဖြင့် ပွင့်စေပြီး အထဲကို ရှာလကာရေ နှင့် ဆားအနဲငယ်ထဲ့ ရေဘုံပိုင်အောက်ရေခံ ကာ အူလမ်းကြောင်းတလျှောက် ညှစ်ပြီးဆေးချပါ။ဒီမှာတော့ သန့်စင်ပြီး သားတွေမို့ ကျမ သိပ်ကြာကြာမဆေးပဲနှစ်ခါလောက် ပဲဆေးပါတယ်။
017

အထက်ကပါဝင်ပစ္စည်းများမှ အူချိုမှလွဲ၍ကျန်တာကို ဖိုပေါ်မှာ အပူပေးပြီး ပွက်ပါစေ။ မွှေးလာပါမယ်။

021

သန့်စင်ပြီး အူချိုလေးများကို ထဲ့ ပြုတ်လိုက်ပါ။ နူးလာရင် ရေစစ်ထားပါ။

022

ပုံမှန်အားဖြင့် ရေမကျန်အောင် နေခဏလှန်းပါတယ် တဲ့။ ကျမက လန်ဒန်မှာ နေ ရှာလွန်းလို့ oven သုံးပါမယ်။ oven မှာအပေါ်မီး ၁၈၀ခန့်ဖြင့်၁၅ မိနစ်ခန့်ကင်ပါတယ်။

022

ပြီးမှ ဆီပူမှာခတ် ကျွတ်ကျွတ်နီလာအောင်ကြော်ပေး ပြီးပူပူလေး ချက်ချင်းစားခြင်းဖြင့်အကောင်ဆုံးအရသာကိုရမှာဖြစ်ပါတယ်။

014အရသာကချိုစိမ့်လေးပါနော်

029
အရေးကြီးတဲ့ အချဉ်ရည်(အရင်လုပ်ထားပါ)
ဒီဟာကိုဒီအချဉ်ရည်ဖြင့်တွဲဖတ်စားသုံးမှအကောင်းဆုံးအရသာရပါတယ်။
-ပဲငံပြာရည်အကြည် ၅ဇွန်း(စားပွဲတင်)
-ငရုတ်သီးလှော်မှုန့်၁ဇွန်း(အချိုဇွန်း)
-ပဲမှုန့်အကျက်၁ဇွန်း(အချိုဇွန်း)
-သကြားဇွန်းဝက် (အချိုဇွန်း)
-ငံပြာရည် ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ဖြူ ဓားနုတ်ပေါက်ပြီးသား ၂မွှာ
အားလုံးကိုရောလိုက်ရင် လိုက်ဖက်တဲ့ အချဉ်ရည်လေးရပါပြီ

Advertisements

ထိုင်းကောက်ညှင်းထမင်းနဲ့ သရက်ချို


ဒီ အချိုပွဲလေးကိုတော့ မပါမဖြစ်ထဲ့မယ်လို့စဉ်းစားထားတာပါ။ ကျမတို့မြန်မာလူမျိုးတော်တော်များများက အုန်းနို့ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြတာဆိုတော ဒီထိုင်းရိုးရာအချိုပွဲလေးက ကြိုက်နှစ်သက်စရာ တခုဖြစ်မှာ မလွဲပါ။ ကျမကိုယ်တိုင်လဲ သရက်သီးမှည့်ရော အုန်းနို့ရော ကြိုက်သူမို့ဒီ အချိုပွဲကို အလွန်ကြိုက်ပါတယ်။

087

  • ပါဝင်ပစ္စည်းများ
    -ကောက်ညှင်းဆန်  ၁ခွက်(ဆန်ချိန်ခွက်)
    -၄၀၀ ဂရမ်အုန်းနို့ဘူး ၁ဘူး
    -ဆွမ်းမွှေးရွက် ၁ရွက်(မပါလဲရပါတယ် အနံ့မွှေးစေလို၍)
    -ဆား 1/4 ဇွန်း(စားပွဲတင်)
    -သကြား ၅ဇွန်း (စားပွဲတင်)
    -သရက်သီးမှည့် ၁လုံး

064

  • ပထမဆုံးဆန်ကို ရေစိမ်ထားပါ။အနဲဆုံး ၄နာရီကြာပါစေ။ကျမကတော့ ၁ညသိပ်ထားပါတယ်။  ဆန်ကိုနာနာပွတ်ဆေးပြီး ပေါင်းချောင်းထဲတွင် ပိတ်ပါးခင်း ကာဆန်နှင့် ဆွမ်းမွှေးရွက် ရောထဲ့ပြီး မိနစ်၃၀ပေါင်းပါ။
  • 068
  • အုန်းနို့ကို သကြား၊ ဆား ၊ ပြောင်းကော်မှုန့်တို့ဖြင့်အတန်ငယ်ပျစ်လာသည်အထိကျိုထားပါ။
  • 069 070
  • ရလာတဲ့ ကောက်ညှင်းထမင်းကို ပန်ကန်တချပ်တွင်ထဲ့ကာ ကျိုပြီးသားအုန်းနို့ရည် ၃ပုံ၁ပုံဖြင့် ထဲ့မွှေပါ။ ပြီးရင်microwave  ထဲ ထဲ့ကာ၅မိနစ်ခန့် နွှေးပေးလိုက်ပါ။ ကောက်ညှင်းထမင်း စီးစီးမွှေးမွှေး ချိုချိုလေးရလာပါပြီ။
  • 074 075
  • ရလာတဲ့ ထမင်းမွှေးကို အုန်းနို့ဆမ်း လှော်ထားသော မြေပဲဖြစ်စေ၊ နှမ်းဖြစ်စေ စသည် နှစ်သက်ရာဖြူးပြီး သရက်သီးမှည့် ချိုချိုဖြင့်တွဲဖက်စားနိုင်ပါပြီ။

076 087

  • ဆန်ချက်နောက်တနည်း
  • ဆန်ကို ရေ၊အုန်းနို့၊ဆား၊ သကြား တို့နဲ့တခါတည်း ထမင်းချက်သလိုရောတည်နိုင်ပါတယ်။ အဓိက က ဆန်စေးစေးလေးရအောင်ပါ။

ဂဏန်းခွက်ကြော်


ဂဏန်းခွက်ကြော်

049
ကျမ အရမ်းကြိုက်တဲ့အစားအစာဆို အိမ်မှာ ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒီဂဏန်းခွက်ကြော်ကို ကျမစားဖူးတာ ရန်ကုန်က ယောက်လမ်းထဲက ဆိုင်လေးတဆိုင်မှာပါ။ ကျမအကို ဝမ်းကွဲ ကိုကြီးထွန်းက လိုက်ကျွေးဖူးတာပါ။ သူတို့ကလူပျိုအရွယ်တွေဆိုတော့ ခဏခဏသွားမှာပေါ့။ ကျမငယ်ငယ်ပဲရှိပါသေးတယ်။ သူတို့ စိတ်လိုလို့ခေါ်တဲ့အခါဆို လိုက်ရတာပေါ့လေ။ ဆိုင်နံမည်လဲ မမှတ်မိတော့ဘူး ဖြစ်နေတယ်။ Mother House ဆိုလား။အဲဒီ ထဲက အရမ်းကြိုက်တာ။ ကြုံရင်လဲ ကြုံသလိုစားဖြစ်ပါတယ်။ ဒီမှာတော့ကိုယ်တိုင်လုပ်စားရတာပေါ့နော်။
ပါဝင်ပစ္စည်းများ ( ၅ခုစာ)
-ဂဏန်းသား ၇၀ ဂရမ်
-မုန်လာဥနီ  ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်နီ ဓားနုတ်ပေါက် ၅၀ ဂရမ်
-ကြက်သွန်မြိတ် ပါးပါးလှီး ၁ပင်
-ကြက်ဥ၁လုံး
– bread crumbs ပေါင်မှုန့်ခြောက်၃ဇွန်း(စားပွဲတင်)
-ကော်မှုန့်  ၁ဇွန်း(အချိုဇွန်း)
-ဆားဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)

016
ဂဏန်းအခွံကို ခွါယူပါ။ ဂဏန်းကနေ အသား နွှာလို့ရသလို အသားချည်းပဲ ဝယ်လို့လဲရပါတယ်။ ကျမကတော့အသားချည်းပဲဝယ်ထားတာကိုသုံးပါတယ်ပါ။ အခွံကိုချွတ်ယူပြီး ဂဏန်းကိုဟင်းချက်စားပါတယ်။
ပထမဆုံး ကြက်သွန်၊ မုန်လာဥတို့ကိုဆီနဲနဲ နဲ့ကြော်ပေးပါ။

019 020

၂မိနစ်ခန့်ကြော်ပြီး ဂဏန်းသားထဲ့ကြော်ပေးပါ။ ၂မိနစ်ခန့်ဆက်ကြော်ပြီးရင် ငရုတ်ကောင်း ကြက်သွန်မြိတ် ရောပါ။  ကြော်ပြီးသားအရောများကိုကြက်ဥ၊ ကော်မှုန့်၊ bread crumbs ပေါင်မှုန့်ခြောက်  ၊ ကြက်သားမှုန့်၊ ဆားတို့နဲ့ရောမွှေပေးပါ။  အဲဒီအရောကို ဂဏန်းအခွံလေးများထဲဖြည့်ပေးပါ။ အရမ်းပြည့်နေစရာမလိုပါဘူး။ ကြော်လိုက်ရင် အနဲငယ်ဖောင်းကြွလာမှာမို့ပါ။

023 027 028
ဆီပူထဲကို ဂဏန်းအခွံဘက်ကို အောက်ဖက်ထားပြီး ကြော်ပါ။ အပေါ်ကို ဆီပူအနဲငယ်စီ လောင်းပေးပါ.၁မိနစ်ခန့်ကြော်ပြီးရင် ၁ဖက်ကိုလှန်ပြီး မိနစ်ဝက်ခန့်ကြော်ပေးပါ။ ဒါဆိုရင် ဂဏန်းခွက်ကြော်ပူပူလေးကို အရသာရှိရှိ နှစ်သက်ရာ အချဉ်ရည်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။

031 032

049

 

ွထိုင်းပင်စိမ်းရှူးရှဲထမင်းကြော်


ထိုင်းပင်စိမ်းရှူးရှဲထမင်းကြော်

031

ထိုင်းမှာက လမ်းဘေး တလျှောက်စားစရာရောင်းတဲ့ ဆိုင်တွေ အများကြီးတွေ့ရလို့ ကျမက အလွန်ပျော်ပါတယ်။ထိုင်းနိုင်ငံကိုအလည်သွားကြတဲ့အခါ ကျမက ဒီထမင်းကြော်ကို လမ်းဘေးဆိုင်တဆိုင်မှာ မှာစားပါတယ်။  ကျမက အစပ်ဆိုအလွန်ကြိုက်ပါတယ်။ အလွန်လဲစားနိုင်ပါတယ်။  သို့သော် ဈေးရောင်းသူကို ကျမက ခပ်စပ်စပ်လေး လုပ်ခိုင်းပါတယ်။ သူက ကျမ ရဲ့ စကားပြန်ကို ဘယ်လောက်စပ်မှာလဲမေးတော့ ကျမ လဲ ကိုယ့်ကို ကိုယ်ယုံကြည်မှုလွန်ကဲစွာပဲ အရမ်းစပ်ဆိုခိုင်းမိပါတယ်။ အဲဒီမှာပဲ သူ့တို့စားတဲ့အရမ်းစပ်ဆိုတာဟာ ကျမအတွက် မဟားဒယားစပ် ဖြစ်နေလို့ ချွေးသီးချွေးပေါက် လှိုင်လှိုင်ကျပြီး မျက်ရည်ပါထွက်ခဲ့ရပါတယ်။ စားလို့တော့ ရှယ်ကောင်းပေါ့နော်။ ဒီ မှာတော့ကျမက အစပ်ကို ဗမာအလွန်စပ် အဆင့်ပဲထားပါတယ်။ကြည့်ရအောင်

ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-ထမင်း၂ပွဲစာ
-ဝက်သား ၅၀ ဂရမ်
-ပုဇွန်ကျား ၁၀ကောင်
-ပင်စိမ်း လက်တဆုပ်စာ
-ငရုတ်ချိုသီး ၂တောင့်(ပါးပါးလှီး)
-ကြက်သွန်မြိတ်၁ပင်(ပါးပါးလှီး)
-ပဲပင်ပေါက် ၅၀ဂရမ်
-ခရမ်းချဉ်သီးကြီးကြီး ၁လုံး (အတုံးလေးများလှီးထား)
-ကြက်သွန်နီ ၁/၂ လုံး(အတုံးလေးများလှီးထား)
-ကြက်သွန်ဖြူ ၃မွှာ(ဓားပြားရိုက်)
-ဂျင်း လက်မဝက် (ပါးပါးလှီး)
-ငရုတ်သီးမှုန့် ၁ဇွန်း(စားပွဲတင်)
-ငံပြာရည် ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက် (အချိုဇွန်း)
-ကြက်ဥ ၂လုံး

006

ကြက်ဥ၂လုံးကို မွှေကြော်ပြီး ဖယ်ထားပါ။ ငရုတ်ကောင်း အနဲငယ်ဖြူထားပါ။

007
ဒယ်အိုးထဲတွင်ဆီတော်တော်ပူစေပြီး ကြက်သွန် ဂျင်းတို့ကိုထဲ့ကြော်ပါ။ ငရုတ်သီးမှုန့် တခါတည်းထဲ့ပါ။ ဝက်သားများကို ထဲ့ပြီး ကျက်သည်အထိ လှိမ့်ကြော်ပေးပါ။

008 009

ပြီးရင် ထမင်း၊ ခရမ်းချဉ်သီး၊ ပင်စိမ်း၊ ငရုတ်သီး တို့ကိုထဲ့ကြော်ပါ။ ပုဇွန်ပါ တခါတည်းထဲ့နိုင်ပါတယ်။ ငံပြာရည်၊ ကြက်သားမှုန့်၊ သကြား စတာတွေကို ရောပေးပါ။

010 011

ဖယ်ထားသောကြက်ဥကြော်များပြန်ရောပါ။ ၃ မိခန့်ကြော်ပြီးရင် နောက်ဆုံးအနေနဲ့ပဲပင်ပေါက်၊ ကြက်သွန်မြိတ်တို့ ဖြင့် ၂မိနစ်ခန့် မီးပြင်းပြင်းနဲ ဆက်ကြော်ပေးရင် ရပါပြီ။

013

014

ကြက်သားဆာတေး(ထိုင်း)


ကြက်သားဆာတေး(ထိုင်း)

134

ဆာတေးဆိုရင် ဝက်သားရော၊ ကြက်သားရော စားလို့အလွန်မြိန်တယ်လို့ထင်ပါတယ်။ အုန်းနို့ပါတယ်အတွက် ကင်နေစဉ်ရော၊ စားသုံးစဉ်ရော မွှေးပါတယ်။တကယ်တမ်းတော့ ဆာတေးက အင်ဒိုနီးရှားနိုင်ငံရဲ့ရိုးရာအစာအစာတခုလို့သိရပါတယ်။ အာရှနိုင်ငံအများစုရဲ့ ထုံးစံအရအုန်းနို့ကို အသားပေးသုံးကြတာ များပါတယ်။ ထိုင်းနိုင်ငံက ပိုပြီးအသုံးများတာတွေ့ရပါမယ်နော်။ ဟင်းပွဲ၊ အချိုပွဲတော်တော်များများ အုန်းနို့ပါဝင်တတ်ပါတယ်။ ဒီနေ့တော့ ကြက်သားဆာတေးကို ထိုင်းကင်နည်းသုံးပါမယ်။

အသားစိမ်ရန်
-ကြက်သားရင်ပုံ ၃ခု
-ပဲငံပြာရေ ၂ဇွန်း
-အုန်းနို့၁၅၀ ဂရမ်
-ဆနွမ်း၂ဇွန်း(အချိုဇွန်း)
-သကြားအညို၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-စပါလင် လက်၁စစ်ခန့် (နုတ်နုတ်စင်း

ကြက်သားကိုပါးပါးရှည်ရှည်လေးများလှီးထားပါ။ အထက်ပါများကို လှီးထားသော ကြက်သားများဖြင့် ရောနယ်ကာ အနဲဆုံး၂နာရီကြာအောင်ထားထားပါ။

102

105

အသားကင် တုတ်ချောင်းလေးများကို ရေစိမ်ပေးထားခြင်းဖြင့် ကင်တဲ့အခါ တုတ်ကိုမီးမကျွမ်းစေပါ။ မိနစ် ၃၀ခန့်စိမ်ပြီးရင် ကြက်သားများကို တံစို့ထိုးပေးပါ။

103 115
မီးကိုအနေတော်ထားပြီး ကင်ပေးပါ။ တဖတ်စီကိုလှန်ပြီး အကျက်ညီညီ ကင်ပေးပါ။  ကင်နေစဉ်ကြက်သားစိမ်ထားသောအရည်ပိုကို အသားများအပေါ် သုတ်ပေးပါ။

120 123

ကင်နေစဉ်ဆာတေးဆော့ပြုလုပ်ရန်
-peanut butter ၁ဇွန်း(စားပွဲတင်)
– massaman curry paste (or) red curry paste ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း၁ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည်အကြည်၁ဇွန်း(စားပွဲတင်)
-သကြားအညို ၁ဇွန်း(စားပွဲတင်)
-မြေပဲလှော်ထောင်းပြီးသား၂ဇွန်း(စားပွဲတင်)
-အုန်းနို့ ၃၀၀ ဂရမ်
-ကြက်သားမှုန့် ၁ဇွန်း(အချိုဇွန်း)
-ဆီ ၃ဇွန်းခန့်

အုန်းနို့ကိုအိုး၁လုံးထဲ အပူပေးပြီး ကျန်အရာများရောပေးပါ။ ပျစ်လာရင် ဆော့အရည်ရပါပြီ။

108 106 107

114

အသားကင်ပူပူကိုဆောရည်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။

137

အသားကင်သုတ်


အသားကင်သုတ်

189

အသားကင်သုတ်ကို ထိုင်းမှာစားခဲ့ဖူးတာပါ။ အရမ်းကြိုက်လွန်းလို့ အိမ်မှာအသားကင်ပြီး ပိုတိုင်းသုတ်စားပါတယ်။ ဒီတခါကတော့ သတ်သတ်ကို ကင်ပြီးသုတ်စားတာပါ။ သူရဲ့အရသာက ကင်ထားပြီးသားအနံ့လေးပါ ပါနေလို့တမျိုးအရသာထူးပါတယ်။ မီးသွေးနဲ့ကင်နိုင်ရင်ပိုကောင်:ပါတယ်။ ခုကတော့ Oven နဲ့ပဲကင်ထားပါတယ်။ အမဲသားမကြိုက်လို မစားလို့ ဆိုတဲ့သူတွေအတွက်ကတော့ ကျန်တဲ့အသားများနဲ့လုပ်စားနိုင်ပါတယ်။ ဒီမှာသုံးထားတဲ့ musturb myo မရနိုင်ရင် ထောပတ်ကိုသုံးနိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

အသားကင်ရန်

-အမဲသား ၃၀၀ ဂရမ်
-musturb myo တဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ ၅မွှာ
-ဆား ဇွန်းဝတ်(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)

054

ပထမဆုံး အမဲသားကို အသားပေါ်ဓားရာလေးပေးကာ ကြက်သွန်ဖြူလေးများထဲ့လိုက်ပါ။ ဆား ၊ ငရုတ်ကောင်းလေးများကို အရမ်းမကြေအောင်ထောင်းပြီး အသားပေါ်တွင် ကိုသုတ်ပြီး ငရုတ်ကောင်း ဆားအရောကိုကပ်လိုက်ပါ။

062 068

မီးအပူရှိန် ၁၈၀ဒီဂရီဖြင့် မိနစ် ၂၀ခန့်ထားပြီးကင်ပေးပါတယ်။ဒီနေရာမှာ အမဲသားမို့ အသားကို အလွန်မကျက်အောင်ကင်ပါတယ်။ တခြားအသားဆိုရင်တော့အကျက်ကင်ရပါမယ်နော်။ အမဲသားက မကျက်တကျက်စားလို့ရပါတယ်။ အိသက်က medium အနေမှာထားပါတယ်။

126 124

သုတ်တဲ့အခါကျရင် သံပရာရည် ရဲ့ အက်ဆစ်ဓာတ်နဲ့အသားကပိုကျက်သွားအုန်းမှာပါ။ အသားကင်ပြီးရင် အသားလွှာလေးများကိုပါးနိုင်သမျှပါးအောင်လှီးပေးပါ။

128

အသုတ်သုတ်ရန်
-သခွါးသီးတဝက်
-ငရုတ်သီးလှော်မှုန့်
-ငရုတ်ချိုသီး၁တောင့်
-ကြက်သွန်နီ ၁ဝက်
-ကြက်သွန်ဖြူဆီသတ် ၁ဇွန်း(အချိုဇွန်း)
-ပူစီနံ ခြွေပြီးသားအနဲငယ်
-သံပရာရည် ၃ဇွန်း(စားပွဲတင်)
-ငံပြာရည်၁ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-လှီးပြီးသား အမဲသား

132 134

အသုတ်သုတ်ဖို့အထက်ပါများစုံလင်ပြီဆိုရင် ဇလုံးတခုထဲ ကိုထဲ့ပြီး ခပ်ဖွဖွရောသုတ်လိုက်ပါ။ ပူစီနံအနံ့လေးသင်းနေသော အသားကင်သုတ်လေးရပါပြီ။ အမြည်းအဖြစ်ဖြင့်၎င်း ထမင်းပူပူလေးဖြင့်၎င်းစားနိုင်ပါပြီနော်193

ပုဇွန်ပန်းငရုတ်ချက်


ပုဇွန်ပန်းငရုတ်ချက်
ဒီပုဇွန်လေးက မလေးဆိုင်တဆိုင်မှာစားခဲ့ဖူးတာလေးကို ပြန်ချက်ထားတာပါ။ မွှေးလဲမွှေးစားလို့လဲအရမ်းကောင်းပါတယ်။ မနေ့ကတော့သားကြီးသူငယ်ချင်းမလေး မိသားစုနဲ့ အပြင်သွားလည်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာလေးကိုချက်ဖြစ်သွားတာပါ။ ကိုယ်က မနေနိုင်မထိုင်နိုင်အစားအသောက်တာဝန် ယူမယ်ပြောမိထားလို့။ ဘာပဲဖြစ်ဖြစ်ကလေးတွေပျော်ကြ သူတို့မိဘတွေကလဲမနက်စာ ညစာ ကိုပျော်ရွှင်စွာအားပေးကြပါတယ်။ ပင်ပန်းရကြိုးနပ်သွားတာပေါ့။

ပါဝင်ပစ္စည်းများ
-ပုဇွန်စပ်ထုပ် ၂၅၀ ဂရမ်( ၁၅ကျပ်သားခန့်)
-ပန်းငရုတ်ပွ ၅၀ ဂရမ် ( ၅ကျပ်သားခန့်)
– water chestnut ၁၀၀ ဂရမ် (၁၀သား)
-ကြက်သွန်မြိတ်၂ပင်
– spicy black bean sauce ၂ဇွန်း
-ကြက်သွန်တလုံး( အစိတ်လေးများစိတ်ထား)
-ကြက်သွန်ဖြူ ၃ဥ(ဓားပြားရိုက်ထား)
-ဂျင်း လက်တစစ်(အချောင်းလေးများလှီးထား)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
ပထမဆုံး ကြက်သွန့်များနဲ့ဂျင်းကို ဆီနဲနဲ နဲ့ကြော်ပါ။ မွှေးလာပြီး ကြက်သွန်နွမ်းလာရင် ပန်းငရုတ်များထဲ့ပြီးကြော်ပါ။ မီးများများနဲ့ကြော်ပါ။

၂မိနစ်ကြာကြော်ပြီးရင် ပုဇွန်ထဲ့ကြော်ပါ။ ပုဇွန်ပန်းရောင်ဖြစ်လာရင် black bean sauce , ကြက်သားမှုန့်ကိုထဲ့ရောပါ။

 

ပုဇွန်ကျက်ပြီဆိုရင် မီးပိတ်ပြီး water chestnut ၊ ကြက်သွန်မြိတ် တို့ရောပြီး ငရုတ်ကောင်းဖြူးလိုက်ပါ။

 

မွှေးလဲမွှေးစားလို့လဲကောင်းမဲ့ ပုဇွန်ပန်းငရုတ်ပွချက်လေး ရပါပြီ။water chestnut  လေးများက ခပ်ကျွတ်ကျွတ်လေးစားလို့ကောင်းပါတယ်

ဆားငံသီးငါးပေါင်း


ဆားငံသီးငါးပေါင်း
ဒီမှာတော့ ရန်ကုန် မှာလို ဆားငံသီးလေးတွေကအရမ်းမငံဘူး၊ ရှိတဲ့ ဆားငံသီးလေးတွေနဲ့ပဲ ပေါင်းဆားရတယ်။ အရသာကတော့ အရမ်းကောင်းပါတယ်။ ဒီမှာက ကကတစ်ငါးကဝယ်လို့လွယ်ပါတယ်။ Sea Bass လို့ခေါ်တယ်။


ပါဝင်ပစ္စည်းများ
-ကကတစ်ငါးတကောင်
-ဆားငံသီးနဲနဲ၅ခု ၆ခု
-သံပုရာရည်၂ဇွန်း(စားပွဲတင်)၊ ငံပြာရည်ဇွန်းဝက်(အချိုဇွန်း)
-ဂျင်း အနဲငယ်
-ကြက်သွန်ဖြူ ၂ဥ
-ငရုတ်သီး၂တောင့်
-ရှောက်ရွက်၎ရွက်
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)
ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထယ်ကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။

ဆားအနဲငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။ ဂျင်းကိုအချောင်းလေးများလှီးထားပါ။

ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ သံပုရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။

ထဲ့ပေါင်းမဲ့ Kitchen Foilမှာဖြစ်စေ၊ ပန်းကန်ပေါ်ဖြစ်စေ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ဖြန့်ခင်းထားပါ။

ငါးကိုအပေါ်ကခင်းကာ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ထပ်တင်ပါ။

ရောထားသော Sauceရည်ကိုအပေါ်ကဖြန့်တင်ပါ။

ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။

 

 

အနံအရသာ အထူးကောင်းသော ဆားငံသီးငါးပေါင်းရပါပြီ။

ဆားငံသီး မရှိရင် သံပုရာသီးပါးပါးလှီးများထဲ့ပေါင်းလို့ရပါတယ်။

ပုဇွန်ဆီထမင်းကြော်


ပုဇွန်ဆီထမင်းကြော်
ခါတိုင်းကိုထက်မေမေက ဝါးခယ်မကပုဇွန်ဆီပို့ပေးတတ်တယ် ဒီရက်ပိုင်းတော့ အိမ်မှာပဲ ပုဇွန်လတ်လတ်တွေ ဝယ်ပြီး ပုဇွန်ဆီထုတ်လိုက်တယ်။ ဝါးခယ်မ မှာပုဇွန်ဆီကို ငှက်ပျောသီးမှည့်နဲ့ တို့စားတယ်ပြောတယ်။ ကိုထက်ကတော့ ပဲသီးတောင့် အရှည်နဲ့ကြော် စားတာပိုကြိုက်ပါတယ်။ ဒီတခါတော့ထိုင်းသွားတုန်းက စားခဲ့တဲ့ ပုဇွန်ဆီနဲ့ကြော်ထားတဲ့ ထမင်းကြော် အတိုင်း ကြော်စားဖြစ်ပါတယ်။ သူတို့က ဆားကြက်ဥကိုပြုတ်ပြီးပြင်ပေးတယ်။ အိသက်က တော့ပုဇွန်အစပ် နဲ့ ပဲစားလိုက်ပါတယ်။ ပုဇွန်အဆီထုတ်တာလေးပါ ရေးပေးလိုက်ပါတယ်။ သပ်သပ်အလုပ်ရှုပ်မခံချင်လဲ ပုဇွန်လတ်လတ်လေးတွေကို သန့်စင်ပြီး ဆီပူထဲမှာကြော်ရင် အနှစ်လေးများကျလာပါတယ်။ ရိုးရိုးထုတ်သလောက်တော့မရဘူးပေါ့နော်။

ပါဝင်ပစ္စည်းများ
-ပုဇွန်လတ်လတ်လေးများ ၇-၈ ကောင်
-ပဲတောင့်ရှည်နဲနဲ( လှီးပြီးသား)
-ready madeသီးစုံ (လိုသလောက်)
-ကြက်ဥ ၂လုံး
-ဂျင်းနဲနဲ၊ ကြက်သွန်ဖြူ ၂မွှာ
-ဆား၊ ကြက်သားမှုန့်၂ဇွန်း
-ပုဇွန်အဆီ ၄ဇွန်းစာ( စားပွဲတင်)
-ထမင်း၂ပွဲစာ

ပုဇွန်ခေါင်းကိုခွါကာ ချီးထုတ်ပြီး ပုဇွန်းဆီနီရဲရဲလေးများကိုဓားနဲ့ခြစ်ထုတ်လိုက်ပါ။ တော်တော်များများရလာရင် သိမ်းထားပြီးခဲထားလိုက်လို့ရပါတယ်။ (စိတ်ရှည်ရင်ပေါ့)


ခုအိသက်က အလွယ်နည်းနဲ့ ပဲ ပုဇွန်လေးများကိုကြော်လိုက်ပါတယ်။ ပုဇွန်ခေါင်းက အနှစ်လေးများကျလာပါမယ်။ ကြော်ပြီးဆီများကို စစ်လိုက်ရင် ပုဇွန်ဆီအနှစ်လေးများရနိုင်ပါတယ်။

    

ကြော်ထားတဲ့ပုဇွန်လေးများကို ဒီ link မှာကြည့်ပြီး ကြော်ပါ။

အဲဒီဆီနဲ့ကြက်ဥမွှေကြော်ကာ ဖယ်ထားပါ။

ပုဇွန်ကြော်ဆီများများနဲ့ ပဲ ထောင်းထားတဲ့ဂျင်းနဲနဲ၊ ကြက်သွန်ဖြူ ၂မွှာ တို့ကိုကြော်လိုက်ပါ။

ပြီးရင်လှီးပြီးသားပဲတောင့်ရှည်နဲနဲ၊ ready madeသီးစုံ တို့ရောကြော်လိုက်ပါ။

ပြီးမှ ထမင်းထဲ့ရောကြော်ပါ။ဖယ်ထားသောကြက်ဥကြော်များ၊ဆား၊ ကြက်သားမှုန့်၂ဇွန်း ထဲ့ပြီးသမအောင် မွှေကြော်ပါ။

နှံ့ပြီဆိုရင်ပုဇွန်အစပ်ကြော်၊ သခွါးသီး၊ မုန်လာဥ၊ တို့ဖြင့်တွဲဖတ်စားသုံးနိုင်ပါပြီ။

 

ဒီpost လေးကိုဖတ်ကြသော အိသက်ကိုချစ်သူ၊ မုန်းသူ မည်သူမဆိုပြုံးပျော်ရွှင်စွာ ဟင်းချက်နိုင်ကြပါစေ

ဂဏန်းပျော့အစပ်ဟင်း


ဂဏန်းပျော့အစပ်ဟင်းလေးကိုပါ တင်ပေးပါဆိုလာတဲ့သူငယ်ချင်းလေး စန္ဒီဆုမွန်အတွက်ပါ။ ကျမ သူငယ်ချင်းလေး က ဒီလိုအချက်အပြုတ်တွေ စိတ်ဝင်စားလာတာ တော်တော်အံ့ဩပါတယ်။ လသာ ၂ မှာတုန်းက ကျမသူငယ်ချင်းတွေထဲမှာတော်တော်ကို သီးခံခြင်းပါရမီနဲ့ပြည့်စုံသူပါ။ ဘယ်သူနဲ့မှရန်ဖြစ်တာမတွေ့ဘူးပါ။ ယောက်ျားလေး ဆန်ဆန်နေတတ်သူလေးပါ။ ဟုတ်ကဲ့ သူအစောဆုံး ယောက်ျားယူသွားပါတယ်။ သားလေးတောင်တော်တော်ကြီးပြီ ထင်တယ်။ သူ့အတွက် အထူးတင်ပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ
-ဂဏန်းပျော့( ၅ကောင်)
-ကော်မုန့် ၁ဇွန်း(အချိုဇွန်း)
-ကြက်ဥ၁လုံး
-ကြက်သွန်နီ ၁လုံး၊ ဖြူ
-ငရုတ်သီးစိမ်း၁တောင့်
-အရောင်တင်မုန့်၁ဇွန်း(အချိုဇွန်း)
-ငရုတ်သီးခွဲခြမ်း၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ ၁ဇွန်း(အချိုဇွန်း)
-တရုတ်နံနံ ၁ပင်
-ကြက်သွန်မြိတ်၁ပင်
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ
ဂဏန်းလေးများကို ဒီpostလို  ကြော်လိုက်ပါ။

ပြီးရင် ကြက်သွန်နီ၊ ဖြူ ကိုမညက်တညက်ထောင်းကာအရောင်တင်မှုန့်၊ငရုတ်သီးပါးပါးလှီးများ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ နဲ့ဆီသတ်လိုက်ပါ။  ပဲငံပြာရေ ၁ဇွန်း(အချိုဇွန်း)ပါထဲ့ပါ။

ကြက်သွန်ကျက်ရင်ရေနဲနဲထဲ့ပေးပါ။

ပွက်ရင် ကြက်ဥနဲ့ကော်မုန့်ရောမွှေထားသော အရည်များလောင်းထဲ့ပြီးအဆက်မပြတ်မွှေပေးပါ။

အနှစ်ချက်တာပါနော်။

ကြော်ပြီးသား ဂဏန်းလေးများရောလို့ရပါပြီ၊ ရောချိန်မှာ တရုတ်နံနံ ၁ပင်၊ကြက်သွန်မြိတ်၁ပင် တို့ကို အုပ်ပေးပါ။

 

ခပ်စပ်စပ်ဂဏန်းပျော့ဟင်းလေးရပါပြီ