Image

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)


တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)

တိုဖူးဖြူဝက်သားပေါင်းကင်(ရှမ်းအစားအစာ)

IMG_0016
ကျမရဲ့ ရင်နှီးချစ်ခင်ရပါသော ပြင်သစ်က ရှမ်းမလေး လင်းပေးတဲ့နည်းလေးပါရှင်။ အလွန်ကောင်းပါတယ်၊ ရှမ်းသွေး ပါတဲ့ကျမအမျိုးသား ( ထင်လဲမထင်ရဘူးနော် ) ကအဲဒီ တိုဖူးဝက်သားလေးကို တထိုင်တည်းနဲ့ ကောင်းလိုက်တာ ကောင်းလိုက်တာဆိုပြီး စားပလိုက်ပါတယ်ရှင်။ အရမ်းကောင်းတဲ့ ဒီနည်းလွယ်လွယ်လေးကို ကြည့်ရအောင်

ပါဝင်ပစ္စည်းများ
-၀က်သားအဆီနဲနဲပါတာ တောက်၂စင်း ၃၀၀ ဂရမ်
-တိုဖူးဖြူတုံး ၂၀၀ ဂရမ်
-ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် (လက်တဆုပ်မရှိတရှိစီ)
-ငရုတ်သီးစိမ်း ၅တောင့်
-ဆီ ၃ဇွန်း(စားပွဲတင်)
-ဆား အနဲငယ်
-ဟင်းခတ်မုံ့ ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်ုဖြူ ၃မွှာ ထောင်းထား
-ဂျင်းအနည်းငယ်ထောင်း ၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)

IMG_0002 IMG_0010IMG_0005

ဝက်သားအဆီပါတာကို နုတ်နုတ်စင်းထားပါ။ တိုဖူးလေးများကိုလဲ တောက်တောက်စင်းထားပေးပါ။

IMG_0011
ဖက်ဖယ်ရွက်၊ ရှမ်းနံနံပင် ၊ နံနံပင်၊ ကြက်သွန်မိတ်၊ ပင်စိမ်းရွက် ၊ငရုတ်သီး အရွက်စုံတွေကို နုတ်နုတ်စင်း ပြီး ဇလုံတခုထဲထဲ့ ကျန်ပါဝင်ပစ္စည်းများအားလုံး ကို ပုံကာထဲ့ပြီး ဆား ဟင်းခတ်မုံ့ ဆီရွှဲရွှဲထဲ့ကာ နယ် ငှက်ပျောဖက်နဲ့ထုပ်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။

IMG_0012 IMG_0014

ပြီးမှ ၁၀မိနစ်ခန့်ကင်လိုက်ရင်း စားလို့အလွန်ကောင်းပြီး မွှေးနေသော
ဝက်သားတိုဖူးဖြူပေါင်းကင် ရပြီပေါ့နော်။ (ကျမကတော့ တထုတ်ပဲကြီးကြီးထုတ်လိုက်ပါတယ် ၊ အထုတ် သေးလေးတွေထုတ်ချင်လဲရပါတယ်)

IMG_0015 IMG_0019

Advertisements
Image

ရုံးပတီသနပ်(ရခိုင်)


ရုံးပတီသနပ်(ရခိုင်)
IMG_0040
               ရုံးပတီးသနပ်လို့ ရခိုင်လူမျိုးများက ခေါ်ဝေါကြတယ်လို့ သိရပါတယ်ရှင်။ ကျမ ရဲ့ အကြိုက်ပဲ ဆိုပါစို့။ ကျမတို့ မြန်မာဟင်း နှပ်စားတာမျိုး မဟုတ်ပဲ ချိုချိုချဉ်ချဉ် အလွန်စားကောင်းပါတယ်။ အထူးအဆန်းလေး နဲ့ စားကောင်းတာမို့ မေးမြန်းရှာဖွေ ဖော်ထုတ်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ရုံးပတီသီး ၂၀ တောင့်ခန့်
-ရှာလကာရည် ၂ဇွန်း ( ထမင်းစားဇွန်း)
-သကြား ၁ဇွန်း (စားပွဲတင်)
-ပုဇွန်ခြောက် ကြိတ်ပြီးသား ၃ဇွန်း (စားပွဲတင်)
-ငပိ၁ဇွန်း (အချိုဇွန်း)
-ကြက်သွန်နီ အနေတော် ၂လုံး
-ကြက်သွန်ဖြူ ၂မွှာ
-ငရုတ်သီး အရောင်တင်မှုန့် ၁ဇွန်း (စားပွဲတင်)
-ဆား ၁ဇွန်း (အချိုဇွန်း)
-နှမ်းလှော်အဖြူ  အနဲငယ်
                                  ရုံးပတီသီးနုနုများကို အညှာကိုဖြတ်ထုတ်ထားကာ လေးစိတ်စိတ်ထားပေးပါ။ စိတ်တဲ့အခါမှာ ပုံမှာပြထားတဲ့အတိုင်း မပြတ်အောင်စိတ်ဖို့လိုပါတယ်။
IMG_0008
အတောင့်လိုက်လေးတွေ ဒယ်ထဲကိုစီထဲ့ပြီး ရှာလကာရည်၊ ဆားအနဲငယ်၊ သကြား ထဲ့ ရေအနဲငယ် ထဲ့ပြီး နွမ်းလာတဲ့အထိအဖုံးအုပ် တည်ပေးထားပါ။( နူးပြဲ မသွားခင်) နွမ်းသွားရင် မီးပိတ်လိုက်ပါ။
IMG_0011
                 ကြက်သွန်နီ၊ ဖြူကို ပါးပါးလှီးပြီး သေးသေးလေးများဖြစ်အောင်ပြန် လှီးထားပါ။
                 နောက်ဒယ်တလုံးထဲမှာ ပါးပါးလှီးထားတဲ့ကြက်သွန်များဖြင့် ဆနွမ်းထဲ့ ငရုတ်သီးအရောင်တင်မှုန့်ထဲ့ပြီးဆီသတ်ပေးပါ။ ကြက်သွန်ကျွတ်လာပြီဆိုရင်ပုဇွန်ခြောက်များ ထဲ့ပါ။ ငပိကို ရေဖျော်ထားပြီး ရောမွှေပေးပါ။ ဆား ထဲ့ပေးပါ။ ဆီပြန်လာပြီဆိုရင် ရုံးပတီးသီးများကိုရောပြီး အရသာဝင်အောင် ၁မိနစ်ခန့်လှိမ့်ပြီးမီးပိတ်လိုက်ပါ။ နောက်ဆုံးမှာ နှမ်းလှော်မွှေးမွှေးလေးဖြူးပေးပြီး သူ့အပေါ်ကနေ ကြက်သွန်ကြော် ကျွတ်ကျွတ်လေးများ ထပ်ဖြူးပေးခြင်းဖြင့်အဆုံးသတ်ပါ။
ရခိုင်ရိုးရာရုံးပတီးသနပ်ချိုချဉ်စပ်မွှေး လေး ရပါပြီ။ ဒီနည်းလေးမှာ အရေးကြီးတာက ရုံးပတီးသီး လေးများက နုနုလေးများဖြစ်ဖို့လိုပါတယ်။ စားရင်လဲ တတောင့်လုံး ကိုပါးစပ်ထဲ ထဲ့လိုက်ပြီး စားတာပါတဲ့နော်။ 
IMG_0014  IMG_0040

 

Image

ကချင်ထမင်းထောင်း (ဆတ်သားခြောက်)


IMG_0043
…………………………………………………
ဒီကချင်ထမင်းထောင်းလေးကို Fingerfood Garden ပိုင်ရှင်ညီမက 
ကျွန်မကိုသင် ပေးတာပါ။ စားလို့လည်းကောင်းပြီး 
တန်ဖိုးထားစရာ ရိုးရာအစားအစာဖြစ်လို့ မခြွင်းမချန်ဘဲပြောပြတဲ့ ညီမကို
အလွန်ကျေးဇူးတင်ပါတယ်ရှင်။ လွယ်ကူပြီး စားကောင်းတဲ့
ကချင်တိုင်းရင်းသားတို့ရဲ့ ထမင်းထောင်းလေး ဘယ်လိုလုပ်လဲကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ
……………………
• ဆတ်သားခြောက် – အနည်းငယ်
• ထမင်း – ၁ ပွဲစာ
• ကြက်သွန်ဖြူ – ၁ တောင့်
• ငရုတ်သီးစိမ်း – ၂ တောင့်
• ပဲပုပ်ခြောက် – အနည်းငယ်
• သံပရာသီး – ၁ စိတ်
• ထမင်း – ၁ ပွဲစာ
• ဆား – အနည်းငယ်
• အရသာမှုန့် – အချိုဇွန်း ၁ ဇွန်း
• ဖက်ဖယ်ရွက်၊ ပင်စိမ်း၊ နံနံပင်

ပြုလုပ်နည်း
……………
ဆတ်သားခြောက်ကို ဆီစိမ်းဆမ်းပြီးနယ်ပေးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ကြေညက်နေအောင်ထောင်းထားပြီး ဆတ်သား ခြောက်လေးများပါ ရော ထောင်းပါ။ ညက်နေပါစေ။ 

IMG_0038
နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းတို့ကို ရောထောင်းပြီး ညက်ပြီဆိုရင် ထမင်း၊ ပဲပုပ်ခြောက်တို့ကို ထပ်ထည့်ကာ ထောင်းပေးပါ။
အရသာမှုန့်၊ ဆားတို့ကိုကိုရောပါ။ သံပရာ ရည်ကို ၁ ဇွန်းခန့်ထည့်ပြီး ထမင်းဆုပ်လုံးလေးများ လက် တစ်ဆုပ်စာစီ လုံးပါ။ ဂျူးမြစ်၊
သခွားသီး၊ ခရမ်းချဉ်သီးတို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

IMG_0039 IMG_0043

Image

ပဲထွန်ဆေးခါးဟင်းချို (အင်းလေး- ရှမ်း)


IMG_0071

ပဲထွန်ဆေးခါးဟင်းချို (အင်းလေး- ရှမ်း) ပဲထွန်ဆေးခါးဟင်းချိုတခွက်ကိုချက်ဖို့ ကျမမှာ ဟိုလူကယ်ပါ ဒီလူကယ်ပါနဲ့ပေါ့။ မစုမိ နဲ့ လင်းက နည်းပေးတယ်။ ရန်ကုန်ကမမီးကို လှမ်းပြီး ဒုက္ခပေးရှာခိုင်းရတယ်။ အဲဒီလို လူအမျိုးမျိုးကို နှိပ်စက်ပြီးသကာလ ပဲထွန် ဆေးခါးစတာတွေလက်ထဲရောက်လာတော့ ကျမဒီ ရှမ်းရိုးရာဟင်းချိုကို လူအများကောင်းစားဖို့( သူတို့ ၃ယောက်ကို ဒုက္ခပေးရကျိုးနပ်သွားအောင်) စချက်ပါတော့မယ်ရှင်။

ပါဝင်ပစ္စည်းများ( ၂ယောက်စာ )
-ပဲထွန် လက်တဆုပ်စာ
-ဆနွမ်း အနဲငယ် ပါလေကာ
-ဂျင်း ထောင်းပြီးသား ၂ဇွန်းစာ(အချိုဇွန်း)
-ကြက်သွန်ဖြူ ၃ မွှာ
-ဆား
-အရသာမှုန့် ၁ဇွန်း (အချိုဇွန်း)
-ဆေးခါးမှုန့် ( လိုသလောက်အခါးသောက်နိုင်သလောက် အနဲငယ်)
IMG_0046 IMG_0007

 

ပဲထွန်ကို နူးအောင် ပြုတ်ပြီး ဆယ်ကာ ထောင်းထားပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ဆီပါလေကာ အိုးထဲ ထဲ့ပြီး ဆနွမ်းထဲ့ဆီသတ်ပါ။ ပြီးမှ ထောင်းထားသောပဲများထဲ့ကာ ရေ ၇၅၀ မီလီလောက် ( ဟင်းချိုခွက် ၂လုံးစာ) ထဲ့ကာပွက်ပါစေ။ ဆား၊ အရသာမှုန့်တို့ ဟင်းရည်အိုးထဲ ထဲ့ရပါမယ်။ ပဲထွန်ဆေးခါးဟင်းရည်က ဂျင်းများများ နဲ့ ကြက်သွန်ဖြူထောင်းများများ အဓိကပါ။ ကြက်သွန်နီကို ထဲ့လိုက ထဲ့နိုင်ပါတယ်။

IMG_0052ပွက်လာပြီး အပျစ်အကျဲအနေတော်ရင် နောက်ဆုံးမှာ အရသာ မြည်းပြီး ဆေးခါးမှုန့်ကို အခါးသောက်နိုင်တာပေါ်မူတည်ပြီး ထဲ့ပေးကာ ပူပူလေးသုံးဆောင်ရန် ရှမ်းဟင်းချိုတခွက်ရပါပြီ။ သတ်သတ်လွတ်မဟုတ်တဲ့ဟင်းချိုလိုချင်ရင်တော့ ငါးနဲ့ချက်လို့ရပါတယ်။ ပဲထွန်ဟင်းရည်ကို ငါးနဲ့လဲ ချက်စားပါတယ်။ ငါးနဲ့ချက်ရင်တော့ ငါးနဲ့ ပဲထွန်ပေါင်းပြုတ်ပြီး နူးရင် ပဲထွန်ကိုလဲ ထောင်း ငါးကိုလဲ အရိုးနွင်ပြီးထောင်းပါ။ ထောင်းပြီးငါးကို ဆား ၊ အရသာမှုန့်နဲ့ နယ်ပြီး ဂျင်း၊ ကြက်သွန်များဆီသတ်ပြီးဟင်းရည်အိုးထဲပြန်ထဲ့ရပါမယ် ။ရေထဲ့ပြီး ရေပွက်လာရင် နောက်ဆုံးမှာ အရသာ မြည်းပြီး ဆေးခါးမှုန့်ကို အခါးသောက်နိုင်တာပေါ်မူတည်ပြီး ထဲ့ပေးပါ။

ရှပ်ချဉ်စပ်မွှေးဟင်းချို (တနင်္သာရီတိုင်းအစားအစာ)


IMG_0070ရှပ်ချဉ်စပ်မွှေးဟင်းချို (တနင်္သာရီတိုင်းအစားအစာ)
ဒီဟင်းက အရည်သောက်လေးပါ။ ချဉ်ချဉ်စပ်စပ်လေးပါ။ စပါလင်နံ့သင်းသင်းနဲ့ မွှေးလဲအလွန်မွှေးပါတယ်။ တနင်္သာရီတိုင်းဘက်က ရှပ်၊ ကမာ၊ ဂုံး ပင်လယ်စာအလွန်ပေါများပြီး လတ်ဆတ်လှတာမို့ ဒီလိုဟင်းလေးတွေအမြဲတွေ့ရတတ်ပါတယ်။ ကျမသားကြီး အလွန်ကြိုက်တဲ့ ပင်လယ်စာဟာ ကျမအတွက် ခဏခဏ ချက်ပြုတ်ရတဲ့ဟင်းများဖြစ်ပါတယ်။ ရှပ်အကောင်လေးတွေက ချက်လိုက်ရင်ခဏနဲ့ပွင့်သွားရပါမယ်။ မပွင့်ပဲကျန်ခဲ့ရင် မလတ်လို့ပါ။ ပြီးရင် ချက်ပြီး ပြီးချင်းစားဖို့လိုပါတယ်နော်။ ပင်လယ်စာဟာ အခန့်မသင့်ရင်ဝမ်းပျက်တတ်လို့ လတ်လတ်ဆတ်ဆတ်သာစားစေချင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
-ရှပ် အကောင် ၂၀လုံးခန့်
-ကြက်သွန်နီ
-ကြက်သွန်ဖြူ ၂မွှာ
-ငရုတ်သီးစိမ်း ၂တောင့်
-စပါလင် ၁တောင့်
-ဆနွမ်း ပါလေကာမျှအနဲငယ်
-ဂျင်း အနဲငယ်
-ဆား
-အရသာမှုန့် ၁ဇွန်း( အချိုဇွန်း)
-ငရုတ်ကောင်းအနဲငယ်
-သံပုရာ တခြမ်း
ကြက်သွန်လေးစိတ်ကွဲ လှီးထားပါ။ အဖြူကို ဓားပြားရိုက်ထားပါ။ စပါလင်ကို ခပ်စောင်းစောင်းလေး ရိတ်ရိတ်လှီးထားပါ။ ငရုတ်သီးစိမ်းကို လဲအနေတော်လှီးထားပါ။ ရှပ်ကောင်လေးတွေကိုတော့သဲစင်အောင် ရေဆေးထားပါ။

IMG_0048
ဒယ်အိုးထဲကိုဆီအနဲငယ်ဖြင့် အပူပေးပြီး ကြက်သွန်နီ၊ ဖြူ တို့ကို စပါလင်၊ ဂျင်း၊ ဆနွမ်း တို့ထဲ့မွှေပါ။

IMG_0053

 

ကြက်သွန်နွမ်းပြီးမွှေးလာရင် ရှပ်ကောင်လေးများထဲ့ကာ ရေပူပူကို မြုပ်ရုံထဲ့ ငရုတ်သီးစိမ်းပါရောပါ။ ဆား၊ အရသာမှုန့်တို့ရောပါ။

IMG_0054

 

ရှပ်ကောင်လေးများ ပွင့်လာပြီဆိုရင်းသံပုရာညှစ်ကာ ငရုတ်ကောင်းခတ် ပြီးချက်ချင်းပူပူလေး ချဉ်ချဉ်စပ်စပ်သုံးဆောင်နိုင်ပါပြီရှင်။

IMG_0055

Image

ကြက်ဥထောင်း (ကချင်ရိုးရာ)


ကြက်ဥထောင်း (ကချင်ရိုးရာ)
IMG_0084
                          ကျမ ကိုဒီနည်းလေးပေးတဲ့ ကချင်မလေးက မြေနီကုန်း ရှမ်းကုန်းလမ်းထဲက Fingers Foodgarden ဆိုင်ပိုင်ရှင်ချောချောလေးပဲဖြစ်ပါတယ်။ ကျမက သူ့ကို ကချင်ဟင်းလေးတွေ ရေးချင်ကြောင်း အကူအညီတောင်းတဲ့အခါမှာ သူမလေးက ကျမကို ညတွင်းချင်း ကချင်ရိုးရာ နည်းလေးတွေကိုရေးပေးရှာပါတယ်။ ကျမအချိန်ကို ကြည့်လိုက်တော့ မြန်မာပြည်မှာ တော်တော်ကို မိုးချုပ်နေပါပြီ။ စိတ်ရင်းကောင်းပြီး ကူညီတတ်သူလေးဆိုတာ ချက်ချင်းသိလိုက်ပြီး ကျမ အလွန်ကို ကျေးဇူးတင်မိပါတယ်။ ကချင်ရိုးရာ အစားအစာများကို အားပေးချင်ရင်တော့သူကလေး ဆိုင်ကလေးက စေတနာပါပိုထဲ့ပေးမဲ့ဆိုင်ကလေးဖြစ်ပါလိမ့်မယ် လို့သတင်းပေးချင်ပါတယ်ရှင်။ ဒီ ကြက်ဥထောင်းလေးကို ကျမရော အမျိုးသားရော အလွန်ကြိုက်နှစ်သက်ပြီး ခံတွင်းအလွန်တွေ့တဲ့ အစားအစာလေးပါရှင်။ လုပ်ရတာလဲ အလွန်လွယ်ကူပါတယ်။ကြည့်ရအောင်
ပါဝင်ပစ္စည်းများ(တပွဲစာ)
-ကြက်ဥ ၂လုံး
-ငရုတ်သီးစိမ်း၁တောင့်
-ကြက်သွန်ဖြူ ၁ဥ
-ဂျင်း အနဲငယ်
-နံနံပင် ၅ ဂရမ်(လက်တဆုပ်စာ)
-ဖက်ဖယ်ရွက် ( မရှိရင်ပင်စိမ်းသုံးပါ) အနဲငယ် Vietnam corriander
-ဆား လိုသလောက်
-အရသာမှုန့်၁ ဇွန်း (အချိုဇွန်း)
IMG_0062
        ကြက်ဥလေးတွေကို ပြုတ်ထားပါ။ ဒီနေရာမှာ ကျမကြက်ဥပြုတ်တဲ့အခါတိုင်း အနှစ်အလွန်ကျက်အောင်မပြုတ်ပဲ အနှစ်ရဲရဲလေး ခပ်ပျော့ပျော့အနေမှာထားပါတယ်။ အဲဒါမျိုးလိုချင်ရင် ရေနွေးအိုးကို ပွက်ပွက်ဆူအောင်တည်ပါ။ ဗီနီဂါ ၃ – ၄ စက် ထဲ့ပါ။ ကြက်ဥကိုရေနွေးပွက်မှ ထဲ့ပါ။ ထဲ့တဲ့အချိန်ကနေ ၇မိနစ် အကြာပြုတ်ပါ။ ပြီးရင် ရေအေးအေးထဲကို ချက်ချင်းစိမ်ပါ။ ကြက်ဥလေးတွေ အေးပြီးဆိုရင် အခွံကို ခွါတဲ့အခါလွယ်လွယ်ကူကူ ခွါလို့ရနေပါမယ်နော်။
      ပြီးရင်အကာကိုသပ်သပ်  ဖယ် ပြီး ခပ် သေး သေး လှီး  အနှစ်ကို သပ် သပ် ဖယ် ထားပေးပါ။
      ဆုံထဲမှာ ဂျင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူဥကို ညက်အောင်ထောင်းပေးပါ။ နံနံပင်၊ ဖက်ဖယ်ရွက် ကိုပါထည့်ပြီး ထောင်းပါ။
IMG_0016
IMG_0063
 ဆား အနည်း ငယ် ထည့်ပါ။ပြီးမှ ကြက် ဥ အကာ ကို ထည့်ပြီး ထောင်းပါ။ အရသာမှုန့်ထဲ့ပေးပါ။ ဇွန်းလေး ၁ ချောင်းဖြင့် မွှေလိုက် အနဲငယ် ထောင်းလိုက်လုပ်ပါတယ်။
IMG_0065
ပြီး မှ အနှစ် ကို ထည့် ထောင်းပြီး။ ဆီစိမ်း နည်းနည်း လေး ထည့် ပေး ဆီဖုံး တဝက် စာခန့်ထဲ့ပေးပါ။
နောက်ဆုံးမှာ သံပုရာ သီး နဲနဲညှစ်ပေးပြီးအရသာရှိရှိ စိမ့်ပြီး စပ်သော ကချင်ကြက်ဥထောင်းလေးရပါပြီ။

 

IMG_0067 IMG_0070

သီးစုံဆန်လှော် ဆေးခါးဟင်းရည် (အင်းလေးရိုးရာ)


သီးစုံဆန်လှော် ဆေးခါးဟင်းရည်

IMG_0035
ကဲ ကျမရဲ့ ဒီဟင်းရည်လေးအကြောင်းကိုပြောရရင်တော့ လူငါးယောက်ပါလာပါမယ်။ တဦးက ဒီဟင်းရည်ရဲ့ဇာတ်လမ်းကို စသူ မစုမိ၊ သူက ကျမကို ဒီဟင်းရည်လုပ်ပါလားလို့ အကြံဉာဏ်ပေးပါတယ်။ အဲဒီအချိန်မှာကိုထက်က အင်းလေးမှာဆိုလို့ လိုအပ်တာတွေလှမ်းမှာပါတယ်။ အချိန်ကွာခြားချက်ကြောင့် ဖုန်းဆက်တာမမှီလို့မရလိုက်ဘူး။ သူကအင်းလေးကနေ ရန်ကုန်ကိုပြန်ဖို့လေဆိပ်မှာရောက်နေပါပြီ။ ကျမကိုတောင်ကောင်းကောင်းစကားမပြောနိုင်ဘူး။ အမေစု ( ဒေါ်အောင်ဆန်းစုကြည်) လာမှာနဲ့ လေဆိပ်မှာတိုးနေလို့ သူအရမ်းပျော်နေတယ်ဆိုပြီး ဖုန်းချသွားပါလေရော။ အဲဒီမှာတင် ကျမကို အမတယောက်လို အမြဲကူညီပေးသော ရန်ကုန်ကမမီးမီးမြင့်သိန်း(မမီး) ကိုလှမ်းပြီးအပူကပ်ပါတယ်။ မရမချင်းဖုန်းခေါ် နှိပ်စက်ပါတယ်ရှင်။ ဆူဆူဆဲဆဲနဲ့ ကျမလိုချင်တာကို သူ့ခမြာ ရအောင်ဖန်တီးပေးရှာပါတယ်။ ကိုထက်က လန်ဒန်ထိ ရောက်အောင်သယ်လာပေးသူပေါ့။ ဒီရောက်တော့ လင်းဆိုတဲ့ ရှမ်းမလေးက ပြင်သစ်ကနေ နည်းကို ဖုန်းနဲ့တမျိုး စာနဲ့တဖုံ သေခြာသင်ပေးနဲ့ ဒီဟင်းက အတော်ကို ရှည်လျားထွေပြားသွားပါတယ်။ ကျမသို့ပေသိ စားကောင်းတယ်ဆိုတော့ ဒီ၅ယောက်ပင်ပန်းရကျိုးနပ်ပါပြီလို့ သူတို့တော့သိဘူး ကိုယ်ဟာကို ကျေနပ်လိုက်ပါတယ်ရှင်။ ဒီထဲမှာပါတဲ့ ဆေးခါးမှုန့်က ကျန်းမာရေးနဲ့ညီညွတ်ပြီး သူ့ရဲ့ အာနိသင်က ကြက်ဟင်းခါးသီး အာနိသင်လိုပါပဲတဲ့။

ပါဝင်ပစ္စည်းများ( ၂ယောက်စာ)
-၀က်သား ၅၀ ဂရမ်
-၀က်ခေါက်ကြော် ၁၀ ဂရမ်
-ခရမ်းခဆော့ခါးသီး
-ခရမ်းသီး
-ခရမ်းချဉ်သီး
-ကြွက်နားရွက်မှို
-အာလူး
-ကြက်သွန်နီ
-ဖရုံသခွါးသီး (ဖရုံသီးစိမ်း)
-မုန်လာဥနီ
-ပဲပုပ်မှုန့် (ပဲပုပ်ချပ်ကို ကင်ပြီးထောင်းထားပါ)
-ငရုတ်ကောင်း အနဲငယ်
-ဆန်လှော်မှုန့် ၂ဇွန်း(စားပွဲတင်)
-ဆား
-အရသာမှုန့်
– ဆေးခါး
– ကြက်သွန်မြိတ်

(အသီးအနှံတွေ ကိုအနဲငယ်စီထဲ့ပါ။)

ချက်နည်း ။ ။ ၀က်ခေါက်ကို ကြော်ပြီး ရေစိမ်ထားရပါမယ် (ပွပြီး ပျော့ပျော့နေတဲ့အထိ) ကျမက ရယ်ဒီမိဒ် ဝက်ခေါက်ကြော်ကိုသုံးလိုက်တယ်။
ပါးပါးလှီးထားတဲ့ ၀က်သားကို ဆီအနဲငယ်နဲ့ အရင်ကြော်ပေးပါ။
အသီးအနှံတွေကို ကြိုက်နှစ်သက်ရာပုံစံနဲ့လှီးဖြတ်ထားပေးပါ။ ၀က်သားရလောက်ချိန်မှာ လှီးဖြတ်ထားတဲ့ သီးစုံတွေ အကုန် ထဲ့ လုံး ပြီး ခန လုံးကြော်ပေးရပါမယ်။သီးစုံတွေ နွမ်းလာရင် ဆား၊ အရသာမှုန့်၊ ပဲပုပ်မှုန့်အနဲငယ် ထဲ့ပြီးမွှေပါ။

IMG_0008

ပြီးရင် ရေ၁လီတာခွဲခန့်ထဲ့ လိုက်ပြီး တည်ထားလိုက်ပါ
ဟင်းရည်အိုးဆူလာရင် ရေစိမ်ထားတဲ့ ၀က်ခေါက်နဲ့ ကြွက်နားရွက်မှို ထဲ့လိုက်ပါ
အားလုံး နူးပြီး ကျက်တဲ့ချိန် အရသာမြည်းပြီး လိုအပ်သလို ဆားငရုတ်ကောင်း ၊ အရသာမှုန့် ထဲ့လိုက် ပြီး ..ဆန်လှော်မုံ့ ကို ထဲ့ လိုက်ရပါမယ် ဆန်လှော်မုံ နံ့လေး မွှေးပြီးရလောက်ချိန်မှာ အခါးစားနိုင်သလောက် ဆေးခါးမှုန့် ကို လဖက်ရည်ဇွန်းစာခတ်ပါ။

IMG_0007 IMG_0013

နှစ်သက်သလို ဟင်းပန်းကန်ထံ ခတ်ထဲ့ပြီး ကြက်သွန်မြိတ် စင်းပြီးဖြူးထဲ့လိုက်ရုံဖြင့် စားလို့ အသင့်ဖြစ်နေတဲ့သီးစုံ ဆန်လှော် ဆေးခါး ဟင်းရည် စားလို့ ရပြီပေါ့ရှင်။

ဝက်သားမုံညင်းချဉ်ကြော်


ဝက်သားမုံညင်းချဉ်ကြော်
                  ကျမအလွန်နှစ်သက်သော ဒီဝက်သားမုံညင်းချဉ်ကြော်ကို ရန်ကုန်က ရှမ်းဆိုင်တွေမှာအမြဲစားလေ့ရှိတဲ့ ဟင်းပါ။ ဒီဟင်းလေကိုလဲ ပြင်သစ်က ရှမ်းမလေး လင်းကပြောပေးပါတယ်ရှင်. လွယ်လဲလွယ်ပါတယ်။ ဝက်သားအသားအစား ကြက်သားကိုလဲသုံးနိုင်ပါတယ်။
IMG_0016
ပါဝင်ပစ္စည်းများ
-ဝက်သားတောက်တောက်စင်းအသား ၂၅၀ ဂရမ်
-မုန်ညင်းချဉ် ၁၀၀ ဂရမ်
-ခရမ်းချဉ်သီး ၁လုံး
-ဆား
-အရသာမှုန့်၂ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်း အနဲငယ်
     IMG_0131_2
      မုံညင်းချဉ်ကို စင်းထားပေးပါ။ ခရမ်းချဉ်သီးတလုံးလဲ စင်းထားပါ။ .အသားကို ဆား၊ အရသာမှုန့် ၊ ငရုတ်ကောင်းအနဲငယ် ထဲ့နယ်ထားပေးပါ။ အသားကို ဆီအိုးတယ်ကာ ထဲ့ကြော်ပါ။ အသားကျက်ရင် မုံညင်းချဉ်ထဲ့ပေးပါ။
IMG_0132 IMG_0001
ပြီးရင် ခရမ်းချဉ်သီးထဲ့ ပါ။  ဆား၊ အရသာမှုန့် လိုသလိုထပ်ထဲ့ရုံဖြင့်  ကြိုက်နှစ်သက်တဲ့အနေရရင် စားဖို့ အသင်ရပါပြီ ၊ ဆီရွှဲလေ ပိုစားကောင်းလေလို့ သိရပါတယ်။ ရှမ်းဆန်ထမင်း ပူပူလေးဖြင့်အလွန်စားကောင်း မှာသေချာ ပါတယ် ရှင်။
IMG_0002
        ကျမက အစပ်ကြိုက်သူဆိုတော့နောက်ဆုံးမှာ ငရုတ်သီးစိမ်းတတောင့် ပါးပါးညှပ်ပြီးထဲ့ လိုက်ပါတယ်၊ ရှမ်းနံနံ နှစ်ပင်ကိုလဲ အနေတော်ဖြတ်ထဲ့ပါတယ်။ ဒီနှစ်မျိုးက မပါလဲရပါတယ်နော်
IMG_0016

ကြာရိုးနဲ့ငါးဟင်း (မွန်ဒေသအစားအစာ)


IMG_0041
ဒီဟင်းလေးက မွန်ဓလေ့ထုံးစံအတိုင်း ချက်ပြပေးပါမယ်။ ဒီနည်းလေးကတော့ကျမဖတ်ဖူးတဲ့ ဗမာလူငယ်ကဏ္ဍ ကနည်းလေးကိုအသုံးပြုပါတယ်ရှင်။ မူရင်းရေးသားသူကိုအလွန်ကျေးဇူးတင်ပါကြောင်း ဒီနေရာကပြောပါရစေနော်။ မွန်ရိုးရာအတိုင်း ငပိရယ်၊ မရမ်းသီးရယ်ကတော့ မပါမဖြစ်ပါ။ မရမ်းသီးမရနိုင်ရင် မကျည်းသီးကို သုံးနိုင်ပါတယ်ရှင်။ ဒီမှာတော့ကျမက ကြာရိုးကိုသန့်စင်ပြီးသား ပုလင်းလေးတွေနဲ့ရပါတယ်။ ရိုးရိုးကြာရိုးကိုခူးရမယ်ဆိုရင်တော့ ကြာရိုးခွံလေးတွေကို ဓားလေးနဲ့ခြစ်ပြီးခွါပေးရပါမယ်နော်။ အနေတော်လှီးဖြတ်ထားပေါ့။ သန့်စင်ပြီး ဟင်းခါးအဖြစ်သက်သက်လဲချက်နိုင်ပါတယ်တဲ့။ ငါးကိုတော့အရိုးနဲ အသားများတဲ့ ငါး မည်သည့်ငါးကိုမဆိုသုံးနိုင်ပါတယ်။ ကျမက ငါးမြင်းကိုသုံးပါတယ်ရှင်။
ဒီဟင်းလေးဟာ ချိုချိုချဉ်ချဉ်စပ်စပ်လေးနဲ့ထမင်းမြိန်စေမဲ့ သောက်ဆမ်းချဉ်ရည်ဟင်းလေးတခွက်ဖြစ်ပါတယ်ရှင်။ တိုင်းရင်းသားဟင်းတွေဟာ ဆီနဲနဲလေးပါလေကာချက်တာမို့ ကျန်းမာရေးနဲ့အလွန်ညီမယ်ဆိုတာ သေချာပါတယ်။ မွန်မလေးတွေဒါကြောင့် လှတာနေမှာ။ တော်နေကြာအမချက်တဲ့ဟင်းက ဟုတ်လဲဟုတ်ဘူးပြောမှာစိုးလို့။

ပါဝင်ပစ္စည်းများ
-ကြာရိုး
-ငါး ၂၃၀ ဂရမ် (၁၅ကျပ်သားခန့်)
-ငရုတ်သီး အတောင့် ၁၀တောင့်( အလွန်မစပ်သော ငရုတ်သီးလေးများကို အတောင့်၂၀ခန့်ထဲ့ပါ)
-ငပိ စားပွဲတင်ဇွန်း ၁ ဝက်
-မရမ်းသီး ၄လုံး (ကျမက အခြောက်ကိုသုံးပါတယ်)(မလွယ်ရင် မကျည်းရည်သုံးပါ)
-ကြက်သွန်နီ ၁လုံး (ကြီး)
-ဆား လိုသလောက်
-ဆနွမ်း၁ဇွန်း (အချိုဇွန်း)
-အရသာမှုန့် ၃ဇွန်း( စားပွဲတင်)
-ရေ ၂လီတာ
-ရှမ်းနံနံ ၂ပင်ခန့်

IMG_0010 IMG_0014_2
ငါးကိုအနေတော်တုံးပြီး ဆနွမ်း၊ ဆား ၊ အရသာမှုန့် ၁ဇွန်းတို့ဖြင့်နယ်ထားပါ။

IMG_0013
ကြက်သွန်နီ၊ ငရုတ်သီး၊ မရမ်းသီးတို့ကို ညက်နေအောင်ထောင်းထားပေးပါ။ တည်မဲ့အိုးထဲမှာ ငါး၊ ကြက်သွန်ထောင်းတာများ၊ ကြာရိုးများ၊ ဆား ၊ အရသာမှုန့်၊ငပိ တို့ထဲ့ပြီး နှံ့သွားအောင်ရောမွှေပေးပါ။ ဆီကိုတော့ပါလေကာပဲ ထဲ့ပါတယ်။ စားပွဲတင်ဇွန်း ၂ဇွန်းလောက်ပေါ့။

IMG_0017

ပြီးရင် ရေ ၁လီတာခန့်ထဲ့ပြီး မီးဖိုပေါ်ပွက်လာအောင်တည်ပေးပါ။ ဟင်းကိုပွက်ပွက်ဆူလာက ရေကိုထပ်ဖြည့်ရင်း ကြာရိုးနဲ့ ငါးများနူးတဲ့အထိ တည်ပါ။

IMG_0019 IMG_0023

အရသာအချဉ်အပေါ့အငံမြည်းပြီး နောက်ဆုံးမှာ ရှမ်းနံနံအုပ်ကာ အဆင်သင့်စားသုံးနိုင်ပါပြီရှင်။

IMG_0026 IMG_0027

ငှက်ပျောဖူးဟင်း (ငှက်ပျောဖူးသန့်စင်နည်း)


IMG_0067

IMG_0065_2ငှက်ပျောဖူးဟင်း (ငှက်ပျောဖူးသန့်စင်နည်း)
ဒီငှက်ပျောဖူးဟင်းပုံစံကို ကျမစားခဲ့ဖူးတာကျိုက်ထီးရိုးသွားတဲ့လမ်းမှာပါ။ ဘယ်ဆိုင်မှာလဲ ဆိုတာလဲသေချာမမှတ်မိပါ။ လွန်ခဲ့သော ၁၀နှစ်ကျော်ကပါ။ အရသာကိုတော့ မမေ့နိုင်တဲ့အတွက်ကျမ မတူ တူအောင်ချက်ပါတယ်။ ဒီဟင်းလေးက ကိုထက်အလွန်ကြိုက်လို့ ခဏခဏချက်ဖြစ်တဲ့ဟင်းလေးပါ။ ငှက်ပျောဖူးသန့်စင်ပုံကိုပါရှင်းပြထားပါတယ်နော်။ သန့်စင်ပုံကို တကယ်တမ်းနည်းသိသွား အလွန်လွယ်ပါတယ်။

သန့်စင်ပုံကိုအရင်ရှင်းပြချင်ပါတယ်

ခွက်တခွက်ထဲရေထဲ့ပြီး လီမွန်သီးတလုံးကို ညှစ်ထဲ့ထားပါ။ ဒီနေရာမှာ လီမွန်ရည်အစား ဗီနီကာ မကျည်းရည်စတာတွေကိုသုံးလို့ရပါတယ်။ အချဉ်ရဲ့ ဓာတ်ကြောင့်ငှက်ပျောဖူးအဆံများ အသားများမဲ ညိုမသွားအောင်ကာကွယ်ပေးပါတယ်။ ဒါကြောင့်ဒီရေခွက်ကိုအရင်ပြင်ထားပေးပါ။
လက်ကိုဆီသုတ်ပြီး ကိုင်ခြင်းဖြင့် စေးကပ်ခြင်းကိုကာကွယ်နိုင်ပါတယ်
ငှက်ပျောဖူး အခွံနီလေးကို ခွါလိုက်ရင် အဆံလေးတွေကပ်နေတာမြင်ရပါမယ်၊ အဲဒါလေးတွေကနောင်တချိန်မှာ ငှက်ပျောဖီးဖြစ်သွားမှာလေးတွေပါ။

IMG_0013

ကျမကပထမအလွှာ တလွှာက အမွှာလေးများကို တော့မသုံးပဲဖယ်လိုက်ပါတယ်။ နောက်တလွှာကစလို့ အမွှာလေးတွေကိုယူပြီးဝတ်ဆံလေးကိုဖွင့်ပါမယ်။ ဖွင့်လိုက်ရင်ပုံမှာပြထားတဲ့အတိုင်း ပလက်စတစ်လို မာမာလေးကိုဖယ်ထုတ်ပစ်ရပါမယ်။ အလယ်က ဝတ်ဆံကိုလဲဖယ်ပစ်ရပါမယ်။

IMG_0022IMG_0023ပြီးရင်ကျန်တဲ့အပွင့်ကိုလီမွန်ရေပါတဲ့ရေခွက်ထဲကို ချက်ချင်းထဲ့ရပါမယ်။ စားလို့ရပါတယ်နော်။ အဲလိုနဲ့ တလွှာပြီးတလွှာသန့်ပြီးရင် နောက်ဆုံးအသားချည်းကျန်ပါမယ်။ အဲဒါဆိုရင် ဓားဖြင့်ကြိုက်နှစ်သက်ရာအရွယ်တော်လှီးဖြတ်ပြီး လီမွန်ရေထဲ စိမ်ထားလိုက်ပါ။

IMG_0025 IMG_0026

ဟင်းချက်ရအောင်( လိုအပ်တာလေးတွေ )
-ကြက်သွန်နီ၁ခြမ်း
-ကြက်သွန်ဖြူ၂မွှာ
-ပုဇွန်ခြောက်မှုန့် ၂ဇွန်း
-ငရုတ်သီးလေးခြမ်းခွဲ၂ဇွန်း(စားပွဲတင်)
-ငပိ တဇွန်း(အချိုဇွန်း)
– လီမွန်၁ခြမ်း
-ဆား အနဲငယ်
-အရသာမှုန့်၁ဇွန်း(အချိုဇွန်း)
ကြက်သွန်နီ၊ ဖြူ ကိုညက်အောင်ထောင်းထားပြီး ဆီပါလေကာထဲ့ကာ ပုဇွန်ခြောက်မှုန့်၊ ငရုတ်သီးတို့ဖြင့်ဆီသတ်ပါ။ ကြက်သွန်များကျွတ်လာကာနီးပြီဆိုရင် ငှက်ပျောဖူးများစိမ်ထားတာကို အရိအရွဲတွေစင်အောင် လက်ဖြင့်ပွတ်ဆေးလိုက်ပါ။ ပြီးရင်  ရေစစ်ပြီး အိုးထဲကိုအကုန်ထဲ့ပြီးရောမွှေပေးပါ။IMG_0027IMG_0028

ငပိကိုရေဖျောပြီး ဇကာဖြင့်စစ်ထဲ့လိုက်ပါ။ ရေ အနဲငယ် (အကြမ်းပန်းကန်တလုံးစာခန့်) ထဲ့ပြီး ဆား၊ အရသာမှုန့်တို့ရောသမအောင်မွှေပြီး အဖုံးခဏအုပ်ပေးပါ။ ၃-၄ မိနစ်ခန့်ကြာရင် အရသာမြည်းကာ လီမွန်ညှစ်ပြီးအဆုံးသတ်ကာ ထမင်းပူပူဖြင့်စားသုံးနိုင်ပါပြီရှင်။IMG_0029IMG_0032IMG_0065_2