ဝက်သားသုံးထပ်သားပေါင်း


ဝက်သားသုံးထပ်ပေါင်း(တရုတ်နည်း)
Braising လုပ်တယ်လို့ခေါ်ပါတယ်။ ချက်နည်း၂မျိုးပေါင်းပြီး ချက်ထားတာမျိုးပေါ့။ ကင်ပြီးဖြစ်စေ ကြော်ပြီးဖြစ်အသားအပြင်ဖက်ကိုကျက်စေပြီးမှ နူးအိနေအောင်ပေါင်းထားတာကိုပြောတာပါ။ ဒီပေါင်းနည်းက အရည်များများပါ ပါတယ်။ ပေါင်းမဲ့အသားက အရည်များများ လုံလောက်အောင် ထုတ်မပေးနိုင်မှာမို့ ဟင်းသီးဟင်းရွက်များနဲ့ပေါင်းကြပါတယ်။ ဥပမာ- ဘီယာ၊ ဝိုင်၊ ခရမ်းချဉ်သီး အစရှိသည်ဖြင့်ထဲ့ပါတယ်။ အမဲသား၊ သိုးသားတို့ကိုလဲဒီလိုပဲပေါင်းကြပါတယ်။ ဒီနေ့တော့အိသက်က တရုတ်နည်းနဲ့ ဝက်သား Braise လုပ်ပါမယ်နော်။

ပါဝင်ပစ္စည်းများ
-ဝက်သား၃ထပ်သား ၅၀၀ ဂရမ်(၃၀သားခန့်)
-ရှယ်ရီဝိုင် ၃ဇွန်း(စားပွဲတင်)
-ပဲငံပြာရည် ၁ဇွန်း(အချိုဇွန်း)
-ဆားနဲနဲ၊ ကြက်သားမုန့်၂ဇွန်း(အချိုဇွန်း)
-ဂျင်း၁ဇွန်း(စားပွဲတင်)
-တရုတ်မဆလာ၁ဇွန်း(အချိုဇွန်း)
-သကြား၂ဇွန်း(အချိုဇွန်း)
-နာနတ်ပွင့် ၃ပွင့်
-ကြက်သွန်မြိတ်၃ချောင်း
-ကိုက်လန် (သို့) မုန်ညင်း
သန့်စင်ပြီးဝက်သားသုံးထပ်သားကို ဂျင်း၊ ဆားနယ်ကာ အခေါက်ဘက်အောက်ထားပြီး ဆီမြုတ်ရုံကြော်ပါ။ ၁၀မိနစ်ခန့်မွှေးပြီးရဲလာပြီဆိုရင် ဖယ်လိုက်ပါ။

pressure cooker ထဲတွင်ကြက်သွန်မြိတ်များခင်းပါ။

အဲဒီအပေါ်ကမှ ဝက်ခါက်သားတင်ပါ။ ပြီးရင်ရှယ်ရီဝိုင်၊ ပဲငံပြာရည်၊ ဆားနဲနဲ၊ ကြက်သားမုန့်၊ တရုတ်မဆလာ၊ သကြား၊ နာနတ်ပွင့် တို့ထဲ့ကာ ရေနွေးနွေးအသားမြုတ်ရုံထဲ့ပြီး မီးမျှင်းမျှင်းဖြင့်တည်ပါ။

  

၄၅မိနစ်- မိနစ်၅၀ လောက်တည်ပြီးအသားနူးအိပြီဆိုရင် အရွက်ထဲ့ပါ။ မီးပိတ်ပြီး အဖုံးပြန်အုပ်လိုက်ပါ။ အရွက်တွေက နူးလွယ်လို့ ၅မိနစ်ဆိုရပါပြီ။

ပြီးရင် ထမင်းပူပူ နဲ့တွဲဖက်စားသုံးနိုင်ရန် ဝက်သားပေါင်းမွှေးမွှေးအိအိလေးအဆင်သင့်ရပါပြီ။

Advertisements

ပုဇွန်ပေါင်မုန့်ကပ်ကြော်


ပုဇွန်ပေါင်မုန့်ကပ်ကြော်
တရုတ်ဆိုင်တွေမှာပထမဆုံးအဆာပြေ အနေနဲ့စားကြတဲ့ပုဇွန်ပေါင်မုန့်ကပ်ကြော်ပါ။ အိသက်သားလေးကတော့ အလွန်ကြိုက်ပါတယ်၊ သူကိုယ်တိုင်လဲ အမြဲတောင်းဆိုတတ်လို့မနက်စာအဖြစ်လုပ်ပေးရပါတယ်။ အရမ်းလွယ်ပါတယ်။

ပါဝင်ပစ္စည်းများ
-ပေါင်မုန့်၅ချပ်
-ပုဇွန်ကျားလတ်လတ် ၇-၈ကောင်
-ကြက်သွန်မြိတ်၁ချောင်း
-ကြက်သွန်ဖြူ၂မွှာ
-ဂျင်း၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-ငရုတ်ကောင်းအနဲငယ်
-နှမ်းအနဲငယ်

ပေါင်မုန့်ဘေးသားများကိုလှီးလိုက်ပါတယ်



ပုဇွန်ကျားလတ်လတ် ၇-၈ကောင် ကိုကြက်သွန်မြိတ်၁ချောင်းနုတ်နုတ်စင်း ကြက်သွန်ဖြူ၊ ဂျင်း တို့ဖြင့်ရောကာ ဓားနုတ်ပေါက်၍သော၎င်း ဖြင့်ကြိတ်၍သော၎င်း ညက်စေကာ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)၊ငရုတ်ကောင်းအနဲငယ် တို့ဖြင့်နယ်ပါ။

ပြီးမှ ပေါင်မုန့်ပေါ်သုတ်ကာ နှမ်းအနယ်ငယ်ကပ်လိုက်ပါ။

  

ဆီပူတွင် ၁မိနစ်-၂ မိနစ်ခန့်ဟိုဖတ်ဒီဖတ် လှန်ကြော်ပါ။ ပုဇွန်ဖက်ကိုပိုကြာကြာကြော်ပါ။ ကြော်ပြီးပေါင်မုန့်ပူပူလေးများကိုဆီခဏစစ်ထားကာ soy sauce ဖြင့်တွဲဖတ်စားနိုင်ပါပြီ။

  

ကြက်ကုန်းဘောင်ကြော်


အိသက်ရဲ့အကြိုက်ဆုံးဟင်းတွေထဲက တမျိုးပါ။ အိသက်တို့အိမ်မှာ နေ့လည်၁၂ နာရီဆိုရင် အဖေ့ဆိုင်က ရန်ကုန်မြို့တွင်း လှည့်ပို့ပြီးအိမ်အတွက် ထမင်းချိုင့်ရောက်လာပါပြီ။အဲဒီဟင်းတွေအများကြီးထဲကမှ ကြိုက်တာမပါလာရင် မမလေးကိုဖြစ်ဖြစ် မမကြီးကိုဖြစ်ဖြစ် အနိုင်ကျင့်ပြီး ဝယ်ကျွေးခိုင်တဲ့ ဟင်းလေးပါ။ အဲဒီထဲမှာပါတဲ့ ငရုတ်သီးကြော်ကိုအရမ်းကြိုက်ပါတယ်။ အဲဒါလေး ခဏခဏလုပ်စားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ(၂ပွဲစာ)

-ကြက်သားအသားချည်း၃၀၀ ဂရမ်
-ကြက်သွန်နီ ၂လုံး၊ အဖြူ ၃မွှာ
-ကြက်သွန်မြိတ်၁ချောင်း
-water chestnut သစ်အယ်သီး ၁၅၀ ဂရမ်( ပါးပါးလှီး)
-ငရုတ်သီးပွခြောက်(၆တောင့်)
-သီဟိုဠ်စေ့ လက်တဆုပ်စာ
-မုန်လာဥနီ ၁တောင့်(ပါးပါးလှီး)
-ဂျင်း အနည်းငယ်( ပါးပါးလှီး)
-sherryဝိုင်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ အကြည်၁ဇွန်း(စားပွဲတင်)
-ပဲငံပြာရေ အနောက်၁ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ဆားနဲနဲ
-သကြား၁ဇွန်း(အချိုဇွန်း)


ကြက်သားကို အနေတော်တုံးပြီး ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ဆားနဲနဲနဲ့ နယ်ထားပါ။

ဆီကိုအပူပေးကာ ငရုတ်ပွသီးထဲ့ကြော်ပါ။ ကျွတ်ပြီဆိုရင် ဆယ်ထားပါ။

အဲဒီဆီထဲမှာပဲကြက်သားထဲ့ကြော်ပါ.ရွှေဝါရောင်ဖြစ်ရင် ကြက်သားကျက်ပြီဆိုရင်ဆယ်ထားပါ။  ကြက်သွန်နီ၊ ဖြူ ၊ဂျင်း တို့ကို ဆီတွင်ထဲ့ကြော်ပါ။ ငရုတ်သီးကြော်ဆီရဲ့အရသာ အစပ်လေးကြက်သားမှာပါစေချင်လို့ပါ။

 

ကြက်သွန်နီ၊ ဖြူ ၊ဂျင်း တို့ကို ဆီတွင်ထဲ့ကြော်ပါ။

 

 

ကြက်သွန်ကျက်ရင် မုန်လာဥနီလေးများထဲ့ပါ။

ပြီးရင်ကြက်သားရောကာ ဝိုင် ပဲငံပြာရေ အကြည် အနောက်၊ သကြားတို့ရောကာ သစ်အယ်သီး ၊ ကြော်ပြီးသား ငရုတ်ပွသီး၊ သီဟိုဠ်စေ့ တို့ထဲ့ပြီး ကြော်ပါ။

  

နောက်ဆုံးမှာ ကြက်သွန်မြိတ် များဖြူးကာ အဆင်သင့်စားလို့ရပါပြီ။

 

ဖက်ထုပ်ပြုတ်


ဖက်ထုပ်ပြုတ်
ဖက်ထုပ်ခေါက်နည်းလေး ဖက်ထုပ် ထုပ်နည်းကတော့ ဖက်ထုပ်ကြော်ထဲမှာရေးပြီး ပြီဆိုတော့ကျန်တာလေးပဲ ဖြည့်ရေးလိုက်တော့မယ်နော်။


ပါဝင်ပစ္စည်းများ
-ပါဝင်ပစ္စည်းများ(၂၀ခု – ၄ပွဲစာ)
-ဝက် (သို့) ကြက် အသားmince ၁၅၀ ဂရမ်
-ကြက်ရိုး(သို့) ဝက်ရိုး အနဲငယ်
-ကြက်သွန်မြိတ် ၂ပင်
-ပဲငံပြာရည်အကြည်
-သကြား ၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ကော်မှုန့်၁ဇွန်း(စားပွဲတင်)
-ကြက်ဥအကာ၁လုံးစာ
ကြက်သွန်မြိတ် ပါးပါးလှီးပြီး ဓားနုတ်ပေါက်ထားပါ။


အရိုးများကို ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်), ဆားထဲ့ပြုတ်ထားပါ။

   ရေထပ်မထဲ့ခင်

အသားများကို ပဲငံပြာရည်အကြည်၊ သကြား ၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) ၊ကော်မှုန့်၁ဇွန်း(စားပွဲတင်)၊ ကြက်ဥအကာ၁လုံးစာ တို့နဲ့ရောနယ်လိုက်ပါ။

ဖက်ထုပ်လေးများကို ကြိုက်နှစ်သက်သလိုထုပ်ထားပါ။

 ဒီမှာဖက်ထုပ် ထုပ်နည်းကြည့်ပါ


စားတော့မယ်ဆိုရင် ပြုတ်ရည်ကို အိုးသေးတလုံးထဲထဲ့ကာပွက်စေပြီ ဖက်ထုပ် ၅ထုပ်ခန့်ထဲ့ပြုတ်ပါ။ ၄မိနစ်ခန့်ပြုတ်ပြီးရင် မီးပိတ်ပြီး ကြက်သွန်မြိတ်၊ ငရုတ်ကောင်း ဖြူးကာစားနိုင်ပါပြီ။

 ဒါက၂ပွဲစာပြုတ်နေတာ

အချဉ်ရည်
-ကြက်သွန်ဖြူ၂ဥပါးပါးလှီး
-ငရုတ်သီးစိမ်း၁တောင့်ပါးပါးလှီး
– soy sauce ၇ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)

–  နှမ်းဆီ ၃စက်ခန့်`
အားလုံးရောမွှေလိုက်ပါ။ အချဉ်ရည်ရပါပြီ။

 

ဖက်ထုပ်ကြော်


ဖက်ထုပ်ကြော်လေးလုပ်စားဖြစ်ပါတယ်။ ဖက်ထုပ်ခေါက်တဲ့နည်းလေးများပါတင်လိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ(၄၀ခု)
-ဝက် (သို့) ကြက် အသားmince ၃၀၀ ဂရမ်
-ကြက်သွန်မြိတ် ၂ပင်
-ဂေါ်ဖီ ၅၀ ဂရမ်
-ပဲငံပြာရည်အကြည်
-သကြား ၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)

ကြက်သွန်မြိတ်၊ ဂေါ်ဖီတို့ကို ပါးပါးလှီးပြီး ဓားနုတ်ပေါက်ထားပါ။


အသားများကို ပဲငံပြာရည်အကြည်၊ သကြား ၁ဇွန်း(စားပွဲတင်)၊ ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ တို့နဲ့ရောနယ်လိုက်ပါ။

ဖက်ထုပ်အပြားလေးများကို အဝိုင်းလေးများသုံးပါတယ်။

   အသားထဲ့ပြီးဒီလို တဝက်ခေါက်ပြီးကပ်လိုက်ပါ

  ဒီလိုလေး ကွေးပြီးကပ်လိုက်ပါတယ်။

 နောက်တမျိုးဒါကလေးထောင့်

 

 

နာက်တမျိုး

 အနား၂ဖက်ကိုအထဲသွင်းပြီးဖိခေါက်လိုက်ပါ။

 ပြီးရင်ဒီလိုလေးစုစီးလိုက်ပါ။

ဆီပူမှာမြုတ်အောင် မီးအနေတော်နဲ့ ကြော်ပါ။ ၅မိနစ်ခန့်ကြော်လိုက်ပြီး ဆယ်ပြီးပူပူလေးအချဉ်ရည်နဲ့တွဲစားနိုင်ပါပြီ။ ပေါင်း စားလို့လဲရပါတယ်

 

အချဉ်ရည်
-ကြက်သွန်ဖြူ၂ဥပါးပါးလှီး
-ငရုတ်သီးစိမ်း၁တောင့်ပါးပါးလှီး
– soy sauce ၇ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)

–  နှမ်းဆီ ၃စက်ခန့်`
အားလုံးရောမွှေလိုက်ပါ။ အချဉ်ရည်ရပါပြီ။

 

ကြက်ခြေထောက်ပေါင်း


dim sum စားတဲ့အခါ ကြက်ခြေထောက်ပေါင်း ကိုအိသက်မှာစား နေကျ၊ အဲဒါကိုသိတဲ့အမျိုးသားက ကြက်ခြေထောက်အစိမ်းတွေ တွေ့တော့သတိတရ နဲ့ အိမ်မှာလုပ်စားရအောင်ဝယ်ပါလားတဲ့။ ဝယ်ကျွေးရရင် ၁ပွဲနဲ့လဲမလောက် ၂ပွဲနဲ့လဲမလောက် ဆိုတော့ ကိုယ့်ဘာသာလုပ်စားပါလားဆိုတဲ့သဘောပေါ့။ ဩ သူ့စေတနာ မြောက်သွားအောင် ငါလုပ်စားမှဆိုပြီး ကြက်ခြေထောက်တဘန်း ခြင်းလှည်း ဘတ်ဆိုထဲ့ပလိုက်တာပေါ့။ နောက်နေ့မနက်လုပ်စားတော့ကိုယ့်ထက်သူက ပိုတောင်စားနေသေး။ လုပ်နည်းလေးရေးပေးမယ်နော်။ စားကောင်းလွန်းလို့။


ပါဝင်ပစ္စည်းများ
-ကြက်ခြေထောက် ၂၀၀ ဂရမ်
– black bean sauce၂ဇွန်း(စားပွဲတင်)
-ပျားရည်၁ဇွန်း(စားပွဲတင်)
-ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်)
-light soy sauce ၁ဇွန်း(စားပွဲတင်)
-vinegar ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း၁ဇွန်း(အချိုပွဲဇွန်း)
-ငရုတ်သီးချိုတောင့် ၁တောင့်
ကြက်ခြေထောက်များကိုသန့်စင်ကာblack bean sauce၂ဇွန်း(စားပွဲတင်)၊ ပျားရည်၁ဇွန်း(စားပွဲတင်)၊ ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်)၊ soy sauce ၁ဇွန်း(စားပွဲတင်)၊ vinegar ၁ဇွန်း(စားပွဲတင်)၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ငရုတ်ကောင်း၁ဇွန်း(အချိုပွဲဇွန်း) တို့နဲ့နယ်ထားပါ။

 

တနာရီ အကြာမှာ ဒယ်ပေါ်တင်ပြီး ၁၀မိနစ်ခန့်အပူပေးလိုက်ပါ

အသားလေးများအညိုရောင်ပြောင်းလာရင် ပေါင်းအိုးထဲ ထဲ့ကာငရုတ်သီးချိုတောင့် ၁တောင့်ကို ပါးပါးလှီးထဲ့ကာ ရေ၁လီတာခွဲ ခန့်ထဲ့ကာ ပေါင်းလိုက်ပါတယ်။

မိနစ် ၅၀အကြာမှာ နူးအိနေသော ကြက်ခြေထောက်လေးများရပါပြီ။

ပီကင်းဘဲကင်


ဘဲကင်ကိုသားသားရော အိသက်ရောအရမ်းကြိုက်ပါတယ်။ ခဏခဏ ဝယ်စားဖြစ်ပါတယ်။ လုပ်စားကြည့်ချင်လို့ သူငယ်ချင်းတရုတ်မလေးကိုမေးကြည့်ပါတယ်။ သူ့မိဘတွေက ဒီမှာတရုတ်စားသောက်ဆိုင်ဖွင့်ထားပါတယ်။ သူ့ဆီကနည်းမေးတုန်းက ရယ်စရာပြောပြချင်ပါတယ်။ Ingredients  တွေထဲမှာ သူက အာဂျိနိုမိုတို တဲ့ အချိုမှုန့်ကိုပြောတာပါ။ ဒါနဲ့ အိသက်က monosodium glutamate ဆိုတော့ ဆရာမက ဟုတ်ဘူးတဲ့ အာဂျိနိုမိုတိုပဲတဲ့ သူ့အမေတွေက monosodium glutamateကိုမသုံးဘူးတဲ့။ အတူတူကို ဇွတ်ညင်းနေလို့ သူ့ဆီကနည်းယူရမှာ ဆိုတော့ အေး အာဂျီနိုမိုတို ဆိုလဲ တို ပေါ့ လုပ်လိုက်ရပါတယ်။ အိသက်က သကြားသုံးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ပျားရည်၂ဇွန်း(စားပွဲတင်)
-ရှယ်ရီဝိုင်၂ဇွန်း(ဟင်းချက်ဇွန်း)
-ကက်စီးနဲ (စားပွဲတင်၂ဇွန်းစာ)Maltose

-ဗီနီဂါ၁ဇွန်း (စားပွဲတင်)


ဘဲကိုရေစင်စင် ဆေးပြီးအတွင်းရောအပြင်ရော five spice powder ၊ သကြား၊ ကြက်သားမှုန့်တို့နဲ့ဆုပ်နယ်ထားပြီး မိနစ်၃၀ခန့်ထားလိုက်ပါ။

ဘဲဖင်ကိုသံချောင်းလေးများဖြင့်ပိတ်လိုက်ပါတယ်။ ပြီးမှဘဲကိုယ်ထယ် အထက်ပိုင်းကနေ သံချိတ်လေးများနဲ့ချိတ်ထားပါတယ်။အဲဒါမှတွဲလောင်းချပြီးကင်နိုင်အောင်ပါ။

ရေ၂လီတာကို ပွက်ပွက်ဆူအောင် တည်ပြီး ပျားရည်ထဲ့ပါ။

 

ရေဆူအိုးထဲကို ၅မိနစ်ဘဲကိုထဲ့ပြီး ရေပူလေးများလောင်းပေးလိုက်ပါ။

ဘဲအသားနဲ့အရေပြားကို ခွါခြင်းဖြစ်ပါတယ်

ပြီးရင် အဝတ်နဲ့ခြောက်အောင် သုတ်လိုက်ပါ။

အိုးအသေးတအိုးထဲကို ကြက်သားမှုန့်၊ ရှယ်ရီဝိုင်၊ ကတ်စီးနဲ၊ ဗီနီဂါ တို့ကို မီးမျှင်းမျှင်းနဲ့ ၁မိနစ်ခန့်တည်ပြီးအပျစ်အနေမှာရပ်ထားလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ထားသောဘဲကို တည်ထားသောအရည်များလိုက်သုတ်လိုက်ပါ။

  

၆နာရီခန့်လေသလပ်ခံချိတ်ထားပါ။

ပန်ကာဖွင့်ပေးထားနိုင်ရင်ပိုကောင်းပါတယ်။ ၆နာရီကြာလို့ ဘဲအရေပြားတင်းနေပြီဆိုရင် ကင်လို့ရပါပြီ။


Oven ထဲမှာခုလိုချိတ်ပြီး အောက်က ဗန်းတခုထဲ ရေနဲနဲခံကာ ၁၅၀ဒီဂရီ နဲ့ အပေါ်မီးအောက်မီး နဲ့ ကင်ပေးပါ။ ၂နာရီအကြာမှာ ဘဲအရေပြားများနီရဲပြီး ကျွတ်လာရင် ရပါပြီ။ ဘဲကင်လို့ ရေခံဗန်းထဲကျလာတဲ့အဆီတွေကို သိမ်းထားပါ။

  
ဘဲကိုအလယ်ကစ ခြမ်းပြီး အတုံးလေးများတုံးထားပါ။

 
ရေမုန်ညင်း ကို ဆားထဲ့ပြုတ်ပါ။ ဆားထဲ့တာစိမ်းစိမ်းလေးကျန်အောင်လို့နော်။


Sauceလုပ်နည်း
-Hoisin sauce ၅ဇွန်း

-ကြက်သားမှုန့်၁ဇွန်း
-ရေခံဗန်းထဲကအရည်များ

အဲဒါတွေအားလုံးကို ထဲ့ကျိုပြီးရင် ရပါပြီ။


တရုတ်ဆိုင်ကငရုတ်သီးကြော်
အိသက်အမျိုးသားအရမ်းကြိုက်လို့ကြော်ပေးရတဲ့ ငရုတ်သီးကြော်ပါ။
ငရုတ်သီးအမှုန့်ကိုဆီပူမှာကြော်ကာ ကြက်သားမှုန့်ရယ် ၊ soy sauce ထဲ့ ပြီးကြော်လိုက်ရင် ရပါပြီ။

ထမင်းပူပူပေါ်ဘဲကင်တင် ရေမုန်ညင်းထဲ့ Sauceရည်လောင်းကာ ငရုတ်သီးကြော်ဖြင့်တွဲကာအရသာရှိရှိစားနိုင်ပါပြီ

ဟော့ပေါ့ လုပ်စားနည်း


ဟော့ပေါ့လုပ်စားနည်းကို မေးခံထားရတာတော်တော်ကြာသွားပြီ။ ဒီရက်ပိုင်းအရမ်းအလုပ်များနေလို့ပါ။ အိသက်မွေးနေ့မှာလုပ်စားဖြစ်တာလေးတင်လိုက်ပါတယ်နော်။ တကယ်တော့ ဟော့ပေါ့က အရည်ကအရေးကြီးတာပါ။ အဲဒီနည်းလေး တင်ပေးလိုက်ပါတယ်။


အရည်လုပ်နည်း(၈ယောက်စာ)
-ဝက်နံရိုး ၅၀၀ ဂရမ်
-ဂျင်းခြောက်လေးများ ၃-၄ချောင်း
– တရုတ်စပျစ်သီးအနီခြောက် နဲနဲ
-စွန်ပလွန်သီးခြောက် နဲနဲ
-ဆား၊ သကြား၊ ကြက်သားမှုန့်


ရေဆေးပြီးဝက်နံရိုးကို ရေနဲနဲ နဲ့ခဏပြုတ်ပြီး ၁ရေသွန်ပါ။ ဒါမှ အရိအရွဲများစင်သွားပါမယ်။
ပြီးမှဂျင်းခြောက် ၃ချောင်း၊ စပျစ်သီးအနီခြောက် နဲနဲ၊ စွန်ပလွန်သီးခြောက် နဲနဲ၊ ဆား၊ သကြား၊ ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်) တို့ကို ရေ၃လီတာထဲ့ကာ ရေ၂လီတာကျော်ရုံလေးကျန်သည် အထိပြုတ်ပါ။


အဲဒါဆိုရင် ဟော့ပေါ့အတွက်အရည်ရပါပြီ.   တော်တော်မွှေးပါတယ်
တွဲစားရန်အချဉ်ရည်
ငရုတ်ဆီ ဟင်းချက်ဇွန်း၂ဇွန်း၊ ကြက်သွန်နီ ၃မွှာပါးပါးလှီးထား၊ ငရုတ်သီး ၅တောင့်ပါးပါးလှီးထား၊ ကြက်သားမှုန့် ၁ဇွန်း၊ သံပရာတစိတ်ညှစ်ထဲ့ ပြီးရေနွေးနဲနဲရောကာ မပျစ်မကျဲဖျော်ထားပါ။ Ready made suki sauceနဲ့တွဲစားလဲကောင်းပါတယ်နော်။

-ဟော့ပေါ့ထဲ ထဲ့ရန်အဆာပလာများပြင်ဆင်ပုံ
-ဝက်သားအပြားလေးများ
-ကြက်ဥအသားလိပ်

      
-ဝက်အူချို
-ငုံးဥ
-ready madeငဖယ်လုံးလေးများ
-ဝက်ခေါက်ကြော် ရေနွေးဖျောပြီးသားများ

   

ပင်လယ်စာများ
-ဂဏန်းချောင်း
-ပြည်ကြီးငါး ၊ ကမာ
-ငါးအသားလွှာ
-သန့်စင်ပြီးပုဇွန်များ

 

ဟင်းသီးဟင်းရွက်များ
-ပဲလိပ်ခြောက်
-အပ္ခ်ည္မ်ႇင္မႈိ
-ပဲကြာဇံရေစိမ်ထားပြီးသားများ
-choi sum အရွက်
-ရေမုန်ညင်း
-အတာအိုးအရွက်( rocket)
-ကြာစွယ်

   
အထက်ပါများကိုတသက်မှတ်တည်း လိုက်ထဲ့စရာမလိုပါ။ မိမိဘာသာစားချင်သောအရာများ ထပ်ဖြည့်၍သော၎င်း လျှော့၍သော၎င်း စားသုံးနိုင်ပါသည်။


ဟော့ပေါ့အိုး (သို့) multi-cooker အိုးထဲ ပြုတ်ရည်ဖြည့်ကာ ပွက်စေ၍ ကျက်ခဲသောအသားများထဲ့ပါ။ ခဏကြာမှ နူးလွယ်သောပင်လယ်စာများနဲနဲချင်းစီထပ်ထဲ့ပါ။

  

နောက်ဆုံးကျမှ အရွက်များထဲ့ပြီးခဏအုပ်ပြီး အရွက်နွမ်းစပြုရင် ပန်းကန်လုံးလေးများထဲ အစုံထဲ့ အရည်ထဲ့ကာ ပူပူလေးစားပါ။ အချဉ်ရည်နဲ့တွဲစားရင်း မိုးအေးအေးမှာ မြန်မာပြည်ကိုလွမ်းလို့ကောင်းပါစေ။

ကြက်ချဉ်စပ်


ကြက်ချဉ်စပ်ကတော့ဘယ်အချိန်စားရ စားရအလွန်ကြိုက်ပါတယ်။ ဟိုတနေ့က မမအေးခိုင် ပြင်ဦးလွင်မှာ စားခဲ့တာ ဆိုပြီးကြက်ချဉ်စပ် တင်ထားတော့ သူများစားတာတွေ့ပြီးမနေနိုင်မထိုင်နိုင်သွားရည်ယိုပြီး ချက်ချင်းလုပ်စားမိပါတယ်။ ငယ်ငယ်ကတော့ ၂၉လမ်းထဲက 171 စားသောက်ဆိုင်မှာ ဝယ်စားခဲ့တာပါ။ အရမ်းစားလို့ကောင်းပါတယ်။ ခုလုပ်စားကြရအောင်


ပါဝင်ပစ္စည်းများ
-ကြက်သားအသားချည်း ၄၀၀ ဂရမ်( အတုံးလေးများတုံးထား)
-ကြက်သွန်နီ ၂လုံး( အတုံးလေးများတုံးထား)
-ကြက်သွန်ဖြူ ၃မွှာ (ဓားပြားရိုက်ပြီး)
-ဂျင်းနဲနဲ
-ငရုတ်သီးစိမ်း၅တောင့် (ထောင်းထား)
-ရှာလကာရည် ၂ဇွန်း (စားပွဲတင်) <သို့> သံပရာသီးတခြမ်း
-ကြက်သွန်မြိတ် ၂ချောင်း( လက်တစစ်လောက်ဖြတ်ထား)
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း (စားပွဲတင်)
-အရောင်တင်မှုန့်၂ဇွန်း (စားပွဲတင်)

 
ဆီများများနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကို ဂျင်းနဲနဲ၊ အရောင်တင်မှုန့်၂ဇွန်းထဲ့ကာဆီသတ်ပါ။

ကြက်သွန်နွမ်းရင် ကြက်သားထဲ့လုံးပါ။ ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း ထဲ့ပါ။  ကြက်သားလေးများအရောင်ပြောင်းရင် ငရုတ်သီးစိမ်း ထောင်းထားတာများထဲ့ပါ။ ရေအနဲငယ် နဲ့ ရှာလကာရည် ၂ဇွန်း (စားပွဲတင်) <သို့> သံပရာသီးတခြမ်းညှစ် ထဲ့ပါ။

ရေကုန်ပြီးဆီပြန်လာရင်မီးပိတ်ပြီး ကြက်သွန်မြိတ်ဖြူးပါ။ ခုဆိုရင် ချဉ်ချဉ်စပ်စပ်ကြက်ချဉ်စပ်လေးရပါပြီ။

ကြက်ဆီထမင်း/Hainanese chicken rice


ကြက်ဆီထမင်း
ကြက်ဆီထမင်း ကိုစားဖူးတာ ပထမဆုံးရည်းစားနဲ့ ချိန်းတွေ့တုံးကပါ။ ဆိုင်နံမည်လဲမမှတ်မိပါဘူး။ အဲဒီကတည်းကကြိုက်တာ။ အဝတောင်မစားခဲ့ရပါဘူး။ ပထမဆုံးရည်းစားလဲဖြစ် ပထမဆုံးချိန်းတွေ့တာလဲဖြစ်ဆိုတော့ အိုက်တင်ခံပြီး သိပ်မစားနိုင်ဘူးလို့ မျက်လွှာလေးချပြီးနေရတာပေါ့။ နောက်မှ ကိုယ့်ဘာသာပြန်လာဝယ်စားမယ်ဆိုပြီးအားတင်းရင်းပေါ့။ တွေးကြည့်ရင် အဲဒီရည်းစားလဲ ကိုယ်မစားပဲဝယ်ကျွေးခဲ့ရလို့ သူ့ပိုက်ဆံကိုနှမျောခဲ့မှာ။ ခုအဲ့ဒီ ရည်းစားကိုလွမ်းလို့ မဟုတ်ပဲ ကြက်ဆီထမင်းလေး လွမ်းလို့ ချစ်သောခင်ပွန်းကိုလဲအစားကောင်းလေး စားစေချင်လို့ချက်ပါမယ်နော်။
စားဖူးသမျှ စင်ကာပူက ကြက်ဆီထမင်းအကြိုက်ဆုံးမို့ အဲဒီပုံစံအတိုင်းချက်ပါမယ်။

The first time I had had the rice with chicken was with my first ever date. Can’t remember the name of the restaurant. I loved it since then. Didn’t enjoy it until I full up as I was with my first love on my first date. So I was a bit of a poser by lowering my eye lids and pretending that I couldn’t eat much with the thought that I would buy myself in a later date. Thinking of it, he must have been a bit reluctant to pay as he didn’t order for himself and paid for me for a waste as I didn’t finish it. Now I am going to cook this not because of I miss him but because I miss the food and I’d like to cook for my beloved husband as I like him to eat a good food too. Singapore style is by far my most favourite than any varieties, so I will cook for it.

ပါဝင်ပစ္စည်းများ
-ကြက်၁ကောင်
-ကြက်သွန်ဖြူ ဥကြီး ၂ဥ
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-ရေခဲနဲနဲ
-ပဲငံပြာရေ ကြည် ၁ဇွန်း(စားပွဲတင်) နဲ့   အ နောက်ဇွန်း ၁ ဝက်ရောထားပါ

ကြက်အကောင်လိုက်ကို ရေစင်စင်ဆေးပြီး ကြက်သွန်ဖြူ ဥကြီး ၂ဥ၊ ကြက်သားမှုန့် ၁ဇွန်း တို့နဲ့ ရေ ၁လီတာခွဲခန့်ထဲ့ပြုတ်ပါ။

Contents

-1 whole chicken

-2 big whole garlic

-1 tbl spoon of chicken powder

-a bit of ice

-1 tbl spoon of Light soy sauce and half tbl spoon of dark soy sauce

Wash thoroughly the whole chicken and boil it with 1 and half litre of water, two whole garlic and chicken powder.

ပြုတ်နေရင်း တတ်လာသော အမြုပ်များဖယ်ပစ်ပါ။ ကြက်သားနူးတဲ့အထိပြုတ်ပြီးရင် ကြက်ကိုပြုတ်ရေထဲမှထုတ်ပြီး ရေခဲစိမ်ထားသော ရေခဲရေထဲသို့ ၁မိနစ်ခန့်စိမ်ထားပါ။ အဲဒါမှကြက်သားအပေါ်ရံတင်းသွားပြီး အတွင်းပိုင်းနူးအိနေပါတယ်။

Remove the forth that formed during the boiling. After the chicken is boiled inside out, take it out and soak it under ice cold water for a minute. So that the top skin part would  be firmed while inside would still be soft and delicate.

 

ပြီးရင် ကြက်တကောင်လုံးကို ရောထားသောပဲငံပြာရည်များနဲ့ ဆုပ်နယ်ထားပါ။

Then, the whole chicken is to be soaked with the mixed soy sauce.

ထမင်းချက်ရန်
-ဆန်၃ခွက် ( ထမင်းပေါင်းအိုးကခွက်)
-ဆွမ်းမွှေးရွက်၂ရွက် ထုံးထား(မရှိရင် ကြက်သွန်မြိတ်သုံးပါ)
-ဂျင်းpaste ၃ဇွန်း(စားပွဲတင်)၊ ပဲငံပြာရည်အကြည်၁ဇွန်း(စားပွဲတင်)၊ ကြက်သွန်ဖြူ ၃မွှာ( ဒါးပြားရိုက်ပြီး)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-ဆီ ၂ဇွန်း(စားပွဲတင်)
ထမင်းပေါင်းအိုးထဲမှာ ဆီထဲ့ပြီး ကြက်သားမှုန့် ၁ဇွန်း၊ ဂျင်း ၃ဇွန်း၊ ပဲငံပြာရည်အကြည်၁ဇွန်း၊ ကြက်သွန်ဖြူ ၃မွှာ( ဒါးပြားရိုက်ပြီး) တို့ကိုဆွမ်းမွှေးရွက်နဲ့အတူ အပူပေးပါ။ တော်တော်လေးမွှေးလာရင် ဆေးထားသောဆန်များကို ထဲ့ပါ။

To cook rice

-3 cups of rice from rice cooker

-2 pendan leaves knotted, if it is not available use spring onion.

-3 tbl spoons of ginger paste, 1 tbl spoon of light soy sauce, 3 smashed segment garlic by flat knife

-1 tbl spoon of chicken powder

-2 tbl spoons of cooking oil

Heat the rice cooker with cooking oil and then add all the other ingredients until smells good then add the washed rice.

 

ကြက်ပြုတ်ရည် ကိုရေအမှတ် ၄ထိထဲ့ထားပြီးချက်ထားလိုက်ပါ။ ထမင်းကျက်သွားတာနဲ့ ထမင်းပေါ်ကို စောစောကကြက်ကိုတင်ပြီ ထားထားလိုက်တယ်။ အဲဒီလို မထားပဲစားခါနီးမှ microwave နဲ့နွှေးစားလဲကောင်းပါတယ်နော်။

Add the boiled chicken soup to water level 4 in a rice cooker and cook it. Once it is cooked, put the boiled chicken in the cooker. Or you can just microwave before serving.

ကြက်ဆီထမင်းအတွက်အချဉ်
-ကြက်သွန်မြိတ် ၂ပင်
-ဂျင်းpaste  ၃ဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ၃မွှာ
– ပဲငံပြာရည်၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)


ရောကြိတ်လိုက်ပါ။ကြက်ဆီထမင်းနဲ့တွဲစားရင် အရမ်းကောင်းပါတယ်။ ဒါမလုပ်ဖြစ်ရင် sweet chilli sauce တို့  soy sauce တို့နဲ့ စားလဲရပါတယ်နော်.

ကြက်ပြုတ်ရေကို ကြက်သွန်မြိတ်လေးဖြူးပြီး ပူပူလေးတွဲသုံးဆောင်ပါ။

Sauce for Chicken rice

-2 spring onion

-3 tbl spoons of ginger paste

-3 segments of garlic

-2 tbl spoons of light soy sauce, 1 tbl spoon of chicken powder

Blend them all and it is nice to go with this chicken rice. Sweet chilli or soy sauce themselves are good with it too. You can enjoy the chicken soup sprinkled with spring onions while hot.