Image

Creme Brulee


Creme Brulee

IMG_0021_2

IMG_0045_2

……………………….
ဒီအချိုပွဲက ပြင်သစ်ကလာတဲ့ အချိုပွဲပေါ့နော်။
သူက ပူတင်းလိုကျက်သွားတာမျိုး မဟုတ်ဘဲ
အနှစ်ကခပ်ပျစ်ပျစ်အနေမှာပဲ ထားစားရတာပါ။ 
အပေါ်က သကြားမှုန့် လေးများကို အနည်းငယ်ကျွမ်းသွားအောင်
မီးပြပေးကာ သကြားအခဲလေးအပျဉ်လိုက် ကြွပ်ကြွပ်လေးဖြစ်နေတာကို
ဇွန်းဖြင့်ခွဲကာ အထဲကအနှစ်နဲ့ တွဲစားရတာမျိုးပေါ့။
ဒီဘက် ဥရောပနိုင်ငံများရဲ့ နာမည်ရအချိုပွဲပေါ့။
ကျွန်မသားက လုပ်တာကိုကူပေမဲ့ အချိုမစားတော့ ဒီဒီလေးနဲ့ ကျွန်မစားရပါတယ်။

ပါဝင်ပစ္စည်းများ
……………………..
• Double Cream – ၅ဝဝ မီလီ
• Vanilla အနံ့ – ၃စက်ခန့်
• Caster Sugar – ၁၅ဝ ဂရမ်
• ကြက်ဥအနှစ်ပဲ – ၆ လုံးစာ

ပြုလုပ်နည်း
………………..
စရအောင် . . .
ပထမဆုံး Oven ကို 2150C/300F ဖြင့် အပူပေးထားပါ။
Cream ကို အိုးတစ်လုံးထဲ ထည့်ကာအပူပေးပါ။
အနည်းငယ်ပူလာလို့ ပူစီပေါင်းလေးတွေထချင်လာရင်
မီးပိတ်ထားလိုက်ပါ။ အဲဒီအချိန်မှာ ဇလုံတစ်လုံးထဲမှာ
သကြား ၁ဝဝ ဂရမ်ကို ကြက်ဥအနှစ်နဲ့ရောကာ ၁မိနစ်ခန့်
ခေါက်တံဖြင့် ခေါက်ပေးပါ။ အနည်းငယ်ပူနေသေးတဲ့
Cream ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တဆက်တည်း
မွှေပေးရပါမယ်။ ဒီနေရာမှာ အိုးကို ကျွန်မကကိုင်ပြီး
လောင်းထည့်ကာ သားကြီးကို မွှေခိုင်နေလိုက်ပါတယ်။ 

IMG_0073 IMG_0075IMG_0077IMG_0079
အဲလိုမှ တစ်ချိန်တည်းမှာ မွှေမပေးရင် Cream ရဲ့အပူရှိန်က
ကြက်ဥကိုကျက်စေပြီး အဖတ်ဖတ်တွေဖြစ်သွားနိုင်လို့ပါ။
နောက်ထပ် ဇလုံတစ်ခုထဲကို အရည်များဆန်ခါစစ်ပြီး
လောင်းထည့်လိုက်ပါ။ အကယ်၍များ အပူကြောင့်
ကျက်သွားတဲ့ ကြက်ဥအဖတ်လေးတွေရှိရင် ဆန်ခါပေါ်စစ်ကျန်ခဲ့ပါမယ်။
ရလာတဲ့ အရည်တွေကို နှစ်သက်ရာပုံသဏ္ဍာန်
ဗန်း (သို့) ဥလနည ထဲထည့်ရင် အပူခံနိုင်တဲ့
ခွက်ငယ်လေးများထဲကို ဖြည့်ပေးပါ။

IMG_0081
ပြီးရင် ခပ်ကြီးကြီးဗန်းတစ်ဗန်းထဲကို စီထည့်ကာ
အောက်ကရေနွေးခံပြီး ၄ဝ မိနစ်ခန့် Oven အလယ်အဆင့်မှာ ထားပေးပါ။IMG_0102
မိနစ် ၄ဝ ပြည့်လို့ Oven ထဲကထုတ်ရင် ခပ်ပျော့ပျော့ လှုပ်လှုပ်လေးပဲ
ရှိပါသေးတယ်။ လုံးဝအေးသွားတဲ့ အထိထားပေးထားပါ။

IMG_0002
အေးသွားပြီဆိုရင် ကျန်တဲ့သကြားအမှုန်လေးများကို
အပေါ်ကဖြူးကာ မီးပြပြီး သကြားကို လောင်အောင်လုပ်ပေးပါ။
သကြားတွေအရည်ပျော်ပြီး ညိုနေပါလိမ့်မယ်။ အေးသွားရင် ခဲနေတဲ့
သကြားပြင် ညိုညိုလေးရပါပြီ။

IMG_0006 IMG_0010 IMG_0012

 

ကလေးတွေရော၊ လူကြီးရောအကြိုက်
အချိုပွဲလေး အဆင်သင့်ဖြစ်ပါပြီရှင်။
……………………………………………

Advertisements

ပီဇာလုပ်စားရအောင်


IMG_0088

IMG_0089

ပီဇာလုပ်စားရအောင်
ပီဇာကအရမ်းလွယ်ပါတယ်။ ကလေးအများစုကြိုက်ကြတဲ့ အစားအစာပေါ့ မေမေတို့ရေ။ သူတို့ နှစ်သက်တဲ့ အစာပလာတွေကို ရွေးချယ်စေပြီး သူတို့ကိုကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ခိုင်းလို့ရတဲ့ အစားအစာ တခုပေါ့နော်။ လိုအပ်တဲ့ ပစ္စည်းတွေတော့ မေမေက ကြိုပြင်ဆင်ပေးထားပေးပါနော်။ ကဲ အတူတူ လုပ်ခိုင်းကြရအောင်နော်။
ပါဝင်ပစ္စည်းများ (မေမေ ကြိုပြင်ထားရမှာတွေ)
ပီဇာ အတွက်
-bread flour ၅၀၀ ဂရမ်
-သကြား ဇွန်းဝက် (အချိုဇွန်း)
-dried yeast တဆေး ၁ဇွန်းခွဲ (အချိုဇွန်း)
-ဟင်းချက်သံလွင်ဆီ ၂ဇွန်း( စားပွဲတင်)
-ရေ ကြက်သီးနွေး ၃၀၀ မီလီမီတာ

IMG_0041

ပီဇာဆော့အတွက်
– ready made ခရမ်းချဉ်သီးဆော့ ၃ဇွန်း ( စားပွဲတင် )

ပီဇာအပေါ်ကတင်ရန်
ham၊ pepperoni၊ chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊ သံလွင်သီးအနက်ရောင်၊ မှို၊ mozzarella၊ cheddar ( ကျမ က ကျမသားနဲ့ သမီး ကြိုက်တာသုံးပေမဲ့ မေမေတို့ကလဲ ကို့သားသမီးလေးတွေအကြိုက်လေးတွေကို သုံးနိုင်ပါတယ်နော်) ဥပမာ- ငရုတ်ပွသီး၊ ပြောင်းဖူး၊ နာနတ်သီး၊ ပဲစိမ်းလုံး၊ ခရမ်းချဉ်သီးသေးသေးလေးများ၊ တူနာငါး၊ ကင်ထားပြီးသားအသားများ စတာတွေထဲ့နိုင်ပါတယ်

IMG_0037 IMG_0035

bread flour, သကြားနဲ့ yeast ကို ဇလုံးထဲ ထဲ့ပြီး ရောမွှေခိုင်းလိုက်ပါ။ရေနွေးနွေးလေးရောပြီး သံလွင်ဆီပါ ရောပေးလိုက်ပါ။ သစ်သားယောင်းမလေးနဲ့ ဂျုံအလုံးလေး ကပ်စေးလာသည် အထိမွှေပေးပါ။ ရေအနဲငယ်လိုရင် ရောပေးပါ။(စားပွဲတင်ဇွန်း၂ဇွန်းခန့်)
စားပွဲပေါ်ကို ဂျုံမှုန့်အနဲငယ်ဖြူးပြီး ဇလုံထဲက ဂျုံကို ကလေးတွေကို နယ်ခိုင်းပါ( ဒီအချိန်ကသူတို့သိပ်ကြိုက်တဲ့ အချိန်ပေါ့) သူတို့စိတ်ကြိုက်နယ်စေပြီးရင် မေမေကယူပြီးသေချာနယ်ပေးပါ။ လက်ဖနောက်နဲ့ဖိလိုက် ပြန်ဆွဲပြီး အလုံးလေးပြန်လုပ်လိုက်နဲ့ ၁၀ မိနစ်ခန့်နယ်ပေးပါ။ သားရေပင်ဆွဲသလိုလေး ပျော့ပျော့ အိအိ ချောမွတ်နေတဲ့ ဂျုံလုံးလေးရပါပြီ။

IMG_0047 IMG_0048 IMG_0054 IMG_0056_2 IMG_0055
ဇလုံတခုကို သံလွင်ဆီသုတ်ပြီး ဂျုံလုံးလေးကို ထဲ့ကာ cling film အုပ်ပြီး ၂ဆအနေကြီးလာသည်အထိ အခန်းအပူချိန်အတိုင်းထားပေးပါ။
ဒီအချိန်မှာ မေမေနဲ့ အတူ သူတို့ကို ကူပြီး ဂျုံနယ်တုံးက ရှုပ်ထားတာလေး ရှင်းခိုင်းလိုက်ရင် ပီဇာပြားလုပ်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့။
oven ကို ၂၀၀ဒီဂရီ အပူကြိုပေးထားပါ။ ၂ဆဖြစ်နေတဲ့ ဂျုံလုံးလေးကို သူတို့ တအံ့တဩ ဖြစ်နေပါလိမ့်မယ်။ ဂျုံ လုံးကို ပီဇာ အကြီးအသေး ကြိုက်ရာလုပ်နိုင်ပါတယ်။ ၂ခုလိုချင် ၂ခု ခွဲပြီး စားပွဲပေါ်မှာ ဒလိမ့်တုံးနဲ့ပြားလိုက်ပါ။ (ကျမကတော့ အလုံးလေးအတိုင်းသူတို့ ရှေ့ချပေးပြီး သူတို့လက်လေးတွေနဲ့ ပုတ်ပြီးပြားခိုင်းလိုက်ပါတယ်)
အဲဒီအပြားလေးကို ဆီသုတ်ထားတဲ့ ပီဇာဘန်းပေါ်တင်လိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးဆော့ကို စားပွဲတင်ဇွန်း ၃ဇွန်းခန့် တင်ကာ ဇွန်းဖင်လေးနဲ့ နှံ့အောင် သုတ်ပါ။
( မှတ်ချက်- ဒီအဆင့်မှာဂျုံပြားကို နဲ့cling film အုပ်ပြီး ရေခဲသေတ္တာမှာ ခဲထားလို့ရပါတယ်နော် နောက်တခါဆို အစအဆုံးမလုပ်ရတော့ဘူးပေါ့)

topping  လေးတွေတင်ရအောင်
ham၊ pepperoni၊ chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊ သံလွင်သီးအနက်ရောင်၊ မှို၊ mozzarella၊ cheddar တို့တင်ပြီးရင် oven ထဲ မေမေက ထဲ့ပေးပြီး ၁၅ မိနစ်ခန့်ဆိုရင် ရပါပြီ။ အပိုင်းလေးများ လှီးဖြတ်ပေးပြီး ခပ်နွေးနွေး အနေမှာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ ပီဇာလေးကို ပျော်ပျော်ရွှင်ရွှင်စားတာကို မေမေတို့ရေ ဝမ်းသာပီတိဖြစ်ရတာဘာနဲ့မှ မလဲနိုင်ဘူးနော်

IMG_0068 IMG_0071 IMG_0073 IMG_0075 IMG_0087

သားသမီးလေးတွေနဲ့ အပြုံးကိုယ်စီရွှင်လန်းနိုင်ပါစေရှင်

Image

ပူတင်း လုပ်စားရအောင်


 

IMG_0044
IMG_0002_2 IMG_0009
အင်္ဂါနေ့လိုမျိုးနေ့ဆိုရင် သားကြီးကကျောင်းသွား ကိုထက်က အလုပ်သွားနဲ့ကျမတို့အိမ်မှာ သမီးငယ်နဲ့ ကျမ နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။ ဟင်းချက်ရတာလဲ နည်းတော့ သမီးလေးနဲ့ပူတင်းလုပ်ဖြစ်ပါတယ်။ ကျမ တို့ငယ်ငယ်က ကျမ အမအလတ် အမြဲလုပ်ကျွေးနေကျ ပူတင်းလေးပါရှင်။ စားလို့အလွန်ကောင်းပါတယ်။ ကျမတို့ဆီမှာ တော့ Flan လို့ခေါ်ပါတယ်။ သူကနို့ဆီထဲ့ပါတယ်။ ကျမကတို့ မမလေးပြောတဲ့နည်းအတိုင်းပဲ သကြားနဲ့လုပ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-နို့စိမ်း ၁ဗူး ၄၀၀ ဂရမ် (သို့) နို့ပျစ်ပျစ်ကျိုပြီးသား ၄၀၀ ဂရမ်
– ဗနီလာ ၁ဇွန်း (အချိုဇွန်း)
-ကြက်ဥ ၃ လုံး
-သကြား ၁၁၀ဂရမ်
-ဆား 1/၃ဇွန်း (အချိုဇွန်း)
NIEMASVANEXTM118_Web vaniila extract ( ကြက်ဥတို့ နွားနို့တို့ပါတော့ မညှီအောင် မွှေးအောင် ထဲ့တာ )
IMG_0004
    နောက်ထပ် သကြား ၁၀၀ ဂရမ်ကို သကာရည် ကျိုဖို့လိုပါမယ်။ စစချင်း သကြားရည်ကို non stick pan ထဲ မှာရေ အနဲငယ်မျှထဲ့ပြီး ဖိုပေါ်မှာ မီးအသင့်အတင့်နဲ့ကျိုပေးပါ။ ဒီလို ကျိုနေရင်းနဲ့ ပူစီပေါင်းလေးတွေပွက်လာတာကို ကလေးလေးတွေ အလွန်သဘောတကျကြည့်ပါလိမ့်မယ်။ သကြားရေလေးမပျစ်မကျဲညိုလာတာနဲ့ ပူတင်းဖုတ်မဲ့ ခွက်လေးတွေထဲကို အနဲငယ်စီလောင်းထဲ့ပေးပါ။   မျက်နှာပြင်ညီအောင် အနဲငယ် လက်ဖြင့် ခွက်ကိုလှည့်ပေးပြီး အအေးခံထားပါ။
IMG_0013 IMG_0014
  အအေးခံနေချိန်မှာ  အထက်ကပါဝင်ပစ္စည်းတွေကို ခွက်တခွက်ထဲ ထဲ့ပြီး မွှေတံဖြင့် ရောမွှေပေးပါ။ ကျမကဒီနေရာမှာ ကျမသမီးလေး ဒီဒီလေးကို မွှေခိုင်းပါတယ်။ သူမွှေနိုင်သလောက်မွှေပေးပြီးရင် ကျမကသေချာ ထပ်ခေါက်ပေးပါတယ်။ ပြီးရင် သကြားရည် ထဲ့ထားပြီးသားခွက်တွေထဲကိုလောင်းထဲ့ပေးပါ။ ၃လက်မ အချင်း ၂လက်မခွဲအ နက်ရှိတဲ့ ခွက် နဲ့ ၂ခွက်ရပါတယ်။
IMG_0011_2 IMG_0009
   ဘန်းထဲကို ရေ တဝက်ခန့်ထဲ့ပြီး ခွက်များကိုဘန်းထဲ ထဲ့ပါ။ ပြီးမှ အပေါ်က kitchen foil အုပ်ပြီး 370 Degrees Fahrenheit  သို့) ၁၈၀Degrees Celsius ဖြင့် ၄၅ မိနစ်ခန့် pre heat oven ထားပေးပါ။ အကယ်၍များ oven မရှိရင် အိုးတလုံးထဲကို ရေခံပြီး မုန့်ခွက်ထဲ့ကာ ပေါင်းနိုင်ပါတယ်ရှင်။
IMG_0015 IMG_0019
အချိန်စေ့လို့မုန့်ရရင် အအေးခံပြီး ဒါးပြားလေးဖြင့် မုန့်ကိုခွက်ရဲ့အတွင်းဘေးပတ်ပတ်လည်ကနေခွါပေးပါ။ ပူတင်း ထဲ့မဲ့ပန်ကန်ကို အပေါ်ကတင်ပြီး ပြောင်းပြန် မှောက်ကာအုပ်ချပေးပါ ။ ပူတင်း လှလှလေးထွက်လာပါမယ်နော်။
IMG_0001 IMG_0002 IMG_0003
သကြားရေ ညိုညိုလေးက အပေါ်က ရောက်နေပါပြီ။ ဒီမုန့်လေးကို လုပ်တဲ့အချိန် ဒီဒီလေးက ဘေးမှာတချိန်လုံးရှိနေပါတယ်။ ပန်ကန်ပေါ် မှောက်ချတဲ့အခါ ကျမကသူကို Magic ပြမယ်ဆို စနောက်ပြီး ပြတာပါ။ သူကလေးက တအံ့တဩပေါ့။ ကလေး လေးတွေဟာ အလွန်ဖြူစင်ပြီး အရာရာကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကျပါတယ်။ ကျမတို့သားအမိလဲ မုန့်လုပ်ရင်း ပျော်စရာရွှင်စရာ အချိန်လေးတခုဖန်တီးဖြစ်ခဲ့ကြပါတယ်။

Easter cupcakes


IMG_0038_2

April လက Easter ပွဲတော်အထိန်းအမှတ်အဖြစ် ကြက်ဥရောင်စုံလေးတွေကိုသုံးပါမယ်။ ဒီတခါတော့ သမီးငယ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်းလေးဟေဇာနဲ့ အတူ လုပ်ပါမယ်ရှင်။ ရီရီမောမောနဲ့ ပျော်ရွှင်နေတဲ့သူတို့ကို ကြည့်ရတာ စိတ်လက်ပေါ့ပါးသွားသလိုခံစားရပါတယ်။ကဲ ကျမ ရဲ့ သမီးငယ်တို့ ဘယ်လို မုန့်လုပ်သလဲကြည့်ရအောင်

ပါဝင်ပစ္စည်းများ( ၂၄ ခုစာ)
-ထောပတ်170 ဂရမ် (6 oz)
-သကြား 170 ဂရမ် (6 oz)
-ကြက်ဥ ၃လုံး
-self-raising flour 170 ဂရမ် (6 oz)
စစချင်း cupcakes ခွက်လေးတွေကို မုန့်ဖုတ်မဲ့ cupcake ဗန်းထဲ ထဲ့ထားပါ။ ထောပတ်၊သကြား စတာတွေကို ခွက်ထဲကို ထဲ့ပြီး ရောမွှေပေးပါ။ ကြက်ဥလေးများကိုပါရောထဲ့ပြီး အဆက်မပြတ်မွှေပေးပါ။ Flour ကို ဇကာစစ်ချပြီး ဖြေးဖြေးမွှေပေးပါ။ အကုန်လုံး ရောမွှေပြီးသွားရင် အရည်က ချောမွတ်နေပြီဆိုရင် ( မေမေက ချောမွတ်အောင်ကူပေးပေါ့နော်) ။ သူတို့ကို cupcakes ခွက်လေးထဲ သုံးပုံ 2ပုံ နီးပါး စီထဲ့ခိုင်းပါ။ အကောင်းဆုံးက ရေခဲမုန့် ခပ်တဲ့ဇွန်းနဲ့ထဲ့ခိုင်းရင် အချိုးညီညီပိုထဲ့နိုင်တာပေါ့။ မြင်တော်မူကြတဲ့အတိုင်း ကျမ သမီးနဲ့ သူ့ သူငယ်ချင်း ဟေဇာ တို့နှစ်ယောက် ထဲ့ထားတဲ့ cupcake လေးတွေ ရှုပ်ပွနေတာလေးတွေ Oven ထဲ မထဲ့ခင် ကျမ ပြန်သန့်စင်ပြင်စင်ပေးပါတယ်။ ပြီးမှ180 C  ကြိုအပူပေးထားတဲ့ Oven ထဲကို မိနစ် ၂၀ခန့် ထဲ့ပြီး ဖုတ်လိုက်ပါ။
ရလာတဲ့ Cupcakes လေးတွေကို အအေးခံထားပေးပါ။

IMG_0056IMG_0060 IMG_0070 IMG_0072 IMG_0075 IMG_0077 IMG_0092 IMG_0015
အလှဆင်ရန်
– heavy cream (or) Double cream ၁ ခွက်
– သကြား ၁ဇွန်း (စားပွဲတင်)
-vanilla extract ဇွန်းဝက်(စားပွဲတင်)
မွှေမဲ့ နဲ့ ခွက် ကြီးကြီး ကို ၁၀မိနစ်ခန့် Freezer ထဲ ထဲ့ပါ။ ပါဝင်ပစ္စည်းများကိုခွက်ထဲ ရောထဲ့ပြီး စက်ရဲ့အမြင့်ဆုံး နဲ့ နောက်ဆုံး Foam  ဖြစ်သွားသည်အထိမွှေပေးပါ။ အရောင်ကို Food Colour  အစိမ်းရောင် ထဲ့မွှေပေးပါ။ ဒီ အပေါက်လေးတွေပါတဲ့နှုတ်သီးခေါင်းကို သုံးရပါမယ်။ Cream bag ကို ထိပ်ဖြတ် နုတ်သီးလေးကိုထဲကာ Cream ထဲ့ပြီး Cupcake လေးများပေါ် အလှဆင်ပါ ။ ပြီးရင် ကြိုက်နှစ်သက်ရာ ပန်းပွင့်၊ ကြက်ဥ ရောင်စုံ၊ မုန်လာဥတို့ဖြင့် အဆုံးသတ်လိုက်ပါ။

IMG_0014 IMG_0019

IMG_0060 IMG_0021 IMG_0023 IMG_0105_2 IMG_0059 IMG_0055_2

Easter Cupcakes လေးလှလှပပပြီးသွားတာကို သူတို့လေးတွေ ပျော်ရွှင်ဂုဏ်ယူနေပါပြီ