ရှမ်းခရမ်းသီးပဲပုပ်ထောင်း
ဒီနည်းလေးကတော့ ကျမရဲ့ ပြင်သစ်သူလေး ရှမ်းမလေးလင်းရဲ့ ရှမ်းခရမ်းသီးထောင်းနည်းလေးကို သင်ယူပြီး ထောင်းထားတာပါ။ ကျမက ခရမ်းသီးဆို မီးဖုတ်ပြီး သုတ် ရင်သုတ် မဟုတ်ရင် ကြက်ဥနဲ့ ခလောက်ပြီး ကြော်စားတတ်ပါတယ်။ ဒီနည်းလေးက တော့ရှမ်းရိုးရာနည်းလေးပါ။ အလွန်စားကောင်းပြီး စပ်စပ်လေး နဲ့ ထမင်းမြိန်စေပါတယ်ရှင်။ လွယ်လွယ်လေးပါလို့ ထုံးစံအတိုင်းဆိုလိုက်ပါရစေအုန်းနော်။
ပါဝင်ပစ္စည်းများ
-ခရမ်းသီးအကြီး ၁လုံး
-ကြက်သွန်ဖြူ ၅မွှာ
-ပဲပုတ်ပြားတချပ်
-ငရုတ်သီးစိမ်း ၂တောင့် ( မစပ်တဲ့ ငရုတ်သီးဆိုရင်ပိုထဲ့ပါ)
-ချယ်ရီ ခရမ်းချဉ်သီး ၂လုံး
-နံနံပင်၊ ဖတ်ဖယ်ရွက် အနဲငယ်စီ
-အသားမှုန့် ၁ဇွန်း အချိုဇွန်း (သတ်သတ်လွတ်စားမယ်ဆိုရင်တော့ ဟင်းရွက်မှုန့်၊ ပဲငံပြာရေ ၊ သကြား စသည်တို့အစားထိုးပါ)
-ဆား ဇွန်းဝက် (အချိုဇွန်း)
လုပ်နည်းကတော့
ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ပဲပုပ်ကင်၊ ငရုတ်သီး ကို မီးဖုတ်(သို့) ကင်ပါ ။ ၁၅ မိနစ်ခန့်ကင်ပြီး ကျမက တော့ ခရမ်းသီးကို ကြာကြာပိုကင်ပါတယ် အတွင်းမကျက်မှာစိုးလို့ပါ။ ပြီးရင် ခရမ်းသီး အသားဖယ်ယူထားပါ။
ကင်ဖုတ်ပြီးတာနဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ပဲပုပ် ကို ဆားနဲ့ အသားမှုန့်ထဲ့ပြီး ညက်အောင်အရင်ထောင်းပါ။ ပြီးရင် နံနံပင်၊ ဖက်ဖယ်လှီးဖြတ်ကာထဲ့ထောင်းပါ။ ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကို နောက်ဆုံ့းထဲ့ကာထောင်းပါ။
သေချာသမအောင် ထောင်းပြီး အရသာလိုသလို ဆားနဲ့ အသားမှုန့် ပြန်ဖြည့်ပြီး စားရန်အသင့် ကျမ အသဲစွဲ ရှမ်းခရမ်းသီးပဲပုပ်ထောင်းလေးရပြီပေါ့ရှင်။