အသားတုဘဲသားဆီပြန်
ဒါလေးက ကျမ အလွန်ကြိုက်သော သတ်သတ်လွတ်ဟင်းလေးပေါ့ ၊သက်သတ်လွတ် စားလို့မဟုတ်ပဲ ကြိုက်လို့ကိုချက်စားဖြစ်တာပါ။ တချို့က မေးကြပါတယ်။ သက်သတ်လွတ်လဲပြောသေး ဘဲသား ကြက်သားလဲ ခေါ်သေးပေါ့နော် ကျမ ဉာဏ်မှီသလောက်ပြောရရင်တော့ အရသာကိုသာ တူအောင်လုပ်ထားတာပါ တကယ်က ပဲနဲ့ လုပ်ထားတာမို့ အသက် သတ်တာနဲ့ မဆိုင်ဘူးလားလို့ပါ။ ဒါကြီးကတော့ ဘဲသားအစစ်ဟဲ့ ကြက်သား အစစ်ဟဲ့လို့ မမှတ်ပဲ စားရမယ်ထင်ပါတယ်။ ဘဲသားအရသာဆို ချိုငံလေး ကြက်သားဆိုခပ်လေးလေး ပုဇွန်ဆို ချိုအောင် စသည်ဖြင့်လုပ်ထားကြတာပါ။ ကျမ အတွေးသတ်သတ်သာဖြစ်လို့ အတွေးများမှားနေခဲ့ရင် တောင်းပန်ပါတယ်။ ကျမ အလွန်ကြိုက်သော ဟင်းတခွက်ကို စေတနာဖြင့် ရေးပေးချင်သော စိတ်တခုဖြင့်သာ ရေးသားမိပါတယ်လို့
ကဲ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-အသားတု ဘဲသား ဗူး ၂ဘူး 300 g
-ကြက်သွန်နီ အလတ် ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-korea ငရုတ်သီး အနှစ် ၁ဇွန်း (စားပွဲတင်)
-သကြား ၁ဇွန်း (အချိုဇွန်း)
-ပဲငံပြာရည် ၁ဇွန်း(စားပွဲတင်)
-ဆား လိုသလောက်
-တရုတ်မဆလာ အနဲငယ်
ကြက်သွန်များကို ရောပြီး ကျေညက်နေအောင် ကြိတ်ပေးထားပါ။ အကယ်လို့ korea ငရုတ်သီး အနှစ်များ မရှိရင် အနှစ်အစား ကို ငရုတ်သီးအကြမ်းဖတ် ၂ဇွန်း(စားပွဲတင်) ထဲ့ပြီး ရောကြိတ်လိုက်ပါ။
ဆီပူပူမှာ ကြက်သွန်အရောကို ရွှေဝါရောင်သန်းသည်အထိကြော်ပေးပါ ။ ကြက်သွန် ကျွတ်လာရင် ငရုတ်နှစ် ထဲ့ပြီး ရောမွှေပေးပါ။
အသားတုဘူးဖောက်ပြီးရောပေးနိုင်ပါပြီ။ ရေ အနဲငယ်ထပ်ဖြည့်ပြီး ပွက်လာရင် သကြား၊ ပဲငံပြာရည်၊ ဆားတို့ကို ထဲ့ ၇ မိနစ်ခန့် အဖုံးအုပ်ပေးပါ။
ဆီပြန်လာရင် အရသာ အပေါ့အငံ မြည်းကာ တရုတ်မဆလာ ဖြူးပြီး ထမင်းပူပူလေးနဲ့ အရသာရှိရှိစားသုံးနိုင်ပါပြီရှင်။
Hi there terrific blog! Does running a blog similar to this require a lot
of work? I’ve virtually no knowledge of coding however I had been hoping to
start my own blog soon. Anyways, should you have any recommendations or techniques for new blog owners please share.
I know this is off topic nevertheless I just needed to ask.
Thanks a lot!
Way cool! Some estremely valid points! I appreciate you writing
this post aand the est of the site iis also really good.