မုန့်စိမ်းပေါင်း
ဒီမုန့်စိမ်းပေါင်းကတော့ ကျမတို့မြန်မာလူမျိုးတွေမှ မဟုတ်ပဲ သီရိလင်္ကာ လူမျိုးများမှာလဲ စားကြပါတယ်။ တရက်က ကျမအိမ်က ဘေစင်ထဲမှာ ပင့်ကူ အကြီးတကောင်ဝင်နေပြီး အပေါ်ပြန်တတ်တိုင်း မရလို့ အဲဒီထဲပဲနေနေရပါတယ်။ ကျမ ကလဲ ပုရွတ်ဆိတ်တောင် နဲနဲကြီးရင် ကြောက်သူမို့ ကိုထက်ကိုဖုန်းဆက်ခေါ်တော့ သူက အိမ်နဲ့တော်တော် ဝေးဝေးကို ရောက်နေပြီ။ အဲဒီတော့ ဒီပင့်ကူတကောင်နဲ့ ဒီအိမ်ထဲ ထိုင်မရ ထမရဖြစ်နေရတာမို့ အိမ်ရှေ့ကသီရိလင်္ကာ လူမျိုးများဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ သွား အကူအညီတောင်းရပါတယ်၊ ပိုင်ရှင်မိန်းမက ကျမနဲ့ခင်နေသူမို့ သူ့သားလေး ကို လိုက်သွားပြီးကူ ဆိုခိုင်းလိုက်တယ်။ ကလေးက ၁၃ နှစ် မျက်နှာစပ်ဖြဲဖြဲနဲ့ လိုက်ဖယ်ပေးရှာတယ်။ သူ့စိတ်ထဲ ငါတောင်မကြောက်တာ ဒီမိန်းမကြီး မကြီးမငယ်နဲ့ ကြောက်တတ်လိုက်တာဆိုပြီး နေမှာပေါ့။ ကျမက သူ့ကို မီးဖိုထဲ ပိတ်ကိုထားလိုက်တယ်၊ မတော် ဟိုပင့်ကူက သူ့လက်က လွတ်ပြီး ကိုယ့်ဆီပြေးလာမှဆိုပြီးလေ။ ဟိုကလေးကပင့်ကူကို ခြံထဲ လွှတ်ပေးပြီး ငါ့လဲ တံခါးပြန်ဖွင့်ပါအုန်းဆိုမှ ဖွင့်ပေးတာ။ သူ့ကိုပြန်လိုက်ပို့ပြီး သူအမေကို ကျေးဇူးတင်စကားပြောမှ သူစားနေတာ ငါတို့ မုန့်စိမ်းပေါင်းနဲ့ တူလှချည့်ဆို စိတ်ဝင်စားဟန်ပြ ဟိုက စားမလားမေးတော့ အရှက်မရှိ ဝင်မြည်း ဒါဘယ်လိုလုပ်သလဲမေးနဲ့ အဲသလို ရဲတင်းပြီး ရထားတဲ့နည်းပေါ့။ သူတို့က မုန့်သားမှာ အုန်းသီးဖတ်လေးတွေတောင်ပါသေး။ ကျမက မအားလပ်တဲ့ အိမ်ရှင်မများအဆင်ပြေစေရန် ရည်ရွယ်ပြီး လွယ်ကူအောင် နည်းကို ပေါင်းစပ်ပြီး ရေးပေးပါမယ်။
္စပါဝင်ပစ္စည်းများ
-ဆန်မှုန့် အကြမ်း course rice flour ၃၀၀ ဂရမ်( ဆန်မှုန့်ကြိတ်ထားတာတွေ အလွန်မှုန့်နေရင် မကောင်းပါ)
-အုန်းနို့ ဦးရည်၁၀၀ မီလိမီတာ ( အပျစ်ကိုဆိုလိုပါတယ်)
-ထန်းညက်ရေ ကျို ၁၀၀ မီလီမီတာ
-ဆား အချိုဇွန်း ၁ဇွန်း
-ရေနွေး ဆူဆူ ၁၀၀မီလီလီတာ
စစချင်း ဆန်မှုန့်များကို ဇလုံတခုမှာ ထဲ့ပြီး ရေနွေး ဆူဆူကို နဲနဲချင်းစီ ထဲ့လိုက် သစ်သားယောင်းမဖြင့် မွှေလိုက်လုပ်ပေးပါ။ မစိုတစိုဖြင့် လုံးထွေးမနေသော ဆန်သားမွှမွှရပါမယ်။ ဆား ထဲ့ရောပေးပါ။ အဲဒါကို ကျမက ရေနွေးဆူပြီးသားပေါင်းအိုးမှာ ၁၅ မိနစ်ခန့် ပေါင်းပါတယ်။
ဒီအဆင့်မှာ ကြာကြာပေါင်းနိုင်ရင် ပိုကောင်းပါတယ်
ရလာပြီဆိုရင် တော့ ခဏ အအေးခံပြီးမှ ဆန်မှုန့် ၁ဝက်ကို အုန်းနို့ ကိုနဲနဲစီရောပြီး လိုက်မွှပါ။ နောက် တဝက်ကို ထန်းညက်ရေဖြင့် ရောမွှပေးပါ။ လက်ဖွဖွဖြင့်မွှေပေးပါ။ ဆုပ်နယ်လိုက်ရင် မုန့်သား မလှပဲ အခဲပုံဖြစ်သွားပါမယ်။
အဲဒီနောက်မှာ တော့ ဇကာပေါ်ဖိချပေးရပါမယ်။ မုန့်အမှုန့်လေးများရအောင်ပါ။ ကျမက blender ထဲ ထဲ့ကြိတ်ပါတယ်။ ပုံပါအတိုင်း ခပ်မွှမွှလေးများရလာပါမယ်နော်။
ကျမကမုန့်ပေါင်းအိုးအစား ဖန်ဇလုံ အသေးကို သုံးပါတယ်။ အုန်းနို့အရော မုန့်သားအမွှများကို အရင်ထဲ့ ထန်းညက် အသားကို အပေါ်က ထဲ့ပါတယ်။ (ဖိသိပ်မထဲ့ရပါ)
အပေါ်က အဝတ်ပါးတခုကို အုပ်ပြီး ပေါင်အိုးမှာပါတဲ့ ဇကာပေါ် မှောက်ရက်အနေဖြင့်တင်ကာ အောက်က ရေများများခံပြီး ၄၅ မိနစ်ခန့်အလုံပိတ် ပေါင်းပါတယ်ရှင်။
ပေါင်းပြီးရင်တော့ ပန်းကန်တချပ်ပေါ် မှောက်ချကာ နှမ်းထောင်းတို့ အုန်းဆံခြစ်တို့ဖြင့် ပူပူနွေးနွေးမွှေးမွှေးလေးစားလို့ရပါပြီ။ အဆင်ပြေနိုင်ကြပါစေရှင်။
အုန်းနို့ ၊ ထန်းညက် အပျစ်အကျဲပေါ် မူတည်ပြီး ပေါင်းချိန်ပိုကြာတတ်ပါတယ်။ ပေါင်းပြီးရင် ဘေးနားတွေမခြောက်အောင် ဆီသုတ်ထားတာ (သို့) ပတ်ထားတာတို့ လုပ်သင့်ပါတယ်။
အ ရမ်းကိုကျေးဇူးတင်ပါတယ်။
တော်လိုက်တာ။ကျန်းမာပါစေ။ပဲသွေးလုပ်နည်းလေးလည်းသိရင်တင်ပေးပါနော်
Thank you very much Ei Thet.
Thank you so much for the recipe! Can you please tell me approximately how many cups in 300 g of coarse rice flour?
Hi there to every one, the contents present at this web site are genuinely amazing for
people knowledge, well, keep up the nice work fellows.
အောင်မလေး အမရေ ည သန်းခေါင်အချိန်မှဒါလေးကိုဖတ်မိလို့ ပျော်လိုက်တာမပြောပါနဲ့တော့ ။ လင်မယား၂ယောက်စလုံး မုန့်စိမ်းပေါင်းစားချငိနေကြတာ ။တခါက သူများတငထားတာလေး FB မှာဖတ်မိတာ အရမ်ူခက်သလိုပဲ။ အခု အမ နည်းလေးကUSကလူတွေအတွက် အဆင်ပြေလိုက်တာ ။ ကျေးဇူးတင်ပါတယ်နော် ။ မနက်ဖြန်အိပ်ယထတညနဲ့လုပ်ကြည့်မယ်
Course rice flour ကဘယ်လိုလုပ်ရမလဲ ဒီမှာရှိတဲ့ ဆန်မှုန့်တွေက ဆန်ကြမ်းဟုတ်ဘူးထင်တယ်နော်
အမ ရေ..လုပ်ပါဦး မုန့်ကပွပွဖွာဖွာကြီးဖြစ်သွားတယ် ဘာ့ကြောင့်လဲသိဘူး
then hv to add a bit of water or coconut milk sis 🙂
အမ ဆန်ကြမ်း ကဘယ်လိုမျိုးလဲ အိမ်မှာ ဆန်မှုန့်၂မျိုးရှိတယ် နဲနဲဖွာတာ ဆန်ကြမ်းထင်တာပဲ ။ ဘယ်လိုရှာဝယ်ရမလဲ ပြောပြပါဦးနော် ။ ပြီးတော့ ရေနဲနဲပိုထည့်ရင် blender မှာလုံးထွေးထွေးဖြစ်သွားတယ်။ ဆန်အမျိုးစား မှာ လိုလို့ထင်တယ်နော်