ကောက်ညှင်းဆနွမ်းမကင်း ( ၈”၊ ၆”၊ ၂.၅” ဘန်း)
ကောက်ညှင်းဆနွမ်းမကင်းက တော့ အလွန်လွယ်ပါတယ် စားလို့လဲကောင်းပါတယ်။ တချို့က ရွှေထမင်းနဲ့ ကောက်ညှင်းဆနွမ်းမကင်းကိုမှားတတ်ကြပါတယ်။ လုပ်နည်းက ရွှေထမင်းက လုပ်နည်းက အလွန်လွယ်ပါတယ်။ ဒီ ဆနွမ်းမကင်းနည်းကတော့ နဲနဲလေးအလုပ်ရှုပ်ပေမဲ့ ပွဲလယ်တင့်ပြီးစားလို့ ကောင်းပါတယ်။ လုပ်စားကြည့်ပါနော်
ပါဝင်ပစ္စည်းများ
-ကောက်ညှင်းဆန် ဆန်ချိန်ခွက်
-အုန်းနို့ ၁ဗူး ၄၀၀ မီလီလီတာ
-သကြား ၁၀ သား
-ဆား ဇွန်းဝက်(အချိုဇွန်း)
ကောက်ညှင်းဆန်ကို ရေ တညစိမ်ထားပေးပါ။
ကောက်ညှင်းများကို နူးကာနီး အထိပေါင်းထားပါ။( ပေါင်းတာများသွားရင် မုန့်ဖုတ်တဲ့အခါ မုန့်သား အတုံးမထွက်ပဲ ပြဲနေတတ်ပါတယ်) ပေါင်းတယ် ဆိုပေမဲ့ကျမက လွယ်လွယ်ပဲ ထမင်းချက်သလို ရေထဲ့အဖုံးအုပ်ချက်တာပါ။ အိုး တလုံးထဲမှာ အုန်းနို့ ၃၀၀မီလီကို သကြားနဲ့ ပျစ်လာသည်အထိရော အတူရောကြိုပေးပါ။ ပေါင်းထားတဲ့ ကောက်ညှင်းများရောမွှေပြီး ရေခန်းလာ ပြီးပျစ်လာသည်အထိ မွှေပေးပါ။
ပျစ်လာရင် ဆီသုတ်ပြီး ဘန်းထဲကိုထဲ့ကာ မျက်နှာပြင် ညှိပါ။ ကျန်အုန်းရည်များကို မျက်နှာပြင်ပေါ်လောင်းကာ ဘိန်းစေ့ကြိုက်ရင်ဖြူးနိုင်ပါတယ်။ (သကြားဖြူးလဲရပါတယ်)
ကြိုတင် အပူပေးထားသော အလယ်ဆင့်တွင် အပေါ်မီး များများ အောက်မီး နဲနဲဖြင့် ၂၅၀ ဒီဂရီ ဖာရင်ဟိုက်ဖြင့် မိနစ် ၃၀ ခန့် ဖုတ်ပေးပါ။ မုန့်ကျက်မကျက်ကိုမုန့်အလယ်ကို ဓားသေးသေးဖြင့်ထိုးကြည့်လို့ မုန့်သားမကပ်နေရင် မုန့်ကျက်ပါပြီ။ အပြင်ထုတ်ပြီး အေးလာရင် လှီးစိတ်စားသုံးလို့ရပါတယ်။
I enjoy, lead to I found just what I was taking a look for.
You have ended my four day lengthy hunt! God Bless you man. Have a nice day.
Bye