ငှက်ပျောသီးကောက်ညှင်းထုပ်ကို ကျမ လုပ်ချင်လို့ ရခိုင် ငှက်ပျောသီး ရန်ကုန်ကို မှာရပါတယ်။ ရခိုင်ငှက်ပျောကမှ ကျက်ရင်နီသွားပြီး ပိုချိုတာကို။ နိုင်ငံခြားက လူတွေ တော့ plantain banana ကိုသုံးလို့ရပါတယ်။ ငှက်ပျောသီးကို အခြမ်းလေးများခြမ်းထားပေးပါ။ ကျမ ကတော့ ကိုထက် မေမေ ကိုထက်ပြန်လာတုန်းက ထဲ့ပေးလိုက်တာကိုသုံးတာပါ.
ပါဝင်ပစ္စည်းများ
-ကောက်ညှင်းဆန်ကောင်းကောင်း-.၂ ခွက်( ဆန်ချိန်ခွက်)
-ရခိုင်ငှက်ပျောသီး- ၅ လုံး
-ဆား- ၁ ဇွန်း(အချိုဇွန်း)
-သကြား၊ အုန်းသီးခြစ်
ကောက်ညှင်းဆန်ကိုတည ကြိုတင်ရေဆေးစိမ်ထားပါ။နောက်တနေ့မှာကောက်ညှင်းတွေကိုရေစင်အောင်စစ်ထားပါ။ ကောက်ညှင်းကို ဆာ့း ဖြင့်နယ်ထားပါ။ ငှက်ပျောသီးကို အခြမ်းလေးများခြမ်းထားပေးပါ။
ငှက်ပျောဖက်ကို မီးကင်ထားပါ။ နို့မို့ရင် ထုပ်တဲ့အခါ ဖက်က မာဆတ်ဆတ်နဲ့ကွဲထွက်လာတတ်ပါတယ်။
ဖက်ကို နှစ်ရွက်လောက် ထပ်ပြီး ကောက်ညှင်း၁ဇွန်း (စားပွဲတင်) တင်ပါ ။ အပေါ်က ငှက်ပျောသီးစိတ်ကိုတင်ပါ။ ကောက်ညှင်း ၁ ဇွန်းနဲ့ ထပ်
အုပ်ပါ။ နှီးကြိုး(သို့) ကြိုး တမျိုးမျိုး တင်းတင်းစည်းရပါမယ်
ပီးရင်တော့ ပြုတ်မည့်အိုးထဲကို စီထည့်ပြီးရေကိုကောက်ညှင်းထုပ်လေးများ မြုပ်အောင်ထည့်လိုက်ပါ။ကောက်ညှင်းထုပ်ပြုတ်ရာမှာ အပြုတ်နာလေ ကောက်ညှင်းထုပ်အသား ကောင်းလေပါဘဲ။ ရေကို ၂ခါလောက် ထပ်ဖြည့်ပြီးပြုတ်ပါ။
ပြုတ်ပြီးသွားရင်တော့ ဖက်ကိုခွါ ကာ လှီးစိတ်ပြီး အုန်းသီးနဲ့ သကြား ဖြူးကာ စားသုံးနိုင်ပါပြီ။
ကောင်း try