Image

ကန်စွန်းရွက်သုတ်


ကန်စွန်းရွက်သုတ် 
IMG_0117
ကျမ တို့အိမ်မှာ ကိုထက်က အသီးအရွက်များများစားတဲ့ အလေ့ရှိသူ ဖြစ်ပါတယ်။ ကျမကတော့ အသားများများစားတတ်သူပေါ့။ ဒီနည်းလေးကတော့ ကျမရဲ့ အမ အရင်းလို ခင်မင်ရတဲ့ မမငြိမ်းက သူ သတ်သတ်လွတ်စားနေချိန်မှာ ဘာတွေစားဖြစ်သလဲပြောရင် ပြောပြသွားတဲ့နည်းလေးပါ။ ကိုထက်က တော့ အလွန်ကြိုက်ပါတယ်။ စားလို့လဲ ကောင်းတာကို။
 
ပါဝင်ပစ္စည်းများ
-ကန်စွန်းရွက် ၁စည်း
-မကျည်းသီးနှစ် ၁ဇွန်း
-ကြက်သွန်ဖြူဆီချက်  ၃ဇွန်း (စားပွဲတင်)
-ငရုတ်သီးအစိမ်းတောင့် ၁တောင့်
-ငရုတ်သီးခြမ်းကွဲ (ငရုတ်ဆီချက်ရန်)
-မြေပဲဆံလှော်ထောင်း၁ဇွန်း (စားပွဲတင်)
-သံပုရာရည် ၁ခြမ်းစာ
-ပဲငံပြာရည် ၂ဇွန်း(စားပွဲတင်)
-ဆား အနည်းငယ်
 
 ငရုတ်ဆီချက် အရင်ဆုံးချက်ပါမယ်။ ငရုတ်သီးခြမ်း ၅ဇွန်း လိုပါမယ်။ ဒယ်ပေါ်မှာ ဆီ များများကို အပူပေးပါ။ ပူလာရင် ငရုတ်သီးထဲ့ ခနမွှေပါ။ ပဲငံပြာရည် ၃ဇွန်း သကြား ၁ဇွန်း ပါရောမွှေပြီး ဆီချက်ထားပါ။ ဒီငရုတ်ဆီကို သတ်သတ်လွတ် အသုတ်တွေမှာ ထဲ့ သုတ်နိုင်ပါတယ်။
 
           ကန်စွန်းရွက်ကို ရေဆေးကာ အရွယ်တော်လေးများလှီးဖြတ်ဆေးကြောထားပါ။
IMG_0055
 
ငရုတ်သီးစိမ်းကို ပါးပါးညှပ်ပါ။  ရေကို ပွက်ပွက်ဆူအောင် တည်ပါ။ မကျည်းသီးနှစ် ထဲ့ပါ။ ရေဆူရင် အရွက်များထဲ့ပြီး တမိနစ်အကြာ ဆယ်ပြီး ရေအေးအေးဖြင့်စိမ်ပေးပါ။ ( ဟင်းသီးဟင်းရွက်များပြုတ်ရင် ဆား(သို့) ဗီနိကာ(သို့) မကျည်းရည် ထဲ့ပြုတ်ပါ။ ပြီးရင် ရေအေးအေး (ရေခဲရေဆိုပိုကောင်းပါတယ်) ထဲမှာစိမ်ရင် စိမ်းပြီး ကျွတ်နေပါတယ် )
IMG_0057 IMG_0058 IMG_0060
 
          သုတ်လို့ရပါပြီ ။ ကန်စွန်းရွက်ပြုတ်ရယ်၊ ဆီချက်ရယ်၊ ငရုတ်သီးစိမ်းရယ်၊ ပဲငံပြာရည်ရယ်၊ ဆား လိုသလောက်ချိန်ထဲပြီး ရော မွှပေးပါ။ သံပရာရည်ညှစ်ပါ။ အရသာ အပေါ့အငန်မြည်းပြီး မြေပဲလှော်ထောင်းရယ်၊ ငရုတ်သီးကြော် ၁ဇွန်း (စားပွဲတင်)အပေါ်က ဖြူးပါ။ စားခါနီးမှ မွှေကာ ချဉ်ချဉ်စပ်စပ် ကန်စွန်းရွက်ပြုတ်သုတ်လေး ကို ထမင်းပူပူဖြင့်သုံးဆောင်ပါ။
IMG_0061 IMG_0066 IMG_0067
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s