ကျမ တို့ ၄ တန်းလောက်မှာ ၂၉ လမ်းအိမ်အဟောင်းကို တိုက်အသစ်ဆောက်တော့ လှည်းတန်း (ကမာရွတ်) က ဓနုဖြူ ဆိုင် အပေါ်မှာပြောင်းနေရပါတယ်။ အဲဒီမှာ အမ ဝမ်းကွဲ မအိအောင်ဆိုတာ ကျမနဲ့ ရွယ်တူပေါ့ အတူလာနေပါတယ်။ တအိမ်လုံးပြောင်းဆံနေအောင် ဆော့ကြတယ်။ အပြစ်တခု ခုလုပ်ပြီးရင် အစောကြီး အိပ်ယာဝင်ကြတယ်။ ကျမ အဖေနဲ့ အမေက ဆိုင်သိမ်းမှ အပေါ်တက်လာတာဆိုတော့ ကျမတို့က အဆူမခံရအောင် အိပ်နေပြီဆိုပြီး ဟန်ဆောင်ပြရတာပေါ့။ တခါက ကျမ မောင်လေးက ဘယ်လောက်တောင်ဆော့လဲဆိုရင် ကေဘယ်ကြိုး နှစ်ချောင်းကို ပလပ်တပေါက်ထဲ ထြဲ့ပီး မီးဖွင့်လိုက်တာ ဖောင်းကနဲမြည်ပြီး တတိုက်လုံးမီးပြတ်ပြီး အလုပ်တွေရှုပ်ကုန်တာပေါ့။ အဖေကလဲ ဆိုင်မှာ လူကျနေချိန် မီးလာဖို့ပြန်လုပ် ဈေးဆက်ရောင်းနဲ့သူ့ကိုမဆူအားဘူးပေါ့။ ကျမတို့ကသိလိုက်ပါပြီ ညကျ ဆူတော့မယ်ဆိုတာ ။ ကိုယ်တွေမပါပေမဲ့ မတော် သူ့ဆူနေရင်း နင်လဲအတူတူ ဟိုတနေ့ဘယ်လို ဘယ်နေ့က ဘာလုပ်တာဆိုပြီး ပါသွားတတ်လို့ မောင်နှစ်မတွေ ညကျ ထပ်ခိုးမှာ စောစော အိပ်ရာဝင်ဖို့ အဆင်သင့်ပြင်ထားရင်းမှ အဖေမတက်လာခင် ဆော့နေကြသေးတာ အဖေတက်လာပြီလဲဆိုရော ဝုန်းဆို ၃ယောက်သား စောင်ခြုံအိပ်နေတာပေါ့ ၊ အဖေကလဲ ဆူတာ ဝက်ဝက်ကွဲ ၊ အခုပြန်စဉ်းစားကြည့်တော့ မအိပ်နေမှန်းသိရက် နဲ့ ထစမ်းဆိုထိုင်ခိုင်းပြီး မရိုက် မဆူပဲနဲ့ သူ့ဘာသာဆူပြီးဆင်းသွားရှာတယ်။ ကျမတို့ ၃ ယောက်က စောင်ခြုံထဲမှာ ဖက်ခေါင်းအုန်း တွေကိုက်ပြီး အသံမထွက်အောင်ကြိတ်ရီရတာ အမှတ်တရပေါ့။ ကျမ က ပြည်ကြီးငါးချဉ်စပ် ချက်တိုင်း အဲဒီ အမကိုသတိရတယ်။ ဆိုင်မှာရောင်း တဲ့ဟင်းကို ကျမတို့က ပိုချဉ်ပိုစပ်အောင် ပြင်ချက်ကြတာပေါ့။ အခု ဒီဟင်းလေးကို ချက်ပြပါမယ်၊ ကြည့်ရအောင်နော်
ပါဝင်ပစ္စည်းများ( ၁ပွဲစာ )
-ပြည်ကြီးငါး ၂၀၀ ဂရမ်
-ကြက်သွန်နီ ၁လုံး အသေး
-ကြက်သွန်ဖြူ ၃မွှာ
-ဂျင်း ထောင်းပြီးသား ၁ဇွန်း (အချိုမှုန့်)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)
-ခရမ်းချဉ်သီး ၁လုံး
-ငရုတ်သီးစိမ်း ၂တောင့်
-သံပုရာရည် ၁ဇွန်း (စားပွဲတင်)
-ငရုတ်သီးမှုန့် ၁ဇွန်း (အချိုဇွန်း)
-ဆား ဇွန်းဝက်(အချိုဇွန်း)
-အသားမှုန့် ၁ဇွန်း (စားပွဲတင်)
-အသီအနှံများ အနဲငယ်စီ ( ငရုတ်ပွသီး၊ ဘိုစားပဲပြား၊ မုန်လာဥနီ )
-နံနံပင် လက်တဆုပ်စာ
ပြည်ကြီးငါးများကို သန့်စင်ကာ အလှဆင်လှီးပါ။ အလှဆင် လှီးတဲ့အခါမှာ အတော်များများက ပြည်ကြီးငါးကို အကွက်ဖော်လှီးတာလောက်သာသိပြီး အတွင်းဖက်က လှီးရမှာကို အပြင်ဖက်က လှီးကြပါတယ်။ ဒီအခါ ပြည်ကြီးငါး ကျက်သွားရင် အကွက်မပေါ်ပဲ လိပ်သွားတဲ့အခါ လှီးထားတဲ့အပိုင်းကအထဲရောက်သွားတတ်ပါတယ်။ ပြည်ကြီးငါးလှီးရင်း အတွင်းသားကိုသာ အကွက်ဖော်ရမှာဖြစ်ပါတယ်။ အကွက်ပုံရစ်လှီးရင်(မပြတ်သွားအောင် လှီးရမှာပါ) ချက်တဲ့အခါ ကျက်သွားရင် အလွန်လှပါတယ်။ လှီးပြီးရင် ငရုတ်ကောင်း၊ ဆား၊ ဂျင်းတို့ဖြင့်နယ်ထားပါ။
ဂျင်းအနဲငယ် အချောင်းလေးများလှီးထားပါ။
ကြက်သွန်နီကို လေးစိတ်ကွဲ အတုံးလေးများတုံးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ကြက်သွန်နီကိုအရင် ဆီတွင်ထဲ့ကြော်ပါ၊ ရွှေဝါရောင်သန်းလာရင် ကြက်သွန်ဖြူကိုထဲ့ ကြော်ပါ။ ဂျင်းကို ထဲ့ပါ။ ဒီမှာတင် အနံ့တော်တော်မွှေးလာပါပြီ။ ငရုတ်သီးမှုန့် ထဲ့ပါ။ ပြီးရင် နယ်ထားတဲ့ ပြည်ကြီးငါးများကို ထဲ့ကြော်ပါ။
ပြည်ကြီးငါး များ လိပ်တတ်လာပြီး ကျက်လာရင် ခရမ်းချဉ်သီး၊ အသီးအနှံများ ထဲ့ရောပါ။ ဆား၊ အသားမှုန့်များထဲ့မွှေပေးပါ။ ၁ မိနစ်ခန့် အဖုံအုပ်ပေးထားပါ။ နောက်ဆုံးမှာ ငရုတ်သီးစိမ်း ပါးပါးလှီး၊ သံပုရာရည် ထဲ့မွှေပေးပြီး နံနံပင်အနယ်ငယ် နုတ်နုတ်စင်းထားကာရောမွှေပေးလိုက်ပါ။ အပေါ့အငံ လိုသလိုချိန်ဆနိုင်ပါတယ်။ အစအဆုံး မီးပြင်းပြင်းဖြင့် ကြော်ဖို့လိုပါတယ်။ ပြည်ကြီးငါးချဉ်ငံစပ်မွှေးလေးရပါပြီ။
Having read this I believed it was rather informative.
I appreciate you finding the time and effort to put this article together.
I once again find myself personally spending a significant amount of time
both reading and posting comments. But so what,
it was still worth it!
Interesting blog! Is your theme custom made or did you download it from somewhere?
A design like yours with a few simple adjustements would really make my blog shine.
Please let me know where you got your design. Thank you