Creme Brulee
……………………….
ဒီအချိုပွဲက ပြင်သစ်ကလာတဲ့ အချိုပွဲပေါ့နော်။
သူက ပူတင်းလိုကျက်သွားတာမျိုး မဟုတ်ဘဲ
အနှစ်ကခပ်ပျစ်ပျစ်အနေမှာပဲ ထားစားရတာပါ။
အပေါ်က သကြားမှုန့် လေးများကို အနည်းငယ်ကျွမ်းသွားအောင်
မီးပြပေးကာ သကြားအခဲလေးအပျဉ်လိုက် ကြွပ်ကြွပ်လေးဖြစ်နေတာကို
ဇွန်းဖြင့်ခွဲကာ အထဲကအနှစ်နဲ့ တွဲစားရတာမျိုးပေါ့။
ဒီဘက် ဥရောပနိုင်ငံများရဲ့ နာမည်ရအချိုပွဲပေါ့။
ကျွန်မသားက လုပ်တာကိုကူပေမဲ့ အချိုမစားတော့ ဒီဒီလေးနဲ့ ကျွန်မစားရပါတယ်။
ပါဝင်ပစ္စည်းများ
……………………..
• Double Cream – ၅ဝဝ မီလီ
• Vanilla အနံ့ – ၃စက်ခန့်
• Caster Sugar – ၁၅ဝ ဂရမ်
• ကြက်ဥအနှစ်ပဲ – ၆ လုံးစာ
ပြုလုပ်နည်း
………………..
စရအောင် . . .
ပထမဆုံး Oven ကို 2150C/300F ဖြင့် အပူပေးထားပါ။
Cream ကို အိုးတစ်လုံးထဲ ထည့်ကာအပူပေးပါ။
အနည်းငယ်ပူလာလို့ ပူစီပေါင်းလေးတွေထချင်လာရင်
မီးပိတ်ထားလိုက်ပါ။ အဲဒီအချိန်မှာ ဇလုံတစ်လုံးထဲမှာ
သကြား ၁ဝဝ ဂရမ်ကို ကြက်ဥအနှစ်နဲ့ရောကာ ၁မိနစ်ခန့်
ခေါက်တံဖြင့် ခေါက်ပေးပါ။ အနည်းငယ်ပူနေသေးတဲ့
Cream ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး တဆက်တည်း
မွှေပေးရပါမယ်။ ဒီနေရာမှာ အိုးကို ကျွန်မကကိုင်ပြီး
လောင်းထည့်ကာ သားကြီးကို မွှေခိုင်နေလိုက်ပါတယ်။
အဲလိုမှ တစ်ချိန်တည်းမှာ မွှေမပေးရင် Cream ရဲ့အပူရှိန်က
ကြက်ဥကိုကျက်စေပြီး အဖတ်ဖတ်တွေဖြစ်သွားနိုင်လို့ပါ။
နောက်ထပ် ဇလုံတစ်ခုထဲကို အရည်များဆန်ခါစစ်ပြီး
လောင်းထည့်လိုက်ပါ။ အကယ်၍များ အပူကြောင့်
ကျက်သွားတဲ့ ကြက်ဥအဖတ်လေးတွေရှိရင် ဆန်ခါပေါ်စစ်ကျန်ခဲ့ပါမယ်။
ရလာတဲ့ အရည်တွေကို နှစ်သက်ရာပုံသဏ္ဍာန်
ဗန်း (သို့) ဥလနည ထဲထည့်ရင် အပူခံနိုင်တဲ့
ခွက်ငယ်လေးများထဲကို ဖြည့်ပေးပါ။
ပြီးရင် ခပ်ကြီးကြီးဗန်းတစ်ဗန်းထဲကို စီထည့်ကာ
အောက်ကရေနွေးခံပြီး ၄ဝ မိနစ်ခန့် Oven အလယ်အဆင့်မှာ ထားပေးပါ။
မိနစ် ၄ဝ ပြည့်လို့ Oven ထဲကထုတ်ရင် ခပ်ပျော့ပျော့ လှုပ်လှုပ်လေးပဲ
ရှိပါသေးတယ်။ လုံးဝအေးသွားတဲ့ အထိထားပေးထားပါ။
အေးသွားပြီဆိုရင် ကျန်တဲ့သကြားအမှုန်လေးများကို
အပေါ်ကဖြူးကာ မီးပြပြီး သကြားကို လောင်အောင်လုပ်ပေးပါ။
သကြားတွေအရည်ပျော်ပြီး ညိုနေပါလိမ့်မယ်။ အေးသွားရင် ခဲနေတဲ့
သကြားပြင် ညိုညိုလေးရပါပြီ။
ကလေးတွေရော၊ လူကြီးရောအကြိုက်
အချိုပွဲလေး အဆင်သင့်ဖြစ်ပါပြီရှင်။
……………………………………………