
ပါဝင်ပစ္စည်းများ
-ပိန်းဥ ၂၅၀ ဂရမ်
-ငါးရံ့ခြောက် ၅၀ ဂရမ် ခန့်
-ဆနွမ်း ဇွန်းဝက် (အချိုဇွန်း)
-ငရုတ်သီးမှုန့် ၁/၃ ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၁ဇွန်း (စားပွဲတင်)
-ငရုတ်ကောင်း အနဲငယ်
-ကြက်သွန်နီ အသေး ၁လုံး
-ကြက်သွန်ဖြူ ၂မွှာ
ပိန်းဥလေးတွေကို အခွံခြစ် အထက်က ပြောထားသလို ဆားနဲ့ ဆေးကာ သန့်စင်ထားပြီးအတုံးလေးများတုံးထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး အဖြူကို ဓားပြားရိုက်ကာ ဓားနုတ်ပေါက်ထားပါ။ ငါးရံ့ခြောက် ကို ထုထောင်းထားပါ။ အိုးတလုံးထဲတွင် ကြက်သွန်များနဲ့ ပိန်းဥ၊ ကျန် အစာပလာများကို ထဲ့ ဆီ ၂ဇွန်း (စားပွဲတင်) ဖြင့် လုံးပေးပါ။
အားလုံး နှံ့ပြီး ပိန်းဥလေးများ အရောင်နွမ်းလာရင် ရေ ကို ပိန်းဥများ အပေါ် မြုပ်အောင်ထဲ့ပြီး အဖုံအုပ်တည်ပေးထားပါ။ တော်တော်ကြာ ပွက်ပြီးလို့ အရည်လဲ ပျစ်လာရင် အရသာ အပေါ့အငံ မြည်းကာ ငရုတ်ကောင်း အနဲငယ်ခတ်ပြီး ရင် ရပါပြီ။
ကျမ က ငါးရံ့ခြောက်နဲ့ မို့ ဆားမ ထဲ့ပါဘူးနော်။ အခု ဆိုရင် စိမ့်ပြီးချိုတဲ့ ပိန်းဥဟင်းချိုတခွက် ရပါပြီရှင်။ ပူပူလေး သုံးဆောင်ရင် အကောင်းဆုံးပေါ့နော်။ ကိုယ်စိတ်နှစ်လုံး ရွှင်ပြုံးနိုင်ပါစေ။