ဘဲဥအငံဝက်သားပေါင်း
ကြက်ဥဝက်သားပေါင်းလေးက ကျမ သားသမီးတွေရဲ့ အကြိုက်ပါ။ ရန်ကုန်တရုတ်တန်း19လမ်းကမောင်ကောင်လိုဆိုင်တွေမှာရနိုင်ပါတယ်။ ကျမ သားနဲ့ သမီးစားဖို့ရာ လုပ်ရတာမို့ သူတို့မစားတဲ့ ကြက်သွန်မြိတ်ကို ဒီ မှာ မထဲ့ထားပါဘူးနော်။ လုပ်နည်းလေးကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်သား ဓားနုတ်ပေါက် ၄၅၀ ဂရမ်
-ကြက်ဥ ၃လုံး
-ပဲငံပြာရည်အချို ၁ဇွန်းခွဲ (အချိုဇွန်း)
-သကြား ၂ဇွန်း(အချိုဇွန်း)
-ဆား ဇွန်း ၃ပုံ ၁ပုံ(အချိုဇွန်း)
-ငရုတ်ကောင်း ၁ဇွန်း (အချိုဇွန်း)
-ဆားဘဲဥ တလုံး
ဝက်သားကို နုပ်နုပ်စင်း ပြီး ဆား ၊ အသားမှုန့် ၊ ပဲငံပြာရည် ၊ သကြား ၊ တရုတ်ငရုပ်ကောင်း (အဖြူ) တို့ကိုရောနယ်ပြီး မိနစ် ၂၀ခန့်ခဏလေးထားပါ။( ဒီနေရာမှာ ကြက်သွန်မြိတ်ကို ပါးပါးလေးတွေလှီးထဲ့နိုင်ပါတယ်) ကြက်ဥကိုခေါက် ထားပြီးရင် ၀က်သားနယ်ထားတာကို ကြက်ဥခေါက်ပြီးသားထဲထည့်ပြီးရောမွှေလိုက်ပါ
ပေါင်းမဲ့ခွက်လေးထဲကို ထဲ့ပါ။

အဲဒါကို ထိုးချေကာ အကာနဲ့မွှေပြီးမှ အပေါ်ကဖြန့်တင်ပါတယ်။ ပြီးရင်ရေနွေးနဲ့ ၄၅ မိနစ်ခန့် ပေါင်းပါတယ်။..အထဲကကျက်မကျက်ကို ခရင်းလေးနဲ့ထိုးကြည့်ပါတယ်။ အသားကျက်ရင် ဖြူဖြူလေးဖြစ်နေပါပြီနော်။
မှတ်ချက် – ဆားဘဲဥအငံဓာတ်ကြောင့် ဆားလျှော့ထဲ့ပါတယ်ရှင်။ ဆားဘဲဥက မကြိုက်ရင် မထဲ့လဲရပါတယ်နော်။
Dear! I like very much.Thanks.
thanks U 🙂