ပီဇာလုပ်စားရအောင်
ပီဇာကအရမ်းလွယ်ပါတယ်။ ကလေးအများစုကြိုက်ကြတဲ့ အစားအစာပေါ့ မေမေတို့ရေ။ သူတို့ နှစ်သက်တဲ့ အစာပလာတွေကို ရွေးချယ်စေပြီး သူတို့ကိုကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင် ခိုင်းလို့ရတဲ့ အစားအစာ တခုပေါ့နော်။ လိုအပ်တဲ့ ပစ္စည်းတွေတော့ မေမေက ကြိုပြင်ဆင်ပေးထားပေးပါနော်။ ကဲ အတူတူ လုပ်ခိုင်းကြရအောင်နော်။
ပါဝင်ပစ္စည်းများ (မေမေ ကြိုပြင်ထားရမှာတွေ)
ပီဇာ အတွက်
-bread flour ၅၀၀ ဂရမ်
-သကြား ဇွန်းဝက် (အချိုဇွန်း)
-dried yeast တဆေး ၁ဇွန်းခွဲ (အချိုဇွန်း)
-ဟင်းချက်သံလွင်ဆီ ၂ဇွန်း( စားပွဲတင်)
-ရေ ကြက်သီးနွေး ၃၀၀ မီလီမီတာ
ပီဇာဆော့အတွက်
– ready made ခရမ်းချဉ်သီးဆော့ ၃ဇွန်း ( စားပွဲတင် )
ပီဇာအပေါ်ကတင်ရန်
ham၊ pepperoni၊ chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊ သံလွင်သီးအနက်ရောင်၊ မှို၊ mozzarella၊ cheddar ( ကျမ က ကျမသားနဲ့ သမီး ကြိုက်တာသုံးပေမဲ့ မေမေတို့ကလဲ ကို့သားသမီးလေးတွေအကြိုက်လေးတွေကို သုံးနိုင်ပါတယ်နော်) ဥပမာ- ငရုတ်ပွသီး၊ ပြောင်းဖူး၊ နာနတ်သီး၊ ပဲစိမ်းလုံး၊ ခရမ်းချဉ်သီးသေးသေးလေးများ၊ တူနာငါး၊ ကင်ထားပြီးသားအသားများ စတာတွေထဲ့နိုင်ပါတယ်
bread flour, သကြားနဲ့ yeast ကို ဇလုံးထဲ ထဲ့ပြီး ရောမွှေခိုင်းလိုက်ပါ။ရေနွေးနွေးလေးရောပြီး သံလွင်ဆီပါ ရောပေးလိုက်ပါ။ သစ်သားယောင်းမလေးနဲ့ ဂျုံအလုံးလေး ကပ်စေးလာသည် အထိမွှေပေးပါ။ ရေအနဲငယ်လိုရင် ရောပေးပါ။(စားပွဲတင်ဇွန်း၂ဇွန်းခန့်)
စားပွဲပေါ်ကို ဂျုံမှုန့်အနဲငယ်ဖြူးပြီး ဇလုံထဲက ဂျုံကို ကလေးတွေကို နယ်ခိုင်းပါ( ဒီအချိန်ကသူတို့သိပ်ကြိုက်တဲ့ အချိန်ပေါ့) သူတို့စိတ်ကြိုက်နယ်စေပြီးရင် မေမေကယူပြီးသေချာနယ်ပေးပါ။ လက်ဖနောက်နဲ့ဖိလိုက် ပြန်ဆွဲပြီး အလုံးလေးပြန်လုပ်လိုက်နဲ့ ၁၀ မိနစ်ခန့်နယ်ပေးပါ။ သားရေပင်ဆွဲသလိုလေး ပျော့ပျော့ အိအိ ချောမွတ်နေတဲ့ ဂျုံလုံးလေးရပါပြီ။
ဇလုံတခုကို သံလွင်ဆီသုတ်ပြီး ဂျုံလုံးလေးကို ထဲ့ကာ cling film အုပ်ပြီး ၂ဆအနေကြီးလာသည်အထိ အခန်းအပူချိန်အတိုင်းထားပေးပါ။
ဒီအချိန်မှာ မေမေနဲ့ အတူ သူတို့ကို ကူပြီး ဂျုံနယ်တုံးက ရှုပ်ထားတာလေး ရှင်းခိုင်းလိုက်ရင် ပီဇာပြားလုပ်ဖို့အဆင်သင့်ဖြစ်နေပြီပေါ့။
oven ကို ၂၀၀ဒီဂရီ အပူကြိုပေးထားပါ။ ၂ဆဖြစ်နေတဲ့ ဂျုံလုံးလေးကို သူတို့ တအံ့တဩ ဖြစ်နေပါလိမ့်မယ်။ ဂျုံ လုံးကို ပီဇာ အကြီးအသေး ကြိုက်ရာလုပ်နိုင်ပါတယ်။ ၂ခုလိုချင် ၂ခု ခွဲပြီး စားပွဲပေါ်မှာ ဒလိမ့်တုံးနဲ့ပြားလိုက်ပါ။ (ကျမကတော့ အလုံးလေးအတိုင်းသူတို့ ရှေ့ချပေးပြီး သူတို့လက်လေးတွေနဲ့ ပုတ်ပြီးပြားခိုင်းလိုက်ပါတယ်)
အဲဒီအပြားလေးကို ဆီသုတ်ထားတဲ့ ပီဇာဘန်းပေါ်တင်လိုက်ပါ။ ပြီးရင် ခရမ်းချဉ်သီးဆော့ကို စားပွဲတင်ဇွန်း ၃ဇွန်းခန့် တင်ကာ ဇွန်းဖင်လေးနဲ့ နှံ့အောင် သုတ်ပါ။
( မှတ်ချက်- ဒီအဆင့်မှာဂျုံပြားကို နဲ့cling film အုပ်ပြီး ရေခဲသေတ္တာမှာ ခဲထားလို့ရပါတယ်နော် နောက်တခါဆို အစအဆုံးမလုပ်ရတော့ဘူးပေါ့)
topping လေးတွေတင်ရအောင်
ham၊ pepperoni၊ chorizo၊ ဘေကွန်ဝက်ပေါင်ခြောက်၊ သံလွင်သီးအနက်ရောင်၊ မှို၊ mozzarella၊ cheddar တို့တင်ပြီးရင် oven ထဲ မေမေက ထဲ့ပေးပြီး ၁၅ မိနစ်ခန့်ဆိုရင် ရပါပြီ။ အပိုင်းလေးများ လှီးဖြတ်ပေးပြီး ခပ်နွေးနွေး အနေမှာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ ပီဇာလေးကို ပျော်ပျော်ရွှင်ရွှင်စားတာကို မေမေတို့ရေ ဝမ်းသာပီတိဖြစ်ရတာဘာနဲ့မှ မလဲနိုင်ဘူးနော်
သားသမီးလေးတွေနဲ့ အပြုံးကိုယ်စီရွှင်လန်းနိုင်ပါစေရှင်
of course like your website however you have to test the spelling on several of your posts.
Several of them are rife with spelling problems and I in finding it very troublesome to inform
the reality nevertheless I will certainly come back again.
အမ သားလေးက အမနဲ့ ရုပ်ဆင်တယ်နော် အမေတူသားလေးပဲ။ သမီးလေးက ချစ်စရာ။ ကလေးတွေပျော်နေလိုက်တာ။
THANKS NAW NYI MA LAY