Image

ငါးခူငပိကောင်နဲ့စောင်းလျားသီးအစပ်ချက်


IMG_0106_2ငါးခူငပိကောင်နဲ့စောင်းလျားသီးအစပ်ချက်
                    ငါးခူငပိကောင်က အငံဓာတ်ရယ် စောင်းလျားသီးက အချဉ်ဓာတ်လေးရယ် နှစ်ခုပေါင်း ဘက်ညီကာ စားလို့ကောင်းနေတဲ့ ဟင်းလေးတခွက်ဖြစ်ပါတယ်ရှင်။ ကျမက အစပ်အလွန်ကြိုက်သူမို့ အစပ်လဲကဲထားတာမို့ချဉ်ငံစပ်ဟင်းလေးတမျိုး ဆိုကြပါစို့နော်။ ဝါးခယ်မသူ ကိုထက်မေမေ ရဲ့ နည်းလေးပါ။ သရက်သီးအစားကျမက စောင်းလျားသီးကို သုံးပါတယ်ရှင်။ ချဉ်တာကတော့အတူတူပဲလေ။
ပါဝင်ပစ္စည်းများ
-ငါးခူငပိကောင် ၃ကောင်
-စောင်းလျားသီး ၃-၄ လုံးခန့်
-ငရုတ်သီးအကြမ်းကွဲ ၅ဇွန်း( အချိုဇွန်း)
-ကြက်သွန်နီ အသေးတဥ
-ကြက်သွန်ဖြူ ၃မွှာ
-ပျဉ်းတော်သိမ် ၄- ၅ရွက်
-ဆနွမ်း ဇွန်းဝက်(အချိုဇွန်း)
-အရောင်တင် ၁ဇွန်း(အချိုဇွန်း)
IMG_0059 IMG_0054
                          ငါးခူများကို ရေစိမ်ထားပါ။ ချက်တဲ့အခါ အလွန်အမင်မငံနေစေရန်ဖြစ်ပါတယ်ရှင်။ ကြက်သွန်နီကိုပါးပါးလှီး အဖြူကိုဓားပြားရိုက်ထားပါ။ ဆီပူပူတွင် ကြက်သွန်များကို ဆနွမ်း၊ အရောင်တင်၊ ပျဉ်းတော်သိမ်တို့ဖြင့် မွှေးနေအောင်ဆီသတ်ပါ။ ကြက်သွန် ရွှေဝါရောင်ဖြစ်ပြီဆိုရင် ငရုတ်သီးထဲ့လှိမ့်ပါ။
IMG_0061
                          စိမ်ထားသော ငပိကောင်များကို ရေဆေးပြီး ရောမွှေပါ။
IMG_0062
အဖုံးခဏအုပ်ပြီး ခဏအကြာဖွင့်ပြီး ရေနဲနဲထဲ့ပြီး ဆီပြန်လာပါစေ။ ငပိကောင်ဆီပြန်ပြီးနူးကာနီးရင် ပါးပါးလှီးထားသော စောင်းလျားသီးများထဲ့ပြီး ရေနဲနဲထဲ့ပါ။ ဆီပြန်ရေကျန် အနေမှာချပါ။ (ငရုတ်သီးစိမ်း နံနံပင် ကြိုက်ရင် နှစ်သက်သလို ထဲ့နိုင်ပါတယ်ရှင်)
IMG_0063 IMG_0107
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s