မုန့်ကြွပ်ကြော် (အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုတ် စတာတွေအတွက်သုံးရန်)
ဒီ မုန့်ကြွပ်ကြော်ကို ကျမ ဆိုင်မှာ ဘယ်လိုကြော်လဲ လာလာမေးကြပါတယ်။ အဲဒီတော့ အရမ်းခက်တဲ့ ဒီနည်းလေးကို ရေးပေးလိုက်ပါပြီရှင်။ စတာပါ လွယ်လွယ်လေးပါနော်။ မြန်မာပြည်မှာလို အလွယ်ဝယ်လို့မရတဲ့နေရာမှာ ဒီနည်းလေးက အသုံးဝင်လှပါတယ်။ ဂျုံခေါက်ဆွဲကို သုံးရင် ကြော်တဲ့အခါ ကျစ်သွားမှာမို့ အသုံးမတဲ့ပဲ စားလို့လဲမကောင်းပါဘူး၊ တကယ်က ဆန်ခေါက်ဆွဲက ဆီပူနဲ့ ထိရင် ကျွတ်ပြီး ငါးမုန့်ကြော်လိုပွလာတာပါ။ တကယ် မုန့်ကျွတ်ကြော်အရသာအတိုင်း လိုရာသုံးနိုင်ပါတယ်
လိုအပ်တာလေးတွေက
-ဆန်ခေါက်ဆွဲခြောက်အပြား (flat rice stick, flat rice vermicelli or noodle)
-ဆနွမ်း
-ဆီ
ဆီ များများကို အဝကျယ်ကျယ် ဒယ်အိုးထဲ ထဲ့ အပူပေးပြီး ဆနွမ်းမှုန့်ကို များများထဲ့ပေးပါ ။ဆီဝါဝါလေး ဖြစ်နေပါစေနော်။ နောက်ပြီး ဆန်ခေါက်ဆွဲချောက်လေးတွေကို ချိုးခြေ၍ ဖြစ်စေ ဒီတိုင်းဖြစ်စေ ထဲ့ ကြော်ပေးပါ။
ငါးမုန့်ကြော် ကြော်သလိုပွတက်လာပါမယ် ။ ဟိုဖက်ဒီဖက် လှန်ကြော်ပြီး အကျက် ညီညီကြော်ပါ ။ အဝါရောင်သန်းရင် ဆီပူက ဖယ်ကာ ဆီစစ် ဇကာပေါ်စစ်ထားပါ။ အေးရင် လေလုံတဲ့ ဗူးထဲ သိမ်းထားရင် အကြာကြီးခံပါတယ်။ လိုသလိုသုံးပြီး အဆင်ပြေကြပါစေ။
ဟင် ပီးသွားရောလား လွယ်လိုက်တာ 🙂