Image

မျှစ်ပုဇွန် (ရခိုင်ချက်)


မျှစ်ပုဇွန် ရခိုင်ချက်
IMG_0019
             ဒီမျှစ်ဟင်းကို ရန်ကုန်က ဓညဝတီဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ပွဲရှိတဲ့အခါတိုင်းလိုလို ဧည့်ခံကျွေးမွေးလေ့ရှိပါတယ် တဲ့။ ကျမ ကြိုက်တဲ့ ဟင်းတမျိုးလဲ ဖြစ်ပါတယ်ရှင်။ ပုဇွန်ရဲ့ အချိုဓာတ်ကလေးနဲ့ မျှစ်ရဲ့ အချဉ်အစိမ့်ဓာတ်လေးရောပြီး ငရုတ်သီး စပ်စပ်လေးဖြင့်အလွန်စားကောင်းပါတယ်ရှင်။ ကျမ ကတော့ ဗူးထဲက မျှစ်ကိုသုံးတာမို့ နုပြီးသားမို့ သိပ်နူးအောင်ပြုတ်စရာမလိုလိုက်ပါဘူးရှင်။
ပါဝင်ပစ္စည်းများ
-မျှစ်ဝါ -၃၅၀ ဂရမ်
-ပုဇွန်(ဘော့ချိတ်) ၂၀၀ ဂရမ်
-ငရုတ်သီးစိမ်း ၄-၅ တောင့်
-မကျည်းသီးရည် ၃ဇွန်း(စားပွဲတင်)
-ငပိ အချိုဇွန်း ၁ဇွန်း
-ကြက်သွန်ဖြူ ၃မွှာ
-ကြက်သွန်နီအသေး တခြမ်း
-ဆနွမ်းအနဲငယ်
-အရောင်တင်မှုန့် ၁ဇွန်း (အချိုဇွန်း )
-အသားမှုန့် ၁ဇွန်း(အချိုဇွန်း)
                       ပုဇွန် များကို အခွံခွါသန့်စင်ထားပေးပါ။ ငရုတ်သီးစိမ်းများကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဖြင့် မညက်တညက် ရောထောင်းထားပါ။ မျှစ်ဝါ နုနုလေးများကို အတုံးလေးများတုံးထားပါ။ပြုတ်ထားပေးပါ။
IMG_0006
ငပိကို ရေဖျောထားပေးပါ။ ကြက်သွန်ထောင်းထားတာတွေကို ဆီ စားပွဲတင် လေးဇွန်းခန့်ဖြင့် ဆနွမ်းအနဲငယ်, အရောင်တင်မှုန့်တို့ဖြင့် ဆီသတ်ပြီး ရွှေဝါရောင်သန်းပြီး ကျက်လာရင် ပြုတ်ထားသော မျှစ်တုံးလေးများကို ထဲပြီး ၁မိနစ်ခန့်လှိမ့်ပါ။
ရေ ၁၀၀ မိလီ ထဲ့ ပြီးပွက်လာရင် မကျည်းရေ ၊ ငပိရေဖျော်၊ အသားမှုန့်တို့ထဲ့ပေးပါ။
IMG_0007
နောက်ဆုံးရေကျန်ဆီပြန်လာမှ ပုဇွန်လေးများခပ်ကာ အဖုံးခဏအုပ်ပြီး အပေါ့အငံမြည်းကာ မီးဖိုမှချနိုင်ပါပြီ။(ကျမက ငပိ ထဲ့ထားလို့ ဆားမထဲ့ပါ၊ ပေါ့တယ် ထင်ရင် ထဲ့နိုင်ပါတယ်) ရေစပ်စပ်ဆီများများဖြင့်စားသုံးရတဲ့  ရခိုင် ရိုးရာဟင်းဖြစ်ပါတယ်ရှင်။
IMG_0008 IMG_0019
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s