အင်္ဂါနေ့လိုမျိုးနေ့ဆိုရင် သားကြီးကကျောင်းသွား ကိုထက်က အလုပ်သွားနဲ့ကျမတို့အိမ်မှာ သမီးငယ်နဲ့ ကျမ နှစ်ယောက်ပဲကျန်ခဲ့ပါတယ်။ ဟင်းချက်ရတာလဲ နည်းတော့ သမီးလေးနဲ့ပူတင်းလုပ်ဖြစ်ပါတယ်။ ကျမ တို့ငယ်ငယ်က ကျမ အမအလတ် အမြဲလုပ်ကျွေးနေကျ ပူတင်းလေးပါရှင်။ စားလို့အလွန်ကောင်းပါတယ်။ ကျမတို့ဆီမှာ တော့ Flan လို့ခေါ်ပါတယ်။ သူကနို့ဆီထဲ့ပါတယ်။ ကျမကတို့ မမလေးပြောတဲ့နည်းအတိုင်းပဲ သကြားနဲ့လုပ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-နို့စိမ်း ၁ဗူး ၄၀၀ ဂရမ် (သို့) နို့ပျစ်ပျစ်ကျိုပြီးသား ၄၀၀ ဂရမ်
– ဗနီလာ ၁ဇွန်း (အချိုဇွန်း)
-ကြက်ဥ ၃ လုံး
-သကြား ၁၁၀ဂရမ်
-ဆား 1/၃ဇွန်း (အချိုဇွန်း)
နောက်ထပ် သကြား ၁၀၀ ဂရမ်ကို သကာရည် ကျိုဖို့လိုပါမယ်။ စစချင်း သကြားရည်ကို non stick pan ထဲ မှာရေ အနဲငယ်မျှထဲ့ပြီး ဖိုပေါ်မှာ မီးအသင့်အတင့်နဲ့ကျိုပေးပါ။ ဒီလို ကျိုနေရင်းနဲ့ ပူစီပေါင်းလေးတွေပွက်လာတာကို ကလေးလေးတွေ အလွန်သဘောတကျကြည့်ပါလိမ့်မယ်။ သကြားရေလေးမပျစ်မကျဲညိုလာတာနဲ့ ပူတင်းဖုတ်မဲ့ ခွက်လေးတွေထဲကို အနဲငယ်စီလောင်းထဲ့ပေးပါ။ မျက်နှာပြင်ညီအောင် အနဲငယ် လက်ဖြင့် ခွက်ကိုလှည့်ပေးပြီး အအေးခံထားပါ။
အအေးခံနေချိန်မှာ အထက်ကပါဝင်ပစ္စည်းတွေကို ခွက်တခွက်ထဲ ထဲ့ပြီး မွှေတံဖြင့် ရောမွှေပေးပါ။ ကျမကဒီနေရာမှာ ကျမသမီးလေး ဒီဒီလေးကို မွှေခိုင်းပါတယ်။ သူမွှေနိုင်သလောက်မွှေပေးပြီးရင် ကျမကသေချာ ထပ်ခေါက်ပေးပါတယ်။ ပြီးရင် သကြားရည် ထဲ့ထားပြီးသားခွက်တွေထဲကိုလောင်းထဲ့ပေးပါ။ ၃လက်မ အချင်း ၂လက်မခွဲအ နက်ရှိတဲ့ ခွက် နဲ့ ၂ခွက်ရပါတယ်။
ဘန်းထဲကို ရေ တဝက်ခန့်ထဲ့ပြီး ခွက်များကိုဘန်းထဲ ထဲ့ပါ။ ပြီးမှ အပေါ်က kitchen foil အုပ်ပြီး 370 Degrees Fahrenheit သို့) ၁၈၀Degrees Celsius ဖြင့် ၄၅ မိနစ်ခန့် pre heat oven ထားပေးပါ။ အကယ်၍များ oven မရှိရင် အိုးတလုံးထဲကို ရေခံပြီး မုန့်ခွက်ထဲ့ကာ ပေါင်းနိုင်ပါတယ်ရှင်။
အချိန်စေ့လို့မုန့်ရရင် အအေးခံပြီး ဒါးပြားလေးဖြင့် မုန့်ကိုခွက်ရဲ့အတွင်းဘေးပတ်ပတ်လည်ကနေခွါပေးပါ။ ပူတင်း ထဲ့မဲ့ပန်ကန်ကို အပေါ်ကတင်ပြီး ပြောင်းပြန် မှောက်ကာအုပ်ချပေးပါ ။ ပူတင်း လှလှလေးထွက်လာပါမယ်နော်။
သကြားရေ ညိုညိုလေးက အပေါ်က ရောက်နေပါပြီ။ ဒီမုန့်လေးကို လုပ်တဲ့အချိန် ဒီဒီလေးက ဘေးမှာတချိန်လုံးရှိနေပါတယ်။ ပန်ကန်ပေါ် မှောက်ချတဲ့အခါ ကျမကသူကို Magic ပြမယ်ဆို စနောက်ပြီး ပြတာပါ။ သူကလေးက တအံ့တဩပေါ့။ ကလေး လေးတွေဟာ အလွန်ဖြူစင်ပြီး အရာရာကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကျပါတယ်။ ကျမတို့သားအမိလဲ မုန့်လုပ်ရင်း ပျော်စရာရွှင်စရာ အချိန်လေးတခုဖန်တီးဖြစ်ခဲ့ကြပါတယ်။
sis , r u saying vinegar and evaporated milk ? it mean if i use evaporated milk i dun need to use milk right ? i try to make pudding but every time come out not stick together 😦 . i do love to eat pudding . thank sis
i did not say vinegar ?????