ဖားသားချက်


ဖားသားချက်
114
                    ကျမက ငယ်ငယ်က ဖားသားဆိုလုံးဝ မကြိုက်ဘူး၊ ကြောက်တာလဲပါတာပေါ့နော်။ကစားဖူးသူတွေ မေးတော့ အိုသိပ်ကောင်းတယ်။ ကြက်သားလေးလိုပဲတဲ့ ကျမက ဒါဆိုလဲကြက်သားပဲစားမှာပေါ့ လို့ပြန်ပြောဖူးတယ်။ ကြီးလာတော့မှသာ အရသာ မတူမှန်းသိရတယ်။ ငရုတ်သီး စပ်စပ် ၊ ပျဉ်တော်သိမ်၊ ဇီယာ တို့နဲ့ ခပ်ခြောက်ခြောက်လေး ချက်လိုက်ရင် အလွန်စားကောင်းပါတယ်။ သို့သော် ကျမမှာစားရ ကံမပါ ရှိသူမို့ တခါစားပြီး ရှောင်ကျင်ရပါတယ်။ ကြိုက်နှစ်သက်သူတို့ချက်စားနိုင်ရန် ရေးပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ ( လူ ၂၅ – ၃၀ စာ)
-ဖားသားဆူဆူ(ကလီစာထုတ် သန့်စင်ထားပါ)  ၃ကီလို ( ၂ပိဿခန့်)
-ငရုတ်သီးကြမ်းကွဲ ၁၀ဇွန်း (စားပွဲတင်)
-ပျဉ်တော်သိမ် လက်တဆုပ်
-ဇီယာအမှုန့် ၁ဇွန်း(အချိုဇွန်း)
-ကြက်သွန်နီ  ၃၀ ကျပ်သား
-ကြက်သွန်ဖြူ ၅ ကျပ်သား
-အရောင်တင်မှုန့် (အရောင်နှစ်သက်သလို)
-ဂျင်း လက်တစစ် ခန့်
-ငရုတ်ကောင်း ၁ဇွန်း( အချိုဇွန်း)
-ငံပြာရည် လိုသလောက်
-အရသာမှုန့် ၅ဇွန်း(စားပွဲတင်)
-ဆားအနဲငယ်
          ဖားသားဆူဆူတွေကို ကလီစာထုတ်ခေါင်းဖြတ်သန့်စင်ကာ ဆား၊ ဆနွမ်း၊ ကြက်သွန်ဖြူထောင်းအနဲငယ်၊ အရသာမှုန့်အနဲငယ်တို့ဖြင့်နယ်ထားပါတယ်။
ကြက်သွန်နီကိုပါးပါးလှီးထားပါ။ အဖြူကိုထောင်းထားပါ။ ဂျင်းကိုပါးပါးလှီးထားပါ။
ဆီပူပူတွင် ကြက်သွန်နီ၊အဖြူ ၊ ဂျင်း၊ ပျဉ်းတော်သိမ်၊ ဇီယာတို့ကိုရွှေရောင်သန်းလာသည်အထိ ကြော်ပေးပါ။
091-4
အလွန်မွှေးပြီး ကျွတ်လာပြီဆိုရင် အရောင်တင် လိုချင်သလောက်နှင့် ငရုတ်သီးကြမ်းကွဲထဲ့ပေးပါ။ မိနစ်ဝက်အကြာ ဖားသားများထဲ့မွှေပေးပါ။
100-2
၂မိနစ်အကြာ နှံ့အောင် ရောမွှေပြီးရင် ငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ထဲ့ပေးပါ။ ခပ်ခြောက်ခြောက်အနေရပြီ အရသာလဲ ကြိုက်နှစ်သက်ပြီဆိုရင် ဖိုပေါ်ကချကာ တည်ခင်းရန်အဆင်သင့်ဖြစ်ပါပြီရှင်။
Advertisements

3 comments on “ဖားသားချက်

  1. ချက်နည်းလေးအတွက် ကျေးဇူးတင်ပါတယ် …. စလုံးမှာ ဖားသားက အမြဲရလို့ စမ်းချက်လိုက်ဦးမယ်..

    Wai

  2. ခုလိုမျှဝေပေးတဲ့ အတွက် ကျေးဇူးပါ အိသက်…စလုံးမှာ ဖားက အမြဲရလို့ စမ်းချက်ကြည့်လိုက်ပါဦးမယ်နော်…

    Wai

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s