April လက Easter ပွဲတော်အထိန်းအမှတ်အဖြစ် ကြက်ဥရောင်စုံလေးတွေကိုသုံးပါမယ်။ ဒီတခါတော့ သမီးငယ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်းလေးဟေဇာနဲ့ အတူ လုပ်ပါမယ်ရှင်။ ရီရီမောမောနဲ့ ပျော်ရွှင်နေတဲ့သူတို့ကို ကြည့်ရတာ စိတ်လက်ပေါ့ပါးသွားသလိုခံစားရပါတယ်။ကဲ ကျမ ရဲ့ သမီးငယ်တို့ ဘယ်လို မုန့်လုပ်သလဲကြည့်ရအောင်
ပါဝင်ပစ္စည်းများ( ၂၄ ခုစာ)
-ထောပတ်170 ဂရမ် (6 oz)
-သကြား 170 ဂရမ် (6 oz)
-ကြက်ဥ ၃လုံး
-self-raising flour 170 ဂရမ် (6 oz)
စစချင်း cupcakes ခွက်လေးတွေကို မုန့်ဖုတ်မဲ့ cupcake ဗန်းထဲ ထဲ့ထားပါ။ ထောပတ်၊သကြား စတာတွေကို ခွက်ထဲကို ထဲ့ပြီး ရောမွှေပေးပါ။ ကြက်ဥလေးများကိုပါရောထဲ့ပြီး အဆက်မပြတ်မွှေပေးပါ။ Flour ကို ဇကာစစ်ချပြီး ဖြေးဖြေးမွှေပေးပါ။ အကုန်လုံး ရောမွှေပြီးသွားရင် အရည်က ချောမွတ်နေပြီဆိုရင် ( မေမေက ချောမွတ်အောင်ကူပေးပေါ့နော်) ။ သူတို့ကို cupcakes ခွက်လေးထဲ သုံးပုံ 2ပုံ နီးပါး စီထဲ့ခိုင်းပါ။ အကောင်းဆုံးက ရေခဲမုန့် ခပ်တဲ့ဇွန်းနဲ့ထဲ့ခိုင်းရင် အချိုးညီညီပိုထဲ့နိုင်တာပေါ့။ မြင်တော်မူကြတဲ့အတိုင်း ကျမ သမီးနဲ့ သူ့ သူငယ်ချင်း ဟေဇာ တို့နှစ်ယောက် ထဲ့ထားတဲ့ cupcake လေးတွေ ရှုပ်ပွနေတာလေးတွေ Oven ထဲ မထဲ့ခင် ကျမ ပြန်သန့်စင်ပြင်စင်ပေးပါတယ်။ ပြီးမှ180 C ကြိုအပူပေးထားတဲ့ Oven ထဲကို မိနစ် ၂၀ခန့် ထဲ့ပြီး ဖုတ်လိုက်ပါ။
ရလာတဲ့ Cupcakes လေးတွေကို အအေးခံထားပေးပါ။
အလှဆင်ရန်
– heavy cream (or) Double cream ၁ ခွက်
– သကြား ၁ဇွန်း (စားပွဲတင်)
-vanilla extract ဇွန်းဝက်(စားပွဲတင်)
မွှေမဲ့ နဲ့ ခွက် ကြီးကြီး ကို ၁၀မိနစ်ခန့် Freezer ထဲ ထဲ့ပါ။ ပါဝင်ပစ္စည်းများကိုခွက်ထဲ ရောထဲ့ပြီး စက်ရဲ့အမြင့်ဆုံး နဲ့ နောက်ဆုံး Foam ဖြစ်သွားသည်အထိမွှေပေးပါ။ အရောင်ကို Food Colour အစိမ်းရောင် ထဲ့မွှေပေးပါ။ ဒီ အပေါက်လေးတွေပါတဲ့နှုတ်သီးခေါင်းကို သုံးရပါမယ်။ Cream bag ကို ထိပ်ဖြတ် နုတ်သီးလေးကိုထဲကာ Cream ထဲ့ပြီး Cupcake လေးများပေါ် အလှဆင်ပါ ။ ပြီးရင် ကြိုက်နှစ်သက်ရာ ပန်းပွင့်၊ ကြက်ဥ ရောင်စုံ၊ မုန်လာဥတို့ဖြင့် အဆုံးသတ်လိုက်ပါ။
Easter Cupcakes လေးလှလှပပပြီးသွားတာကို သူတို့လေးတွေ ပျော်ရွှင်ဂုဏ်ယူနေပါပြီ