ဒီဟင်းလေးကို လုပ်နည်းပေးတဲ့ မဆေးလွယ်ဖော် ကိုအလွန်ကျေးဇူးတင်ပါတယ်။ ကရင်ဟင်းလေးပါနော်။ ကျမကအစပ်ကြိုက်သူဆိုတော့ဒီဟင်းလေးကိုလဲ အလွန်နှစ်သက်ပါတယ်။ ဆန်လှော်မှုန့်ရဲ့ မွှေးလွန်းတဲ့ရနံ့ဟာလဲ ဟင်းရဲ့စွဲဆောင်မှုကိုဖြစ်စေပါတယ်။ အမရဲ့ပြောပြချက်အရ ကရင်လူမျိုးများက တောသဘာဝပေါက်တဲ့အရွက်များများနဲ့ ချက်လေ့ရှိတာမို့ ဒီဟင်းမှာလဲ နှစ်သက်ရာအရွက်များကိုပြောင်းလဲထဲ့နိုင်ပါတယ်နော်။ အရည်ဆမ်းသောက်နိုင်ရန် ခပ်စပ်စပ်မွှေးမွှေးလေး ဒီဆန်လှော်ဟင်းကို ချက်စားကြရအောင်
ပါဝင်ပစ္စည်းများ
-ငါးခူတကောင်(သို့) ၂ကောင် အသားချည်း ၅၀၀ ဂရမ် (၃၅ကျပ်သားခန့်)
-ဆန် နို့ဆီဘူး တဝက်
-ငရုတ်သီး ၆တောင့်ခန့်
– စပါလင် ၂ပင်
-ဂျင်းထောင်းပြီးသား ၃ဇွန်း(စားပွဲတင်)
– မုန်ညင်း (သို့) နှစ်သက်ရာ အရွက်
– ကြက်သွန်မြိတ်( သို့) ကွိဆိုင်အရွက်
-ကြက်သွန်နီ ၁လုံး
-အဖြူ ၁လုံး
-ငရုတ်ကောင်း ၁ဇွန်း( စားပွဲတင်)
-ဆနွမ်း ၁ဇွန်း( အချိုဇွန်း)
-အရောင်တင် ၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးကြမ်းခွဲ ၁ဇွန်း( စားပွဲတင်)
-ဆား၊ အသားမှုန့်၊ ငံပြာရည် ( သင့်သလို)
ကြိုက်နှစ်သက်ရာဆန်ကို နီရဲပြီးမွှေးလာသည်အထိ လှော်ပေးပါ။ ထောင်း ၍ဖြစ်စေ ကြိတ်၍ဖြစ်စေ နည်းတမျိုးမျိုးဖြင့် ကြေညက်နေပါစေ။
ငါးကို အသားလွှာကာ အရိုးများကို စပါလင်တချောင်းထုထောင်းပြီးထဲ့ကာ ဆား၊ ငရုတ်ကောင်းဖြင့် ပြုတ်ထားပါ။ ပြုတ်ရည်၁လီတာခွဲခန့်ကျန်ပါစေ။


အသားများကို ငရုတ်သီးတောင့် ၂တောင့်၊ စပါလင်တချောင်း၊ ဂျင်း ထောင်းပြီးသား တဇွန်း(စားပွဲတင်) ၊ဆန်လှော်မှုန့် ၃ပုံ၁ပုံ(စားပွဲတင်) ၊ ဆား ၁ဇွန်း( အချိုဇွန်း)၊ အသားမှုန့် ၁ဇွန်း(စားပွဲတင်)၊ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)၊ ကြက်သွန်မြိတ်( သို့) ကွိဆိုင်အရွက် အနဲငယ်တို့ဖြင့် ဓားနုတ်ပေါက်ပြီး လက်ကိုဆီသုတ်ကာအလုံးလေး များလုပ်ပေးပါ။
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း ၊ ငရုတ်သီးကြမ်း တို့ကို ညက်အောင်ထောင်းကာ ဆနွမ်း အရောင်တင်မှုန့်တို့ဖြင့် ဆီသတ်ပေးပါ။ ဆီနဲနဲသာ ထဲ့ပါ။ -ဆား၊ အသားမှုန့်၊ ငံပြာရည် သင့်သလို သုံးပါ. ဆန်လှော်မှုန့် အကျန်နဲ့စပါလင် တချောင်း ထုံးထဲ့လိုက်တော့ အလွန်မွှေးလာပါပြီ။ အနှစ်ကျွတ်လာပြီဆိုရင် ငါးပြုတ်ရေ စစ်ထဲ့ပေးပါ။
ပြုတ်ရည်ထဲ့ပြီး ငါးလုံးလေးများ ပါ ထဲ့ပြီး အဖုံးအုပ်တည်ပေးပါ။ ၁၅မိနစ်အကြာ ငါးလုံးလေးးတွေ ကျက်ပြီဆိုရင် အရွက်များထဲ့ပြီးခဏပြန်အဖုံးအုပ်ကာ ငရုတ်ကောင်း ခတ်ပြီး အရည်စပ်စပ် ငါးခူငါးဆုပ်လုံးဟင်းလေး အရသာရှိရှိ သုံးဆောင်ပါရှင်။



I like this, thank you so much!!! Sis
Sent from my iPhone
looks really good, a ei pyay lay…