ငါးရံ့အူဆီပြန်(အိုးကြီးချက်)
ဒီဟင်းလေးကတော့ ကျမတို့ဆိုင်ရဲ့ လူကြိုက်အများဆုံးဟင်းပါ၊ အများကြီးလဲမရနိုင်တဲ့အတွက် ရှားပါးတဲ့ဟင်းပဲဆိုပါစို့နော်။ ဒီဟင်းချက်နည်းလေးကိုအိမ်ရှင်မလေးများဆီလက်ဆောင်ပေးလိုက်ပါတယ်နော်
ပါဝင်ပစ္စည်းများ( ၅၀ – ၆၀စာ)
-ငါးရံ့အူ ၂ပိဿာခန့် ( 3 ကီလို)
-ကြက်သွန်နီ ၁၀လုံးပါးပါးလှီးထားပါ
-ကြက်သွန်ဖြူ ၂လုံးထောင်းထားပါ
-ဂျင်း လက်တစစ် ထောင်းထားပါ
-ပျဉ်းတော်သိမ် ၁၀ ရွက်ခန့်
-ဆား၊ အသားမှုန့်လိုသလောက်
-ဆနွမ်း သင့်ရုံ
-အရောင်တင်မှုန့် နှစ်သက်သလို
-ငံပြာရည် လိုသလောက်
-ငရုတ်သီးစိမ်း ၂၀ တောင့်
-ခရမ်းချဉ်သီး ၅လုံး လေးစိတ်လှီးထားပါ
ငါးရံ့အူကို ဓားချွန် အသေးလေးဖြင့် ထိုးကာ အူရှိအမဲလေးများ ကိုဖယ်ပေးကာ သန့်စင် ရပါတယ်။ ဓားလေး များဖြင့်ထိုးခွဲလိုက် ရေတွင်ပြန်စိမ် ကာဆေးလိုက်ဖြင့် စင်ကြယ်အောင်ဆေး ထားပေးပါ။ ထို့နောက် ဆနွမ်း၊ ဆား၊ ငံပြာရည်ဖြင့် နယ်ပေးထားပါ။
ဆီပူမှာ ကြက်သွန်များ၊ ပျဉ်းတော်သိမ်၊ ဂျင်းများထဲ့ ကြော်ပါ။ ဆနွမ်း၊ အရောင်တင် စသည်တို့ကို ထဲ့ပေးပါ။ ကြက်သွန်ကျွတ်ပြီဆိုရင် ငါးရံ့အူကိုထဲ့မွှေပေးပါ။
အရသာအတွက် ဆား၊အသားမှုန့်တို့ကို လိုအပ်သလို အလျော့အတင်း ချိန်ဆကာ နှစ်သက်သလို ထဲ့နိုင်ပါတယ်။ ရေအနဲငယ်ဖြန်းကာခဏအုပ်ထားပါ။ဆီပြန်ပြီဆိုရင် ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးတို့ကိုရောကာ ဖိုပေါ်ကချနိုင်ပါပြီရှင်
England မှာရောငါးရံအူရနိုင်ပါသလား။
On Tuesday, February 18, 2014, Danuphyu Daw Saw Yee (London) wrote:
> eithet posted: ” ငါးရံ့အူဆီပြန်(အိုးကြီးချက်)
> ဒီဟင်းလေးကတော့ ကျမတို့ဆိုင်ရဲ့ လူကြိုက်အများဆုံးဟင်းပါ၊
> အများကြီးလဲမရနိုင်တဲ့အတွက် ရှားပါးတဲ့ဟင်းပဲဆိုပါစို့နော်။
> ဒီဟင်းချက်နည်းလေးကိုအိမ်ရှင်မလေးများဆီလက်ဆောင်ပေးလိုက်ပါတယ်နော်ပါဝင်ပစ္စည်းများ(
> ၅၀ – ၆၀စာ)-ငါးရံ့အ”