မုန်လာဥပိုးတီသုတ် ( ဓားဖြင့်ပိုးတီလှီးနည်း )
ကျမကို facebook ထဲကနေ ညီမလေးတယောက်လာမေးပါတယ်။ ပိုးတီသုတ်လေး စာချင်လို့ပြောပြပါတဲ့ ကျမသူ့ mail ထဲတော့ပြန်ရေးပေးလိုက်ပြီးပေမဲ့ ဒါလေးကတော့ပုံနှင့်တကွ ရေးပေးချင်လို့တင်လိုက်တာပါ။ အမျိုးသား ရန်ကုန်သွားနေတုန်းမို့ တယောက်တည်းစာပဲသုတ်ပါတယ်။ မုန်လာဥလေးတွေ ပျော့သွားအောင် နေလှန်းရပါတယ်။ ဒီမှာတော့ ကျမက ပျော့တာကို ရွေးဝယ်လိုက်ပါတယ်နော်။ မရနိုင်ရင် အခွံခွါပြီးတဲ့အခါ ဆားနဲ့ သမအောင် ဆုပ်နယ်ပြီး ရေဆေးရပါမယ်။ ကျမ ကတော့ပိုးတီလေးကို ကျမရဲ့အသိမိတ်ဆွေ သမီးလေးသူငယ်ချင်းဟေဇာ့ မေမေ မသီရိ လက်ဆောင်ပေးတဲ့ ဓားလေးနဲ့လွယ်လွယ်ပဲ လှီးလိုက်ပါတယ်။ တော်တော် ကောင်းတဲ့ပစ္စည်းလေးပါ။ အဲဒီလိုဟာလေးတွေ မရှိရင် လွယ်လွယ်ကူကူ ဓားကလေးနဲ့ ဘယ်လိုလှီးရမလဲဆိုတာကို ရေးပေးထားပါတယ်နော်။ အာလူးပိုးတီလေးလဲအဲလိုပဲလှီးလို့ရပါတယ်နော်ကြည့်ရအောင်
ဓားလေးနဲ့လှီးမယ်ဆိုခဲ့ရင် လှီးမဲ့အသီးအနှံ ရဲ့အလယ်ကို သစ်သားတုတ်ချောင်းလေး ထုတ်ချင်းပေါက်အောင်ထိုးလိုက်ပါ။ ပြီးမှ ဓားကလေးနဲ့ လိုက်ရစ်ပြီးစောင်းစောင်းလေး လှီးလိုက်ရင် အလယ်ကတုတ်ချောင်းခံနေတဲ့ အတွက် မပြတ်သွားတော့ဘူးပေါ့။ ပိုးတီချောင်းလှလှလေးတွေရလာပြီပေါ့။
အာလူးကိုအခွံမခွါပေမဲ့ မုန်လာဥလေးကိုအခွံခွါရပါမယ်နော်။
မုန်လာဥလေးများကို ရှာလကာရည် ၂ဇွန်း စားပွဲတင်(သို့)ရှောက်ရည် နဲ့ နယ်ပြီး ၃နာရီမှ ၅နာရီ ဖုံးပြီး နှပ်ထားပေးပါ။(ကျမကတော့ ရေပါ မြုတ်အောင်ရောစိမ်လိုက်တယ်) ပြီးရင်တော့အချဉ်ဓာတ်မလွန်ကဲလိုရင် တရေ ဆေးပေးပါ။
ပိုးတီချဉ်ရပါပြီ။ အခု မုန်လာဥပိုးတီလေးသုတ်စားရအောင်
ပါဝင်ပစ္စည်းများ
– မုန်လာဥ ၁ဥ( ၈ – ၁၀ လက်မခန့်)
– ကြက်သွန်နီ ၁လုံး
-ဆား သင့်ရုံ
-ငံပြာရည် ၁ဇွန်း(အချိုဇွန်း)
-အသားမှုန့် ၁ဇွန်း(အချိုဇွန်း)
– မြေပဲလှော်ပြီး ထောင်းထားပြီးသား ၁ဇွန်း (အချိုဇွန်း)
-နှမ်းလှော်၁ဇွန်း (အချိုဇွန်း) (အဖြူ အမဲကြိုက်ရာသုံးနိုင်ပါတယ်)
-ငရုတ်သီးစိမ်း ၁တောင့်
ကြက်သွန်နီကိုပါးပါးလှီး ဆီချက် ချက်ထားပါ။ဇလုံတခုမှာ ကြက်သွန်နီကြော်များများနဲ့ ဆီချက်၂ဇွန်း (စားပွဲတင်) တို့ထဲ့ကာ ကျန်အဆာပလာများဖြင့် ရောနယ်ကာ အပေါ့အငံလိုသလို ချိန်ဆကာ မုန်လာဥပိုးတီသုတ် မွှေးမွှေးလေးစားနိုင်ပါပြီ
Thank you so much ! Nyi Ma yay
Sent from my iPhone
❤
Good miss housewife.
ကျေးဇူးပါ ပိုးတီ လှီးပုံ အချဉ်တည် သုတ်ပုံ အသေးစိတ် သိလိုက်ရပါသည်
🙂