ငါးကျည်းခြောက်နဲ့သရက်သီးစိမ်း (ငါးခူငပိကောင် )


ငါးကျည်းခြောက်နဲ့သရက်သီးစိမ်း (ငါးခူငပိကောင် )

044
အိမ်မှာ ငါးကျည်းခြောက်တွေရှိနေတာ ဘာလုပ်စားမလဲစဉ်းစားကျပ်နေပါတယ်။ ငါးကျည်းခြောက်ငပိကြော်ကလဲရှိပြီးသားမို့ ကိုထက်မေမေပြောသလို သရက်သီးစိမ်းလေးနဲ့
အရသာရှိရှိ ချက်စားဖြစ်ပါတယ်။ ငါးခူငပိကောင် နဲ့ချက်ရင်ပိုကောင်းပါတယ်ရှင်. ဒီဟင်းလေးက ပဲနီလေးဟင်းချိုလေးနဲ့ အလွန်လိုက်ဖက်တဲ့ဟင်းတမျိုးဖြစ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-ငါးကျည်းခြောက် ၅ကောင်
-သရက်သီးစိမ်းတလုံး( အလတ်)
-ကြက်သွန်နီတလုံး
-ကြက်သွန်ဖြူတလုံး
-ပျဉ်တော်သိမ် ၂ရွက်
-အသားမှုန့်၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း ဇွန်းဝက်(အချိုဇွန်း)
-အရောင်တင်မှုန့် ၁ဇွန်း(အချိုဇွန်း)
-ငရုတ်သီးခွဲကြမ်း ၁ဇွန်း(အချိုဇွန်း)

ကြက်သွန်နီ၊ ကြက်သွန်ဖြူပါးပါးလှီးထားပါ။

024

သရက်သီးများ အခွံမခွါပဲ လှီးထားပါ။012ငါးကျည်းခြောက်ကို ၁၀ မိနစ်ခန့်ရေစိမ်ထားပါ။ အသားများကိုချည်းခွါထုတ် (သို့) အကောင်လိုက် (သို့) အတုံးလိုက်တုံးကာ ချက်နိုင်ပါတယ်။023

ဆီ ပူလာလျှင် ဆနွမ်းမှုန့်၊ အရောင်တင် နှင့် ကြက်သွန်နီ၊ ဖြူ ၊ ငရုတ်သီးအကြမ်းမှုန့် ထည့်ကာ ဆီသတ်ပါ။ ပျဉ်တော်သိမ်ပါထဲ့ပေးပါ။

026
ကြက်သွန်များ ကျက်လောက်လျှင် ငါးကျည်းခြောက်များကိုထည့်ပါ။

028

၁မိနစ်အကြာ လှီးထားသော သရက်သီးစိမ်းများကို ထည့်မွှေပေးပါ။029

ရေနွေး အနဲငယ် ဟင်းချက်ဇွန်းဖြင့် ၃ဇွန်းထည့်ပါ။ အသားမှုန့်ထဲ့ပါ။အဖုံးအုပ်ပြီး ၂မိနစ်ဆိုရင် သရက်သီးလဲပျော့သွားပါပြီ။ ဒီအချိန်မှာပဲငါးကျည်းခြောက်ရဲ့အရသာဟာ သရက်သီးထဲ ဝင်ပြီး သရက်သီးအချဉ်ဓာတ်ဟာ ငါးကျည်းထဲဝင်ကာ အလွန်အရသာရှိပြီး စားရန်အဆင်သင့်ဖြစ်နေပါပြီရှင်။

032

Advertisements

5 comments on “ငါးကျည်းခြောက်နဲ့သရက်သီးစိမ်း (ငါးခူငပိကောင် )

  1. ချဉ်စပ်လေးဆိုတော့ထမင်းစားကောင်းမှာThankyou so much my baby.

  2. ကျေးဇူးပဲ မအိ.. ၂မျိုးလုံးအိမ်မှာ ရှိနေတယ် ချက်စားလိုက်ဦးမယ်..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s