ဝက်ပေါင်ခြောက်လုပ်နည်း
Facebook မှာ ဝက်ပေါင်ခြောက်လုပ်နည်းလေးမေးထားတာ တွေ့ကတည်းက ကျမ ရေးပေးချင်နေတာပါ။ ကျမ လဲအလွန်ကြိုက်လို့ ကျမအမက ဝယ်ပြီးပို့ပေးရပါတယ်။ တံပိုးထက်လက်ခကြီး အမြဲဖြစ်ရပါတယ်။ အခုလုပ်တတ်သွားပြီးဆိုတော့ ဝယ်ပို့စရာမလိုတော့ဘူးပေါ့နော်။မေးထားတဲ့ညီမလေးလဲ ကျေနပ်နိုင်ပါစေနော်။ လုပ်နည်းကလွယ်လွယ်လေးပါနော်။ဘာမှလဲသိပ်ထွေထွေထူးထူးမလိုဘူးလေ။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်သားဓားနုတ်ပေါက်ပြီးသားများ ၅၀၀ ဂရမ်
– five spice powder (တရုတ်မဆလာ) – စားပွဲတင်ဇွန်း ၁ ဝက်
-ငရုတ်ကောင်း – စားပွဲတင်ဇွန်း ၁ဝက်
-သကြား ၃ဇွန်း (စားပွဲတင်)
-ငံပြာရည် ၂ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်အကြည် ၁ဇွန်း(စားပွဲတင်)
-ဟင်းချက်ဝိုင် ၂ဇွန်း(စားပွဲတင်)
-နှမ်းဆီ ဇွန်းဝက်(စားပွဲတင်)
အရောင်နီတာကြိုက်ရင်တော့ အသားထဲ ထဲ့အရောင်အနီဝယ်လို့ရရင် အနဲငယ်ထဲ့နိုင်ပါတယ်။
-ပျားရည် ၃ဇွန်း(စားပွဲတင်)
စစချင်း အသားရယ် ပျားရည်ရယ်ကလွဲလို့ ကျန်တာတွေကိုနှံ့အောင် ရောမွှေလိုက်ပါ။
အဲဒီအရောထဲကို အသားကိုထဲ့ ပြီးနှံ့အောင်နယ်ပေးပါ။ အရောင်နီတာကြိုက်ရင်တော့ အသားထဲ ထဲ့အရောင်အနီဝယ်လို့ရရင် အနဲငယ်ထဲ့နိုင်ပါတယ်။အဖုံအုပ်ပြီး ရေခဲသေတ္တာထဲ ၂နာရီခန့် ထားပေးပါ။
နယ်ပြီးသားအသားများကို non stick baking sheet အပေါ် (သို့) မုန့်ဖုတ်ရင်မကပ်တဲ့ ဗန်းပေါ်တင်လိုက်ပါ။ cling film ပလက်စတစ်အကြည်ကို အပေါ်ကအုပ်ပြီး ဒလိမ့်တုံးလေးနဲ့ ပြားပြားလေးဖြစ်အောင် လိုက်လှိမ့်ပေးပါ။အထူအပါး ညီပါစေ။ အဲလိုညီအောင်လှိမ့်ပေးပြီးရင် ပလက်စတစ်ကို ခွါလိုက်ပါ။
ကြိုတင်အပူပေးထားတဲ့ oven မှာ ၁၈၀ အပေါ်မီးနဲ့ တဖက်စီကို ၄၅မိနစ် ခန့် ကင်ပါ။ထွက်လာတဲ့ အရည်များကို ဘန်းကိုစောင်းပြီးသွန် ပေးရပါမယ်။ နှစ်ဖတ်လုံးကင် ပြီးရင် အသားကျက်ပါပြီ။
အဲဒီလို ပြီးရင် မူလဗန်းပေါ်ကနေ သံစင်ပေါ်ပြောင်းပေးပါ။ (ဒီနေရာမှာ သံစင်ပေါ်မပြောင်းပဲ မူလတင်ထားတဲ့ဗန်းနဲ့ဆက်လုပ်လို့ရပါတယ် ။ ပျားရည်သုတ်တော့မှာမို့ ပိုသပ်သပ်ရပ်ရပ်နဲ့ ဟိုကပ်ဒီကပ် မကပ်အောင် ပြောင်းတာပါ) ။ပြောင်းပြီးရင် မျက်နှာပြင်တဖက်စီကို ပျားရည် နှံ့အောင်သုတ် ပြီး ၁0မိနစ်စီ oven ထဲ့ထားပေးပြီးရင် နီရဲလာကာ အဆင်သင့်ဖြစ်ပါပြီ။
လိုသလို အရွယ်လေးများ ညှပ်ကာ အရသာရှိရှိစားနိုင်ပါပြီ။ အခု လတ်တလောခောတ်စားနေတဲ့ မာလ ဝက်ပေါင်ခြောက်လို စပ်စပ်လေးလိုချင်ရင်တော့ အသားနယ်တဲ့အခါစီးချွန်အနှစ် တဇွန်းလောက်ထဲ့ပါနော်။
သမီးအိသက်ရေကျေးဇူးဘဲ။အိမ်မှာမြေးတွေရောက်နေတာ။သူတို့ က၀က်ပေါင်ခြောက်ကြိုက်လို့ တချိန်လုံးဝယ်နေရတယ်။စမ်းလုပ်ကြည့် မယ်။
hote , pls do try aunty yay 🙂
ကျေးဇူးပါဗျို့
🙂
Ama yay…this morning i read your recipe and tried with chicken. Unfortunately it burned out ….. 😦 … Thanks a lot for sharing, will try with pork this time.
chicken is easy to cook sis. reduce the time and heat if u wanna try with chicken naw 🙂
Ma Ma yay,
Thanks for this awesome recipe. My European friends have been asking me to make some really spicy Burmese Foods ( more like finger foods or snacks for party) and I am at my wit’s end. I would really appreciate if you could give me some ideas along with recipes. Thanks so much ahead naw!
mama ei ,, you are very smart. thanks for your recipe. My daughter is enjoying the food that i cook because of your recipe. I wish i can have a sister like you. 😀
yeah, we r online sister 🙂
Thanks, ma Ei… ❤ ya :*
Hi A Ma, 180c or F? Thanks!
C’
Hi A Ma,
180C or F?
Thank you.
ဝက်အူချောင်း လုပ်နည်းလေးသိရင်ပြောပြပေးပါလားအမ၊