ဝက်သားပုံးရည်ကြီး
ပုံးရည်ကြီးကို ပဲပိစပ် ကိုကျိုချက်ကာအချဉ်ဖောက်ခြင်းဖြင့် ပြုလုပ်ရပါတယ်။ အညာဒေသ ပုဂံ ညောင်ဦးဘက်များတွင် ပုံးရည်ကြီးချက်လုပ်သောလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြတာတွေ့ရပါတယ်။ ပုံးရည်ကြီး အစိုအပြင် အမှုန့်များကိုတွေ့ရပါတယ်နော်။ ကျမကတော့ အစိုကိုပိုကြိုက်ပါတယ်။ အမှုန့်ကို ရေဖျော်သုံးရတာကို တော့သိပ်အကြိုက်မတွေ့လှပါ။ ဖွယ်တယ်တယ်အရသာ ခံစားရတယ်လို့ထင်ပါတယ်။ အထူးသဖြင့် ဇီးကွက်ပုံးရည်တံဆိပ်ကို ကျမ ရော ကျမမိဘများရဲ့ ဓနုဖြူဒေါ်စောရီ( အင်းစိန် စံရိပ်ငြိမ်ဆိုင်) မှာပါအသုံးပြုပါတယ်။ ပုံးရည်ကြီးနဲ့အလိုက်ဖက်ဆုံးကတော့အားလုံးသိကြတဲ့အတိုင်း ဝက်သားသုံးထပ်သားပေါ့ရှင်။ အလှူပွဲ အများစားရန်အတွက် အချိုးလေးကို ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-ဝက်သား သုံးထပ်သား ၈ပိဿာ
-ပုံးရည်အနှစ် ၁ပိဿာ
-ကြက်သွန်နီ ၅၀ ကျပ်သား
-ကြက်သွန်ဖြူ
-ဆား (လိုသလောက်)
-ကြက်သားမှုန့်(လိုသလောက်)
-ဂျင်း ၁၀ ကျပ်သားခန့်
ပထမဆုံး ဝက်သားကိုသန့်စင်ကာ ဆား ကြက်သားမှုန့်ဂျင်းတို့ဖြင့် အသားထဲ စိမ့်ဝင်စေရန် ဆုပ်နယ်ပေးထားပါ။ နယ်ထားသောအသားများကို ဆီထွက်လာသည် အထိဒယ်ပေါ်မှာအပူပေးလုံးပေးပါ။
ကြက်သွန်နီ၃ပုံ၂ပုံ ၊ ကြက်သွန်ဖြူများကိုထဲ့လုံးပါ။
မွှေးလာရင် ရေဖျောထားသော ပုံးရေကြီးကိုထဲ့လုံးပါ။ ၅မိနစ်ခန့်အကြာ ကျန်ကြက်သွန်နီများအပေါ်က အုပ် ဆီအနဲငယ်နှင့်ရေအနဲငယ်ထဲ့ မီးအနဲငယ်ဖြင့် အဖုံး ဖုံးကာနှပ်ထားပါ။ ပုံးရည်ကြီးသည် ကပ်တတ်သောကြောင့် အိုးကိုခဏခဏ မွှေပေးရန်လိုပါတယ်။ အသားမနူးသေးရင် ရေထက်ကာ ထဲ့ ထဲ့ပေးပါ။
ဝက်ခေါက်နူးပြီး အသားနူးရင်အဆင်သင့် ဖြစ်ပါပြီ။
I want to eat it with chin pound sour soup. I havn’t cooked long time.Thank u.
သမီးတင်ထားတဲ့ဝက်ပုံးရည်ကြီးကတော့ဆွေမျိုးတောင်မေ့ချင်တယ်ကောင်းလွန်းလို့။
သမီးတင်ထားတဲ့ဝက်ပုံးရည်ကြီးကတော့ဆွေမျိုးတောင်မေ့ချင်တယ်ကောင်းလွန်းလို့။
Thank you very much! Nyi Ma yay …
Sent from my iPhone