ကျမကကြက်အူဟင်းကိုအလွန်ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီမှာက ကြက်အူကို လုံးဝမရောင်းပေးပါဘူးနော်။ ကျန်းမာရေးဥပဒေအရ တွေဘာတွေနဲ့ တောင်းတောင်းပန်ပန်ဝယ်တာတောင် မရပါဘူး။ ဒီဟင်းပွဲလေးကတော့ ကျမဗမာပြည်ပြန်တုံး အဖေ့ဆိုင်မှာ ကျမအမတဝမ်းကွဲ (လှည်းတန်း ဓနုဖြူ စတင်တည်ထောင်စဉ်ကစလို့အမေ့နားမှာ အတူလုပ်ကိုင်ပေးခဲ့တဲ့ အမေ့တူမ) မလှလှမိုးကသင်ပြပြီး အတူချက်ခဲ့ကြတဲ့ အမှတ်တရဟင်းလေးပါ။ ဒီအမက ကျမအမေရဲ့လက်ထွက်ဖြစ်ပြီး အမေရဲ့လက်ရာကိုသမီးတွေထက်ပိုမှီတယ်လို့ဆိုကြပါစို့။မပြန်ခင်တရက် ချက်တဲ့ဟင်း၊ ဒီဟင်းမှမစားရရင် အင်္ဂလန်မပြန်သေးဘူးလို့ပြောလိုက်တာနဲ့ ချက်ချင်းကို ထချက်ကြဖို့ပြင်တဲ့အမပါ။ အဲဒီလိုမပြန်မှာ ကြောက်ကြတာပါ။ ကြက်အူက မချက်တတ်ရင်အလွန် ညှီပါတယ်နော်။ မညှီအောင်ချက်ရအောင်
ပါဝင်ပစ္စည်းများ
-ကြက်အူ ၁ပိဿ (1.5ကီလို)
– ဂျင်း လက်တစစ်
-ကြက်သွန်နီ ၄လုံး (အသေး)
-ကြက်သွန်ဖြူ ၁လုံး
-ငရုတ်သီးကြမ်းကွဲ ( အစပ်နှစ်သက်သလို)
-ဆနွမ်း အနဲငယ်
-အရောင်တင်မှုန့်
-စပါလင် ၁ချောင်း
-ဆား
-ငရုတ်သီးစိမ်း လက်တဆုပ်ခန့်
-နံနံပင်
စစချင်းကြက်အူလေးများကို ဓားသေးလေးဖြင့်ခွဲ၍ဖြစ်စေ ကက်ကြေးဖြင့်ထိုးခွဲ၍ဖြစ်စေ ခွဲကာ ဆားများများဖြင့်သေချာသန့်စင်အောင်ထပ်ကာထပ်ကာဆေးကြောပေးပါ။
အနေတော်ဖြတ်တောက်ထားပေးပါ။ ပြီးရင် ဂျင်းထောင်းပြီးသားအနဲငယ် ကြက်သွန်ထောင်းပြီးသား အနဲငယ်တို့ဖြင့် ဆား၊ကြက်သားမှုန့်တို့ဖြင့် ဆုပ်နယ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ငရုတ်သီးကြမ်းတို့ကို ညက်နေအောင်ထောင်းထားပါ။ဆီပူတွင် ထောင်းထားသော ငရုတ်သီးကြက်သွန်ကို စပါလင်ဖြင့်ဆီသတ်ပေးပါ။ ကြက်သွန်အရော ကျွတ်လာပြီဆိုရင် ကြက်အူများကိုထဲ့ပြီး ကြာကြာလုံးပေးပါ။
ဆီပြန်လာရင်ရေအနဲငယ်စီအကြိမ်ကြိမ်ထဲအဖုံးအုပ်လိုက်ဖြင့် နူးသည်အထိအဖုံးအုပ်ထားပါ။ ကြက်အူများနူးအိလာရင် ငရုတ်သီးများ နံနံပင်များအပေါ်ကအုပ်ကာအဆုံးသတ်နိုင်ပြီ။
စင်ကာပူလည်း မစားရတဲ့ ဟင်းတခွက်ပေါ့ …ရန်ကုန်ရောက်ရင် အရင်ဆုံးစားတဲ့ဟင်းပေါ့…
🙂
စင်ကာပူမှာလည်း မစားရတဲ့ဟင်း….၀ယ်လို့ကိုမရတာ…….အရမ်းကြိုက်သောဟင်း
hote tae a yann kyite tar 🙂
ကောင်းမှကောင်းပါဗျာ
kyayy zuu par shin 🙂
ကူးငယ်ငယ်ကဆို ကြက်သားချက်ရင် ကြက်အူနဲ့ အစာအိမ် ဘဲစားတယ်… မာမီက ကြက်အူကို အထဲကအညှီတွေသေချာညှစ်ထုတ်… လိမ်လိမ်ပီး အထပ်ထပ်ချည်တယ်..ပြီးတော့မှ ဂျင်း၊ ကြက်သွန်ဖြူနိုင်နိုင်နဲ့ အစပ်ချက်တာ ကောင်းမှကောင်း..။
that will be really delicious for sure 🙂
I want to eat. When I go back Ygn, I will cook as u cook. Thanks a lot.
hote 🙂
Thank you so much ! Nyi Ma yay…
Sent from my iPhone
အရမ်းကြိုက်ပါတယ်… ချက်စားပြီးရိုက်ပြမယ်နော် 😛
hote ma ma 🙂