ဘဲသားဆီပြန်


ဘဲသားဆီပြန်  (အိုးကြီးချက်)
ဘဲသားက မချက်တတ်ရင် ညှီတတ်ပါတယ်။  ဘဲသားလိုအသားဟင်းမညှီစေရန် ဆီသတ်ချိန်မှာ မွှေးနေအောင် စိတ်ရှည်ရှည်ဖြင့် သတ်ရန်လိုပါတယ်။ဒီနည်းလေးမှာတော့ မညှီအောင်ရော အိုးကြီးချက်မဲ့ အချိုးအစားကိုရော ရေးပေးလိုက်ပါတယ်နော်။

watermarked-bae tharr

ပါဝင်ပစ္စည်းများ( လူ၅၀-၈၀ ခန့်)
– ဘဲအသားဆူဆူ ၁၀ ကောင်ခန့်
-ငရုတ်သီးခြောက် တောင့် ၁၀ တောင့်
-ဂျင်း ၂၀၀ ဂရမ် ၊ ၂၀ကျပ်သား ခန့်
-ကြက်သွန်နီ ၂ကီလို – ၁ပိသာခွဲခန့် (အနှစ်များများချက်ရန်)
-ကြက်သွန်ဖြူ  ၅၀၀ ဂရမ် – ၃၀ကျပ်သားခန့်
–အရောင်တင်မှုန့် ၅၀ ဂရမ်
-ဆနွမ်းမှုန့် ၅ ဂရမ်
-ဆား၊ ကြက်သားမှုန့် (နှစ်သက်သလို)
-ပျဉ်းတော်သိမ် ၅ရွက်ခန့်
-မဆလာ
ဘဲကိုသန့်စင်ရေဆေးကာ အတုံး ညီညီတုံးပေးပါ။ ၊ ဂျင်း ၁၀၀ဂရမ်၊ ဆနွမ်းနဲနဲ ၊ ဆား၊ အသားမှုန့်တို့ဖြင့်ဘဲ အသားထဲအရသာဝင်အောင် ဆုပ်နယ်ပေးထားပါ။

012

ထုံးစံအတိုင်း ကြက်သွန်နီ၊ ဖြူတို့ကို ထောင်းထား(ကြိတ်ထား) ပေးပါ။ ဒယ်ပေါ်ဆီပူလာရင် ကြက်သွန်များကို စပြီးထဲ့ပါမယ်။ ဆား၊ ကြက်သားမှုန့်တို့ လိုသလိုထဲ့ပါ။ လက်ကျန် ဂျင်း၊ ပျဉ်တော်သိမ်၊ ဆနွမ်း၊ အရောင်တင်မှုန့်တို့ကိုပါ ထဲ့ပြီး ဆီသတ်ပါ။အနံ့မွှေးပြီး ကြက်သွန်များ ကြွပ်လာပြီဆိုရင် ငရုတ်အပွခြောက်များထဲ့ကြော်ပါ။ အနံ့ပိုမွှေးလာပါမယ်နော် ။ 013

ငရုတ်သီးခြောက်များ ကျွတ်ပြီးပြောင်လာရင် နယ်ထားသောဘဲသားကို ထဲ့ လုံးပေးပါ။  ဘဲကထွက်သောအရည်နဲ့ပဲ ဆက်လုံးပေးရင်း ဆီပြန်လာတာတွေ့ရပါမယ်နော်။

015

အဲဒီအခါမှ ရေကိုအသားမြုပ်အောင်ထဲ့ ပြီးနူးသည်အထိ မီးအေးအေးဖြင့် အဖုံးအုပ်တည်ပေးပါ။ ဆီပြန်ပြီး ဘဲသားနူးရင် အရသာအပေါ့အငံမြည်းကာ မဆလာဖြူးပြီ်း အရသာရော အနံ့ရောပြည့်စုံတဲ့ဘဲသားဆီပြန်ဟင်းအဆင်သင့်ဖြစ်ပါပြီ။ (ဘဲသားက အလိုလိုဆီထွက်တတ်သောကြောင့် ဆီလျှော့ထဲ့နိုင်ပါတယ်)

Advertisements

10 comments on “ဘဲသားဆီပြန်

  1. ကောင်းလိုက်တဲ့ဟင်း အံတီကဘဲသားဆိုအလွန်ကြိုက် ငြုပ်ပွကြော်ကိုတစ်ချိန်လုံးထဲ့ချက်ထားရမလား

  2. Hi
    Thank you for sharing your cooking and I really like to try but i can’t get
    any burmese font on my email. I had download the zawgyi font already and
    still show. I’ve been searching for bain maoh receipt and i saw you had it.
    How can i see that?
    Thanks again for sharing.

    Win win hlaing.

  3. ကျေးဇူး မအိသက်…ဇာခြည် ဘဲသားအရမ်းကြိုက်တယ်။ ချက်တိုင်း တခါမှ စိတ်တိုင်းမကျဘူး။ မ နည်းအတိုင်းချက်ကြည့်ဦးမယ်..ဒါနဲ့ ငံပြာရည်မထဲ့ရဘူးလားဟင် အမ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s