မုံရွာဝက်သားပြားဆီချက်ခေါက်ဆွဲ
ဒီဆီချက်ခေါက်ဆွဲကို နည်းပေးသူကချက်ကျွေးတာမဟုတ်ပဲ နည်းပဲပေးတာဖြစ်လို့ မုံရွာသူစစ်စစ်တွေက ကျမရဲ့ ဆီချက်လေးကို မှန်တယ်မှားတယ်ရယ်လို့ ဒေါသမထွက်ဖို့ကြိုတောင်းပန်းပါရစေ။ မမှန်ရင်လဲ နည်းပေးသူ အပြစ်လို့သတ်မှတ်ပါရှင့် 😛 မှန်တာမှားတာနောက်ထား ကျမတို့လင်မယားကတော့အသဲစွဲသွားအောင်ကို ကြိုက်ပါတယ်နော်။ နည်းပေးတဲ့ မုံရွာသူ စစ်စစ်ရယ်လို့အမြဲ ဂုဏ်ယူဝင့်ကြွားစွာပြောတတ်တဲ့ မဇင်ကိုဒီ post လေးနဲ့ အထူးကျေးဇူးတင်ပါကြောင်းပြောပါရစေ။
ပါဝင်ပစ္စည်းများ (၅ပွဲစာ)
-ဝက်သားအသားချည်း ၅၀၀ ဂရမ်
-ကြာညို ၄ဇွန်း( စားပွဲတင်) sweet soy sauce
-ဆား၁ဇွန်း(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-သကြား၁ဇွန်း( အချိုစားဇွန်း)
-ဂျုံခေါက်ဆွဲပြား ( ၅ပွဲစာ)
-ပဲပင်ပေါက်
-ဆီစိမ်း
-ကြက်သွန်မြိတ်
sauceအရည်လုပ်ရန်
-ဆား ၂ဇွန်း (အချိုဇွန်း)
-ကြာညို ၅ဇွန်း (စားပွဲတင်)
-ကြက်သွန်ဖြူ ၃ဥ (ဓားပြားရိုက်ပါးပါးလှီး)
-ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း)
-ရေနွေးပွက်ပွက် ၃ဇွန်းခန့် (စားပွဲတင်)
ပထမဆုံး (sauce အရည်လုပ်ရန်) ဆိုတာလေးများကို ရောစပ်ထားပါနော်။
ဝက်သားကို ဆား၊ ကြက်သားမှုန့်ဖြင့်နယ်ပြီး ခဏအကြာ ရေမြုပ်အောင်ထားပြီးပြုတ်ပေးပါ။ နူးလာပြီဆိုရင် ဆယ်ပြီးအအေးခဏခံထားပါ။ ကိုင်နိုင်လောက်အောင်အေးပြီဆိုရင် ကြာညို နဲ့ သကြားတို့ကိုဆုပ်နယ်ထားပေးပါ။ ၁၅ မိနစ်ခန့်နယ်ပြီးရင် ဆီဒယ်အပူတွင် ရဲနေအောင်လှိမ့်ကြော်ပေးပါ။ ဝက်သားအဆင်သင့်ဖြစ်ပါပြီ။
ဝက်သားလေးများကိုအပြားလိုက်လေးများဖြစ်အောင်လှီးထားပါ။
ဆီချက်လုပ်မဲ့ ဂျုံခေါက်ဆွဲကို ဆီပူတွင် ကျွတ်နေအောင်ကြော်ထားပါ။ ပဲပင်ပေါက်လေးများကိုရေနွေးဖျောပေးထားပါ။
ကျမကတော့ခေါက်ဆွဲကိုမစားခင် ကျက်ရုံပြုတ်ပြီးရေအေးဆေးချထားပေးပါတယ်။ ကျက်ရုံပြုတ်ခိုင်းရ ခြင်းအကြောင်းရင်းက စားခါနီးမှာ ရေနွေးလေးနဲ့ ပြန်စိမ်မှာမို့ပါ။ ခေါက်ဆွဲအေးအေးကြီးစားလို့ဘယ်ကောင်းပါ့မလဲနော်
မုန့်ပွဲပြင်ရအောင်
ပန်ကန်တချပ်မှာ ရေနွေးပြန်စိမ်ထားတဲ့ တပွဲစာခေါက်ဆွဲဖတ်လေးများကို ရေမစစ်တစစ်အနေနဲ့ ထဲ့လိုက်ပါ။
sauce အရည်ကို ထမင်းစာဇွန်းနဲ့ ၃ဇွန်း ခန့်ထဲ့မွှေပေးပါ။ ဆီစိမ်း၊ပဲပင်ပေါက်လေးများ၊ ကြက်သွန်မြိတ်များဖြူးကာ မုန့်ကျွတ်လေးများကိုလဲချေထဲ့ပေးပါ။ အသားပြားပါးပါးလှီးလေးများတင်ပြီးရင်ပွဲပြင်ပြီ ပြီဖြစ်ပါတယ်။
ကြက်သွန်နီပါးပါးလှီးလေးများကို တရုတ်အချဉ်အနီနှင့်ရောကာတွဲဖတ်စားသုံးနိုင်ပါတယ်နော်။
look so yummy!!.well done Ma Ei Thet
thanks sis 🙂
လုပ်မစားဖူးတဲ့ နည်းလေးရတာ ကျေးဇူးပါဘဲ မ ရေ ..
လုပ်စားကြည့်အုံးမယ်နော် …
try cho yay. a yann kg 🙂
မအိသက်ရေ
ဆီချက်ခေါက်ဆွဲက ဆီမသုံးရဘူးလား
ပါတယ်လေ အောက်ကစာထဲမှာ မပါမိတာ ပြန်ရေးပေးလိုက်ပြီနော် ကျေးဇူး 🙂
i like
Thanks Ei Thet
That is really nice. I just try it. Many Thaks
thanks so much for telling me back. i glad that u like it 🙂
I Like Monywa Sichet so much better than Mandalay Sichet.
Thx so much .