ငါးကြင်းရေချို
ကျမက ငါးဟင်းချက်ရင် အမေနဲ့ မမကြီးကို သတိအရမ်းရပါတယ်။ အိမ်မှာက အမေနဲ့မကြီးပဲ ငါးဟင်းကိုခုံခုံမင်မင် စားကြတာ ပါ။ ကျမက ခု ငါးရှားတဲ့ နေရာရောက်ခါမှပိုကြိုက်လာခဲ့တာပါ။ ကျမအမေဖက်ကအဖိုးအဖွားများက ဓနုဖြူဇာတိမို့ တမိသားစုလုံး ငါးတို့ ပုဇွန်တို့ဆို အလွန်ခုံမင်နှစ်သက်စွာအမျိုးမျိုးချက်စားကြပါတယ်။ ငါးကြင်းကို ကြော်နှပ်စားသလို ငါးသလောက်ပေါင်းသလိုလဲ စားလို့ရပါတယ်။ အခုလိုရေချိုချက်စားရင်လဲအရသာရှိပါတယ်နော်။
ပါဝင်ပစ္စည်းများ (၇-၈ ယောက်စာ)
-ငါးကြင်း ၂ကီလို
-စပါလင် ၁ချောင်း
-ကြက်သွန်နီ ၁၅၀ ဂရမ်
-ကြက်သွန်ပြီဖြူ ၅၀ ဂရမ်
-ဆား ၂ဇွန်း( စားပွဲတင်)
-ငံပြာရည် ၁ဇွန်း (စားပွဲတင်)
-ဟင်းခတ်မှုန့် ၂ဇွန်း( စားပွဲတင်)
-ဂျင်း ၂ဇွန်း( စားပွဲတင်)
-ဆနွမ်းမှုန့် ၁ဇွန်း(အချိုဇွန်း)
– အရောင်တင်မှုန့် ၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးကြမ်းကွဲ ၁ဇွန်း(စားပွဲတင်)
-မဆလာ ၁ဇွန်း(စားပွဲတင်)
– နံနံပင် အနဲငယ်
ငါးကြင်းကို အကြေးခွံများ ခြစ်ကာ အကွင်းလိုက် အနေတော်လှီးပါတယ်။ ပြီးမှ အလယ်က ထက်ခြမ်း ခြမ်းကာ ဆား ၁ဇွန်း၊ ဟင်းခတ်မှုန့်၁ဇွန်း၊ ဂျင်း ၁ဇွန်း၊ ဆနွင်းတို့ဖြင့် ဆုပ်နယ်ထားပါ။
ကြက်သွန်နီကိုပါးပါးလှီး အဖြူကို ဓားပြားရိုက်ထားပါ။ ဒယ်တွင်ဆီကိုအနဲငယ် ထဲ့ကာ ကြက်သွန်များ ကို စပါလငဒယ်တွင်ဆီကိုအနဲငယ် ထဲ့ကာ ကြက်သွန်များ ကို စပါလင်၊ ငရုတ်သီးတို့ဖြင့်ဆီသတ်ပါ်။
ကျန်ဆား၊ ဂျင်း၊ ဟင်းခတ်မှုန့်တို့ရောပါ။ အတန်ကြာ ကြက်သွန်ကျက်ပြီ အနံ့မွှေးပြီဆိုရင် ငါးကြင်းတုံးလေးများ ထဲ့ ပြီး ဖြေးဖြေးလုံးပေးပါ။
၂မိနစ်အကြာမှာ ရေကို လီတာဝက်ခန့်ထဲ့ပါ။ အဖုံးအုပ်ထားပါ။ ရေပွက်လာရင် ငံပြာရည်ထဲ့ပါ။ ငါးမကပ်အောင်အိုးကို မမွှေပဲ လှုပ်ပေးပါ။ ငါးကျက်ပြီ ဆီပြန်ရေကျန်အနေရပြီဆိုရင် မီးပိတ် မဆလာဖြူး နံနံပင်ဖြူးကာ စားသုံးရန်အဆင်သင့်ဖြစ်ပါပြီ။်
Hi Ei Thet, what do u call nga gyin in English and where can u buy it. please let me know. thanks. Ma Emily
it is called mrigal 🙂
Thank you Ei Thet for answering my request inspite of your busy schedule.
welcome a ma 🙂
Thanks Ei Thet for answering my request inspite of your busy schedule.