ကဇွန်းဥနဲ့သာကူကျို


028

ကဇွန်းဥနဲ့သာကူကျို

ကျမက အချိုဆိုသိပ်မကြိုက်တတ်ပါ သို့သော် ချွန်းချက်အနေနဲ့ စိမ့်တဲ့အရာတွေနဲ့ တွဲစားရမယ်ဆိုရင် ပိုစားဖြစ်ပါတယ်။ ဒီနေ့ကျမ ဗမာကဇွန်းဥလေး တွေ ဘုန်းဘုန်းဦးတော ဆီက လက်ဆောင်ရလာပါတယ်။ အဲဒီတော့ကျမက ဘာလုပ်စားရမလဲ စဉ်းစားပါတယ်၊ ကဇွန်းဥစိမ့်စိမ့်စီးစီးလေးကို ပြုတ်ပြီးဆီနဲ့စားနဲ့တို့စားရကောင်းမလား၊  အမျိုးသားက သာကူသောက်ချင်ကြောင်းပြောထားတာ သတိရသွားတော့ လွယ်လွယ်ကူကူ ဒါလေးကို လုပ်စားဖြစ်တာပါနော်။

ပါဝင်ပစ္စည်းများ

-ကဇွန်းဥလတ်လတ် ၂ဥ

-သာကူစေ့ ၁ခွက်ခွဲ( ဆန်ချိန်ခွက်)

-ထန်းလျက်ရည်ကြွက်မြီးတန်း ပျစ်ပျစ် ၂၅၀ ဂရမ်

-အုန်းသီးဖတ် -ဆား ၁ဇွန်း( အချိုဇွန်း)

006

ကဇွန်းဥလေးများကို နူးအောင်ပြုတ်ပြီး အခွံခွါကာအတုံးလေးများလှီးစိတ်ပေးထားပါ။

007

သာကူကို ရေဆေးပြီး အိုးတအိုးထဲတွင်ကျိုပါ။ သာကူမျက်စိပျောက်တဲ့အထိ မွှေကျိုပေးပါ။ အောက်မကပ်အောင် မွှေပေးရပါမယ်။ မျက်စိပျောက်ရင်ထန်းလျက်ရည်ကျိုပြီးသားကို စကာစစ်ထဲ့ပါ။ (ကျမက pulm syrup ကိုသုံးလို့စစ်စရာမလိုပါ) ဆားထဲ့မွှေပါ။

010 015

ပျစ်လာပြီဆိုရင် ကဇွန်းဥ ပြုတ်လှီးစိတ်ပြီးသားလေးများရောပေးပါ။အဆင်သင့်ဖြစ်ကာ အနံ့မွှေးလာပါမယ်။ အုန်းဆံဖတ်လေးများဖြူးပြီးကဇွန်းဥသာကူကျိုကို နေ့လည်နေ့ခင်းအစာပြေစားသုံးနိုင်ပါပြီရှင်။

 

2 comments on “ကဇွန်းဥနဲ့သာကူကျို

Leave a Reply to tintinyi Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s