ကဇွန်းဥနဲ့သာကူကျို
ကျမက အချိုဆိုသိပ်မကြိုက်တတ်ပါ သို့သော် ချွန်းချက်အနေနဲ့ စိမ့်တဲ့အရာတွေနဲ့ တွဲစားရမယ်ဆိုရင် ပိုစားဖြစ်ပါတယ်။ ဒီနေ့ကျမ ဗမာကဇွန်းဥလေး တွေ ဘုန်းဘုန်းဦးတော ဆီက လက်ဆောင်ရလာပါတယ်။ အဲဒီတော့ကျမက ဘာလုပ်စားရမလဲ စဉ်းစားပါတယ်၊ ကဇွန်းဥစိမ့်စိမ့်စီးစီးလေးကို ပြုတ်ပြီးဆီနဲ့စားနဲ့တို့စားရကောင်းမလား၊ အမျိုးသားက သာကူသောက်ချင်ကြောင်းပြောထားတာ သတိရသွားတော့ လွယ်လွယ်ကူကူ ဒါလေးကို လုပ်စားဖြစ်တာပါနော်။
ပါဝင်ပစ္စည်းများ
-ကဇွန်းဥလတ်လတ် ၂ဥ
-သာကူစေ့ ၁ခွက်ခွဲ( ဆန်ချိန်ခွက်)
-ထန်းလျက်ရည်ကြွက်မြီးတန်း ပျစ်ပျစ် ၂၅၀ ဂရမ်
-အုန်းသီးဖတ် -ဆား ၁ဇွန်း( အချိုဇွန်း)
ကဇွန်းဥလေးများကို နူးအောင်ပြုတ်ပြီး အခွံခွါကာအတုံးလေးများလှီးစိတ်ပေးထားပါ။
သာကူကို ရေဆေးပြီး အိုးတအိုးထဲတွင်ကျိုပါ။ သာကူမျက်စိပျောက်တဲ့အထိ မွှေကျိုပေးပါ။ အောက်မကပ်အောင် မွှေပေးရပါမယ်။ မျက်စိပျောက်ရင်ထန်းလျက်ရည်ကျိုပြီးသားကို စကာစစ်ထဲ့ပါ။ (ကျမက pulm syrup ကိုသုံးလို့စစ်စရာမလိုပါ) ဆားထဲ့မွှေပါ။
ပျစ်လာပြီဆိုရင် ကဇွန်းဥ ပြုတ်လှီးစိတ်ပြီးသားလေးများရောပေးပါ။အဆင်သင့်ဖြစ်ကာ အနံ့မွှေးလာပါမယ်။ အုန်းဆံဖတ်လေးများဖြူးပြီးကဇွန်းဥသာကူကျိုကို နေ့လည်နေ့ခင်းအစာပြေစားသုံးနိုင်ပါပြီရှင်။
Thank you ,I like very much.
Can put coconut instead of Htann Nyatt??