အမဲသားနှပ်
အမဲသားကို ကျမအရင်က လုံးဝမစားပေမဲ့ အိမ်ထောင်ကျပြီးချိန်မှာ အမျိုးသားက စားမှန်းကြိုက်မှန်းသိတော့ ချက်ရင:်နဲ့ စားဖြစ်သွားတာပါ။ နိုင်ငံခြားမှာနေရတဲ့ ကျမတို့လို အိမ်ထောင်ရှင် ကလေးအမေတွေအတွက် သူ့အတွက် ကိုယ်အတွက်ရယ်လို့ ဟင်းကို အများကြီးချက်နိုင်ရခဲပါတယ်။ အချိန်ကိုလုပြီးနေရတာမျိုးပေါ့နော်၊ ဒါတောင်ကျမက တနေ့လုံးမှာ အိမ်မှာစားရတဲ့သူ့ထမင်းတနှပ်ကို (ကျန်တနှပ်ကအလုပ်မှာစားရတာမို့) အသားဟင်း , အရွက်ဟင်း၊ အရည်သောက် ဒီ၃မျိုးနဲ့ ငပိထောင်း (သို့) ငပိကြော် သူ့ထမင်းပွဲမှာပါအောင် မဖြစ်ဖြစ်အောင်ချက်ပါတယ်။ အသားကိုတော့ တခွက်ထက်ပို ချက်ဖို့ အချိန်မရတာရယ် ကျမကိုယ်တိုင်က အသီးအနှံ သိပ်မစားတာရယ်ကြောင့် သူ့ကိုချက်ပေးရင်း ကိုယ်လဲဒီဟင်းနဲ့ ဖြစ်အောင်စားလိုက်တာပါ။ အဲဒီတုန်းကဆို သားကြီးက တော်တော်ငယ်သေးပါတယ် ကျမအမဝမ်းကွဲကလဲ သမီးမွေးပြီးမှ ကျမတို့ဆီအတူနေဖို့ရောက်တာပါ။ ကလေး တဖက်နဲ့ ကိုယ်ခွဲမရှိ
မအားခဲ့ရတဲ့ ပြိုင်စံရှားတဲ့ နိုင်ငံခြားဇာတ်လမ်းတွေပေါ့လေ။ ကျမက ဒီ မှာ ချက်တာ အိုးကြီးချက်တာမို့ အိုး နှစ်မျိုးသုံးပါတယ်နော်။ ဒယ်ပေါ် ဆီသတ်ပြီး အသားကိုမီးအေးအေးနဲ့ နှပ်မယ်ဆိုမှ ဒန်အို:်ထဲပြောင်းပါတယ်။ အိုးမပြောင်းပဲလဲနှပ်နိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ (လူ ၁၀ စာ)
-အမဲသား ၈၀ကျပ်သား ၁ကီလိုခန့်
-ရှောက်ရည် ၅ဇွန်း (စားပွဲတင်) ( ကျမကဒီမှာရနိုင်တဲ့ lemon ကိုသုံးပါတယ်)
-ရှောက်ရွက် ၃ရွက်ခန့်
-ကြက်သွန်နီ ၇လုံး
-ကြက်သွန်ဖြူ ၅မွှာ
-ချင်း (ထောင်းပြီးသား) ၂ဇွန်း(စားပွဲတင်)
-ငရုတ်သီးခြောက် ၅တောင့်
-ဆား ၄ဇွန်း (စားပွဲတင်)
-သကြား (သို့) ကြက်သားမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း)
-နနွမ်းမှုန့် ၃ဇွန်း(အချိုဇွန်း)
-အရောင်တင်မှုန့် ၂ဇွန်း( စားပွဲတင်)
-မဆလာ သင့်ရုံ
အရင်ဆုံး အမဲသားကို သန့်စင်ပြီး ရှောက်ရေ၊ ဆား ၁ဇွန်း ၊ နနွမ်းမှုန့်၁ဇွန်း ၊ ချင်း ၁ဇွန်းတို့ဖြင့် ဆုပ်နယ်ထားပါ။ ကြက်သွန်၊ ငရုတ်သီး၊ ကျန်ချင်းတို့ကိုရောထောင်းထားပါ။
ဆီပူတွင်ရှောက်ရွက်၊ ထောင်းထားသောကြက်သွန်အရောကိုအရောင်တင်၊ နနွမ်း၂ဇွန်း ထဲ့ပြီး ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။
ပြီးမှ အမဲသားထဲပြီး နာနာ လုံးပေးပါ။ ဆား၊ သကြားထဲ့ပါ။ အသားများအရောင ပြောင်း `လာရင်ရေ အနဲငယ်စီ ထဲ့ပြီး မီးအေးအေးဖြင့် နှပ်ထားပါ။
အသားများနူးလာရင် ဆီပြန်လာရင် မဆလာ ခတ်ပြီးအရသာရှိသော အမဲသားနှပ်ဟင်းတည်ခင်းရန်အဆင်သင့်ဖြစ်ပါပြီ။
အိမ်မှာလုပ်စားကြည့်လိုက်မယ်
pls do try 🙂
ကျေးဇူးအများကြီးတင်ပါတယိ
လာလည်သွားတယ်နော်
thanks 🙂
kaung ma kaung, sha luuuu…..droopling….