ဒီပေါင်မုန့်လုံးလေးတွေက ဥရောပအစားအစာ တခုပါ။ အင်္ဂလန်နိုင်ငံရဲ့ afternoon tea လို့ခေါ်တဲ့လဘက်ရည်သောက်ချိန် များမှာ များသောအားဖြင့်ပါလေ့ရှိပါတယ်။ သူတို့ရဲ့ ရိုးရာအစားအစာလို့ခေါ်ကြပါစို့။ ယိုအမျိုးမျိုး၊ ထောပတ်စတာတွေနဲ့ တွဲဖက်စားသုံးကြပါတယ်။ ကျမက ဒီပေါင်မုန့်လေးကိုစိတ်ဝင်စားသွားတာက သားကြီး ကျောင်းကအပြန် သူတို့ကျောင်းမှာ သူကိုယ်တိုင်လုပ်လာတာဆိုပြီး ဒီ Scones လေးပါလာပါတယ်။ သူတို့ကျောင်းမှာ တပတ်တခါ မုန့်လုပ်နည်းတွေသင်ပါတယ်။စိတ်ဝင်စားတဲ့ကလေးက ကြီးရင်အဲဒါကို Subject တခုအနေနဲ့ယူနိုင်ပါတယ်။ ကျမက ပေါင်မုန့်ကိုအိမ်မှာ ကလေးတွေစားဖို့လောက်သာ ဝယ်လေ့ရှိသူပါ။ ထမင်းအလွန်ကြိုက်သူ ကျမ အတွက်ဒီလိုပေါင်မုန့်တွေ ကိုသိပ်စိတ်မဝင်စားတာ အမှန်ပါ။ သားကြီးက စားကြည့်ပါဆိုတော့ကျမက မြည်းရပါတယ်။ သူက ကျမကို ယိုလေးသုတ်ပြီးစားစေပါတယ်။ စိမ့်စိမ့်လေးမို့ ယိုနဲ့တွဲစားတဲ့အခါ စားလို့ကောင်းပါတယ်။ သူကပဲ မေမေ အဲဒါအရမ်းလွယ်တယ် လုပ်ကြည့်ပါလို့ အကြံပေးပြန်ပါတယ်။ ကျမက စပျစ်သီးခြောက်လေးတွေ ထဲ့ပါတယ်။ကြိုက်တဲ့ အသီးခြောက်လေးများ ထဲ့နိုင်ပါတယ် နော်။
ပါဝင်ပစ္စည်းများ
– self raising flour ၂၂၅ ဂရမ်
-ထောပတ် ၅၅ ဂရမ် (အခန်းအပူချိန်တိုင်းထားထားသော)
-caster sugar ၂၅ဂရမ်
-နွားနို့ ၁၅၀ဂရမ်
-ဆား အချိုစားဇွန်းဖျားခန့်
-ကြက်ဥ ၁လုံး မွှေခေါက်ပြီးသားထဲကို နွားနို့ စားပွဲတင်ဇွန်း ၂ဇွန်း ရောထားပါ။
self raising flour ထဲကို ထောပတ်၊ ဆားတို့ကိုထဲပြီး ခပ်ဖွဖွ ရောနယ်ပေးပါ။ တအား ဖျစ်ညစ်နယ်ရင် လက်အပူနဲ့ ထောပတ်ပျော်ပြီး စီးကပ်နေပါမယ်။ အဲလိုမဖြစ်အောင် ဖွဖွနယ်ပါ။ အဲဒီအရောထဲကို သကြား၊ နွားနို့တို့ ရောနယ်ပါ။ စပျစ်သီး လေးများ ရောနယ်ပါ။ dough ဂျုံးလုံးရလာပါမယ်။
ရလာတဲ့ ဂျုံး dough ကို flour အမှုန့်အနဲငယ်ဖြူးထားသော မျက်နာပြင်မှာ တင်ပါ။ လက်ကို လဲ flour အမှုန့်ဖြင့်ပွတ်ထားပါမှ မကပ်မှာဖြစ်ပါတယ်။ ဒလိမ့်တုံးဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ ၂ စင်တီမီတာ အပြားဖြစ်အောင် ပြူလုပ်ပါ။
Cookie Cutter အဝိုင်းလေးများဖြင့် လိုက်ဖြတ်ထုတ်ပြီး မုန့်ဖုတ်ဗန်းပေါ်ဖယ်ထားပါ။
ဗန်းကိုဆီသုတ်၍၎င်း baking paper ခင်း၍၎င်းသုံးပါ။ ဖြတ်ထုတ်ပြီးလို့အသားများပိုတယ် ဆိုရင် ပြန်နယ် dough အပြားလုပ်ပြီး အဝိုင်းပြန်ဖြတ်ပါ။ အပိုမရှိတော့ဘူးပေါ့
ဗန်းပေါ်တင်ပြီးသား Scones မျက်နာပြင်များကို ကြက်ဥအရောများ သုတ်လိမ်းပေးပါ။
ပြီးမှ ၂၂၀ဖြင့် ၁၅မိနစ်ခန့်ကြိုအပူပေးပြီးသား oven ထဲတွင် ၁၂- ၁၅ မိနစ်ခန့်ဖုတ်ရင်း ကြွလာပြီး ရွှေရောင်ပြောင်းလာ ရင် အအေးခံသော wire rack သံစင်ပေါ်တင်ကာ အအေးခံထားပါ။
ကြိုက်နှစ်သက်ရာ ယို၊ ထောပတ်၊လဘက်ရည် ကော်ဖီမျိုးစုံဖြင့် အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။
Hi Ma Ei,
In us ,this is similar to biscuit.We don’t put resin .Eat with country style gravy or put
fried egg & cheese make sandwich.But whatever way your desire to make,it is a happy moment.I like all of your recipes,make me Hungary.Thank you.Thank you.Thank you.
thanks for your lovely comment 🙂