Scallops နဲ့ပဲကြာဇံ
Scallops က ပြင်သစ်နိုင်ငံရဲ့အစားအစာ တမျိုးလို့ဆိုကြပါစို့ ။ Scallops ဆိုတာ ပြင်သစ်လို Escalope လို့ခေါ်တဲ့ Shell (အခွံ) ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကမာ အမျိုးအစားတမျိုးပဲဖြစ်ပါတယ်။ အရသာက ချိုပြီးစိမ့်ပါတယ်။ပင်လယ်စာ တမျိုးမို့အကြီးအသေး အပေါ်မူတည်ပြီး ဈေးနှုန်းကလဲ ကြီးပါတယ်။ ကျမအမျိုးသားရော ကျမရောအဲဒါကိုအလွန် နှစ်သက်ပါတယ်။ အဲဒါလေးကို ရိုးရိုးရှင်းရှင်းလေးဘယ်လိုလုပ်စားရမလဲ ဆိုတာလေး ရေးပေးပါရစေ။ ဒီ မှာသုံးတဲ့ ပဲကြာဇံဟာ ပဲနောက် mung beans
နဲ့လုပ်ထားတာဖြစ်ပါတယ်။ hot pot မှာထဲ့စားကြတာပါ။ ကျမကတော့ဒီကြာဇံအရသာ ကိုခပ်ထုတ်ထုတ်လေးမို့အလွန်ကြိုက်ပါတယ်။ဒီ post မှာတော့ဒါလေးကိုသုံး ထားပါတယ်။
ပါဝင်ပစ္စည်းများ
– Scallops ၂၀၀ ဂရမ်
-ပဲကြာဇံ ၁ပွဲစာ (ရေစိမ်ထားပါ)
-သံလွင်ဆီ၁ဇွန်း( စားပွဲတင်)
-ထောပတ်၁ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည်အကြည်အချို ၂ဇွန်း( စားပွဲတင်)
-ငရုတ်ကောင်း ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-ငရုတ်ချိုနီတတောင့်(ပါးပါးလှီး)
ဒယ်ပြားပေါ်တွင် သံလွင်ဆီနဲ့ ထောပတ်ကိုအပူပေးပြီး ကိုလှိမ့်ပေးပါ။ ဟိုဘတ်ဒီဘတ် ညိုလာသည်အထိ အပူပေး ပေးပါ။
ပြီးရင်ငရုတ်ကောင်းအနဲငယ်ခတ်ပြီး scallops ကိုဖယ်လိုက်ပါ။
ဒယ်ပူထဲကို ရေစိမ်ထားသော ကြာဇံထဲ့ ပြီး ပဲငံပြာရည် ရောပါ။ရေ အနဲငယ်ထဲ့ပေးပါ။ ကြက်သားမှုန့်ရောမွှေရင်း ကြာဇံနူးလာရင် ငရုတ်ကောင်း၊ ငရုတ်သီးပါးပါးလှီး လေးများ ထဲ့မွှေလိုက်ပါ။ အဲဒီ ကြာဇံပေါ်ကို လေးများတင်ပြီး အလှဆင်ကာ ခင်းကျင်းကျွေးမွေးနိုင်ပါပြီ။