ကျမဒီခေါက်မုန့်ကျွတ်ကျွတ်ချိုချိုလေးစားချင်နေတာအတော်ကြာပြီ၊ ငယ်ငယ်ကကျမတို့ အမတဝမ်းကွဲ နေ့လည်နေ့ခင်း လှည်းတန်းဈေးထဲသွားရင် သူဝယ်ဝယ်လာတတ်တယ်။ လမ်းသရဲမုန့်(( ရေမုန့်))၊ ခေါက်မုန့် စတဲ့အစုံအလင်တပုံတပင် ဝယ်ပြီးပြန်လာတတ်ပါတယ်။ ကြိုက်တာယူစားကြပါတယ်။ ကျမက ရေမုန့်ကိုအရမ်းကြိုက်သလို ခေါက်မုန့်ကိုလဲအလွန်ကြိုက်ပါတယ်။ တကယ်တန်းက ဆန်တခုတည်းနဲ့ မြန်မာပြည်မှာလုပ်ပေမဲ့ ကျမက နိုင်ငံရပ်ခြားနေရသူတွေ လုပ်ရလွယ်ကူအောင် စဉ်းစားပြီး တခြားဟာလေးတွေပါ စဉ်းစားပြီး ထဲ့ကြည့်လုပ်ယူရပါတယ်။ ဥပမာ- မုန့်လက်ဆောင်းဖတ်လုပ်နည်း ဆိုရင် ဆန်တခုတည်းနဲ့လုပ်ရတာ ဖြစ်ပေမဲ့ လိုက်လုပ်စားကြမဲ့သူတွေအဆင်ပြေအောင် ကျမ ဟိုဟာလျှောက်ထဲ့ ဒီဟာလျှောက်ထဲ့ ထဲ့ရင်းနဲ့ အကြာကြီးမကျိုရတဲ့နည်းကိုတွေ့ခဲ့တာပါ။ ခုဒီ ခေါက်မုန့်လေးကတော့ အလွန်ကောင်းအလွန်လွယ်ပါတယ်။ အကယ်၍များ ဒီထက်ပိုကျွတ်ပြီး ထန်းညက်မကြိုက်ရင် သကြားကိုပိုထဲ့ဖျော်ပေးပြီး ထန်းညက်တို့ အုန်းသီးဖတ်တို့ကို အထဲမှာမထဲ့ပဲ ကျွတ်လာသည်အထိထားပေးပါ။
အောက်ဖက်မှာလုပ်နည်း နောက်တမျိုး တင်ပေးထားပါတယ်( ဒါက Facebook ကညီမငယ် ငယ်ကြည်ကြည်ဝင်းရဲ့ နည်းပါ အစဉ်ပြေတဲ့နည်းနဲ့လုပ်နိုင်ပါတယ်နော်)
မုန့်နှစ်ရည်ပါဝင်ပစ္စည်းများ(၈လက်မ အချင်းမုန့်ချပ်၁၀ ချပ်စာ)
-ဆန်မှုန့်- ၅၀ ဂရမ်
-plain flour-100 g
– Caster sugar(or) sugar -၁၀၀ ဂရမ်
-အုန်းနို့ ၅၀ ဂရမ်
-ဆိုဒါ ၁ဇွန်း (အချိုဇွန်း)
-တဆေး ၁/၂ အချိုစားဇွန်း
-ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
-ဆား အနဲငယ်
-ရေ ၂၅၀ မီလီလီတာ
အထက်ပါများကိုအကုန်ရောပြီး နှံ့အောင်မွှေပေးပါ။ ရလာတဲ့မုန့်နှစ်ရည်ကို ရေစိုအဝတ်ပါးနဲ့ အုပ်ပြီးအနဲဆုံး ၁နာရီ ထားပါ။ ၁ညသိပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
မုန့်နှစ်ရပြီဆိုရင် ဒါလေးတွေ ထပ်လိုပါမယ်။
-ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
-အုန်းသီးဖတ်အမျှင်လေးများ
-ထန်းညက်ရည်
ဒယ်အပြန့်ကိုအပူပေး ၊ ထောပတ်အနဲငယ်သုတ်ပါ။ မုန့်သားကို ဒယ်ပေါ်ဖြန့်ခင်းပေးပါ။ တတ်နိုင်သလောက် အဝိုင်းပုံ ခပ်ပါးပါး လုပ်ပေးပါ။ ရွှေညိုရောင်သန်းသည်အထိအပူပေးထားပါ။
ပြီးရင် ထန်းညက်ကို ဇွန်းလေးဖြင့် လိုက်ဖြန့်ပေးပြီး အုန်းသီးဖတ်တင်ပေးပါ။ စက္ကန့် ၃၀ ခန့်အကြာ အနားသားတဖတ်ကိုယူပြီး ရပ်တောင်ပုံခေါက်ပေးလိုက်ပါ။
ဒယ်ပေါ်ကဖယ်လိုက်ပါ။ ခဏအကြာ မှာ ခေါက်မုန့်ကျွတ်ကျွတ်လေးဖြစ်ပြီး စားလို့အလွန်ကောင်းနေပါလိမ့်မယ်နော်။ ဒီhttp://www.youtube.com/watch?v=Py1spEHwXrBurmese Crispy Pancake (ခေါက်မုန့်လုပ်နည်း)g ကိုနှိပ်ပြီး Video recipe ကြည့်နိုင်ပါတယ်။
ခေါက်မုန့် လုပ်နည်း နောက်တမျိုး ( ဒါကFacebook ကညီမငယ် ငယ်ကြည်ကြည်ဝင်းရဲ့ နည်းပါ အစဉ်ပြေတဲ့နည်းနဲ့လုပ်နိုင်ပါတယ်နော်)
ဆန်ကြမ်း(Long grain rice) 1 1/2 cup
ရွှေကြည်မှုန့် (sooji) 1/2cup
မတ်ပဲ(skinless black gram) 1/4cup
ထန်းညက်(Plam Sugar) 8 oz(1/2lb)
ဆား အနည်းငယ်
ထမင်းကြမ်း လက်တစ်ဆုပ်ခန့်
ဆန်ကြမ်းရယ် မတ်မဲရယ်ကို ၇နာရီလောက် ရေစိမ်ပါ။ ပြီလျှင် ကြိတ်စက်နဲ့ ဆန်ရယ် မတ်ပဲရယ် ထမင်းကြမ်းရယ်ကို ရောပြီး ခပ်ပြစ်ပြစ် ကြိတ်ပါ။ ရလာတဲ့ မုန့်နှစ်ရည်ကို ရွှေကြည်မှုန့်
Baking Soda 1/2tsp လောက်ထည့်ပြီး မုန့်နှစ်ရည်ပွအောင် ၃နာရီလောက် ကြာကြာလေး ပွအောင်ထားပါ။ မုန့်နှစ်ရပါပြီ။ ထန်းညက်ကို ညောင်စေး မကျတကျ ဆားအနည်းငယ် ထည့်ကျိုပါ။
Red Beanကို ပြုတ်၊ အုန်းသီးကို ခြစ်ထားပါ။ ဒါဆို ခေါက်မုန့် စလုပ်လို့ ရပါပြီ။
ခေါက်မုန့်လုပ် မည့်အိုးကို မီးMediun ထားပြီး မုန့်နှစ်ရည် ထည့်ဝိုင်းပါ။ ထနးညက်ရည်ထည့် ပဲထည့် အုန်းသီးထည့် ခဏ စလောင်းဖုံးနဲ့ အုပ်ထားပါ။ ပြီလျှင်တော့ ကြွပ်ကြွပ်ရွရွ ခေါက်မုန့် ပူပူလေး ရပါပြီ။ နောက်တစ်ခု လုပ်မယ် ဆိုလျှင်တော့ အိုးကို ခေါက်မုန့် မကပ်အောင် အင်တွဲမှုန့်နဲ့ ပွတ်ပြီးမှ နောက်တစ်ခု ကိုလုပ်တာပါ။
စာကျန်ခဲ့လို့ မုန့်နှစ်ရည်ကို မပြစ်မကြဲ ဖျော်ရပါမယ်။
Hi Ei Thet, please tell me why there is two sugars, one 100 gram and another 50 gram. thank you dear.
sorry , it is wrong type. only one time sugar. thanks for let me know 🙂
Hi can email me ( juliachua15@gmail.com) Recipe in English, thanks
တဆေး က ဘယ်လိုဟာမျိုးလဲ?ဘယ်လိုပြီးဘယ်မှာဝယ်ရမလဲ?
it is called yeast , u can buy from super market
မရေအနောက်ကတံဆိပ်အနီလေးနဲ့က ထန်လျက်ရည်လား…ဘယ်လိုဆိုင်မျိုးမှာဝယ်လို့ရမလဲဟင်
အပေါ်မှာ Plain flour တွေ့လို့ အဲဒါမလိုပါဘူးနော်…ဒီနေ့တော့ ကြံသကာလေးနဲ့လုပ်စားလိုက်ပြီ
sis yay , did u add plain flour too . the ratio is what i did exactly 🙂
sorry sis yay , my mistake u should put plain flour 100 g too. so sorry 😦
ဟုတ်ကဲ့မမရေ မုန့်ရည်ကတော်တော်ကျဲနေလို့ ညီမလဲဂျုံမှုန့် ရောလိုက်တော့မှ အဆင်ပြေသွားတယ်
တကယ်တောင်းပန်ပါတယ်ညီမရယ်။ စားချင်လို့ ယုံယုံကြည်ကြည်လိုက်လုပ်တာ အမနမောနမဲ့ရေးမိလို့ဖြစ်ရတာ စိတ်ကိုမကောင်းဘူး 😦
မရေမုန့်နှစ်ဖျော်တာ မလိုမပျစ်ဘူး တော်တော်ကိုကျဲနေတယ် မရဲ့အချိုးအဆနဲ့ဖျော်တာပဲ လုပ်တဲ့အချိန်ကျတော့ မုန့်ရည်ကကျဲနေတော့ မမလုပ်သလိုဖြစ်မလာလို့