မုန့်ပျားသလက်( မုန့်ပစ်စလက်)
ကျမအဖေက အထက်မြန်မာပြည်ပုခုက္ကူ ရှင်မကန်ရွာကပါ။ အဖေက အညာသားစစ်စစ်ပေါ့။ ကျမအဖေငယ်ငယ်က ရန်ကုန်မတတ်လာခင် အညာမှာ အမေလုပ်သူ (ကျမအဖွား ) နဲ့ဈေးရောင်းကူရပါတယ်တဲ့၊ ကျမအဖွားက ဟိုးတုံးက အညာဘက်မှာ မုန့်ပျားသလက်၊ ပန်းရွက်ပေါင်း၊ ကြက်သွန်ပေါင်း စတာတွေကို လုပ်ရောင်းတာပါ။ ဟိုတနေ့က ကျမ အဖေ အညာမှာ အလှူပြန်လုပ်တဲ့ ဓာတ်ပုံလေးတွေပြန် ကြည့်မိတော့ အဖေတို့ မုန့်ပျားသလက် စတဲ့အညာ မုန့်တွေ စားနေကြတဲ့ပုံလေး တွေ့ပါတယ်။ ကျမ ကလဲ ဒီဘက်က အလွန်ကို စားချင်လာတာနဲ့ ဆန်မှုန့်ကို ရေရောထားပါတယ်။ အညာမှာ တော့ မုန့်ပျားသလက်က ပဲလွန်းနဲ့ လုပ်ကြပါတယ်နော်။ ခုမြို့ကြီးတွေ မှာတော့ ပဲပြုတ်တို့ ကြက်သွန်မြိတ်တို့ ထဲ့ကြပါတယ်နော်။
ပါဝင်ပစ္စည်းများ( ၁၀ ခုစာ)
-ဆန်မှုန့်၃ခွက် (ဆန်ချိန်ခွက်)
-တဆေး yeast ၁ဇွန်း(အချိုဇွန်း)
-ဆား၁ဇွန်း (အချိုဇွန်း)
-ရေ၁လီတာခွဲ
-ပဲလွန်း လက်တဆုပ်(ပြုတ်ထား)
-ပဲပြုတ်
-ကြက်သွန်မြိတ်၁ပင်( ပါးပါးလှီး)
အထက်ပါများ-ဆန်မှုန့်၃ခွက် (ဆန်ချိန်ခွက်), တဆေး yeast၁ဇွန်း(အချိုဇွန်း), ဆား၁ဇွန်း (အချိုဇွန်း), ရေ၁လီတာခွဲကိုရောပြီး ၁ည သိပ်ပါ၊ ဒါမှ မုန့်သားပေါက်ပါမယ်။
ပဲလွန်းကိုပြုတ်နေပုံ
မြေးအိုးလေးတွေ ဒီမှာမလွယ်တော့ ဒယ်အိုးလေးနဲ့ပဲလုပ်ပါမယ်နော်။ ဒယ်ကိုဆီသုတ်ပြီး မီးကိုအနေတော်ထားပြီး မုန့်ရည်ကို ယောက်ချိုဇွန်းနဲ့ ခတ်ထဲ့ပါ။ မုန့်ပေါ်ကိုပဲလွန်း (သို့) ပဲပြုတ်၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။
မုန့်သားကအပေါက်လေးတွေဖြစ်လာပါမယ်။ အဖုံးကို တမိနစ်ခန့်အုပ်ပေးပြီးရင် မုန့်ပျားသလက်လေးအဆင်သင့်ဖြစ်ပါပြီ။
Thank you eithet. I am hungry now. I like the food and coffee pot, plates and cups also. They are traditional things. Next time when I go back to Myanmar and I will buy it. By the way what is ta say? I don’t know about ta say. Thanks again, Aye Mar
sorry ma it is called yeast in english 🙂
Thanks for sharing the recipe. love to make it.
welcome sis , pls do try 🙂
like
Thank you for your post. I would like to make it. So Please let me know what kind of တဆေး yeast brand ! Where can I get this if oversea?
Hello Sister, thanks for the post. It is water is 1 & 1/2 cup or 1.5L. Because I’m try to mix with water 1.5L & 3 cups of Rice Flour, it become too runny.
i think cos of the different sizes of cups , pls add more rice flour sis. it should not be too runny.
Noted with thanks sister. I will add more rice flour.
အမရေ…မုန့်ပြားသလက် အညိုရောင်ကိုရော ဘယ်လိုလုပ်ရပါသလဲ။
mama ei… can u put the pic of yeast because I cant find it. where can I find? 🙂
http://www.allinsonflour.co.uk/products/easy-bake-yeast.html
ma,, can we make it without putting Yeast ??
SORRY FOR LATE REPLY SIS . YES , U CAN . LEAVE IT 1 NIGHT COVERING WITH WET CLOTH.