ချောကလက်အနှစ်
ဒီနည်းလေးက ချောကလက်ကြိုက်တဲ့ ကျမ တို့မိသားစုရဲ့ အကြိုက်ပါ။ ကျမ ကျောင်းသားဘဝက အချိန်ပိုင်းလုပ်ခဲ့ဖူးတဲ့ Itsu ဆိုတဲ့ ဆိုင်လေးမှာရောင်းတဲ့နည်းလေးပါ။ ဆို တဲ့စကားက ပြင်သစ်လိုအမြှုပ် လို့ဆိုပါတယ်တဲ့။ ကိုများ ကြက်ဥအကာ (သို့) ခရင်(မ်) စသည်တို့ဖြင့်ပြုလုပ်ကြပါတယ်။ ဒီနည်းလေးမှာတော့ကျမက ခရင်(မ်)ရော ကြက်ဥအကာရော အသုံးပြုပါမယ်။ ဂျင်းရေ ကိုအနဲငယ် ထဲ့ထားလို့အနံ့အရသာက ပိုကောင်းပါတယ်။ ကျမရော ကလေးတွေရော ချောကလက်ဆိုအခါးစားသူဆိုတော့ အချို နဲနဲပေါ့ထားပါတယ်။ အချို ကြိုက်တတ်သူများ ကျမထဲ့ထားတဲ့အချိုးထက်နဲနဲ ပိုထဲ့နိုင်ပါ တယ်နော်။
ပါဝင်ပစ္စည်းများ( ၄ခွက်စာ အလျား၃လက်မ အချင်း ၁လက်မ)
-ချောကလက် ၇၀%အခါး ၈၀ ဂရမ်
-wipping cream ခရင်(မ်) ၁၀၀ ဂရမ်
-ကြက်ဥအကာအဖြူ ၂လုံးစာ
-သကြား၁ဇွန်း (အချိုဇွန်း)
-ဂျင်းကိုညှစ်ထားတဲ့အရည် ၁ဇွန်း(စားပွဲတင်)
ပထမ ချောကလက်လေးများ ကို အပိုင်းလေးများချိုးပြီး စတီးဇလုံးထဲထဲ့ပါ။
ပုံပါအတိုင်းအောက်ကရေဆူနေတဲ့အိုးပေါ်ကိုတင်ပြီး အပူပေးခြင်းဖြင့် ချောကလက်အရည်ပျော်လာပါမယ်။
ကြက်ဥအကာနဲ့ခရင်(မ်)ကို လက်ကိုင်မွှေစက်ဖြင့် မွှေပေးရင်း အမြှုပ်ထလာပါစေ။
ကျမက ခွက်ရဲ့ အောက်ခြေကို ပိုခါးတဲ့ ချောကလက်တလွှာထဲ့မှာမို့ ပထမဆုံး အရည်ပျော်နေတဲ့ ချောကလက် ထဲကို အမြှုပ် ၂ဇွန်း( စားပွဲတင်) ရောမွှေလိုက်ပါ။ ပြီးရင် အဲဒီအရောကိုတဇွန်းဆီ ခွက်တခွက် ထဲစီကိုထဲ့လိုက်ပါတယ်။
ဇလုံထဲကျန်တဲ့အရောနဲ့ ချန်ထားတဲ့ အမြှုပ်ကိုရောပြီး သကြား၊ ဂျင်းရည်တို့ထဲ့ပြီး စက်နဲ့ လုံးဝ ပျစ်သွားသည်အထိ ၅-၈ မိနစ်ခန့်မွှေပေးပြီးရင် ခုနက ချောကလက်တဇွန်းဆီ ထဲ့ထားတဲ့ခွက်ထဲကို နဲ့ဖြစ်စေ ဇွန်းဖြင့်ဖြေးဖြေးခြင်းထဲ့ဖြည့်ပေးပါ။ အပေါ်က ဖြူးခြင်းဖြင့်အလှဆင်နိုင်ပါတယ်နော်။