ကြက်သားဆာတေး(ထိုင်း)
ဆာတေးဆိုရင် ဝက်သားရော၊ ကြက်သားရော စားလို့အလွန်မြိန်တယ်လို့ထင်ပါတယ်။ အုန်းနို့ပါတယ်အတွက် ကင်နေစဉ်ရော၊ စားသုံးစဉ်ရော မွှေးပါတယ်။တကယ်တမ်းတော့ ဆာတေးက အင်ဒိုနီးရှားနိုင်ငံရဲ့ရိုးရာအစာအစာတခုလို့သိရပါတယ်။ အာရှနိုင်ငံအများစုရဲ့ ထုံးစံအရအုန်းနို့ကို အသားပေးသုံးကြတာ များပါတယ်။ ထိုင်းနိုင်ငံက ပိုပြီးအသုံးများတာတွေ့ရပါမယ်နော်။ ဟင်းပွဲ၊ အချိုပွဲတော်တော်များများ အုန်းနို့ပါဝင်တတ်ပါတယ်။ ဒီနေ့တော့ ကြက်သားဆာတေးကို ထိုင်းကင်နည်းသုံးပါမယ်။
အသားစိမ်ရန်
-ကြက်သားရင်ပုံ ၃ခု
-ပဲငံပြာရေ ၂ဇွန်း
-အုန်းနို့၁၅၀ ဂရမ်
-ဆနွမ်း၂ဇွန်း(အချိုဇွန်း)
-သကြားအညို၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်)
-စပါလင် လက်၁စစ်ခန့် (နုတ်နုတ်စင်း
ကြက်သားကိုပါးပါးရှည်ရှည်လေးများလှီးထားပါ။ အထက်ပါများကို လှီးထားသော ကြက်သားများဖြင့် ရောနယ်ကာ အနဲဆုံး၂နာရီကြာအောင်ထားထားပါ။
အသားကင် တုတ်ချောင်းလေးများကို ရေစိမ်ပေးထားခြင်းဖြင့် ကင်တဲ့အခါ တုတ်ကိုမီးမကျွမ်းစေပါ။ မိနစ် ၃၀ခန့်စိမ်ပြီးရင် ကြက်သားများကို တံစို့ထိုးပေးပါ။
မီးကိုအနေတော်ထားပြီး ကင်ပေးပါ။ တဖတ်စီကိုလှန်ပြီး အကျက်ညီညီ ကင်ပေးပါ။ ကင်နေစဉ်ကြက်သားစိမ်ထားသောအရည်ပိုကို အသားများအပေါ် သုတ်ပေးပါ။
ကင်နေစဉ်ဆာတေးဆော့ပြုလုပ်ရန်
-peanut butter ၁ဇွန်း(စားပွဲတင်)
– massaman curry paste (or) red curry paste ၁ဇွန်း(အချိုဇွန်း)
-ဆနွမ်း၁ဇွန်း(အချိုဇွန်း)
-ပဲငံပြာရည်အကြည်၁ဇွန်း(စားပွဲတင်)
-သကြားအညို ၁ဇွန်း(စားပွဲတင်)
-မြေပဲလှော်ထောင်းပြီးသား၂ဇွန်း(စားပွဲတင်)
-အုန်းနို့ ၃၀၀ ဂရမ်
-ကြက်သားမှုန့် ၁ဇွန်း(အချိုဇွန်း)
-ဆီ ၃ဇွန်းခန့်
အုန်းနို့ကိုအိုး၁လုံးထဲ အပူပေးပြီး ကျန်အရာများရောပေးပါ။ ပျစ်လာရင် ဆော့အရည်ရပါပြီ။
အသားကင်ပူပူကိုဆောရည်ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
Thank you eithet. I will use this recipe for barbecue in the summer. I feel hungry now. Thanks again, Aye Mar
________________________________
ဗိုက်တောင်ဆာလာပြီ