ဒီနေ့တော့ ကျမတို့အိမ်မှာ ရွှေဖရုံသီးဟင်းလေးကို ဘုန်းကြီးဆွမ်းအတွက်ချက်ပါတယ်။ ရွှေဖရုံက ချိုတဲ့အရသာရယ် ပုဇွန်အချိုရယ်က ဒီဟင်းလေးရဲ့စွဲဆောင်မှုပါ။
ပါဝင်ပစ္စည်းများ
ရွှေဖရုံသီး – ၄၀၀ ဂရမ်
ပုဇွန် – ၃၀၀ ဂရမ်
ဆား – ၁ဇွန်း(စားပွဲတင်)
ကြက်သားမှုန့်-၁ဇွန်း(စားပွဲတင်)
နနွင်းမှုန့် -ဇွန်းဖျားခန့်
ကြက်သွန်ဖြူ – နှစ်မွှာ
ကြက်သွန်နီ – တစ်ခြမ်း
ကြက်သွန်များကို ညက်အောင်ထောင်းပြီး ဆီသတ်ပါ။ ရွှေဝါရောင်သန်းလာရင် ရွှေဖရုံသီး တုံးလေးများထဲ့ ၂မိနစ်ခန့်လုံးပါ။ ဆား၊ ကြက်သားမှုန့်တို့ရောပေးပါ။
ရေကိုရွှေဖရုံးသီး မြုပ်ရုံထဲ့ အဖုံးအုပ်တည်ပေးပါ။
နူးကာနီးမှ သန့်စင်ပြီးသားပုဇွန်လေးများကို ထဲ့ပါ။
ရွှေဖရုံသီးနူးပြီးစေးလာရင် ငရုတ်ကောင်း အနဲငယ်ဖြူးပြီးတဲ့အခါ ပြီးပြည့်စုံတဲ့ရွှေဖရုံသီးဟင်းတခွက်ရပါပြီ။
Thank you so much htet.
Aye Mar
________________________________
welcome par 🙂