အသုတ်စုံ(အစုံသုတ်)
ကျမအမျိုးသားက အသုတ်စုံအလွန်ကြိုက်ပါတယ်။ သူကြိုက်တဲ့အစားအစာဆိုရင်ပြောစရာမလိုပါဘူးနော် ကျမတို့အိမ်မှာခဏခဏလုပ်စားဖြစ်ပါတယ်။ ကျမလား သူကြိုက်ပြီဆိုမှတော့ ကိုယ်ကလဲအလိုအလျောက်ကြိုက်သွားရတာပေါ့ရှင်။လက်သုတ်စုံ က ရှိသမျှအကုန်ထဲ့သုတ်တဲ့သဘောမို့ အစုံသုတ်လို့ခေါ်ပုံရပါတယ် ရန်ကုန်အိမ်မှာဆိုရင် ကျမ မမကြီးက အသုတ်ဆိုအလွန်ကြိုက်ပါတယ်။ နေလည်စာများအိမ်မှာစားကြပြီဆို မမကြီး အမြဲလိုလို အသုတ်မှာလေ့ရှိပါတယ်။ အသုတ်စုံစား ရင်းမိသားစုကိုလဲလွမ်းရင်းပေါ့နော်။
ချဉ်ငံစပ်လေးမို့ တော်တော်စားလို့ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ(၇ပွဲစာ)
-ဂျုံခေါက်ဆွဲ ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-မုန့်ဖတ် ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-ပဲကြာဇံ ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)
-အာလူး ၄လုံးခန့်
-ပဲပင်ပေါက် ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ဂေါ်ဖီထုပ် ၃၀ ဂရမ်( ၁၅ကျပ်သားခန့်)်
-ကျောက်ပွင့် ၁ပွင့်
-ပဲပင်ပေါက်၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ပဲပြား (နှစ်သက်သလို)
-သင်္ဘောသီးစိမ်း ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-သခွါးသီး ၂၅ ဂရမ်( ၁၀ကျပ်သားခန့်)
-ထမင်း လက်တဆုပ်စာ ၇-၈ လုံးခန့်
-နံနံပင် လတ်တဆုပ်စာ
အသုတ်အတွက်လိုအပ်သည်များ
-ငရုတ်ဆီ(ငရုတ်သီးဆီသတ်)
-ပဲမှုန့်အကျက်
-ကြက်သွန်ဖြူဆီချက်
-ကြက်သွန်အနီဆီချက်
-ပုဇွန်ခြောက်မှုန့်
-ငံပြာရည်
-ငရုတ်သီးလှော်မှုန့်
-မကျည်းမှဲ့ရည်
ငရုတ်ဆီကိုထမင်းမှာလူးနယ်ပြီး လက်တဆုပ်စာအလုံးလေးများလုံးထားပါ။ အသုတ်တပွဲကို တလုံးထဲ့သုတ်ရန်အဆင်သင့်အောင်ပါ။ အာလူး၊ ပဲပင်ပေါက် တို့ကိုပြုတ်ထားပါ။ ပဲကြာဇံ၊ ခေါက်ဆွဲ၊ မုန့်ဖတ်တို့ကိုပြုတ်ထားပါ။ သင်္ဘောသီး၊ သခွါးသီး၊ ဂေါ်ဖီတို့ကို ပါးပါးလှီးထားပါ။ ကျောက်ပွင့်ကိုရေစိမ်ပြီး လှီးဖြတ်ထားပါ။ ပဲပြားကို ကြော်ပြီးပါးပါးလှီးထားပါ။ ပါဝင်ပစ္စည်းများကို ဗန်းတခုထဲတွင် စီရီပြင်ဆင်ထားပါ.
အရည်သောက်အတွက် ဂေါ်ဖီဟင်းခါးပူပူကိုငရုတ်ကောင်းခတ်ချက်ထားပါ။
အသုတ်အတွက်လိုအပ်သည်များ ဖြစ်သောငရုတ်ဆီ(ငရုတ်သီးဆီသတ်)၊ ပဲမှုန့်အကျက် ၊ ကြက်သွန်ဖြူဆီချက် ၊ ကြက်သွန်အနီဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ ငရုတ်သီးလှော်မှုန့်၊ မကျည်းမှဲ့ရည် တို့လဲအဆင်သင့်ဖြစ်နေပါစေ။
အသုတ် သုတ်မဲ့ဇလုံးထဲသို့ ပါဝင်ပစ္စည်းများကို အနဲငယ်စီစုံအောင် ထဲ့ပြီး ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ပုဇွန်ခြောက်၊ ငရုတ်သီးလှော်၊ မကျည်းမှဲ့ တို့ကိုလိုသလိုချဉ်ငံစပ်မွမ်းမံကာ နှံ့စပ်အောင်နယ်ပြီး ပန်းကန်တခုတွင်တည်ခင်းပြီး ဟင်းခါးပူပူနှင့် တွဲဖတ်စားသုံးနိုင်ပါပြီ။ (ချဉ်ငံစပ်အကြိုက်က တယောက်နဲ့တယောက်မတူနိုင်မှာမို့ ဘယ်လောက်စီထဲ့ဖို့မရေးပေးတာပါ)
kyar zan thoke recipe plssssh 🙂
it will be very similar , anyway when i will do it i will post it naw veryy soon 🙂
အရမ်းကြိုက်တယ် မရေ…
thank you naw aye myat lay 🙂
good.. I like very much. sis
Love it so much.Look so good.
thanks Kham 🙂
mouth watering….
thanks 🙂
အသုပ်စုံကိုကိုယ်တိုင်မလုပ်ကြည့်ဘူးအခုလုပ်ကြည့်အုံးမယ်ကျေးဇူးပဲနော်။
စားချင်တယ် စားချင်တယ် အီး ဟီး ဟီး အခုချားမယ်