အသားကင်သုတ်
အသားကင်သုတ်ကို ထိုင်းမှာစားခဲ့ဖူးတာပါ။ အရမ်းကြိုက်လွန်းလို့ အိမ်မှာအသားကင်ပြီး ပိုတိုင်းသုတ်စားပါတယ်။ ဒီတခါကတော့ သတ်သတ်ကို ကင်ပြီးသုတ်စားတာပါ။ သူရဲ့အရသာက ကင်ထားပြီးသားအနံ့လေးပါ ပါနေလို့တမျိုးအရသာထူးပါတယ်။ မီးသွေးနဲ့ကင်နိုင်ရင်ပိုကောင်:ပါတယ်။ ခုကတော့ Oven နဲ့ပဲကင်ထားပါတယ်။ အမဲသားမကြိုက်လို မစားလို့ ဆိုတဲ့သူတွေအတွက်ကတော့ ကျန်တဲ့အသားများနဲ့လုပ်စားနိုင်ပါတယ်။ ဒီမှာသုံးထားတဲ့ musturb myo မရနိုင်ရင် ထောပတ်ကိုသုံးနိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
အသားကင်ရန်
-အမဲသား ၃၀၀ ဂရမ်
-musturb myo တဇွန်း(စားပွဲတင်)
-ကြက်သွန်ဖြူ ၅မွှာ
-ဆား ဇွန်းဝတ်(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
ပထမဆုံး အမဲသားကို အသားပေါ်ဓားရာလေးပေးကာ ကြက်သွန်ဖြူလေးများထဲ့လိုက်ပါ။ ဆား ၊ ငရုတ်ကောင်းလေးများကို အရမ်းမကြေအောင်ထောင်းပြီး အသားပေါ်တွင် ကိုသုတ်ပြီး ငရုတ်ကောင်း ဆားအရောကိုကပ်လိုက်ပါ။
မီးအပူရှိန် ၁၈၀ဒီဂရီဖြင့် မိနစ် ၂၀ခန့်ထားပြီးကင်ပေးပါတယ်။ဒီနေရာမှာ အမဲသားမို့ အသားကို အလွန်မကျက်အောင်ကင်ပါတယ်။ တခြားအသားဆိုရင်တော့အကျက်ကင်ရပါမယ်နော်။ အမဲသားက မကျက်တကျက်စားလို့ရပါတယ်။ အိသက်က medium အနေမှာထားပါတယ်။
သုတ်တဲ့အခါကျရင် သံပရာရည် ရဲ့ အက်ဆစ်ဓာတ်နဲ့အသားကပိုကျက်သွားအုန်းမှာပါ။ အသားကင်ပြီးရင် အသားလွှာလေးများကိုပါးနိုင်သမျှပါးအောင်လှီးပေးပါ။
အသုတ်သုတ်ရန်
-သခွါးသီးတဝက်
-ငရုတ်သီးလှော်မှုန့်
-ငရုတ်ချိုသီး၁တောင့်
-ကြက်သွန်နီ ၁ဝက်
-ကြက်သွန်ဖြူဆီသတ် ၁ဇွန်း(အချိုဇွန်း)
-ပူစီနံ ခြွေပြီးသားအနဲငယ်
-သံပရာရည် ၃ဇွန်း(စားပွဲတင်)
-ငံပြာရည်၁ဇွန်း(စားပွဲတင်)
-သကြား ဇွန်းဝက်(အချိုဇွန်း)
-ကြက်သားမှုန့်၁ဇွန်း(အချိုဇွန်း)
-လှီးပြီးသား အမဲသား
အသုတ်သုတ်ဖို့အထက်ပါများစုံလင်ပြီဆိုရင် ဇလုံးတခုထဲ ကိုထဲ့ပြီး ခပ်ဖွဖွရောသုတ်လိုက်ပါ။ ပူစီနံအနံ့လေးသင်းနေသော အသားကင်သုတ်လေးရပါပြီ။ အမြည်းအဖြစ်ဖြင့်၎င်း ထမင်းပူပူလေးဖြင့်၎င်းစားနိုင်ပါပြီနော်
hello MaMa
what means of musturb myo please send me picture . Is that Mustard Mayo
https://www.google.co.uk/search?q=mustard+mayonnaise&hl=en&source=lnms&tbm=isch&sa=X&ei=OucmUaCqCo6o0AWys4HYAw&sqi=2&ved=0CAcQ_AUoAQ&biw=1093&bih=514#imgrc=npBPhOszzDb3EM%3A%3BWKRTmxwmTKhasM%3Bhttp%253A%252F%252Fwww.ocado.com%252Fcatalog%252Fimages-hires%252F58819011_H.jpg%253Fidentifier%253D26bea7aeb1e663560418f8837927a87a%3Bhttp%253A%252F%252Fwww.ocado.com%252Fwebshop%252Fproduct%252FHellmanns-Mustard-Mayonnaise%252F58819011%3B640%3B640