လွန်ခဲ့သော ၈ နှစ်ဒီလ ရဲ့ ချစ်သူများနေ့မှာ လန်ဒန်မြို့ကိုမနက်အစောကြီး ရောက်လာပါတယ်။ ကိုယ်ချစ်သောမိသားစုရော အသစ်စက်စက်ရည်းစား (ခုကျမအမျိုးသား) ကလဲ မြန်မာပြည်မှာကျန်ခဲ့လေတော့ တော်တော်ကိုခံစားခဲ့ရပါတယ်။ ကျောင်းကလဲဖွင့်ကာနီး လေယာဉ်လတ်မှတ်လဲ အဲဒီရက်ပဲရလို့ မဖြစ်မနေ ထွက်ခဲ့ရပါတယ်။ ဒီဖက်လန်ဒန်ရောက်ပြန်တော့ ကျမ ရဲ့တဦးတည်းသောမောင်လုပ်သူ ကလာကြိုတာနောက်ကျလို့ မနက်၆နာရီကနေ ၁၀နာရီထိ လေဆိပ်မှာ တော်တော်ကိုခြောက်ခြားစွာနဲ့ တယောက်တည်းထိုင်စောင့်ခဲ့ရပါတယ်။ သူရဲ့ဆင်ခြေက ကျမလာမှာမို့ စိတ်လှုပ်ရှားပြီး တညလုံးအိပ်မရပဲ မိုးလင်းကာနီးမှအိပ်ပျော်သွားလို့ပါတဲ့။ ၁၀နာရီလောက် ကိုယ့်ရှေ့ကိုလူကောင်အကြီးကြီးလာရပ်ပါတယ်။ဆံပင်အရှည် ထူထူအုပ်အုပ်ကြီးနဲ့ မြန်မာပြည်ထဲ ၂၀ဝ၅တုံးကမြင်ရ ခဲတဲ့ အကောင်ကြီးဆိုတော့လန့်သွားပါတယ်။ နောက်မှ ဪဒါငါတို့ အိမ်က ငါ့ရဲ့ တမိတည်းမွေးတဲ အကောင်ကြီးပဲဆိုပြီးထပြီးထုရိုက်ငိုယိုလုပ်နိုင်ပါတယ်။ ဒါက ကျမရဲ့ 2005 Valentine’s Day အတွက် အမှတ်တရပေါ့။ ခုနောက်ပိုင်း ဆိုရင် အမျိုးသားအတွက် valentine အမှတ်တရတခုခု ချက်စားဖြစ်ပါတယ်။ မနှစ်က ပျားရည်ဆမ်းကြက်ကင်, သီးစုံ ထောပတ်ထမင်းကြော်လုပ်စားဖြစ်ပြီး ဒီနှစ်တော့ ဒါလေးကို လုပ်စားဖြစ်ပါတယ်နော်။ ကြည့်ကြရအောင်နော်
အစာသွတ်အသားချက်ရန်ပါဝင်ပစ္စည်းများ
-အမဲသား ၂၀ဝ ဂရမ် အတုံးအသေးများ(၁၃ကျပ်သားခန့်)
-မုန်လာဥနီ ၁လုံး
– ရှယ်ရီဝိုင် (သို့) ဘီယာ လီတာဝက်
-သံလွင်ဆီ၁ဇွန်း
-ကြက်သွန်(အသေး) တာ့လုံး
– soy sauce ၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-double cream ၁ဇွန်း(စားပွဲတင်)
-rosemary, thyme, sage ရောထားသော အရောအမှုန့် ၁ဇွန်း (စားပွဲတင်)
အကယ်၍ rosemary, thyme, sage မလွယ်ရင်တရုတ်မဆလာ ကို၁ဇွန်းထဲ့နိုင်ပါတယ်
ပထမဆုံး ကြက်သွန်ကို အတုံးအသေးလေးများ လှီးပြီး အိုးထဲသံလွင်ဆီထဲ့ကာအပူပေးပြီး ထဲ့ကြော်ပါ။ ကြက်သွန်ကျက်ရင် အမဲသားထဲ့ ကာလုံးပါ။ soy sauce ထဲ့ပါ။ အမဲသားအရောင်ပြောင်းရင် ရှယ်ရီဝိုင်ထဲ့ပါ။ အမွှေးအကြိုင်များထဲ့ပြီး အသားနူးသည်အထိ ရေအနဲငယ်ထဲ့ပြီး အဖုံးအုပ်ထားပါ။ အသားနူးရင် double cream ၊မုန်လာဥနီများထဲ့ပြီး အရည်ပျစ်ပျစ်ဖြစ်လာရင်မီးပိတ်ထားပါ။
အပေါ်ကဖုံးရန် short curst pastry လုပ်နည်း
– All purpose flour၂၀၀ဂရမ်
– ထောပတ်အခဲ ၁၀၀ ဂရမ်
-ရေအေး ၃ဇွန်း (စားပွဲတင်)
-ဆားဇွန်းဝက်(အချိုဇွန်း)
ဆား, All Purpose Flour နဲ့ ထောပတ်ကို ခွက်တခွက်ထဲထဲ့ ပြီး လက်ကိုင်မွှေစက်ဖြင့် ဖြစ်စေ Blender ထဲ ထဲ့၍ဖြစ်စေ ရောမွှေပေးပါ။ မွှေနေစဉ်ရေအေးကို ဖြေးဖြေးရောပေးပါ။ ၃မိနစ်ခန့်မွှေပြီးရင် အရောများကို ယူပြီး စားပွဲပေါ် ဖြူးကာ ၁၀မိနစ်ခန့် နိပ်နယ်ပေးပြီး နောက် ချောမွတ်သော dough ကိုရပါမယ်။ Doughကို Cling Film အုပ်ပြီး ၁၅မိနစ်ခန့် ရေခဲသေတ္တာ ထဲ ထဲ့ပြီး သုံးရန်အဆင်သင့်ပါပြီ။ dough တဝက်ကိုပဲသုံးပါတယ်။ ကျန်တာကို ရေခဲသေတ္တာ ထဲ ၃ပတ်ခန့်သိမ်းထားနိုင်ပါတယ်။
dough ကို ဒလိမ့်တုံးဖြင့် ပြားစေပြီး အသုံးပြူမဲ့ ခွက်ကို dough ပြားပေါ်မောက်ခါ ဘေးပတ်ပတ်လည် ခွက် အတိုင်း ၅ စင်တီ ခန့်အပိုထားဖြတ်လှီးပေးပါ။ ခွက် သဏ္ဍာန် ပြားလေးများရပါမယ်နော်။
ပန်းကန် ခွက်ထဲကို ချက်ပြီးသား အမဲသားများထဲ့ပြီး အပေါ်က ကို အုပ်ပြီး ပန်းကန်ပတ်ပတ်လည်ကပ်လိုက်ပါ။ အပေါ်က ကြက်ဥအနှစ်များသုတ်လိမ်းပြီး ပူပြီးသား oven ထဲတွင် အပေါ်မီး ၁၅၀ ဒီဂရီ ဖြင့်၈မိနစ်ခန့်ထားပြီးရင် Vlentine Beef Pie လေးစားရန်အဆင်သင့်ဖြစ်ပါပြီ။
Enjoy your valentine day Ei Thet , I love to read your storty…:):)
hote , pls do come and visit often ma 🙂
so clever sis . U r a good wife……. 🙂
Thank you so much sis yay 🙂
love your story ma yay 😀 and thank you for recipe
😛 just wrote what happened nyi ma lay , thanks naw 🙂